Pages

Sunday, March 18, 2012

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ VOTE NLD ရုပ်သံဖိုင်..

ခွပ်ဒေါင်းဘေးမှာ အမှန်ခြစ် ပြည်သူ့အောင်ပွဲသစ်..
ပြည်သူချစ်တဲ့ အနုပညာရှင်တွေက ပြည်သူကို ရဲရဲဝံ့ဝံ့ ကျေးဇူးပြန်ဆပ်နေပါပြီ..။ မရိုက်မနေရ ပေါ်လစီကားတွေလို ဘာပါမစ်၊ ညာပါမစ်မှ မရပေမယ့် ကိုယ်ပိုင် ခံယူချက်နဲ့ ရင်ထဲက အနုပညာကို ပြသဖော်ထုတ်ခဲ့တဲ့ အတွက် နှိုင်းမရတဲ့ ပြည်သူ့မေတ္တာကိုတော့ ထပ်ဆင့် အကယ်ဒမီရရှိ သွားပါပြီ..။

လေးစားဂုဏ်ယူပါတယ်.. ခွပ်ဒေါင်း အနုပညာရှင်များ ခင်ဗျား..

ပြည်သူချစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်များရဲ့ Vote NLD ရုပ်သံ

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ VOTE NLD ရုပ်သံဖိုင်။

5 comments:

  1. လူမင်း - ဟဟ .. ဟိုလူ (ကျော်ဆန်း) နဲ့များ အမျိုးတော်သလား မသိပါဘူးဗျာ ..
    ထွန်းအိန္ဒြာဗိုလ် - အမေလေး အမလေး မတော်ရပါဘူး ရှင် ကျွန်မတို့ တမျိုးလုံး တရွှေလုံး အရပ်တွေရှည်ကြပါတယ် ...
    ဒီလိုလေးတွေ မြင်ရတော့လဲ ရင်ထဲကို လှိုက်လှိုက်လှဲလှဲ ဖြစ်မိပါတယ်ဗျာ

    ReplyDelete
  2. သိပ်ကောင်းတာပဲ၊ ဘယ်လို မဲပေးရမလဲ ဆိုတာလဲ တော်တော်ရှင်းပါတယ်၊ မဲပေးမဲ့သူတွေ သိသင့်တဲ့ အချက်တွေလဲ တော်တော်စုံစုံလင်လင်ပါတယ်။ အားလုံးကို လေးစားပါတယ်၊ ကျေးဇူးတင်တယ်။

    ReplyDelete
  3. အရပ်ရှည်အောင်ကျင့်တဲ့နည်းလေးရှိရင် ပေးကြပါအုံးဗျို့  ၊ တော်ကြာ ခွေးမသား ဂျပု နဲ့ အနှိုင်းခံနေရရင် ခွေးနဲ့ နှိုင်းတာထက် နာတယ်။ ရှည်အောင်ကို ကျင့်ရအုံးမယ်။
    ဒါရိုက်တာ နဲ့ တကွ သရုပ်ဆောင်အားလုံးကို လေးစားပါတယ်။ မှန်တာတွေကို လုပ်ရဲရမှာပေါ့၊

    ReplyDelete
  4. အနုပညာရှင်တွေရော ပြည်သူတွေပါ အကြောက်တရားကင်းကင်းနဲ့ ယခုလို ပညာပေးတာ ကောင်းသော အစီအစဉ်ဖြစ်ပါတယ်။
    ကျတော်တို့လူမျိုးက မကြိုက်ပေမဲ့ ပေါ့ပေါ့ဆဆနေလေ့ရှိပါတယ်။ ရွေးကောက်ပွဲဆိုတာ အကြမ်းမဖက်တဲ့နည်းနဲ့ ကိုယ်မကြိုက်တဲ့ အစိုးရကိုဖြုတ်ချတဲ့ အကောင်းဆုံးနည်းလမ်းပါ။
    ရုပ်ရှင်နဲ့ ပညာပေးတော့ မဲပေးနည်းကို သိပြီး ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို မှန်ကန်စွာရွေးချယ်တတ်မှာ ဖြစ်ပါတယ်။
    ကြံ့ဖွတ်ပါတီကြီးက အာဏာရအစိုးရဆိုတော့ ငွေကို ရေလိုသုံးပြီး မဲဆွယ်နေပါပြီ။ လူတစ်ယောက်ကို ငွေ(၅၀၀၀၀)အထိချေးပြီး မဲဆွယ်နေတာပါ။ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်ဆိုပြီး ဆွယ်နေတာလဲ ရှိ။ ၀န်ထမ်းတွေဆို သူတို့ကို မဲမပေးရင် အလုပ်ဖြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာပါ။
    ဦးရွှေမန်းကိုယ်တိုင် မဲနိုင်ရေး စီမံချက်ချ လုပ်နေတာပါ။ ကိုယ်စားလှယ်တစ်ဦး သိန်း ၅၀ ချပေးထားယုံမက နောက်ထပ်လိုအပ်သမျှ ပံ့ပိုးပေးဘို့ ညွှန်ကြားထားတာမို့ ပြည်သူ့မေတ္တာက လွဲလို့ NLD မှာ အားကိုးစရ မရှိတာ အမှန်ပါ။

    ReplyDelete
  5. သိပ်ကောင်းတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။