ကိုယ့်ရေ ကိုယ့်မြေနဲ့ ကိုယ်ကျိုးစီးပွား အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို အလွန်အကျွံအကာအကွယ်ပေးထားပြီး ဒီမိုကရေစီအစိုးရကို ထိန်းချုပ်ထားတာသိနိုင်တယ်။ အာဆီယံနိုင်ငံတွေထဲက စကာင်္ပူနိုင်ငံကိုလည်း “ကွန်မြူနစ်စနစ်ကျင့်သုံးနေတဲ့ ဒီမိုကရေစီနိုင်ငံ”လို့ ကင်ပွန်းတပ်နေကြပေမဲ့ ချမ်းသာတဲ့ ကျားနိုင်ငံဖြစ်နေတော့ အများအလယ်မှာ တင့်တယ်နေ တာ သိသာထင်ရှားတယ်။ ဒီမိုကရေစီမဟုတ်တဲ့ အိမ်နီးချင်းတရုတ်၊ အာဆီယံထဲက လာအို၊ဗီယက်နမ်နဲ့ဘရူနိုင်း နိုင်ငံတွေမှာလည်း သူတို့နိုင်ငံရဲ့ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး အခြေအနေနဲ့ မသင့်လျော်မကိုက်ညီတာ ကိုဘဲ ဖြေလျော့ပေးပြီး တချို့ကိုသာ ပြောင်းလဲမှုလုပ်ခဲ့ကြတယ်။ ကိုယ့်ရေကိုယ့်မြေနဲ့ ကိုက်ညီတဲ့စနစ်အမျိုးမျိုး ကို ကျင့်သုံးနေကြတာ (ဥပမာ-တစ်နိုင်ငံစနစ်နှစ်မျိုး) ပုံစံဆိုတာ မကြားဖူးဘူးလား။အဓိကအင်အားစု ဒေါ်စုကြည်ရဲ့ဟောပြောချက်ထဲမှာ နိုင်ငံအသီးသီးရဲ့စစ်တပ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိက အင်အားစုဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါဝင်ရန်လိုအပ်ကြောင်း ယုံကြည်ပါတယ်လို့ ၀န်ခံထားတာတွေ့ရပါတယ်။ခြေလှမ်းပေါင်းများစွာ ယနေ့ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့သစ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို တည်ငြိမ် အေးချမ်းစွာနဲ့ အခြေအနေအချိန်အခါလိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အစီအမံရှိစွာနဲ့ စနစ်တကျကူးပြောင်းနေတာ တွေ့ရမှာဖြစ်တယ်၊ စစ်မှန်တဲ့ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံဖြစ်အောင် ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းရဦးမှာ ဖြစ်လို့ အရိုးကြေကြေအရေခန်းခန်း ကြိုးပမ်းဆောင်ရွက်သွားမယ်၊ အသက်နဲ့ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားကြပါတယ်လို့ ကမ္ဘာသိကြေညာထားတယ်။အဓိကလိုအပ်ချက် ဒီမိုကရေစီသတို့သမီးဘွဲ့ခံဆိုတာ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတကာရေးရာတွေကို ဂဃနဏနဲ့ ခြေခြေမြစ်မြစ် လေ့လာသိရှိရန်လိုအပ်တယ်၊ မြန်မာနိုင်ငံကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ အမျိုးသားရေး သမိုင်းအစဉ်အလာကြီးတဲ့ တပ်မတော်ကို အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးဟာ မြန်မာ့သမိုင်းရဲ့ နိုင်ငံရေး လိုအပ်ချက်ဖြစ်တယ်ဆိုတာ လက်ခံရမှာပါ၊ နိုင်ငံ့အကျိုးစီးပွားတည်ဆောက်ရေးမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားလိုအပ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်များ ကိုလည်း လိုအပ်သလို ထည့်သွင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်က Common Ground ရှာဖွေပြီး All Inclusive Political Process ခင်းထားပေးပြီးဖြစ်တာကြောင့် Rule of Law နဲ့အညီ တပ်မတော် ကိုမဏ္ဍိုင်ပြုပြီး သင့်တော်တဲ့နေရာမှ နိုင်ငံတော်ကို တည်ငြိမ်တိုးတက်အောင် ၀ိုင်းဝန်းထိန်းကျောင်း ပေးကြရမှာ မဟုတ်ဘူးလား။“တောကြောင်တွေ ၀န်းရံနေတဲ့ကြားမှာ တောကြောင်တွေ လက်ခမောင်းခတ်လို့ မရအောင်” “စည်းလုံး ညီညွတ်ရေး”ဟာ အဓိကလိုအပ်ချက် ဖြစ်နေလို့ပါ။
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။
ကိုယ့်ရေ ကိုယ့်မြေနဲ့ ကိုယ်ကျိုးစီးပွား
ReplyDeleteအိမ်နီးချင်းထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို အလွန်အကျွံအကာအကွယ်ပေးထားပြီး ဒီမိုကရေစီအစိုးရကို ထိန်းချုပ်ထားတာသိနိုင်တယ်။ အာဆီယံနိုင်ငံတွေထဲက စကာင်္ပူနိုင်ငံကိုလည်း “ကွန်မြူနစ်စနစ်ကျင့်သုံးနေတဲ့ ဒီမိုကရေစီနိုင်ငံ”လို့ ကင်ပွန်းတပ်နေကြပေမဲ့ ချမ်းသာတဲ့ ကျားနိုင်ငံဖြစ်နေတော့ အများအလယ်မှာ တင့်တယ်နေ တာ သိသာထင်ရှားတယ်။ ဒီမိုကရေစီမဟုတ်တဲ့ အိမ်နီးချင်းတရုတ်၊ အာဆီယံထဲက လာအို၊ဗီယက်နမ်နဲ့ဘရူနိုင်း နိုင်ငံတွေမှာလည်း သူတို့နိုင်ငံရဲ့ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး အခြေအနေနဲ့ မသင့်လျော်မကိုက်ညီတာ ကိုဘဲ ဖြေလျော့ပေးပြီး တချို့ကိုသာ ပြောင်းလဲမှုလုပ်ခဲ့ကြတယ်။ ကိုယ့်ရေကိုယ့်မြေနဲ့ ကိုက်ညီတဲ့စနစ်အမျိုးမျိုး ကို ကျင့်သုံးနေကြတာ (ဥပမာ-တစ်နိုင်ငံစနစ်နှစ်မျိုး) ပုံစံဆိုတာ မကြားဖူးဘူးလား။
အဓိကအင်အားစု
ဒေါ်စုကြည်ရဲ့ဟောပြောချက်ထဲမှာ နိုင်ငံအသီးသီးရဲ့စစ်တပ်တွေဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိက အင်အားစုဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါဝင်ရန်လိုအပ်ကြောင်း ယုံကြည်ပါတယ်လို့ ၀န်ခံထားတာတွေ့ရပါတယ်။
ခြေလှမ်းပေါင်းများစွာ
ယနေ့ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့သစ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို တည်ငြိမ် အေးချမ်းစွာနဲ့ အခြေအနေအချိန်အခါလိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အစီအမံရှိစွာနဲ့ စနစ်တကျကူးပြောင်းနေတာ တွေ့ရမှာဖြစ်တယ်၊ စစ်မှန်တဲ့ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံဖြစ်အောင် ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းရဦးမှာ ဖြစ်လို့ အရိုးကြေကြေအရေခန်းခန်း ကြိုးပမ်းဆောင်ရွက်သွားမယ်၊ အသက်နဲ့ခန္ဓာကိုယ် စွန့်လွှတ်ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားကြပါတယ်လို့ ကမ္ဘာသိကြေညာထားတယ်။
အဓိကလိုအပ်ချက်
ဒီမိုကရေစီသတို့သမီးဘွဲ့ခံဆိုတာ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတကာရေးရာတွေကို ဂဃနဏနဲ့ ခြေခြေမြစ်မြစ် လေ့လာသိရှိရန်လိုအပ်တယ်၊ မြန်မာနိုင်ငံကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ အမျိုးသားရေး သမိုင်းအစဉ်အလာကြီးတဲ့ တပ်မတော်ကို အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်ရေးဟာ မြန်မာ့သမိုင်းရဲ့ နိုင်ငံရေး လိုအပ်ချက်ဖြစ်တယ်ဆိုတာ လက်ခံရမှာပါ၊ နိုင်ငံ့အကျိုးစီးပွားတည်ဆောက်ရေးမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားလိုအပ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်များ ကိုလည်း လိုအပ်သလို ထည့်သွင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့သစ်က Common Ground ရှာဖွေပြီး All Inclusive Political Process ခင်းထားပေးပြီးဖြစ်တာကြောင့် Rule of Law နဲ့အညီ တပ်မတော် ကိုမဏ္ဍိုင်ပြုပြီး သင့်တော်တဲ့နေရာမှ နိုင်ငံတော်ကို တည်ငြိမ်တိုးတက်အောင် ၀ိုင်းဝန်းထိန်းကျောင်း ပေးကြရမှာ မဟုတ်ဘူးလား။
“တောကြောင်တွေ ၀န်းရံနေတဲ့ကြားမှာ တောကြောင်တွေ လက်ခမောင်းခတ်လို့ မရအောင်” “စည်းလုံး ညီညွတ်ရေး”ဟာ အဓိကလိုအပ်ချက် ဖြစ်နေလို့ပါ။