Pages

Saturday, March 24, 2012

စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲများ..

ဤသို့ စေတနာရှင် ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို စားဖွယ်ရာ ထမင်း၊ ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ ကြသည်။

စစ်ကိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အောင်နိုင်ရေး ဟောပြောပွဲများ ရပ်ရွာအနှံ့ ပြုလုပ် လျှက် ရှိရာ ၂၄-၃-၂၀၁၂ နေ့က ဘော်ဂါရပ်ကွက်နှင့် ကနားတော်ကျေးရွာတို့တွင် အားပေးတက်ရောက်သူ အထူးများပြားပြီး စေတနာရှင် ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို စားဖွယ်ရာ ထမင်း၊ ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ ကြသည်မှာ မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို သက်သေပြနေ သလားလို့တောင် ထင်မြင်မိပါတော့သည်။

စစ်ကိုင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

2 comments:

  1. တရားမျှတစွာ ယှဉ်ပြိုင်လို့ကတော့ ကြံ့ဖွတ်တွေ ဇာတ်သိမ်းခန်းက မဝေးတော့ပါ။
    သူတို့ ဟောပြောပွဲ လာတဲ့လူကလဲ ကားနဲ့တင်ခေါ်လာတာပါ။ မျက်နှာတွေကလဲ အနိုင်ကျင့် ဒါမှမဟုတ် လိမ်ညာပြီး ခေါ်လာလို့ မကျေနပ်တဲ့မျက်နှာတွေဆိုတာ ပုံတွေကြည့်ရုံနဲ့ သိသာပါတယ်။
    ဒေါ်စုကို လာအာေးပးတဲ့သူတွေလို ပြုံးရွှင်တက်ကြွနေတာ မတွေ့ရပါဘူး။
    ကောက်ချက်ကတော့ ကြံ့ဖွတ်ကို မဲပေးရင် အနိုင်ကျင့်ခံရမယ်။ အလိမ်ခံရမယ်။ စစ်ဘိနပ်ကို ကျောပေါ်ထမ်းလာခဲ့တာ နှစ်(၅၀)လောက်ရှိပါပြီ။ ထပ်ပြီး ထမ်းချင်ကြသေးတယ်ဆိုရင် ဖွတ်ပါတီကို မဲပေးကြပေါ့။

    ReplyDelete
  2. ခေါက်ရိုးကျိးနေတဲ့စနစ်နဲ့ ရှင်သန်လာတဲ့အသိဥာဏ်နဲ့
    ဆက်ပြီးမိုက်လုံးရင့်နေကြတာ။
    တကယ်တော့သနားစရာကောင်းပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။