Pages

Sunday, April 29, 2012

ဒီမိုဝေယံမှ ဖျက်သိမ်းထားခဲ့သော သတင်းအား ပြန်လည်ဖော်ပြနေခြင်းနှင့် ပတ်သက်၍ အသိပေး အကြောင်းကြားခြင်း

ပြည်ထောင်စု ဝန်ကြီး၅ဦး အနားပေးဆိုပြီး ယခုတလော သတင်းစာမျက်နှာ အချို့မှာ ဒီမိုဝေယံအမည်နဲ့ ထပ်မံဖြန့်ချီ ဖော်ပြနေပါတယ်..။ ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဒီမိုဝေယံ ဘလော့ဂ်မှာ မှားယွင်းဖော်ပြခဲ့ပြီး ဖျက်သိမ်းထားခဲ့တဲ့ အဆိုပါသတင်းအား ယခုလတ်တလော ဒီမိုဝေယံမှ ရေးသားဖော်ပြသယောင် ထင်ယောင်ထင်မှား အမြင်မှားဖြစ်အောင် တစုံတဦးမှ ဖြန့်ချီသော သတင်းအား ရေးသားဖော်ပြနေပါတယ်..။

အဆိုပါ၂၀၁၁ခုနှစ် နိုဝင်ဘာလက ဖျက်သိမ်းထားခဲ့သော အဆိုပါသတင်းအား ဖော်ပြနေသည့် သက်ဆိုင်ရာ အင်တာနက်ဘလော့ဂ်နှင့် သတင်းဋ္ဌာနသို့ စာရေး အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ဖျက်သိမ်းခြင်း မရှိပဲ ဆက်လက်ဖော်ပြနေပါက ဒီမိုဝေယံနှင့် မသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါသည်...။ စိုးရိမ်ပူပန်မှုဖြင့် ဖုန်း၊  အီးမေးလ်များဖြင့် ဆက်သွယ် မေးမြန်းလာသူများ အားလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း။

မည်သို့ပင် ယုံကြည်မှုကင်းမဲ့အောင် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေပါစေ အမှန်တရားဘက်မှ ဆက်လက်ရပ်တည် ရေးသားတင်ပြသွားမှာ ဖြစ်ပါကြောင်း...

ဒီမိုဝေယံ

3 comments:

  1. အင်းထင်တော့ထင်သား သတင်းအောက်ဆုံးမှာ ဒီမိုဝေယံ လို့ေ၇းထားပြီး.....up date news လား ဒီမိုဝေယံမှာ ၀င်ကြည့်တော့ မတွေ့ဘူး..အရေးပါသောကဏ္ဍ စတုတ္ထမဏ္ဍိုင် ဆိုတာ ဒါကိုပြောတာဖြစ်မယ်..စည်းလေးတော့ထားကြပါအုံး..ပြည်သူကို စာဖတ်သူတွေကို မလှည့်စားကြပါနဲ့...

    ReplyDelete
  2. မျက်လှည့်မပြကြပါနဲ့.....

    ReplyDelete
  3. လူယုတ်မာတွေ နေရာ
    တကာမှာရှိတယ်နော်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။