Pages
Tuesday, March 27, 2012
စသုံးလုံးမှ နေ့ညမနား မတရားစစ်ဆေးတဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက်ကြောင့် မတ်လ (၂၄)ရက်နေ့က စသုံးလုံး ရုံးပေါ်မှ ခုန်ချ သတ်သေသွားသူ အသက်၂၀အရွယ် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်ရဲ့ ရင့်နင့်ဖွယ်အဖြစ်အပျက်...
တရားလို မနန်းဝိုးဖန်းအား (စစစ)မှ  နေ့ည မနား တရားခံစစ် စစ်ဆေးခြင်းဒဏ်ကို မခံနိုင်တဲ့ အတွက်ကြောင့် (စစစ)ရုံးပေါ်မှ ခုန်ချ သတ်သေသွားသူ အသက်၂၀ အရွယ် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန် ရဲ့ပုံပါ။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေများအားလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက မချေမငံ ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။
၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောပါသည်။ (စစစ)မှ မဖြစ်မနေ သွားရောက် အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟု ပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်း မရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြပါသည်။
၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန်မှာ ရှမ်းမလေးနန်းဝိုးဖန်မှ ငယ်ရွယ်သူ တစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၊ ထွက်ပေါက်မရှိ တော့ပဲ အရမ်းကြောက်တတ်တဲ့ ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅)လွှာမှ အစိမ်းရောင် ၀မ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ ပျော်ရွှင်အောင် မိမိအသက်အား ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာ တင်ပြလိုက်ရပါသည်။
ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး
ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သဂြိုင်ရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့ အထိစောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆို အပ်ပါသည်။
မြန်မာ့အရေး...
တရားလိုဖြစ်ပါရက်နဲ့ တရားခံစစ် စစ်ခံရပြီး သေဆုံးခဲ့ရတဲ့ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ ရင့်နင့်ဖွယ် အဖြစ်အပျက်အား အမှုမှန်ပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းကူညီ ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။
26 comments:
  1. ဖော်ထုတ်ပေးပါ...ဖော်ထုတ်ပေးပါ... ပြည်သူ့အကျိုးကို ကြည့်သောအားဖြင့်...မီဒီယာများမှလည်း မျက်ခြေ မပြတ်စောင့်ကြည့်ဖော်ထုတ်ပေးပါ...။
    ReplyDelete
  2. အာဏာရှင် စနစ်ဆိုးရဲ့ ဆိုးဝါးတဲ့ သရုပ်မှန်တွေပါ။
    အမှုဖြစ်တိုင်း လာဘ်စားပြီး တရားလိုကို တရားခံဖြစ်အောင် လုပ်တတ်တဲ့ အစိုးရယန္ဆယားကြီးရဲ့
    ကြောက်မက်ဘွယ် ဖြစ်ရပ်တွေပါ။
    အသက်(၂၀) သာရှိသေးတဲ့ မိန်းကလေးတစ်ယောက်ကို သတ်သေချင်လောက်အောင် လူမဆန်စွာ နှိပ်စက်ရဲကြတဲ့ (စစစ)သူရဲကောင်းကြီးတွေရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို ဖော်ထုတ်ကြဘို့ လိုပါတယ်။
    ပြည်ထဲရေးဌာနကို စစ်ဗိုလ်ချုပ်တွေလက်ထဲ အပ်ခဲ့တဲ့ ဗိုလ်သန်းရွှေကို လည်ပင်းကြီုးကွင်းစွပ်ရမယ်။ သူဖန်တီးခဲ့ ညောင်နစ်ပင် ဖွဲ့စည်းပုံကြောင့် ဒီလို မတရားမှုတွေ ပေါ်ပေါက်နေတာပါ။
    ပြည်ထဲရေးဝန်ကြီးလုပ်တဲ့လူက ရွေးကောက်ခံစရာမလိုဘဲ စစ်ဗိုလ်တွေလက် ၀ကွက်အပ်ထားတာဟာ လုပ်ချင်သလိုလုပ်၊ ရမ်းကားချင်သလို ရမ်းကာဘို့ လိုင်စင်ပေးထားတာနဲ့ အတူတူပါ။ အပြစ်ကင်းပြီး ရိုးသားတဲ့ တိုင်းရင်းသူ
    ရှမ်းမလေးအတွက် အမှန်ကို ဖော်ထုတ်ကြပါ။
    ReplyDelete
  3. ဒီအချက်ကမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ရှိနေသေးတာကိုပြသတာပါ။ မြန်မာပြည်သူပြည်သားအပေါင်းတို့ ဒီမိုကရေစီခေတ်ကိုမရောက်သေးဘူးဆိုတာသတိရပြီးစစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်တဲ့အထိဆက်လက်တော်လှန်သွားရမယ်။
    ReplyDelete
  4. This comment has been removed by the author.
    ReplyDelete
  5. ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ..
    မြန်မာနိုင်ငံက မပြောင်းလဲသေးပါဘူး..
    ပြောင်းလဲလာမယ်ဆိုရင်တောင်
    တော်တော်လေးကို အချိန်ယူရအုံးမယ်ထင်ပါတယ်.ကိုယ့်ပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ အတွက်ကို မနည်းကြိုးစားရအုံးမှာပါ..
    အခုလို အသက်ငယ်ငယ်ရွယ်ရွယ်တွေ သေသွားကြသူတွေ အများကြီးပါ..တိုင်းပြည်ကို အကျိုးမပြုမဲ့လူငယ်တွေ သေဆုံးရတာ ဘယ်သူ့ ကြောင့်လဲ အားလုံးသိကြမယ်ထင်ပါတယ်..ကောင်းရာ သုဂတိ လားပါစေ..
    ReplyDelete
  6. ရွှီး.....ငြိမ်ငြိမ်နေကြစမ်း၊ ဘာမှမပြောသေးနဲ.၊ ပြေးလွှားနေတဲ့ တောရိုင်းတိရိစ္ဆာန် ဖမ်းချင်ရင်၊ အသိပေးပြီးဖမ်းရတာက ခက်တယ်လေ ပရိတ်သတ်တို.ရဲ...
    ReplyDelete
  7. သမတကတော့ ပြောင်းပြီလို့ပြောတာဘဲ..
    စစ်ဝတ်စုံကနေ ကြံ့ဖွံ့ဝတ်စုံထဲကို ပြောင်းပြီးဝင်လိုက်တာကို
    ပြောတာလားမသိ။
    ဒါမှလဲ လူတွေကို မျက်လှည့်ပြလို့ ရမှာလေ၊
    စစ်ဝတ်စုံနဲ့ စားနေရာကနေ နိုင်ငံတကာလဲ အမြင်ကောင်း အာစီယံဥက္ကဌရာထူးအတွက်လဲ ပုံရိပ်ကလေးထွက်။
    ခုထိ မပြောင်းတာတွေလဲ ရှိနေဆဲပါ။
    မတရား ညှဉ်းပန်းနိပ်စက် စစ်ဆေးလို့ သေသွားရင် လက်လွန်သွားရင် လူမသိအောင် မီးသဂြိုဟ်စက်ထဲထည့်။
    ရွှေဝါရောင်တော်လှန်ရေးကာလမှာလည်း ရိုက်နှက်ပြီး လက်လွန်သွားလို့ သံဃာတစ်ပါးကို ချောင်းထဲပစ်ချထားခဲ့ဘူးတယ်။
    ဒါလောက် ရက်စက်တဲ့ စစ်အရေခွံလဲ ကြံ့ဖွတ်ကိုတော့ မဲမပေးကြနဲ့နော်။ စစ်ဘိနပ်အောက် ပြန်ရောက်သွားမယ်။
    ခုတော့ စစ်သားရဲ့ ဒူးလောက်ဘဲ ရှိသေးတယ်။
    ReplyDelete
  8. ဖြစ်ရတယ်..ဗျာ..တရာလိုကနေပြီတော့များ..
    အခုလိုဖြစ်ရတယ်လို့..အဲစသုံးလုံးဆိုတဲ့..ကောင်တွေဟာ
    အဲဒီရာထူးရအောင်..လဘ်တွေပေ။ညီမတို့မအေတို့..
    မိန်းမတွေကိုပေးပြီနေရာရအောင်လုပ်ထားတဲ့..ကောင်
    တွေ..ဒါကြောင့်ဒီလောက်ယုတ်မာ..ကိုကိုထွေးဆိုတဲ့..ကောင်ဆီကနေပိုက်ဆံရတော့..ဘာမှအားကိုးမရှိတဲ့..
    မိန်းခလေးကို..၀ိုင်းပြီ..အနိုင်ကျင့်တာ..ခွေးမသားတွေ
    ReplyDelete
  9. ဒီလို အဖြစ်အပျက်လေးတွေ ရှိနေတာ စိတ်မကောင်းစရာပဲဗျာ..........
    ReplyDelete
  10. မျက်မြင်သက်သေMarch 27, 2012 at 11:18 PM
    ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ကောင်မလေးအလောင်း ခြေရင်းမှာ အမွှေးတိုင်ထွန်းထားတယ် သစ်သီးတွေထားတယ် ။ သူ့သူငယ်ချင်း ရှမ်းမလေးတွေရှမ်းလေးတွေရှိတယ် ။ သူနဲ့အတူစစ်ခံရတဲ့ ရှေ့နေ ဒေါ်အိအိအောင်ရှိတယ်။ စသုံးလုံးတွေက ရင်ခွဲရုံကိုဝိုင်းထားသလောက်ရှိတယ် ။ ဒါနဲ့ ဓါတ်ပုံထရိုက်တယ်။ နောက်မေးတယ် အဲဒီတုန်းက စသုံးလုံးရုံးပေါ်က ပြုတ်ကျသွားတာမသိသေးဘူး ။ ခေါ်ခေါ်စစ်နေတုန်း သူ့အိမ်ကခုန်ချတယ်လို့ဘဲထင်တာ။ ဘယ်သူမှမဖြေရဲဘူး မကြေနပ်ချက်တွေနဲ့ အကြောက်တရားတွေကြီးစိုးနေတယ်။ ဒါနဲ့နောက်ခဏဆုတ်ပြီး ဖုန်းဆက်မယ်လုပ်တော့ အစ်ကိုတို့ကစသုံးလုံးက မင်းကိုဘယ်သူဖုန်းဆက်ခေါ်သတုန်း ဆို မေးတယ် ။ အင်တာနက်ပေါ်မှာတွေ့လို့ဆိုပြီးဖောလိုက်တယ်။ အဲဒီမှာ ADဆီဖုန်းဆက်မယ်ဆိုပြီးဖုန်းခေါ်တယ် ။ ဒီသတင်းမရေးနဲ့လို့အစ်ကိုတို့မတားဘူး မင်းသိတဲ့သတင်းကမှားနေတယ် ခုန်ချတာမဟုတ်ဘူး ငါ့ညီရေးရင် ငါ့ညီမှာ အန္တရာယ်ရှိမယ်။ ငါ့ညီတင်မကဘူး ငါ့ညီအဖွဲ့အစည်းမှာပါအန္တရာယ်ရှိမယ်။ အစ်ကိုတို့ စသုံးလုံးက ဒီကောင်မလေးအမှုတွေ လိုက်နေတာအများကြီး ။
    ရဲစခန်းမှာလည်းစာရွက်စာတမ်းတွေရှိတယ် ။ ဒီတော့ ငါ့ညီမှာအန္တရာယ်ရှိတယ်။ လို့လာပြောတယ် ။ သူစပြောကတည်းက ဖုန်းသိမ်းသလိုနဲ့ အိပ်ထဲက အသံဖမ်းစက်ဖွင့် ထားတယ်။ ဒါနဲ့ ဟုတ်ကဲ့ပါခင်ညာ ဘာညာဖောရှောရိုက်ပြီး ပြန်ထွက်လာတယ် ။ ပြီးတော့ သိသမျှ သတင်းတိုက်တွေ အကုန် ဖုန်းဆက်ခေါ်လိုက်ပါတော့တယ်။
    ReplyDelete
  11. ဒီအမှုမှာ တာဝန်ရှိသူအားလုံးအထိထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းပါသည်။(စ.စ.စ) မှ ယခုအမှုကိုင်တွယ်သူတွေဟာအမှုမှန်ပေါ်ပေါက် ရေးအတွက် လုပ်ဆောင်သရောင် တစ်ဘက်က ငွေယူပြီး အကွက်ဆင်တာ ဖြစ်နိုင်တယ်။
    ဒီအမှုမှာ တာဝန်ရှိသူအားလုံးအား ထိရောက်စွာ အရေးယူပေးရန်နှင့် တရားခံကို တရားလိုဖြစ် အောင် လုပ်တဲ့သူတွေကို ထောင်ချအပြစ်ပေး သည်အထိ အရေးပေါ်ရန် တိုက်တွန်းပါသည်။
    ReplyDelete
  12. မျက်မြင်သက်သေMarch 28, 2012 at 2:57 AM
    အပေါ်က အဆက်
    အခုသိသလောက် ဖြစ်စဉ်က ဒီလို ဂျပန်တစ်ကောင်နဲ့ကောင်မလေးဟာ လက်ထပ်စာချုပ်ရှိတယ် စီးပွားရေးအရပါဘဲ။ အဲဒီဂျပန်က ကောင်မလေး နာမည်နဲ့ မြေကွက်တွေလိုက်ဝယ်တယ်။ နောက် ကိုကို ဆိုတဲ့လူတစ်ယောက်ကို တစ်လနှစ်သိန်း ပေးခန့်တယ် ။ ကိုကိုနာမည်နဲ့ပါ မြေကွက်တွေဝယ်တယ်။ အဲဒီမှာ ကိုကိုက ရောင်းတုပ်လိုက်တယ် ။ သူ့နာမည်နဲ့ဝယ်ထားတဲ့ တိုက် က အိမ်ငှားတွေကိုလည်း တရားဆွဲတယ်။ အဲဒီမှာ ကိုကိုကို ၄၂၀ နဲ့တရားဆွဲတယ်။ လှိုင်သာယာ ၇ ရပ်ကွက် က ရဲစခန်းမှာ ။
    ဒါပေမယ့် အမ်းထားတဲ့အတွက် ရဲစခန်းက ဖမ်းမပေးဘူး ကိုကိုဆိုတဲ့လူကတော့ ပုံမှန်သွားလာနေတာဘဲ ။ ဒါနဲ့ တရားခံပြေး အနေနဲ့ ပြောင်းလဲ သတ်မှတ်ပေးပါ ဆိုတော့ ၇ ရဲစခန်းက ဒုရဲအုပ် ကိုကိုဇော် က စသုံးလုံးသွားမှ ရမယ်ဆို ကြပ် ပေးလိုက်တယ်။ သူတို့အကြောင်းလဲ သိထားတော့ စစစ ကိုတေ့ပေးလိုက်တာ။ အဲဒီမတိုင်မှီ စစစ မှာအပိုင်ရှိတယ် အစတောင် ပျောက်သွားမယ်ဆို ကိုကို ဆိုတဲ့လူက ချိမ်းခြောက်ထားတာ ရှိတယ်။ စသုံးလုံးက ထုံးစံအတိုင်း စစ်ပြီးရေဖန်တာပေါ့ ။ အရမ်းဆဲဆိုပြီး စစ်တယ်လို့သိရတယ်။ အဲဒီမှာ ကလေးမက ကြောက်လန့်ပြီး အခုလိုဖြစ်သွားတာ ။ နောက်ဆက်တွဲ စသုံးလုံးအသိုင်းအ၀ိုင်းက ထပ်ကြားတာ အကွက်တွေ အပေးအယူလုပ်ပြီး ကောင်မလေးဆီက သိမ်းထားတာတွေရှိနေတယ်။
    စစစ ကငနဲက ပြောတယ် ခြေချော်ကျတာ တဲ့။ ပြုတင်းပေါက်ပေါ် တက်ရပ်မှဘဲ ခြေချော်ကျမယ်။
    ဘာလို့ ဒီလိုစစ်တာလဲ ဆိုတာကို ကိုသူရမျိုးက စီးပွားရေး စစ်တာ ဒီခြံတွေ မြေတွေကို ဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲဆိုတာ။ ပြောရရင်တော့ ငွေညှစ်သလိုမျိုးပါဘဲ။ အခုကိစ္စမှာ ကောင်မလေးက တိုင်းရင်းသားဖြစ်နေတယ် မြန်မာစကားရေရေလည်လည်မတတ်ဘူး ။ မိသားစုတွေကလည်း အဖွဲ့အစည်းကို တိုင်မယ် ။ ရှော့တော့ရှိတယ်။။ သေချာအရေးမယူပေးနိုင်ရင် ။ ပိုကြီးလာမယ် ။
    ReplyDelete
  13. မေးခွင့်ပြုပါ(စစစ)
    အားနွဲ့တဲ့မိန်းကလေးကိုနေ့ရောညပါ စစ်ဆေး
    တဲ့ စစစ အရာရှိမင်းများ အစိုးရအုပ်ချုပ်ရေးပိုင်း
    အဆင့်ဆင့်မှာ အကျင့်ပျက်ခြစားမှုတွေကိုရော
    ဘာကြောင့်မစစ်ဆေးတာလည်း။
    ReplyDelete
  14. ဘယ်သူ.အပြစ်ပုံချရမှာလည်း။ဒီလိုနဲ့ဘ၀ဆုံး
    သွားကြတဲသူတွေမြန်မာပြည်မှာအများသား။
    နန်းဝိုးဖန် ကျွတ်လွတ်ပါစေ။
    ReplyDelete
  15. ဓါးသွားနှစ်ဖက်ကိုကိုင်ထားတဲ့ လူနှစ်ယောက်လိုဖြစ်နေပြီ။နှစ်ဖက်စလုံး ထိမှာ ။ ဆော်ကြစမ်း ။ပွဲကတော့ ကြည့်လို့ကောင်းပြီ ။ဗမာပြည်မှာက အစဉ်အလာရှိတယ် ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဖြစ်ပြီဟေ့ဆိုလို့ကတော့ မီးခိုးကြွက်လျှောက်ဘဲ ။ အကုန်လုံးနီးပါးလောက်က ဥပဒေ လက်တလုံးခြား လုပ်ထားတဲ့ကိစ္စတွေချည်းဘဲ ။ တကယ် ဥပဒေကြောင်းအရ ဆော်ကြပြီဆို တော်တော်များများက လွတ်ဘို့မလွယ်လောက်ဘူး ။ဘာလို့လဲဆိုတော့ နယ်ပယ်တိုင်းလိုလိုမှာ နားလည်မှုနဲ့ လုပ်ထားကြတာ ။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဟေ့ဆိုလို့ကတော့ မလွယ်ရေးချ လုံးဝမလွယ်ဘဲ ။ ဘာလို့ အဲလိုတွေဖြစ်နေရလဲဆိုတော့ ဥပဒေဆိုတာ လုံးဝမရှိလို့ဘဲ ။ ရေများရေနိုင် မီးများမီးနိုင် အကွက်တွေချည်းဘဲလေ ။ အဲတော့ ခေါင်က မလုံ အိမ်ဍ္ဍ်စိုသည် အိမ်အိုကြီးကို ဖျက်ဆီးကြ ဟူ၍တည်း ။
    ReplyDelete
  16. this is true of Burma condition.
    ReplyDelete
  17. ဆက်ကြပါဦး
    စစ်တပ်မှာ ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်ရေးတောင်
    ပျက်သေးတာဘဲ။
    မတရားလုပ်တဲ့အဖွဲ့တွေ ဖျက်သင့်ပါပြီ။
    စစစ က ဒီလိုအမှုတွေ ကိုင်ခွင့်ရှိလို့လား။
    ဒင်းတို့ကတာဝန်ယူထားတာ။ ဒင်းတို့ခြစားမှုကို
    ဘယ်သူကတာဝန်ယူမှာလဲ။
    ပြည်ထဲရေးဝန်ကြီးလား။ သမ္မတလား။
    ReplyDelete
  18. အသက်(၅၀)အရွယ်ရှိ ဂျပန်နိုင်ငံသားတစ်ဦးနှင့် တာချီလိတ်မြို့နယ်တွင် တရားဝင်လပ်ထပ်ထားပြီး။ ၄င်းနိုင်ငံသားပိုင် ပိုက်ဆံဖြင့် မြန်မာနိုင်ငံမှမြေကွက် အမြောက်အများကို မနန်းဂိုးဖန်းအမည်ခံကာ ၀ယ်ယူထား ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသားသည် 3.3.2012 ရက်နေ့တွင် ဂျပန်နိုင်ငံသို့ခေတ္တပြန် လည်သွားစဉ် ယခုကဲ့သို့ဖြစ်ရပ်များဖြစ်ခဲ့ခြင်းဖြစ်သည်။
    ReplyDelete
  19. မျက်မြင်သက်သေ ပြောတာကို ထောက်ခံပါတယ်
    အဲဒီ စသုံးလုံးကကောင်တွေလိုက်တဲ့အမှုတွေက အများကြီးဘဲရှိမှာ ပေါ့.. အဲဒါကိုတော့ သေချာအောင်မမေးဘူး
    ပြော တော့ မီဒီယာ မီဒီယာနဲ့.... သေချာကျနအောင် မမေးရဲဘဲနဲ့ ရမ်းတုပ်မှန်းတုပ်တွေလုပ်နေတယ်....
    ReplyDelete
  20. အဲဒီအမှုတွဲထဲက စောအဲလ်ဘတ် ရဲမှူး(ငြိမ်း) ဆိုတဲ့ စီအိုင်ဒီ
    က အမှုပွဲစား..ချဲဒိုင်။ (၂)လုံးဒိုင်
    အဲဒီကောင် ရှောက်ဖွနေတာနေမှာပေါ့.. ရဲဆိုတာ ဆိတ်လဇိ
    ReplyDelete
  21. အောင်မြင်March 29, 2012 at 2:01 AM
    စ.စ.စ (စ သုံးလုံး) ဆိုတာ... စောက်ကျင့်ယုတ်၊ စောက်ကျင့်ပျက်၊ စောက်ကျင့်တန် အဲဒီသုံးမျိုးလုံးကျွမ်းကျင်မှဖြစ်တာ...
    ReplyDelete
  22. လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးMarch 29, 2012 at 2:41 AM
    မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော
    [By Yangon Press International ]·
    မတ်လ ၂၈ ရက်၊ ၂၀၁၁ ခုနှစ် (YPI)
    မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံးအရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။
    ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောသည်။
    မနန်းဝိုးဖန်၏ ဖခင် နှင့် စသုံးလုံးတွင် အတူအစစ်ဆေးခံရသူ ရှေ့နေ ဒေါ်အိအိအောင်တို့က မီဒီယာ အားရှင်းလင်းခဲ့ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ကိစ္စ ပတ်သက်၍ အမှုအခင်းဖြစ်ပွားရာတွင် အမှုတရားလို ဖြစ်သူ မနန်းဝိုးဖန်နှင့် ၎င်း၏ ရှေ့နေဖြစ်သူ သူ့ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက စစ်ဆေးရန် ခေါ်ယူခဲ့သည်။ ၃ရက်တာ စစ်ဆေးနေစဉ်တွင် မတ်လ ၂၄ ရက်နေ့နံနက် လင်းအားကြီးအချိန်၌ မနန်းဝိုးဖန်မှာ အဆိုပါ စသုံးလုံး ရုံး ၅ ထပ်မှ ရုတ်တရက် ပြုတ်ကျကာ သေဆုံးခဲ့သည်။
    စစ်ဆေးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က ရှင်းပြရာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းက မနန်းဝိုးဖန်၏ နာမည်ဖြင့် ၀ယ်ယူထားသည့် အိမ်နှင့် မြေကွက်များ ကို ခင်ပွန်းဖြစ်သူ နာမာဆဲ၏ မန်နေဂျာဟောင်း ဦးကိုကိုက ၎င်းပိုင်ဆိုင်ကြောင်း သတင်းစာများ တွင် ကြော်ငြာထည့်ခဲ့ရာမှ ပိုင်ဆိုင်သူ မနန်းဝိုးဖန်က သက်ဆိုင်ရာသို့ တိုင်ကြားကာ ယုံကြည်အပ်နှံ အလွဲသုံးစား ပုဒ်မ ၄၀၆ ဖြင့် ဦးကိုကိုအား စွဲဆိုခဲ့သည်။
    ထိုသို့ တရားစွဲဆိုထားရာမှ ဦးကိုကိုက မနန်းဝိုးဖန်ကို “စစရ” ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တို့တွင် ပြန်လည်တိုင်ကြား သဖြင့် ရဲတပ်ဖွဲ့တွင် ၂ ကြိမ် စစ်ဆေးခံခဲ့ရသည်။ ယင်းသို့ မနန်းဝိုးဖန်က နှင့် ဦးကိုကိုတို့ စွဲဆိုထားသည့် အမှုရင်ဆိုင် နေရာမှ ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးမှ မနန်းဝိုးဖန်နှင့် ရှေ့နေ ဒေါ်အိအိအောင်ကို ခေါ်ယူစစ်ဆေးခဲ့သည်။
    စသုံးလုံးက ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က စသုံးလုံးကို မေးမြန်းရာတွင် မနန်းဝိုးဖန်က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး စီးပွားရေး လမ်းကြောင်းအရ စစ်ဆေးခြင်းဖြစ်သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု ဒေါ်အိအိအောင်က ပြောကြားသွားသည်။
    ၃ ရက်ကျော် ခေါ်ယူ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း စသုံးလုံးရုံး ၅ ထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။
    သေဆုံးသွားရသူ မနန်းဝိုးဖန်မှ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်သည်ဟု စသုံးလုံး ဒေါ်အိအိအောင်က မနန်းဝိုးဖန် သေဆုံးသွားရခြင်းမှာ မိမိကိုယ် သတ်သေခြင်းမဖြစ်နိုင်ကြောင်း ၎င်းမှာ အလွန် ကြောက်တတ်သူဖြစ်သဖြင့် သတ်သေသည်ဆိုသည့် အချက်ကို မယုံနိုင်ကြောင်း ပြောဆိုသွားသည်။
    ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမာဆဲက “ လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးနေခြင်းသည် အကျဉ်းထောင်တွင်း စစ်ဆေးခြင်းနှင့် အတူတူဖြစ်ကြောင်း၊ သူမ၏ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟုလည်း ယနေ့ ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
    မနန်းဝိုးဖန် သေဆုံးသွားသည့် နေ့က မိုင်းဖြတ်မြို့ရှိ မိသားစုအား မနန်းဝိုးဖန် နေမကောင်းသဖြင့် ဆေးရုံတက်နေသည် စသုံးလုံးမှ ဟု အကြောင်းကြားလာပြီး ညပိုင်းတွင် သေဆုံးသွားပြီဖြစ်သည်ဟု ထပ်မံ အကြောင်းကြားခဲ့သည် ဟု ဖခင် ဦးအိုက်ခန်းက ပြောသည်။
    ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ၏ မိဘများက ဒုသမ္မတထံ ယခုအဖြစ်အပျက်ကို တိုင်ကြားရန် လေဆိပ်သို့ သွားရောက်စဉ် လုံခြုံရေးဝန်ထမ်းအချို့က ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟုလည်း ခင်ပွန်းဖြစ်သူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
    သေဆုံးသူမနန်းဝိုးဖန်ကို လာမည့် စနေနေ့ နေ့ခင်းပိုင်းတွင် ထိန်ပင်သုဿန်တွင် သဂြိုဟ်မည်ဖြစ်သည်ဟု သိရှိရသည်။
    စသုံးလုံးတွင် မတော်တဆ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းဋ္ဌာနတခုအား ပြောဆိုထားသည်။ ။
    ReplyDelete
  23. ဒီအချက်ကမြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်ရှိနေသေးတာကိုပြသတာပါ။
    ReplyDelete
  24. ဘယ်လို လုပ်ကြမှာလဲ ။ကျွှန်တော်တို့ က ဒီနေရာလေးမှာပဲ ပြောကြဆိုကြ ရတယ်ဗျာ။လုပ်ပိုင်ခွင့်ရှိတဲ့သူတွေသိအောင်ဘယ်လိုပြောရမလဲ။ အမေစုက ရောကူညီနိုင်လို့လား။ကူညီပါ ဗျာ။
    ReplyDelete
  25. ဒေါက်တာစိုင်းမောက်ခန်း ဆိုတဲ့ စောက်ရူးကြီးကရော အစင်ပြေမှာမို့လို့လားဗျာ။ ထိုင်ခုံကောင်းမှာထိုင်နေရလို့ ကိုယ့်အမျိုးတောင်ကိုမေ့နေပြီလားမသိဘူး။သူတောင်သူ့ပထွေးတွေကို မ နေရတာလေ။
    ReplyDelete
  26. ပြည်တွင်းဂျာနယ်တွေလည်း အားနည်းချက်ရှိတယ်ထင်တယ်။
    ဒီသတင်းကိုသေသေချာချာမဖေါ်ပြကြဘူး။
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။