“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏”
င လေးလုံးဆောင်ပြီး တိုင်းပြည်မျက်နှာကို မကြည့်တဲ့ အမျိုးချစ် တပ်မတော်သား အဟောင်းတွေ မလိုအပ်တော့ပါဘူး။ စားလို့လည်း လျှံ နေကြပါပြီ တိုင်းပြည်အတွက်၊ မိမိ ကိုယ်ကျိုးအတွက် တိုင်းပြည် သယံဇာတတွေ ရောင်းစားခဲ့လို့ ကုန်နေပါပြီ။ နားကြပါတော့လို့ အကြံပြုချင်ပါတယ်။
ဌာနဆိုင်ရာတွေမှာလည်း တပ်မတော်သား အဟောင်းတွေက ဦးစီးအရာရှိ / လက်ထောက်မန်နေဂျာ ကနေ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး အထိ နေရာယူထားကြပါတယ်။ တပ်က အငြိမ်းစားယူလာတော့ သူတို့ရတဲ့ လစာက တပ်ပင်စင် လစာ + လက်ရှိရာထူးလစာ (ဦးစီးအရာရှိ /မာန်နေဂျာ ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး ) ကိုရယူထားတော့ သူတို့အားလုံးက လစာ နှစ်မျိုးခံစားနေကြတာပါ၊၊ဥပမာ - တပ်ကအငြိမ်စားယူလာတဲ့ ဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/+ ပင်စင်လစာ ၈၀၀၀၀ိ/ = ၁၈၀၀၀၀ိ/ ရပါတယ်။ အရပ်သားဦးစီးအရာရှိ တစ်ယောက်က လစာ၁၀၀၀၀၀ိ/ ပဲရပါတယ်။ အလားတူ အခြားရာထူးကြီး ယူထားသူတွေလည်း လစာနှစ်ဆ ယူကြတာပါဘဲ။ ယခင်ပင်စင် ဥပဒေမှာပင်စင်စား တယောက်တစ်ယောက် ဟာ အစိုးရရာထူး တစ်ခုခုကို ပြန်လည်ရယူရင် ပင်စင်လစာကို ပြန်လည်အပ်နှံရပါတယ်။ ယခုကတော့ လူကိုမုန်းရင်မူကို သုံးပြီး လူကိုချစ်ရင် မူကိုပြစ်နေကြတာပါ။ ဒါကတော့ အရပ်သားဝန်ထမ်းအားလုံး ခံစားနေကြရတာပါ။
လစာ နှစ်ဆ ရရှိနေကြတဲ့ သူတွေက သူတိုအချင်းချင်း ညီလေးရေ အကိုကြီးရေနဲ့ ဌာနဆိုင်ရာရဲ့ ဂွင် ရှိတဲ့နေရာတွေ ကိုပို့ပေးကြတယ်။ ညီလေးက အကိုကြီးတွေအတွက် ဂွင်ဖန်ပေးရပါတယ်။ အကိုကြီးတွေအတွက် ဖန်ပေးရသလို ညီလေးကလည်း ကိုယ့်အတွက် အိတ်ထဲ ထည့်တာပေါ့။ အရပ်သားတွေထဲက သူတို့အတွက် အောက်ဆိုက် ဂွင်ဝိုင်းဖန်ပေးနိုင်သူတွေကို ပညာအရည်အချင်း မရှိလည်း ရာထူးတိုးပေးတယ်။ Diploma: Master : MBA တွေ ဘယ်လောက်ကြီးပဲ ရနေ၊ တတ်နေလည်း သူတို့နဲ့ မပြေလည်ရင် ၊ Sorry ပါဘဲ။ နေပြည်တော်မှာက အရာရှိ စစ်ဗိုလ်လူထွက်တွေရဲ့မိန်းမတွေက ရန်ကုန်မှာ ကျန်ခဲ့တော့ သူအိမ်မှာ ၀န်ထမ်းတွေက ထမင်းဟင်းသွား ချက်ပေးရတယ်။ တပ်ထဲ စစ်သားလုပ်သူရဲ့မိသားစုက တပ်ရင်းမှူးအိမ်မှာ ကျွန်လုပ်ရသလိုပေါ့။ ပညာတတ်တွေကတော့ ဘယ်သွားကြမှာလဲဗျာ။ ဒီမှာတင် ဖားနိုင် ကျွန်ခံ နိုင်တဲ့ လူတွေ နေရာရတော့တာပါဘဲ။
မကျေနပ်ပေမဲ့လည်း ပြောပိုင်ခွင့် မရှိသလို နယ်ပြောင်းခံရမှာ ကြောက်ပြီး ငြိမ်နေကြရပါတယ်။ ဒီမကျေနပ်ချက်တွေ ပွင်အံ ကုန်တာကတော ၁-၄-၂၀၁၂ ရက်နေ့ နေပြည်တော် ရွေးကောက်ပွဲမှာ NLD ကို အပြတ်မဲပေးလိုက်ကြတာပါဘဲ။ ဒီအတွက် ရလဒ်ကတော့ ယခုနှစ် ၁၀၁၂-၁၀၁၃ Budget မှာ ၀န်ကြီးဌာနတွေ ကိုယ်ဝင်ငွေ ကိုယ်ရှာရမှာမို့ ၀န်ထမ်းများ ရာထူးတိုးပေးရေး ကို မစဉ်းစားနိုင်သေးသလို စက်သုံးဆီ သုံးစွဲမှုချွေတာရန် အတွက် ရန်ကုန်မှာ ဌာန အချို့ဝန်ထမ်းကြိုပို့ ယာဉ်တွေ မေလဆန်းမှာ စပြီးမကြိုတော့ဘူးလို့ အရာရှိကြီများက ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းပါ။
နေပြည်တော်မှာတော့ တစ်ပတ်နှစ်ရက် ပို့ပေးတဲ့ဈေးကြိုပို့ မလုပ်ပေးတော့ဘူးတဲ့။ အရာရှိကြီးတွေ နေပြည်တော်-ရန်ကုန်စနေ တနင်္ဂနွေ အိမ်ပြန်ဘို့ ထည့်ပေးရတဲ့ဆီ ကိုတော့မလျှော့ပါဘူး။ တင်ပြချင်တာတွေ ကတော့ အများကြီးပါဘဲ။ တိုင်းပြည်အတွက် စဉ်းစားပေးမဲ့ နိုင်ငံကို ချစ်တဲ့ စစ်သားကောင်းတွေ မှန်တယ်ဆိုရင် သစ္စာ စူးမှာ မကြောက်ကြဘူးလား။ နားကြပါတော့လို့ ပြောချင်ပါတယ်။
နေပြည်တော်မှ ၀န်ထမ်းတဦး

နားရုံတင်မက ကိုယ့်မျက်နှာကိုယ်ဒါးနဲ့လှီးပြစ်ဖို့သင့်နေပါပီ.
ReplyDeleteThe fucking faces that destroying the country since 1962. The most notorious army in the world.
ReplyDeleteWe r very low-esteemed to have this kind of army in the country.
Very Shameful: Killing people,taking country's resources, Taking power,
Fucking Army!
ဌာနဆိုင်ရာတွေမှာလည်း တပ်မတော်သား အဟောင်းတွေက ဦးစီးအရာရှိ / လက်ထောက်မန်နေဂျာ ကနေ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး အထိ နေရာယူထားကြပါတယ်။ တပ်က အငြိမ်းစားယူလာတော့ သူတို့ရတဲ့ လစာက တပ်ပင်စင် လစာ + လက်ရှိရာထူးလစာ (ဦးစီးအရာရှိ /မာန်နေဂျာ ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူး ) ကိုရယူထားတော့ သူတို့အားလုံးက လစာ နှစ်မျိုးခံစားနေကြတာပါ...(ဥပဒေအထက်မှာ????). သက်ဆိုင်ရာဋ္ဌာရဲ့ဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်း/ စည်းကမ်းတွေကိုမသိပဲ ဂွင်တစ်ခုတည်းကြည့်ပြီးပြောင်းရွှေ့လာတဲ့သူတွေဟာ တပ်မတော်ထဲမှာ စစ်စည်းကမ်းဖောက်ဖျက်ကျုးလွန်ခဲ့ သူတွေမှားပါတယ် (အရပ်ဖက်မှာရော စားဖို့ကလွဲပြီး ပြည်သူ့အတွက်ဆိုတာ?????)
ReplyDeleteစွမ်းအင်၊ဓနိတောပင်မ မှာလဲဒီလိုပါပဲ။
ReplyDeleteဒီကိစ္စကိုပေါ့ပေါ့မထားပါနဲ့။
တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်။
ဘယ်နိုင်ငံမှာမှမရှိသော.အခြေခံဥပဒေ.
ReplyDeleteNow i think General MinAungHlaing should grab the opportunities offering fr; West Bloc 2 correct the fouls made by NeWin and Than Shwe[= 2 reform the ideal TUTMADAW].I ALSO WISH BEST OF LUCK.
ReplyDeleteယခုလို လစာမညီမမျှဖြစ်နေ တာကို လွှတ်တော် မှာတင်ပြသင့်ပါတယ်။ လစာတွေထပ်တိုးပေးရင် သူတို့ကသုံးဆဖြစ်သွားမှာပေါ့။နိုင်ငံဝန်ထမ်းအချင်းချင်း
ReplyDeleteတန်း တူလစာခံစားခွင့်ရှိ၇မှာပေါ့။နိုင်ငံဝန်ထမ်များပင်စင်
ဥပဒေကိုလည်း ပြန်လည်လေ့လာသင့်ပါတယ်။
စစ်တပ်လက်ဝါးကြီးအုပ်စနစ်ကြီး တည်ရှိနေသမျှ လူထုလဲမွဲ။ နိုင်ငံလဲ ဟိုနိုင်ငံဘ၀က မတက်။
ReplyDeleteမြန်မာပတ်စပို့ကလဲ သွားလေရာ မျက်နှာငယ်။
သာသနာလဲ ညှိုးနွမ်း။
စစ်ဗိုလ်တွေကို အကုန်လုံး စစ်တန်းလျားကို ပြန်ပြီး တိုင်းပြည်ကာကွယ်ရေးကိုသာ လုပ်ကြပါတော့။
စစ်တန်းလျားပြန်စေချင်ရင် လွှတ်တော်မှာ ပြင်ကြလေ
ReplyDeletehttp://www.demowaiyan.org/2012/01/blog-post_5287.html
ReplyDelete