Pages

Tuesday, March 6, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ရက်နေ့မနက်ပိုင်း နေပြည်တော် စည်းရုံးရေးခရီးစဉ်များ..

ပြည်သူအများစုက ဥပဒေဆိုတာ ငါတို့ကို နှိပ်စက်ဖို့လို့ထင်နေကြတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲကနေ ၀င်ပြီးတော့ လွှတ်တော်အတွင်းက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်း ရေး၊ ပြည်သူကို အနှောက်အယှက်ဖြစ်တဲ့ ဥပဒေတွေကို ဖယ်ရှားရေးကို လုပ်ဆောင်မှာဖြစ်ပါတယ်။ (ဇေယျာသော်ကို မဲပေးကြပါလို့ ပြောချင်ပါတယ်).... (ပေးပါမယ်-လူထုများ)။

(ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးဇေယျာသော်အား စင်မြင့်ထက်တွင် ယခု ၆.၃.၂၀၁၂ နံနက် ၁၀ နာရီ ၂၀ မိနစ်က တွေ့ရစဉ်)

ဓာတ်ပုံ- ဥက္ကာကိုကို

ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေကြသော ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်မှ လူထုအား ယခုနံနက် ၁၀ နာရီ ၅ မိနစ်ကတွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည် ကွင်းအတွင်း ၀င်ရောက်လာနေပြီဖြစ်သည်။ လူပေါင်း နှစ်သောင်းကျော်ရောက်ရှိနေကြ သည်။

ဓာတ်ပုံ- ဥက္ကာကိုကို (7 Day News)
ဒေါ်အောင်ဆန်းစုကြည်အား တေးသီချင်းများသီဆိုကာ ကြိုဆိုနေကြသော ပုဗ္ဗသီရိမြို့နယ်မှ လူထုအား ယခုတွေ့ရစဉ်။ သူတို့သည် နံနက်ခြောက်နာရီကတည်းက ရောက်နေခြင်းဖြစ်သည်။  လိုချင်တာ ဒီမိုကရေစီ။ လူထုကောင်းစားရေး စံနစ်ကို ဖော်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်... ဟု ညီညာစွာ အော်ဟစ်နေကြသည်။ ဇေယျာသော်... နိုင်ရမည်။ အမေစုကို ထောက်ခံလို့.. ဇေယျာသော်ကို မဲပေးစို့... ဟူ၍ ဆက်လက် အော်ဟစ်နေသည်။ သူတို့အားလုံးသည် ဇေယျာသော်အား မဲပေးကြမည်ဖြစ်ကြောင်း ပြောနေကြသည်။ ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင် စင်ရှေ့သို့ရောက်လာရာ ပျော်ရွှင်စွာ ၀ိုင်းဝန်းအားပေးနေကြသည်။

ဓာတ်ပုံ- ဥက္ကာကိုကို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြသည် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ လူထုဟောပြောပွဲကို နံနက် ၈း၃၀ တွင်စတင်ခဲ့သည်။ ဟောပြောပွဲတွင် ရွေးကောက်ပွဲ ဥပဒေနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။ လူထုကို ရွေးကောက်ပွဲ၌ မဲဆွယ်ရာတွင် မည်သည့် အဖွဲ့ကို မဲမပေးလျှင် မီးဖြတ်မည်ဆိုသည်မှာ တရားဥပဒေအရ မလွတ်ကင်းကြောင်း ဟောပြောခဲ့သည်။ ဟောပြောပွဲကို သောင်းချီသော ပြည်သူများ တက် ရောက်နားထောင်ခဲ့ကြသည်။ (NLD)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များမှာ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ယနေ့(၆.၃.၂၀၁၂)ရက် နံနက် ၇ နာရီဝန်းကျင်က နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာဟိုတယ်တွင် တွေ့ဆုံစဉ်။

ဓာတ်ပုံ-သီဟ (7 Day News Journal)

4 comments:

  1. အမေစုကို ယောင်္ကျားတစ်ယောက်အဖြစ်သာ.
    တို့ဗိုလ်ချုပ်ကမွေးပေးခဲ့ရင်.အခုစစ်တပ်ကခွေးသူတောင်းစား
    စစ်ဗိုလ်တွေ.ခွေးဇတ်ခင်းမှာသေချာတယ်.

    ReplyDelete
  2. We should vote to NLD to get Democracy which we need immediately.

    ReplyDelete
  3. Hey, DOGS WOULDN'T ACT THE WAY THOSE CRIMINALS AT NAYPYIDAW DID!
    Even DOGS KNOW THE MEANING OF 'GRATITUDE' but the ANIMALS at Naypyidaw DON'T I say.
    If ZAY YAR THAW could LOSE in Naypyidaw because the people would not dare to cast their votes for him trust me.
    FEAR OF THE NEAREST KNIFE as they say also.
    Anyway, it is WORTH A TRY no doubt.
    Well, ALL THE BEST and LUCK for ZAY YAR THAW I pray.

    ReplyDelete
  4. ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကြိုက်နှစ်သက်သူ- ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့ အနှစ်သာရကို လက်ခံသူတိုင်း မြန်မာနိုင်ငံရှိ ပြည်သူများသာမက နိုင်ငံတကာရှိ ပြည်သူများကပါ လေးစားတဲ့ ထောက်ခံတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု နှင့် အခြား မြင့်မြတ်သူတို့သာ ရရှိတဲ့ ဆုတွေကို အများကြီး -အများကြီး-- လက်ခံရရှိထားတဲ့ အမေစု ခေါ် ဒေါ်အောင်ဆန်းစုကြည် (ဘ) ဗိုလ်ချုပ်အောင်ဆန်း (အမျိုးသားဒီမိုကရေအဖွဲ့ချုပ်) ကိုသာ အခု ကြားဖြတ်ရွေးကောက်ပွဲမှစကာ မဲပေး ထောက်ခံကြပါစို့-- သူမဟာ အလွန်မြင့်မြတ်တဲ့ လူသားဆန်တဲ့ လူသားတစ်ယောက်ပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။