Pages

Sunday, April 15, 2012

ပန်းတနော် လျှပ်စစ်မီးလင်းရေး ကော်မတီမှ ပန်းတနော်မြို့သူ၊ မြို့သားများအား တရားဥပဒေမဲ့ ခြိမ်းခြောက်ငွေကောက်ခံနေခြင်း

ပန်းတနော်မြို့သူ၊ မြို့သားများအား တရားဥပဒေမဲ့ ခြိမ်းခြောက်ငွေကောက်ခံနေခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် လွန်ခဲ့သော နှစ်လခန့်မှစ၍ လျှပ်စစ်မီးလင်းရေး ကော်မတီဟူသော အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာပြီး မီတာတစ်လုံးလျှင် ကျပ်ငွေနှစ်ထောင်နှုန်း ကောက်ခံခဲ့ပါသည်။ ပန်းတနော်မြို့တွင်လျှပ်စစ်မီတာ ၁၆၀၀ လုံးခန့်ရှိကြောင်း သိရပါသည်။

၂၄နာရီလျှပ်စစ်မီးရရှိရေးဟု ရိုက်နှိပ်ထားသော အလှူငွေဖြတ်ပိုင်းဖြင့် မီတာတစ်လုံးလျှင် ၁၅၀ ကျပ်မထည့် မနေရစံနစ်ဖြင့် ကောက်ခံ လာခဲ့သည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်လမှစတင်၍ ၃၀၀ ကျပ်နှုန်းဖြင့် တိုင်းမြှင့်ကောက်ခံလျက်ရှိပါသည်။

၁၂-၄-၂၀၁၂ နေ့တွင် လက်ရှိအသုံးပြုနေသော transformer ပျက်စီးသွားပါသဖြင့် နောက် ထပ်ရရှိလာမည့် အသစ်တစ်လုံးအတွက် လျှပ်စစ်မီတာရှိသော အိမ်တစ်အိမ်လျှင် ငွေကျပ်တစ်သောင်း ပေးဆောင် ကြရမည်ဖြစ်ပြီး။ အကယ်၍ မပေးဆောင်ပါက လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမည် ဖြစ်ကြောင်း မီးလင်းရေး ကော်မတီဟုဆိုသော အဖွဲ့မှ လော်စပီကာဖြင့် လိုက်လံ ခြိမ်းခြောက် ဟစ်အော် ခဲ့သဖြင့် မြို့နေလူထုမှာ များစွာ စိတ်မချမ်းမသာ ဖြစ်နေရပါသည်။ ငွေကျပ်တစ်သောင်း မပေးဆောင် နိုင်သော ဝန်ထမ်းများ၊ ပင်စင်စားများ၊ ဆင်းရဲသား လက်လုပ်လက်စားများမှာ အနိုင်အထက်ပြုကျင့်ခံရပြီး အများအိမ်တွေ မီးလင်း နေချိန်တွင် ငြိုးငယ်စွာဖြင့် အမှောင်ထဲတွင် နေရမည့် အရေးဖြစ်ပါသည်။

ထို့ပြင် တည်ဆဲဥပဒေများအရ ထိုကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံခြင်းမှာ ထောင်ဒဏ် ၇လအထိ အပြစ် ပေးနိုင်လောက်အောင် ပြစ်မှုမြောက်ကြောင်းကိုလည်း ဆိုထားပါသည်။ သို့သော်လည်း ထိုမီးလင်းရေး ကော်မတီလူကြီး ဆိုသူများမှ တိုင်ချင်ရာကိုတိုင် ငါတို့ရှင်းနိုင်တယ်ဟု ဆက်လက်ပြောဆို ခြိမ်းခြောက်လျှက် ရှိပါသည်။ထို့ကြောင့် ထိုကဲ့သို့သော တရားဥပဒေမဲ့ လူမိုက်ဆန်ဆန် ခြိမ်းခြောက် ငွေတောင်း ခံနေခြင်းများကို အမြန်တားဆီးပေးပါရန် သက်ဆိုင်ရာပုဂ္ဂိုလ် များသို့ မေတ္တာရပ်ခံ တင်ပြလိုက်ပါသည်။

ကျွန်တော်တို့ ပန်းတနော် မြို့သူ မြို့ သားများမတရားသဖြင့် ခံစားနေရမှုများကို နိုင်ငံတော် သမ္မတကြီးနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေရန် တင်ပြလိုက်ရပါသည်။ မြန်မာပြည်သူ/သားများ အားလုံး မတရား ဖိနှိပ် အနိုင်ကျင့် ခံရခြင်းမှ ကင်းဝေးပါစေကြောင်း  မရဲ တရဲ ဆုတောင်းနေမိပါတယ်။

ပန်းတနော်သား..

7 comments:

  1. အာဏာရှင်စရိုက်တွေခုထိမပျောက်သေးပါလား.
    ဘယ်လောက်အထိအချိန်ယူပြင်ရဦါ်မှာလဲ.

    ReplyDelete
  2. ပန်းနော်သားApril 16, 2012 at 1:19 PM

    ပန်းတနော်မှာဟောက်စားချောက်စားလုပ်နေတာ
    ဒီတစ်ခုထဲမဟုတ်ပါဘူး.
    ဗိုလ်ကြီးတစ်ယောက်ဆို.ပန်းတနော်ကရှိသမျှအင်းတွေ
    သူတစ်ယောက်ထဲ.လေလံယူထားပါတယ်.
    အစိုးရလေလံဈေးနုန်းထက်အဆမတန်တင်ပီး
    ပြန်ရောင်းစားသူပါ။
    ယခင်ကပုလဲနဲ့ငါးမှာဦးစီးမူးနဲ့လုပ်ခဲ့တဲ့သူပါ။
    စစ်ဗိုလ်ဝိတ်နဲ့ဒေသခံလူထုကိုအနိုင်ကျင့်၊မတရား
    အမြတ်ကြီးစားလုပ်နေသူပါ။ဒေသခံပြည်သူတွေကသူ့
    ဆီကအဆမတန်ဈေးနဲ့ပြန်ဝယ်ပီးအင်းလုပ်ရပါတယ်.
    အစိုးရဈေး၅သောင်းလောက်နဲ့ယူထားတဲ့.အင်းတစ်ခုကို
    သိန်းတစ်ရာလောက်နဲ့တင်ရောင်းစားပါတယ်
    ဒေသခံတွေဈေးကြီးမှန်းသိပေမဲ့.မပြာရဲမဆိုရဲ.
    အလုပ်ကလဲမရှိတော့လုပ်ရပါတယ်
    ဒေသခံပြည်သူတွေကတော့တစ်နှစ်ပီးတိုင်း
    အကျွေးတင်ကျန်ရစ်ခဲ့ပီးသူကတော့ပိုပီးချမ်းသာလာပါတယ်.
    လယ်တွေကိုလဲမတရားသိမ်းပီး၊ငါးကန်တွေလုပ်
    ထားတာအများကြီးပါပဲ.ကျုံကနောင်တံတားနဲ
့ပသွယ်တံတားဘေးကငါးကန်တွေဟာသူ့ငါး
    ကန်တွေကြီးပါပဲ.အဲ့ဒီဗိုလ်ကြီးကတော့
    ဗိုလ်ကြီးမောင်မောင်မြင့်ပါပဲ။
    သမတကြီးခင်ဗျား…
    ဒေသခံတွေကိုဟောက်စားချောက်စားလုပ်အနိုင်ကျင့်နေ
    တဲ့စစ်ဗိုလ်မောင်မောင်မြင့်ကို. စုံစမ်းစစ်ဆေးရေးလုပ်ပီးထိထိရောက်
    ရောက်အရေးယူပေးပါခင်ဗျား.သူနဲ့အတူပေါင်းပီး
    လုပ်းစားနေတဲ့ငါးလုပ်းငန်းဦးစီးက ဝန်ထမ်းကတော့ကိုကိုလွင်ဖြစ်ပါတယ်။
    ဒီမိုဝေယံခင်ဗျား.ဒီကွန်မင့်ကိုဖျက်မပြစ်ပါနဲ့။

    ReplyDelete
  3. အာဏာရှင်စရိုက်တွေခုထိမပျောက်သေးပါလား.
    ဘယ်လောက်အထိအချိန်ယူပြင်ရဦးမှာလဲ.

    ReplyDelete
  4. ပန်းတနော်မှာဟောက်စားချောက်စားလုပ်နေတာ
    ဒီတစ်ခုထဲမဟုတ်ပါဘူး.
    ဗိုလ်ကြီးတစ်ယောက်ဆို.ပန်းတနော်ကရှိသမျှအင်းတွေ
    သူတစ်ယောက်ထဲ.လေလံယူထားပါတယ်.
    အစိုးရလေလံဈေးနုန်းထက်အဆမတန်တင်ပီး
    ပြန်ရောင်းစားသူပါ။ယခင်ကပုလဲနဲ့ငါးမှာဦးစီးမူးနဲ့လုပ်ခဲ့
    တဲ့သူပါ။စစ်ဗိုလ်ဝိတ်နဲ့ဒေသခံလူထုကိုအနိုင်ကျင့်၊
    မတရားအမြတ်ကြီးစားလုပ်နေသူပါ။ဒေသခံပြည်သူတွေ
    ကသူ့ဆီကအဆမတန်ဈေးနဲ့ပြန်ဝယ်ပီးအင်းလုပ်ရပါ
    တယ်.အစိုးရဈေး၅သောင်းလောက်နဲ့ယူထားတဲ့.
    အင်းတစ်ခုကိုသိန်းတစ်ရာလောက်နဲ့တင်ရောင်းစား
    ပါတယ်.ဒေသခံတွေဈေးကြီးမှန်းသိပေမဲ့.
    မပြာရဲမဆိုရဲ.အလုပ်ကလဲမရှိတော့လုပ်ရပါတယ်.
    ဒေသခံပြည်သူတွေကတော့တစ်နှစ်ပီးတိုင်းအကျွေးတင်
    ကျန်ရစ်ခဲ့ပီးသူကတော့ပိုပီးချမ်းသာလာပါတယ်.
    လယ်တွေကိုလဲမတရားသိမ်းပီး၊ငါးကန်တွေလုပ်ထားတာ
    အများကြီးပါပဲ.ကျုံကနောင်တံတားနဲ့ပသွယ်
    တံတားဘေးကငါးကန်တွေဟာသူ့ငါးကန်တွေကြီးပါပဲ.
    အဲ့ဒီဗိုလ်ကြီးကတော့ဗိုလ်ကြီးမောင်မောင်မြင့်ပါပဲ။
    သမတကြီးခင်ဗျား…
    ဒေသခံတွေကိုဟောက်စားချောက်စားလုပ်အနိုင်
    ကျင့်နေတဲ့စစ်ဗိုလ်မောင်မောင်မြင့်ကို.စုံစမ်းစစ်ဆေးရေး
    လုပ်ပီးထိထိရောက်ရောက်အရေးယူပေးပါခင်ဗျား.
    သူနဲ့အတူပေါင်းပီးလုပ်းစားနေတဲ့ငါးလုပ်းငန်းဦးစီးက
    ဝန်ထမ်းကတော့ကိုကိုလွင်ဖြစ်ပါတယ်။

    ReplyDelete
  5. ပန်းတနော်သားApril 16, 2012 at 1:36 PM

    ဒီတစ်ခုထဲမဟုတ်ပါဘူး.
    ဗိုလ်ကြီးတစ်ယောက်ဆို.ပန်းတနော်ကရှိသမျှအင်းတွေ
    သူတစ်ယောက်ထဲ.လေလံယူထားပါတယ်.
    အစိုးရလေလံဈေးနုန်းထက်အဆမတန်တင်ပီး
    ပြန်ရောင်းစားသူပါ။ယခင်ကပုလဲနဲ့ငါးမှာဦးစီးမူးနဲ့လုပ်ခဲ့
    တဲ့သူပါ။စစ်ဗိုလ်ဝိတ်နဲ့ဒေသခံလူထုကိုအနိုင်ကျင့်၊
    မတရားအမြတ်ကြီးစားလုပ်နေသူပါ။

    ReplyDelete
  6. ပန်းတနော်သားApril 16, 2012 at 1:37 PM

    ဒေသခံပြည်သူတွေ
    ကသူ့ဆီကအဆမတန်ဈေးနဲ့ပြန်ဝယ်ပီးအင်းလုပ်ရပါ
    တယ်.အစိုးရဈေး၅သောင်းလောက်နဲ့ယူထားတဲ့.
    အင်းတစ်ခုကိုသိန်းတစ်ရာလောက်နဲ့တင်ရောင်းစား
    ပါတယ်.ဒေသခံတွေဈေးကြီးမှန်းသိပေမဲ့.
    မပြာရဲမဆိုရဲ.အလုပ်ကလဲမရှိတော့လုပ်ရပါတယ်.
    ဒေသခံပြည်သူတွေကတော့တစ်နှစ်ပီးတိုင်းအကျွေးတင်
    ကျန်ရစ်ခဲ့ပီးသူကတော့ပိုပီးချမ်းသာလာပါတယ်.

    ReplyDelete
  7. ပန်းတနော်သားApril 16, 2012 at 1:38 PM

    လယ်တွေကိုလဲမတရားသိမ်းပီး၊ငါးကန်တွေလုပ်ထားတာ
    အများကြီးပါပဲ.ကျုံကနောင်တံတားနဲ့ပသွယ်
    တံတားဘေးကငါးကန်တွေဟာသူ့ငါးကန်တွေကြီးပါပဲ.
    အဲ့ဒီဗိုလ်ကြီးကတော့ဗိုလ်ကြီးမောင်မောင်မြင့်ပါပဲ။
    သမတကြီးခင်ဗျား…
    ဒေသခံတွေကိုဟောက်စားချောက်စားလုပ်အနိုင်
    ကျင့်နေတဲ့စစ်ဗိုလ်မောင်မောင်မြင့်ကို.စုံစမ်းစစ်ဆေးရေး
    လုပ်ပီးထိထိရောက်ရောက်အရေးယူပေးပါခင်ဗျား.
    သူနဲ့အတူပေါင်းပီးလုပ်းစားနေတဲ့ငါးလုပ်းငန်းဦးစီးက
    ဝန်ထမ်းကတော့ကိုကိုလွင်ဖြစ်ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။