Pages

Tuesday, March 6, 2012

ဟင်္သာတမြို့  GTC ကျောင်းသူ ၊ ကျောင်းသားများမှ ကျောင်းကားနှင့် စာသင်ခန်းခုံများ လုံလောက်မှု မရှိခြင်းအပေါ် ဧရာဝတီတိုင်းဒေသကြီး တိုင်းဝန်ကြီးချုပ်အား အသိပေးတိုင်ကြားခြင်း


ဟင်္သာတမြို့  GTC ကျောင်းသူ ၊ ကျောင်းသားများမှ ကျောင်းကားနှင့် စာသင်ခန်းခုံများ လုံလောက်မှု မရှိခြင်းအပေါ် 
ဧရာဝတီတိုင်းဒေသကြီး တိုင်းဝန်ကြီးချုပ်အား အသိပေးတိုင်ကြားခြင်း


ကျွန်တော်ကတော့ ဟင်္သာတ GTC မှကျောင်းသားတစ်ဦးပါ ကျွန်တော်တို့ ကျောင်းကိုနေစဉ် ပြေးဆွဲပေးနေတာ ဟင်္သာတ - ရန်ကုန်ပြေးဆွဲပြေးနေတဲ့ ကား(၃)စီးကို မ .ထ.သမှ စီစဉ်ဆင်ပေးပြီး ကျောင်းသား/သူ စုစုပေါင်း အယောက် ၁၀၀၀ခန့်အား ကိုလူ ၆၀ လောက်သာ ဆန့်သည့် ကား(၃) စီးသာ စီစဉ်ပေးပါတယ်။ ရထားစီစဉ်ပေးပေမယ့်လည်း တွဲ(၂)တွဲသာ ပါတဲ့အတွက် လူမဆန့်လို့ အမိုးပေါ်ပါမကျန် ခိုစီးရတယ် အင်မတန် အန္တာရယ်များပါတယ်။ ကား ကျတော့လည်း ကျောင်းသား၊ ကျောင်သူတွင်မက ဆရာ၊ ဆရာမ ရုံးဝန်ထမ်းများပါ တက်စီးရပါတယ်။ ကားခကျတော့ အသွားတစ်ယောက်ကို (၂၀၀) အပြန်တစ်ယောက်ကို (၂၀၀)ပေးရပြီး ပိုက်ဆံမပေးချင်လို့ မဟုတ်ပါ။ ကားကို တစ်စီးနှင့်တစ်စီး(၇) ပေလောက်သာ ကွာပြီးအရှိန်နဲ့ မတရားမောင်းတော့ ရှေ့ကားက တစ်ခုခုဖြစ်လို့ ဘရိတ်အုပ်လိုက်ရင် မတွေးရဲစရာပါ.. အလွန်အန္တရာယ် များလှပါတယ်..။ ကားမဆန့်လို့တွယ်စီးရတဲ့ ကျောင်းသားများအတွက် အလွန်အန္တာရယ် ရှိပါတယ်။

တခါတလေ ကားမဆန့်လို့ မိန်းခလေးတွေတောင် တွယ်စီးရတဲ့ အဖြစ်တွေ ကြုံတွေ့နေရပါတယ်..။ ကျောင်းက ဟင်္သာတမြို့ပေါ်က (၆)မိုင်လောက် သွားရပြီး ဖြေးဖြေးမောင်ဖို့ ကားဆရာတွေကို ပြောလို့ကတော့ တမင်ရွဲ့ပြီး စာမေးပွဲရက်တွေမှာ ဆိုရင် တလိမ့်ချင်း အရွဲ့တိုက်ကာ ပုံမှန် မိနစ် (၂၀) လောက်မောင်းရတဲ့ ခရီးကို (၄၅) မီနစ်လောက်ကြာအောင် ပညာပြမောင်းပါတော့တယ်။ တစ်ခါတလေ ကားအသေးလေးတွေ စီစဉ်ပေးတယ် တစ်ခါတလေ ကားမရလို့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးမှ ထုံးသယ်တဲ့ ကားများကို ချပေးပါတယ်။ စာသင်ခန်း ရောက်တော့လည်း ခုံတစ်တန်းကိုလူ(၆) ယောက်ထိုင်ရပြီး ကြပ်ကြပ်ညပ်ညပ်ဖြင့် စာသင်ရပါတယ်။ ကျောင်းကို ဖယ်ရီကားတွေ ရှိပါသော်လည်း ကျွန်တော်တို့လို ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲတဲ့ ကျောင်းသားများအဖို့တော့ တစ်လကို ၂၀၀၀၀ ပေးပြီး ဖယ်ရီကား မစီးနိုင်ပါ။
အဆိုပါ ကျောင်းသားတွေရဲ့ အခက်အခဲ ကိစ္စတွေကို ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် သိရှိစေရန် ကျွန်တော်တို့ GTC ကျောင်းသူ၊ ကျောင်းသားများမှ တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ မဖြစ်နိုင်တာကို မတောင်းဆိုပါ ကျောင်းရှိ စာသင်ခန်းများ၌ စာသင်ခုံများ အလုံအလောက် ချပေးရန်နှင့် ကျောင်းကြိုပို့ ကားများကို အလုံအလောက်ချပေးရန် တောင်းဆိုအပ်ပါသည်..။ အလကားစီးတာမှ မဟုတ်ပဲ ပိုက်ဆံပေးစီးတာ ဖြစ်တဲ့အတွက် ကျောင်းကားများ စီးရေ အလုံအလောက် ချပေးပါရန်နှင့် ယင်းကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

 ကျောင်းကိစ္စတွေ အတွက် ဒီတကြိမ်တော့ ၀န်ကြီးဦးစိုးမြင့်အား မလွှတ်စေလိုပါ။ ယခင် ကျောင်းမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အကြောင်းကြားစဉ် တခေါက် လာကြည့်ပါတယ်..။ ဒီလိုလာကြည့်တဲ့ အတွက်ကျောင်းသား၊ ကျောင်းသူတွေကတော့ ပျော်လို့၊ ကျောင်းကို ပြင်ဆင်ဖို့ လာကြည်တယ်ပေါ့။  ပြီးတော့မှ သူကကျောင်းအုပ်ကြီးတွေ ဧည့်ခံတာကိုစားပြီး ပြန်သွားပါတယ်..။ မည်သို့မျှ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ ယခုကျောင်းကား ကိစ္စအားလည်း ဝန်ကြီးချုပ်မှ စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဟသာင်္တ GTC ကျောင်းသား ကျောင်းသူများ....

3 comments:

  1. ခွေးနဲ့ရတဲ့ကားသမားတွေ.
    သားသမီးချင်းကိုယ်ချင်းမစာ.ခွေးမျိုးတွေ.

    ReplyDelete
  2. ဒီကိစ္စကိုအရေးမယူပေးဘူးဆိုရင်.
    ခွေးအလုပ်လုပ်နေတဲ့ကားသမားတွေနဲ့အတူ.အုပ်ချုပ်ရေးမူးဆိုတဲ့ကောင်လဲ.
    ခွေးပဲ...

    ReplyDelete
  3. ကိုလေးMarch 6, 2012 at 9:31 PM

    ကျွှန်တော်ဟာဟင်္သာတမြို့ G.T.I မှာ၁၉၈၃ခုနှစ်ကစပီးကျောင်းတက်ခဲ့တာပါ.
    အဲ့ဒီတုံးက.ကရင်ကျောင်းကြီးမှာပါ..ပထမဦးဆုံးG.T.I စဖွင့်ခဲ့တဲ့နှစ်ပေါ့.
    စိတ်ချမ်းမြေ့စွာ ၃ နှစ်တိုင်တိုင်ကျောင်းတက်ခဲ့ရပါတယ်.
    အဲ့ဒီတုန်းက.ဒေသကောလိပ်ကိုကျောင်းကားတွေစီစဉ်ပေးထားပါတယ်.
    ဒီလိုအဖြစ်အပျက်မျိုးမကြုံခဲ့ရပါဘူး.ကားဆရာတွေအားလုံးဟာ.
    ကျောင်းသား/သူများကိုအရေးပေးဆက်ဆံခဲ့ပါတယ်.သားသမီးချင်းကိုယ်ချင်းစာ
    ပေးကြပါတယ်.ကျွှန်တော်တခြားမြို့ကနေလာပီးကျောင်းတက်ခဲ့တာပါ.အဲ့ဒီတုန်းက
    ဟင်္သာတမြို့သူ/သားတွေဟာ.အတော်ကိုချစ်ခင်ဖို့.လေးစားဖို့ကောင်းတဲ့သူတွေပါ.
    ညောင်ပင်ကြီးအောက်ကမုန့်ဟင်းခါး.အားကာဆိုင်တန်းကချစ်ကြည်ရေးလက်ဖက်ရည်ဆိုင်
    ဆိုတာတွေဟာ.ဘယ်တော့မှမေ့ပျောက်လို့မရခဲ့ပါဘူး..
    ခုတော့ဘာတွေဖြစ်ကုန်ကြတာလဲဗျာ.
    သန်းရွှေရဲ့စစ်တပ်ဖျက်ဆီးခဲ့တဲ့အတိုင်းပဲ.ဟင်္သာတကကားဆရာတွေဆက်ပီးသွားနေတော့မှာလား
    ဟိုအရင်ကကျွှန်တော်ချစ်ခဲ့ဟင်္သာတမြို့အဖြစ်ကလေး.ပြန်လုပ်မပေးနိုင်ဘူးလာဗျာ.
    ယဉ်ကျေးပြူငှာစွာရှိခဲ့တဲ့.ဟိုတုန်းကဟင်္သာတမြို့အဖြစ်ထာဝရရှိနေနိုင်ပါစေ.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။