Pages

Saturday, April 14, 2012

အမေသို့ ဆုပန်ခြင်း (ကဗျာရှင် နေပြည်တော်သား)

 
အမေသို့ ဆုပန်ခြင်း 
(ကဗျာရှင် နေပြည်တော်သား)

နေ့စဉ်ရောင်နီလာတိုင်း
အနန္တငါးပါး ကိုရှိခိုးအပြီး
အမေ နေကောင်းပါစေကြောင်း
ဆုမွန် တောင်းပါ၏။

လူတန်းစား အမျိုးမျိုးတို့၏
ခါးသီးသောနိုင်ရေး အဖိနှိပ်ခံဘ၀များကို
အမေ့နှလုံးသားမှ
သန့်စင်သောမေတ္တာဓာတ်ဖြင့်
ပိုင်းဖြတ်လွှမ်းခြုံ နိုင်ပါစေသတည်း။

ဝဲလက် ဖြင့် ထွေးပိုက်၍
ယာလက် ဖြင့် ချော့မြူခဲ့သည့်
ပုခက်လွှဲသော မိခင်၏ လက်တို့သည်
ဒီမိုကရေစီနိုင်ငံတော်သစ်အတွက်
ခိုင်ကျည်သော ပန္နက်ကို
လောကဓာတ် တစ်ခွင်လုံး၏ သောင်းတိုက်က ကြားအောင်
တူသံပေး၍ ငြိမ်းအေး နိုင်ပါစေသတည်း။

လက်နက်ကိုင်သော မကိုင်သော
တောင်တန်းနယ်ရော မြေပြန့်ရော
တိုင်းရင်းသားသွေးချင်းတို့သည်လည်း
အချုပ်အားဖြင့်ဆိုသော်
မြန်မာပြည်ဖွား
မိခင်၏ သားများသာဖြစ်ကြ၍
တစ်စိတ်တည်း တစ်ဝမ်းတည်း
အလှမ်းလည်းညီညီဖြင့်

ခေါင်းဆောင် နှင့်ပြည်သူ
ကြည်ဖြူစွာလက်တွဲ၍
အခက်အခဲဟူသမျှ
ကင်းစင် ပပျောက် နိုင်ပါစေသတည်း။

နေပြည်တော်သား

2 comments:

  1. Excellent Poem!
    Thanks so much to the Poet!
    Long Live Gracious Mother DASSK!
    God Bless Burma, DASSK, NLD, 88 G Students, All the Good-hearted Activists, and Ordinary Majority Burmese People, Always and Forever!!!!

    ReplyDelete
  2. နေပြည်တော်သား(စာရေးသူ)May 9, 2012 at 7:30 PM

    ဆရာ ဦးအောင်သင်း ရဲ့ဟောပြောချက် နားထောင်ဖူးတယ်ဗျ ။
    ယောကျာင်္းဆိုတာဆုမတောင်းရဘူး ဆုပန်ရတယ်တဲ့ ။
    ဆုပန်တဲ့အတိုင်းဖြစ်အောင်လည်း ကိုယ်တိုင်အားထုတ်ရသတဲ့
    အခုကျွန်တော်တို့တတွေလည်း မြန်မာ့ဒီမိုကရေစီအတွက်ဆုပန်ကြရအောင်
    ဒီမိုကရေစီ သူရဲကောင်းတွေအတွက်
    ကျွန်တော်တို့ချစ်တဲ့ မြန်မာပြည်အတွက်(ပီးတော့)
    ကျွန်တော်တို့ချစ်တဲ့ အမေ့အတွက်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။