Facebookမှာ အဂ္ဂမဟာဒီမိုဖက်တီး တဂ်ပေးတဲ့၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမယ့် ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ The Ladies ဂျာနယ် အင်တာဗျူးပါ..။ ၂၀၁၀ရွေးကောက်ပွဲမှာ မဲမပေးပဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမယ့် အမေစုကို အကြွင်းမယ့် ယုံကြည်တဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်း..
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းပြီး ပါဝင်လုပ်ဆောင်ပေးမယ့် သရုပ်ဆောင် လူမင်း နောက်ဆုံး ဖြေသွားတာလေးကတော့ အကိုရဲ့ ရပ်တည်ချက်က ရှင်းတယ်။ အမေစုကို အကြွင်းမဲ့ယုံကြည်တယ်..။ အမစုကို ပံ့ပိုးချင်တယ်။ အမေစုကို ပံ့ပိုးတယ်ဆိုတာ အန်လ်အယ်ဒီကို ပံ့ပိုးတာနဲ့ အတူတူပဲ။ အန်လ်အယ်ဒီကို ပံ့ပိုးတယ်ဆိုတာ ကိုယ့်တိုင်းပြည် ကောင်းစားရေးအတွက် တခန်းတကဏ္ဍက ပံ့ပိုးတာနဲ့ အတူတူပါပဲ။ အဲ့ယုံကြည်မှု ရထားတဲ့ အတွက် လုပ်သင့် လုပ်ထိုက်တာတော့ လုပ်သွားမှာပါပဲဟု.. ရဲရဲဝံ့ဝံ့ ပြောဆိုထားပါတယ်..။

သတ္တိရှိရှိလုပ်ပါလို့ ဗိုလ်ရွှေမန်းက ပြောထားပြီးပါပြီ။ ရဲရဲ ၀ံ့ဝံ့လုပ်ကြပါ။
ReplyDeleteသူကတော့ ပြောတယ်။ ဒါပေမဲ့ ဖမ်းတာ ဆီးတာကိုတော့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက ဖမ်းလိမ့်မယ်။ခု ကြံ့ဖွတ်အစိုးရနည်းဗျူဟာက အဲလို လုပ်နေတယ်။
အထက်က ကောင်းတာတွေ ပြောမယ်၊ အောက်က မတရားတာတွေ လုပ်မယ်။
ရွေး/ကော် ဥက္ကဌ ဦးတင်အေးက ဘက်မလိုက်ဘို့ပြောမယ်။ အောက်က ကော်မရှင်တွေက မဲစာရင်းလိမ်တယ်။ သချိုင်းက သရဲတွေပါ အကူအညီခေါ်ပြီး ကြံ့ဖွံ့နိုင်ဘို့ လုပ်နေတယ်။
ဗိုလ်တင်အေးက နှုတ်ပိတ်နေပြီ။
ပုံနှိပ်ဥပဒေနဲ့ နိုင်ငံရေးသမားများစွာကို ထောင်ဒဏ်နှစ်ရှည်ချပြီးပြီ။ ဒေါ်စုကို အပုပ်ချတဲ့စာတွေကို စူပါရုဗ်နဲ့ လိုက်ဝေနေတဲ့ ဖားမင်းဆွေကျတော့ ဥပဒေအထက်ကို ရောက်နေတယ်။ ကြံ့ဖွံ့ရုံးတွေထဲ ၀င်လိုက် ထွက်လိုက်။ဘာဥပဒေမှ မရှိဘူး သူ့ကို အရေးယူဘို့။