Pages

Wednesday, April 4, 2012

ပဲခူးမြို့ ဥဿာမြို့သစ်မှ အိမ်ဖော် ကလေးမလေးအား အိမ်ရှင် ဒုမြို့နယ် တရားသူကြီးဇနီးမှ လူမဆန်သည့်လုပ်ရပ်..

ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်ရဲ့
လူမဆန်စွာ မီးပူဖြင့် အကပ်ခံရတဲ့ အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး

(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဥဿာမြို့သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ ... လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွငှားနေသော ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုက်တာ ကြာလို့ဆိုပြီး မီးပူဖြင့် ထိုးကပ်တာ ခံခဲ့ရကြောင်း သိရှိခဲ့ရပါသည်၊

မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ မပြောပြရန် အမျိုးမျိုး ခြိမ်းခြောက် ထားသည့်အတွက် ဘယ်သူကို မပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်းကျင်မှ လူများကတွေ့ရှိပြီး မေးမြန်းသောအခါမှ ၀မ်းနည်း ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊ မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊

ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ သိန်းတန်းရပ်ကွက်တွင် နေထိုင်ရာမှ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူသက်ဝင်းတို့ ငှားနေသော နေအိမ်တွင် အိမ်ဖော် အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။

 သတင်း Rose Mary

16 comments:

  1. what a pity girl!

    ReplyDelete
  2. ဒီလိုလူဆန်သောလုပ်ရပ်ပါ။

    ReplyDelete
  3. တောက် ! သားသမီးချင်းကိုယ်ချင်းမစာ
    လင်က တရားသူကြီးမို့လို့ပေါ့
    လူစိတ်မရှိတဲ့ ဟာတွေ
    ရိုးသားစွာလုပ်ကိုင်စားတဲ့
    မရှိဆင်းရဲသားတွေ
    ဖိနှိပ့်ညှင်းပမ်းခံနေရပြီ
    ပြင်းပြင်းထန်ထန်
    အရေးယူကြပါ

    ReplyDelete
  4. """အမှားပြင်ဆင်ချက်"""
    ဒါလူမဆန်သောလုပ်ရပ်ပါ။ဝိုင်းဝန်းကူညီကြပါစို့။

    ReplyDelete
  5. Thein Sein and Daw Su!

    What are you doing? Inhumanity Act in the country is happening

    Do some action

    ReplyDelete
  6. No-One-Is-Above-the-Law Shwe Mann!

    Do something now!Where is the USDP Parliament Member??

    Do something now!

    ReplyDelete
  7. သမိံး ရဲ့ဒဏ်ရာတွေကို မိဘတွေပြပြိး နိးစပ်ရာရဲစခန်းတိုင်ပါလားး...

    ReplyDelete
  8. ဖာသယ်မ တရားသူကြီးမယား.
    သားသမီးချင်းကိုယ်ချင်းမစာ.

    ReplyDelete
  9. ဦးသိန်း(အထက်တန်းရှေ့နေ)April 4, 2012 at 3:28 PM

    တရားသူကြီးဘဲဖြစ်ဖြစ်ရှေ့နေဘဲဖြစ်ဖြစ်. တဖက်သားကိုကိုယ်ထိလက်ရောက် နာကျင်စေမှုနဲ့တရားစွဲဆို အရေးယူပေးပါ။ ကာယကံရှင်နဲ့မိခင်ဖြစ်သူကကြောက်လို့မစွဲရဲရင် တိုင်းဒေသကြီးအထိတိုင်းကြား. သတင်းပို့ပေးကြပါ။. တရားဥပဒေအတိုင်းတိတျကျကျ ဆောင်ရွက်ပေးကြပါ။

    ReplyDelete
  10. တကယ်တော့ဒုတိယတရားသူကြီးဆိုသူလဲအိမ်ကတရားသူကြီးကိုကြောက်ရတယ်ထင်ပါ့။

    ReplyDelete
  11. ဥပဒေအထက်မှာ တရားသူကြီးဘဲ ရှိတာလား။ ဥပဒေကို လက်တစ်လုံးကြားလုပ်တာဟာ ဥပဒေ ကို နားလည်သိရှိသူတွေ ဖြစ်တယ်။
    ထိထိရောက်ရောက် အရေးယူပေးပါရန်

    ReplyDelete
  12. သတင်းဖေါ်ပြပေးသဖြင့်ကျေးဇူးတင်ပါသည်။ယင်းကိစ္စကိုဆက်လက်ဖေါ်ပြပေးစေချင်ပါသည်။

    ReplyDelete
  13. လူမဆန်လိုက်တာ

    ReplyDelete
  14. ဒီကိစ္စ လူကြီးတွေ နားအထိ ပေါက်ရောက်အောင် လုပ်ပါ . . မည်သို့ သော ပြစ်ဒါဏ်ပေးမည်ကို တရားဥပဒေ စိုးမိုးရေးကို လိုလားသော ပြည်သူများ စောင့်မျှော်နေပါသည်

    ReplyDelete
  15. ဟေ့ ကံ၊ကံ၏အကိုးကိုယုံလားဟေ့။မင်းလည်းဝဋ်ပြန်
    လည်လိမ့်မယ်။

    ReplyDelete
  16. ဟူတ်ပါတယ် ကံ ကံ ရဲ.အကျိုးဆိုတာရှိပါတယ်
    တိ၇စ္ဆာန်လေးတွေတောင် သနားတတ်တဲ.လူတွေဟာ
    လူ လူချင်းတော.စာနာဖို.ကောင်းတယ်
    င၇ဲမကြောက်ဖူးလား ရှင်တို.၁ဘ၀စံတွေလား

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။