(ပုံ Google Search)
ယနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လာမည့် မေလ၂ရက်နေ့မှာ လွှတ်တော်သို့ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်..။ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် လွှတ်တော်အတွင်းမှ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ဆန္ဒကို အလေးထား အသိအမှတ် ပြုသောအားဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းသိရှိရသည်..။ မူလကျောရိုးရည်မှန်းချက် ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးအား သွေဖယ်သွားမည် မဟုတ်ဟုလည်း သိရှိရသည်..။ နိုင်ငံရေးအကြပ်အတည်း ဖက်သို့ ဦးတည်သွားမည့် ကိစ္စအား ရှောင်ရှားလိုသော အားဖြင့် ယင်းကဲ့သို့ အများဆန္ဒအတိုင်း လွှတ်တော်တက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
လာမည့် မေလ(၂)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးအား သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော လွှတ်တော်အမတ်(၃)ဦးမှာ တက်ရောက်နိုင်မှာ မဟုတ်သော်လည်း ကြိုတင်ခွင့်တိုင် သွားခဲ့ကြောင်း သိရှိရသည်..။
ဒီမိုဝေယံ

အရမ်းအားရ၀မ်းသာမိပါသည်...အရမ်းလှပါသည်...မည်သူဟာ ဘီလူး....မည်သူဟာ မိခင် ဆိုတာကို အဲဒီဆုံးဖြတ်ချက်က ပြောပြနေပါသည်....အန်တီစု ရဲ့ စစ်မှန်သော မေတာကြောင့် တစ်တိုင်းပြည်လုံး နွေးထွေးငြိမ်းချမ်းနိုင်ကြပါစေသား......
ReplyDeleteထောက်ခံပါတယ် လက်တွေ့  ကျသောဆုံးဖြတ်ချက်ဖြစ်ပါတယ် အမေစုနောက် မှာ သန်း50ကျော်သော မြန်မာလူထု၇ှိနေပါတယ်
ReplyDeleteမေတာနဲ့ မှန်ကိုမြင်စေပြီး လက်တွေ့ ကျကျ အကောင်ထည်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်
ReplyDelete