မတ်လ(၁၁)ရက်နေ့က နေ့က ရုရှားနိုင်ငံရောက် မြန်မာပညာတော်သင်များမှ လာမယ့် ဧပြီလ(၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများ ပေးခဲ့ကြကြောင်း သိရှိရသည်...။
ဓာတ်ပုံ ထက်အာကာ Facebook
ဇာခန်းဆီးနောက်ကွယ်မှ ရုရှားပညာတော်သင်တွေရဲ့ ကြိုတင် မဲ ပါတဲ့..




ဒီမိုရေ ဒီထဲမှာ ခင်ဗျား တခါအထုပ်အထည်နဲ့ လက်ပူးလက်ကြပ်တင်တဲ့ သံအမတ် မောင်မင်းသိန်းရဲ့ စည်းပျက်ကမ်းပျက်တွေ ဘယ်နှစ်ယောက်ပါလဲ ကျုပ်ကတော့ ခုထိမှတ်ထားတုန်းနော်
ReplyDeletehttp://www.demowaiyan.org/2011/10/blog-post_8566.html
ဒီမိုအယောင်ဆောင် ကွန်မြူနစ်များ မနိုင်ဘူးမှတ်
ReplyDelete2008 နာဂစ်ဖွဲစည်းပုံမဲပေးတုံးကတော့ မလေးရှားသံရုံးက ၀န်ထမ်းအားလုံး တစ်ပတ်လုံးလုံး တွေ့ကရာ ထင်ရာမြင်ရာ နာမည်တွေကို ရေးပြီး အားလုံး ထောက်ခံမဲတွေ လုပ်ပြီး ပေးရတယ်။ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေရဲ့ အမိန့်ကလဲ ရှင်းပါတယ်။ ၉၅%မှ ထောက်ခံမဲ မရရင် သက်ဆိုင်ရာ သံအမတ်အလုပ်ပြုတ်ပြီသာမှတ်တဲ့။
ReplyDeleteအလုပ်တော့ အပြုတ်မခံနိုင်ဘူးလေ။ ထောက်ခံ ၉၉%ရအောင် သံရုံးဝန်ထမ်း(ဒရိုင်ဘာပါမကျန်) စာရွက်တွေပေါ်ဖြည့်ပြီး ရေးလိုက်တယ်။ မယုံရင် ၂၀၀၈ မှာ တာဝန်ကျတဲ့ မလေးရှားဆိုင်ရာ မြန်မာသံအမတ်ကို မေးကြည့်ပါ။
မလေးရှားမှာ ရှိတဲ့ အလုပ်သမားတွေထဲက ခုနစ်သောင်းကျော်လောက်က မဲပေးပါတယ်။ အဲဒီထဲက ၉၉% က ထောက်ခံပါတယ်ဆိုပြီး လုပ်ပေးလိုက်လို့ သံအမတ်ရော သံရုံးဝန်ထမ်းတွေရော အလုပ်မပြုတ်ပါ။
ReplyDeleteအာဏာရှင်စနစ်အောက်မှာ ဒီလို မလုပ်ရင် ပြုတ်မှာပပါ။ အမှန်တရားဆိုတာ ဆိတ်သုဉ်းကွယ်ပျောက်နေတာ ၁၉၆၂-ခုနှစ်ထဲကပါ။ စစ်တပ်တစ်မတ်သား ပါလီမန်ကို အတည်ပြုတဲ့ နာဂစ်ကို ဘယ်ပြည်သူမှ မထောက်ခံဘူးလေ။ ညောင်နှစ်ပင်မှာ တက်တဲ့ ညီလာခံကိုယ်စားလှယ်တွေဆိုတာလဲ စစ်ဗိုလ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်အမည်ခံတွေကလဲ စစ်တပ်အငြိမ်းစားတွေဘဲလေ။ မယုံရင် စာရင်းတွေပြန်ပြီး စစ်ဆေးကြါပါ။ကိုယ်စားလှယ်တွေက ဘယ်သူတွေလဲဆိုတာ။
ပြည်သူက အမှန်တကယ်ရွေးတဲ့ ၉၀.ခုနှစ် အနိုင်၇ကိုယ်စားလှယ်တွေ မပါဘဲရေးတဲ့ ညောင်နှစ်ပင် နာဂစ်ဖွဲ့စည်းပုံက ဘယ်ကလာ ပြည်သူ့ဆန္ဒနဲ့ဆွဲတာဖြစ်မလဲ။ ခုအစိုးရကလဲ မဲလိမ် မဲခိုး ညစ်ပတ်နည်းမျိုးစုံနဲ့တက်လာတာလေ။
ခုလဲ ညစ်ပတ်ဆဲ။ သေချာပေါက် ရှုံးမဲ့နေရာ(၃)နေရာကို ရွေးကောက်ပွဲ မလုပ်ရဲတော့ဘူး။
ဟေ့ကောင်တွေ ပြည်သူ့ဘဏ္ဍာတွေနဲ့မင်းတို့ကို ပညာသင်ခိုင်းထားတာ ။ပြန်လာရင် ပြည်သူကို ဗိုလ်မကျနဲ့။ လွှတ်တော်ထဲမှာလာပြီး ကျက်သရေ မရှိအိပ်မနေနဲ့။
ReplyDeleteစာကိုလဲ ကြိုးစားသင်။ အချောက်တွေလိုဝတ်ပြီး ဖင်ရမ်းပြီး က မနေကြနဲ့ဦး။ စစ်သားဆိုပြီး သန်းရွှေလို မိန်းမကျင့် မိန်းမကြံ အလုပ်တွေ မလုပ်နဲ့။
ခင်ညွန့်လို သွေးမကြောင်ပါဘူး ပြောပြီး အကျယ်ချုပ်ချခံရတာနဲ့ ရူးကြောင်ကြောင်ဖြစ်ပြီး သန်းရွှေဆီ အသနားခံစာတင်တာမျိုး မလုပ်နဲ့. စစ်သားကောင်းဆိုတာ ဘယ်လိုဆိုတာ မင်းတို့ သိပါတယ်.
ဗိုလ်ချုပ်အောင်ဆန်းကို အတုယူကြ။ ဗိုလ်နေ၀င်း။ ဗိုလ်သန်းရွှေတို့လို သမိုင်းမှာအမဲစက် ထင်မကျန်စေနဲ့၊
အရင်လို အချောင် စစ်ဝတ်စုံဝတ်ထားရုံနဲ့ ချောက်လှန်ပြီး စာလို့ရတဲ့ခေတ် မရှိတော့ဘူးဆိုတာကို ခေါင်းထဲမှာထည့်ထားကြ။
သူတို့ အားလုံး ကို ဖွတ်ပါတီကိုပဲ မဲပေးရမယ် ဆိုတာ မှာထားပြီးသား။ အဲဒီ အထဲကမှ ပယ်မဲ ၊ တခြားပါတီ ကို မဲထဲ့ထားတယ် ဆိုရင်လဲ ဖွတ်ပါတီကို ပဲ မဲပေးတဲ့ မဲဖြစ်အောင် သံရုံးကလူတွေက မဲခိုးမှာ မဲလိမ်မှာ ကို တတ်အပ် ပြောလိုက်ပါရစေ။ ဗမာ သံရုံးက လူတွေ အစား ရှက်မိပါတယ်။ အလုပ်ပြုတ်မှာ ကြောက်တော့ မဟုတ်တာ အကုန်လုပ် မမှန်တာ အကုန်လုပ်ရတာပါ။
ReplyDeleteso stupid and very shameful.
ReplyDeleteeat country $$$$ and cheating own country.