Pages
Friday, April 6, 2012
တရုတ်ကဆောက်လုပ်ပေးပြီး ၂၀၀၉ခုနှစ်က ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ရွှေလီရေကာတာ ၂၀၁၂မှာတော့ ပျက်စီးမှုတွေနဲ့ ကြုံတွေ့ နေရပါပြီ...
၂၀၀၉ခုနှစ် ၅လပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ရွှေလီရေကာတာဟာ ၂၀၁၂ခုနှစ်မှာတော့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်နေရပါပြီ.. (အောက်က Scribd ဖိုင်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်..)
ယနေ့ ရန်ကုန်နဲ့ တခြားမြို့ကြီးများအပါအဝင် နိုင်ငံနဲ့အဝှမ်းမှာ လျှပ်စစ်မီးပြသနာ မလုံလောက်မှုနဲ့ ကြုံတွေနေကြရတာ အများသိပြီး ဖြစ်ပါတယ်..။ ရန်ကုန်မြို့နေ လူထုမှာတော့ ယခုလို ပူပြင်းတဲ့ နွေရာသီ အခါသမယမှာ တနေ့(၆)နာရီအလှည့်ကျ စံနစ်နဲ့ပေါ့..။ နှစ်ပေါင်း (၂၃)နှစ်အတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ထွက်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဆောက်လုပ်ပြီး ဆောက်လုပ်နေဆဲ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ မစားဝမခန်း သတင်းစာထဲမှာ ပြည်သူတွေ မြင်တွေ့ခဲ့ရတာပါ...။ 
ကိုယ့်ပြည်တွင်းမှာ ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ပြည်ပထုတ်ရောင်း ပြည်တွင်းမှာတော့ ပြီးခဲ့တဲ့ တပတ်က ဖတ်လိုက်ရတာလေး ရန်ကုန်မြို့အား ယခုလာမည့် လဆန်းပိုင်းမှ စတင်ကာ အုပ်စုစနစ်ဖြင့် မီးပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်လတ်က ဆိုပါသည်။ လျှပ်စစ်ဓာတ်အားပေးနေသည့် တာဘိုင်များကို လည်ပတ်ရန်အတွက် လိုအပ်သည့် Gas မလုံလောက်သဖြင့် ယခုခဲ့သို့ ရန်ကုန်မြို့တော်အား အုပ်စုခွဲကာအ ချိန်ပိုင်းဖြင့် မီးပေးခြင်းဖြစ်ကြောင်း သိရသည်တဲ့... ဒါကတပိုင်းပေါ့..
နောက်တခုကတော့ ပြီးခဲ့တဲ့နှစ် မြစ်ဆုံဆည် အရေးမှာ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သတင်းစာရှင်းလင်းပွဲမှာ ကြားလိုက်ရတာကတော့ လျှပ်စစ်မီးတွေ ပိုလျှံနေလို့ ထုတ်ရောင်းနေရဆိုပဲ...။ ဟုတ်ပါတယ်... သူဆိုလိုတာ ဒီမိုဝေယံကို ပေးပို့လာတဲ့ သတင်းဖတ်လိုက်ရတော့မှ သိလိုက်ရပါတယ်..။ ရွှေလီဓာတ်အားပေး စက်ရုံက ထုတ်လုပ်လိုက်တဲ့ ဓာတ်အားတွေကို ပြည်တွင်းနဲ့ ပြည်ပကို ပို့လွှတ်နေတဲ့ တနေ့တာ ဓာတ်အား ယူနစ်စာရင်းပါပဲ...။ ကိုယ့်ပြည်သူတွေကတော့ မှောင်မှောင်မဲမဲထဲမှာ စမ်းတဝါးဝါးနေ့ မီးပြတ်လို့ နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခတွေ ရောက်နေကြရတာပါ...။ (၂၃) နှစ်လုံးလုံး မီးလေးတောင် လင်းအောင် မစွမ်းဆောင်နိုင်ခဲ့လို့ တကယ့်ပြည်သူ့ပါတီနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ မဲဆန္ဒတွေမှာတော့ မြင်တဲ့အတိုင်းပေါ့..။
၂၀၀၉ မေလ(၁၆)ရက်နေ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲမှ ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဦးဇော်မင်း
ဒီထက်ဆိုးတာကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ နောင်တချိန်မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် ရတက်မအေးရတဲ့ အဖြစ်တွေပါပဲ..။ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် မေလ(၁၆)ရက်နေ့က ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ လျှပ်စစ်ပါရဂူ ဦးဇော်မင်းတို့ ဖွင့်လှစ်ပေးခဲ့တဲ့ ရွှေလီ(၁)ရေအား လျှပ်စစ်စီမံကိန်းကတော့ ၂၀၁၂ခုနှစ် (၃)နှစ်တာ အရောက်မှာတော့ ရေတားတမံ အောက်ခြေတွေ ပျက်စီးလို့ ပြန်လည် ပြင်ဆင်နေရပါပြီ။ ဒီလိုရွှေလီမြစ်က  ရေကာတာတောင် (၃)နှစ်တာကာလမှာ ပျက်ဆီးမှုတွေ မြင်တွေ့လာရပြီဆိုတော့ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ဆုံကို တမံဖို့ပြီး ဧရာမဆည်ကြီး ဆောက်မယ်ဆိုတဲ့ တရုတ်စီမံကိန်းတွေကို စဉ်းစားကြည့် ကြစေလိုပါတယ်..။ ဒါတရုတ်ရဲ့ နည်းပညာနဲ့ ဆောက်တဲ့ ရေကာတာစီမံကိန်း တခုထဲကို စဉ်းစားကြည့်တာပါ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်နေတာ လွန်ပါသလား...။ မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုပါတယ်...။
ဒီမိုဝေယံ..
ရွှေလီစီမံကိန်းမှ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်တဲ့ အချက်အလက်၊ ဓာတ်ပုံများ ထပ်မံဖော်ပြပေးပါမည်.. ပညာရှင်များ ဝင်ရောက် ထောက်ပြပေးစေလိုပါတယ်.။
17 comments:
  1. Bravo ပါပဲ ကိုဒီမိုရေ။
    ReplyDelete
  2. မြစ်ဆုံဆည်အရေး ထာဝရရပ်ဆိုင်းပေးဖို့ ထပ်မံတောင်းဆိုပါတယ်...။
    ReplyDelete
  3. everyone, do not use made in f++ china stuff.
    ReplyDelete
  4. တရုတ်က သူ့အဘ အမေရိကန်၊ ဥရောပ ပို့တဲ့ ပစည်း က လွှဲရင် ကျန်တာက တနှစ် ထက်ပိုမခံ ဘူးလေ။ဒါမှာ့ဆက်ရောင်း။ဆက်လုပ်ရမှာလေ။
    ReplyDelete
  5. တရုတ်စက်...တစ်ရက်စုတ်ပါဗျာ။
    ReplyDelete
  6. အဲဒီသတင်းအချက်အလက်တွေပြုစုတင်ပြပေးတဲ့ကိုဒီမိုဝေယံကိုအလွန်ကျေးဖူးတင်ပါတယ်၊ ကျနော်တို့ ပြည်ပကလူတွေကတော့ အင်တာနက်ကောင်းလို့ ချက်ချင်းဖတ်နိုင်သိနိုင်ကြားနိုင်ကြပေမဲ့ ကိုယ့်ပြည်တွင်းကတိုင်းသူပြည်သားအများစုကတော့ ၁ မိုင်ပါတ်လည်ကသတင်းတောင်ချက်ချင်းမသိကြဘူး မြစ်ဆုံသတင်းဆိုပိုဝေးပါတယ်၊ ဒါကလဲစစ်အာဏာရှင်တွေရဲ့ မသမာတဲ့လုပ်ရပ်တွေကြောင့်ပါ။ ရေနံ ဓါတ်ငွေ့ တွေအလျှံပယ်ထွက်နေပေမဲ့တတိုင်းပြည်လုံး (သူတို့ နေတဲ့အိမ်တွေကလွဲလို့ ) မှောင်နဲ့ မဲမဲဖြစ်နေတာကြည့်ရင်စစ်အာဏာရှင်လူမိုက်လူ့ ဗာလတစုဟာတိုင်းသူပြည်သားတွေအပေါ်စေတနာမရှိတာသိသာပါတယ်၊ ဒီသတင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေလက်ထဲအရောက်ဖြန့် ဝေပေးကြစေလိုပါသည် မီဒီယာပေါင်းစုံမှတကမ္ဘာလုံးသိအောင်ဖြန့် ဝေကြပါ။
    ReplyDelete
  7. ဒီ သတင်း အတွက် ကျေးဇူးပါ။
    စားတာများသွား လို့ ကွာလတီ မမှီတာ ဖြစ်ရိုးဖြစ်စဉ်ပါ ။
    ဆရာဝန် မှားရင် တသက်ဘဲ သေ ။ အင်ဂျင်နီယာ မှားရင်တော့ သောက်သောက် လဲ သေကြမှာ ။
    ReplyDelete
  8. China made is no good,but Chinese gail is good.
    ReplyDelete
  9. ဦးမြင့်(အငြိမ်းစားအကြီးတန်းအင်ဂျင်နီယာ)April 7, 2012 at 3:15 PM
    ကဲ !!ကချင်ပြည်နယ်ဝန်ကြီးချုပ်ခင်ဗျာ ! အခုသတင်းနဲ့ဓါတ်ပုံ ရော အတုလားအစစ်လား. ပြန်လည်. စိစစ်ပေးပါအုံး။ တခုတော့ပြောချင်ပါတယ်။ မလိမ်ဘဲအမှန်အတိုင်းဝန်ခံရင် အရင်စစ်အစိုးရလက်ထက်. တုံးက. သေနတ်နဲ့အာဏာကိုကြောက်လို့ မှားခဲ့တယ်ဆိုပြီး နားလည်မှုပေးနိုင်ပါတယ်။
    ReplyDelete
  10. ဦးမြင့်(ဆောက်လုပ်ရေးအင်ဂျင်နီယာ)April 7, 2012 at 3:23 PM
    သုံးနှစ်ထဲနဲ့ပျက်စီးနေပြီ။ဒါနဲ့များတောင်CPI. က. တရုတ်အင်ဂျင်နီယာငပေါလေးက. လေထွားလိုက်. သေးတယ်။ မြစ်ဆုံဆည်ရဲ့ဒီဇိုင်းဟာအနှစ်တထောင်တောင်အာမခံတယ်ဆိုဘဲ။
    ReplyDelete
  11. ပြည်သူ့အသည်းနှလုံးApril 8, 2012 at 2:01 AM
    စာချုပ်ပါစည်းမျည်းစည်းကမ်းများအတိုင်းထိရောက်စွာ
    အရေးယူဆောင်ရွက်ရန်တာဝန်ရှိသူများတာဝန်သိသိဖြင့်
    (အမျိုသားရေးသတိ)ဖြင့်လေးစားစွာတိုက်တွန်းအပ်ပါ
    သည်
    ReplyDelete
  12. Thanks u very much for Myitsone project news Ko D Mo,pls up date again if latest news is available. We have to make sure this project untill its was fully stop,we should not believe what great laier Zaw Min said.
    ReplyDelete
  13. တရုတ်အားကိုးပုဆိန်ရိုးတွေ သဘောပေါက်ကြဖို့တော့ ကောင်းနေပြီ။ ခု သုံးနှစ်အတွင်းဒီလောက်ပျက်စီးတယ်။ မြစ်ဆုံလို နှစ် ငါးဆယ်ဆိုယင် ဘယ်လိုရှိမလဲ။ ရေကာတာပျက်ယုံ တွင်မက ဗမာလူမျိုးပါရှိပါဦးမလား...
    ReplyDelete
  14. The government should keep a 24 hour maintenance department at Shwe Li WHP Plant. There is a time to build and a time to destroy (ruin) according to the bible. Not to blame the China company.
    ReplyDelete
  15. ၀ဲစားတွေ ကိုယ့်မျက်ချီးကိုယ်မမြင်ကြဘူးမလား။မြင်အောင်မှန်ထောင်ပြမယ်ကြားလား။
    တရုတ်မကောင်းကြောင်းတွေချည်းပိတ်ပြောမနေနဲ့ မင်းတို့ရဲ့ ပထွေးတွေစောက်သုံးမကျလို့ကွ၊တရုတ်ပစ္စည်းမကောင်းဘူးဆိုရင် တရုတ်ထုတ် ဆိုင်ကယ်တွေဘာလို့အငန်းမရတန်းစီပြီးဝယ်နေကြသေးတာလဲ။တရုတ်ကလာတဲ့ ဘေထုတ်အထည်တွေ အငန်းမရ၀ယ်နေကြသေးတာလဲ။စောက်ဆင့်ကိုမရှိဘူး။
    သားရည်ပေါ်စား သားရည်ပေါ်နားပြီး ချီးပေါက်နေတာ မရှက်ကြဘူးလား။ မင်းအဘ တရုတ်တွေမရှိရင် မင်းတို့လူမျိုးထမင်းငတ်ပြီးသေတာကြာလှပြီကွ။ရွှေလီ ဆိုတာ အရင်က မြန်မာပိုင်မလား ၊ငွေဆိုရင်အငန်းမရ မက်တဲ့မင်းတို့ပထွေးတွေ ရောင်းထုတ်လိုက်တာလေ။
    ရွှေလီရေအားလျှပ်စစ် ကလည်း မင်းတို့လက်မခံရင် တရုတ်က လာလုပ်မှာလား။ဥာဏ်နဲ့စဉ်းစားကွ။ မြစ်ဆုံစီမံကိန်းလည်း ဦးနှောက်မရှိတဲ့မင်းတို့ ခေါင်းဆောင်တွေ သဘောမတူရင် တရုတ်က လာလုပ်မှာမဟုတ်ဘူး၊နားလည်လား။ စောက်ရှက်တစ်စက်မှမရှိဘူး။ သုံးတဲ့ပစ္စည်း ၀တ်ထားတဲ့အ၀တ်တွေက တရုတ်ဖြစ်တွေ ဖြစ်ပြီးမှ ကွာ။ မင်းတို့အစား ရှက်တယ်ကွ။ တရုတ်ဖြစ် မကောင်းဘူးဆို ရင် တရုတ်ဖြစ်တွေ ဘာတစ်ခုမှမသုံးနဲ့ ဟုတ်ပြီလား။ ရိုင်းရိုင်းပြောရင် ချီးကုန်းတဲ့ သစ်ရှူး တောင်မှ တရုတ်ကလာတဲ့ ဟာဆိုမသုံးနဲ့ ဟုတ်ပြီလား ။အဲ့အခါကျမှ တရုတ်ဖြစ်က မကောင်းဘူးဆိုပြီးခွေးလို ဟောင်နေရင်လည်း လက်ခံတယ်။ နော်...
    ReplyDelete
  16. jaylinn ဆိုတဲ့ တရုတ်ချီးစားတဲ့အကောင်.....
    မင်းက တရုပ်ပစ္စည်းတွေဝယ်သုံး
    တရုပ်အစားအစာတွေစားပြီး တရုပ်ကိုတော်တော်အထင်ကြီးနေပုံပဲကွ.....
    ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတပါးကိုကိုယ့်လိုပဲထင်ပြီး လျှောက်လိုက်ဟောင်နေရင်မှားလိမ့်မယ်......
    မြန်မာပြည်မှာ တရုပ်ပစ္စည်းလုံးဝမသုံးတဲ့လူတွေအများကြီးပဲ.....
    ဆင်းရဲ ချမ်းသာတာနဲ့မဆိုင်ဘူးနော်
    အသိဥာဏ်ကိုအခြတည်ပြီးလူနဲ့တူအောင်နေတဲ့လူတွေအများကြီးရှိပါတယ်......
    မင်းရဲ့ရိုင်းစိုင်းတဲ့အရေးအသားကိုဖတ်ရတာတော့
    မင်းမိဘရဲ့ဆိုဆုံးမမှုမရှိတာကိုကွက်ကွက်ကွင်းကွင်း တွေ့ရတာပါပဲ......
    ကျယ်ပြောတဲ့လောကကိုမြင်နိုင်ပါစေ.......
    ယဉ်ယဉ်ကျေးကျေးရှိပါစေ.......
    ReplyDelete
  17. ဟုတ်တယ်...နောက် ဆုံး ရေးသားထားတဲ့ လူတစ်ယောက်ပြော ထားတာကို ထောက်ခံပါတယ်jaylinn ဆိုတဲ့ တရုတ်ချီးစားတဲ့အကောင်...ဆိုတာ မှန်တယ် အဲ့လို အကောင်တွေ ဒီမြန်မာ နိုင်ငံမှာ ရှိနေတာ မြေလေးတယ်...တရုတ်ပြည်က ၀န်ကြီးချုပ် တွေ အားလုံးကို ပထွေးတော်ထားလားမှ မသိတာ..jaylinnဆိုတဲ့ အကောင် မင်းငါ့ ကို မကျေနပ်လို့ တော်ကီ ချင်း လဲ ဖိုက်လို့ရတယ်..ငါ့ ကို လာတွေ ချင်တော့ လမ်မတော်.ဗဟိုစည် အိမ်ယာကိုလာ ခဲ့ပါ .မင်းကို ယဉ်ကျေးမူ့ သင်တန်း နဲနဲ ပါးပါး တက် ခိုင်းမလို့ ....တရုတ်ချီးစားမယ့်ကောင်...jaylinn(ငါ့လိပ်စာမှတ်ထားဟ....blackpanda.xp13@gmail.com
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။