ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ဦးစိုင်းစံမင်း (ဒီဇိုင်း La Yaung Facebook)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် လားရှိုး၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ် မဲစာရင်းပေါင်းအရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် ပွတ်ကာသီကာ အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း ရလာဒ် ထွက်ပေါ်လာပြီဖြစ်သည်။ ကျားဖြူပါတီ၏ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄မဲ၊ လားဟူပါတီက ၆၃၀၆ မဲ ကိုယ်စီရရှိခဲ့ကြ သည်။ ကျားဖြူ၊ NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့မှာ မဲရလဒ်များ မတိမ်းမယိမ်းဖြစ် ကြသည်။
7 Day News Journal

ကြံ့ဖွတ်ကလွဲပီး.
ReplyDeleteဘယ်ပါတီ ဖြစ်ဖြစ် နိုင်ရင်ကျေနပ်တယ်
ဟုတ်တယ်ဟေ့ .......
ReplyDeleteရှက်တတ်မယ်ဆိုရင် လဲသေလို့ရတယ် ....
(အမေကတော့ တဖက်သားကိုမတိုက်ခိုက်ရဘူးလို့ပြောတာပဲ)
ဘယ်ပါတီ ဖြစ်ဖြစ်
ReplyDeleteFair competition is crucial for democracy.
Congratulation U Sai San Min.
ReplyDeleteWe love democracy.