Pages

Thursday, April 5, 2012

မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ပြည်တွင်းမီဒီယာများအား ဝင်ရောက် မှတ်တမ်းတင် စစ်ဆေးခွင့်ပြုရန် တောင်းဆိုခြင်း...

ယခင်က ထုတ်ပေးခဲ့တဲ့ တရုတ်ဝန်ထမ်း ကပ်ပြားများ..
(ဓာတ်ပုံ ဒီမိုဝေယံ)


မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်အတွင်းသို့ ပြည်တွင်းမီဒီယာများအား ဝင်ရောက် မှတ်တမ်းတင် စစ်ဆေးခွင့်ပြုပါရန် တောင်းဆိုခြင်း...

ဒီစာကို မဖတ်ခင် ကျွန်တော်တင်ခဲ့တဲ့ မြစ်ဆုံ သတင်းကို
http://www.kdng.org/press-release/222-chinese-border-office-requ...ests-permission-to-bring-in-500-engineers-and-materials-for-myitsone-hydropower-project.html (KDNG) မှာအရင် ဝင်ဖတ်ကြည့်ပါ..။ ကျွန်တော်ရရှိခဲ့တဲ့ စာဟာ ဦးစွာ ၃ရက်နေ့က (KDNG) မှထုတ်ပြန်တဲ့ စာလို့လည်း သိရှိရပါတယ်...။ ဒီနေရာမှာ ကျွန်တော်တင်ခဲ့တဲ့ စာနဲ့ ပတ်သက်ပြီး ဖုန်းနံပါတ်တွေ ပါပါတယ် မေးမြန်း စုံစမ်းနိုင်ပါတယ်.။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တရုတ်CPI ကုမ္ပဏီက ပေးပို့စာနဲ့ ပတ်သက်ပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်..။ ဒီသတင်းကို ရရှိခဲ့တာလည်း ညပိုင်းမှာ ဖြစ်တဲ့ အတွက် အများသိနိုင်အောင် Facebook နဲ့ဘလော့ဂ်မှာ ဖြန့်လိုက်ပါတယ်..။ သိသင့်တဲ့ အချက်ကို အနီလိုင်းတားပြီး.. မြင်သာအောင် ပြလိုက်တာပါ.။ ဒီနေ့အလုပ်ထဲ ရောက်နေတဲ့ အချိန်မှာ စာပြန်မရေးနိုင်ပေမယ့် ကွန်မာန့်တွေ ကြည့်ဖြစ်နေပါတယ်..။ မြင်တွေ့ရတာ ကတော့ ကျွန်တော်ဟာ Photoshop မှာ ကိုယ့်ဘလော့ဂ်လင့်ကိုသာ ထည့်တတ်ပြီး ဘာမှ လုပ်ဆောင်ဘူးခြင်း မရှိတဲ့ ကျွန်တော်ပုံကို Photoshop နဲ့လုပ်တာ ပါဆိုပြီး ခါတော်မှီ ဓာတ်ပုံနဲ့ စာတချို့ တက်လာတာပါပဲ..။ ကျွန်တော်ရရှိ တင်ပြထားတဲ့ ဓာတ်ပုံကို မှားတယ် မှန်တယ်ဆိုတာကို ဒီလိုဖြေရှင်း နေတာထက် အများ သံသယကင်းအောင် ဖြေရှင်းပေးရမှာပါ..။

ကျွန်တော်ရရှိထားတဲ့ ဓာတ်ပုံနဲ့စာကို မည်သည့် အတိုင်းအတာအထိ မှန်ပါတယ်လို့ မဆိုလိုပေမယ့် ဘာပြေးမြင်မိသလဲဆိုတော့ ရွှေဝါရောင်မှာ သံဃာတော်တွေ သေဆုံးခဲ့ရတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို Photoshopနဲ့ လုပ်တာပါဆိုပြီး အတင်းငြင်းချက်ထုတ်ခဲ့တဲ့ ဝန်ကြီးတပါးကို သွားသတိရမိတယ်...။ ဓာတ်ပုံ အထောက်အထား တခုခုရဲ့ အဖြစ်မှန်ကို ဖုံးကွယ်ချင်ရင် Photoshop ဆိုပြီး အထောက်အထား အချက်အလက်တွေကို ပေါ့ပျက်သွားအောင် လုပ်တာ တဘက်အဖွဲ့အစည်းရဲ့ နည်းဗျူဟာတခုလို ဖြစ်နေပါပြီ။ ဒီလိုသံသယတွေ ဖြစ်လာရတာလည်း အဆိုးမဆိုးလိုပါ..။ ပွင့်လင်းမှု ရိုးသားမှု မရှိပဲ သတင်းတွေ အမှောင်ချထားခဲ့တဲ့ အရိုးစွဲ အကျင့်တွေကြောင့်ပါ. ။

ထားတော့ ကိုယ်ကိုယ်တိုင် ဧရာဝတီကို ချစ်တဲ့ ပြည်သူတဦးအနေနဲ့ လက်ခံ ရရှိတဲ့စာကို အများသိအောင် တင်ပြပေးတာပါ။ ဒီလို အသံတွေ ထွက်လာရတာဟာ ကိုယ့်ပြည်တွင်းမှာ ကိုယ့်ပြည်သူ/ပြည်သားတွေ သိတင့်သိအပ်တဲ့ တမျိုးသားလုံးအတွက် အင်မတန်အရေးကြီးတဲ့ ဒီလိုစီမံကိန်းတွေကို ရပ်တန့်တယ် ဆိုရင်လည်း ရပ်တန့်ကြောင်းကို အများပြည်သူသိအောင် အထောက်အထားတွေနဲ့ မှတ်တမ်းတင်ခွင့်ပြုသင့်တာပေါ့..။

ပြည်တွင်းက မီဒီယာတွေကို လေ့လာခွင့်တောင် မပေးတာကတော့ အာဏာပိုင်တွေရဲ့ မိမိပြည်သူကို ဖုတ်လေတဲ့ ငပိရှိတယ်လို့ မထင်၊ ပြည်သူကိုလူလို မမြင်တဲ့ လုပ်ရပ်တွေကြောင့်ပါ။

ပြီးခဲ့တဲ့ မတ်လက Eleven Media Group ကမြစ်ဆုံ အထိသွားရောက်ခဲ့ပြီး အဝေးကနေ မှတ်တမ်းတင် ရိုက်ကူးခဲ့တာ သိရှိကြမှာပါ..။ (EMGဖေ့စ်ဘွတ်ခ် လင့်ခ်)
Eleven Media Group Facebook မှာလည်း ကျွန်တော်တင်တဲ့စာကို တင်ထားသလို စာနှင့်ပတ်သက်၍ ... သက်ဆိုင်ရာ ပြည်နယ် ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ Eleven Media Group မှ ဤစာသည် မှန်ကန်ခြင်း ရှိ မရှိ ဆက်သွယ်စုံစမ်း မေးမြန်းသွားပါမည်။ ဤစာ မှန်ကန်ခြင်းမရှိပါက သက်ဆိုင်ရာမှ တရားဝင် ရှင်းလင်းငြင်းဆန်ချက် ထုတ်ပြန်ရမည် ဖြစ်ပါသည်။

ဆိုပြီး ရေးသားတင်ပြတဲ့ အချက်ကို ဒီမိုဝေယံမှ အပြည့်အဝ ထောက်ခံပါတယ်..။ ဒီစာမှန်တယ် မှားတယ်ဆိုတာ ဖြေရှင်းနိုင်တာ အာဏာပိုင်တွေပဲလေ...။ မှန်တယ် မှားတယ် ဆိုတာကို  ဖြေရှင်းရာမှာတော့ အပြောနဲ့ မဟုတ် လက်တွေ့သက်သေ ပြဖို့လိုပါတယ်..။ ဒါမှ ပြည်သူတွေ စိတ်နှလုံး ဒုံးဒုံးချနိုင်မှာပါ..။

မြစ်ဆုံနဲ့ ပတ်သက်ပြီး ဒီမိုဝေယံမှ အများပြည်သူ သိသင့်တဲ့ အချက်အလက်တွေကို ဆက်လက် စုံစမ်းနေမှာ ဖြစ်သလို ယခု တင်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးစာ မှားနေသည် ဆိုပါကလည်း မှားနေတဲ့ အကြောင်း ပြန်လည်ဖြေရှင်းပေးရန်နဲ့ လက်ရှိ မြစ်ဆုံဆည် စီမံကိန်းအား  ပြည်တွင်းမှာ ရှိတဲ့ မီဒီယာများအား မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းရှိမရှိ ပြည်သူများအား သက်သေအထောက် အထားပြသနိုင်ရန် ဝင်ရောက် မှတ်တမ်းတင်ခွင့်ပြုဖို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်..။ မြစ်ဆုံဆည် စီမံကိန်းအား ထာဝရ ရပ်တန့်ရန်လည်း တောင်းဆိုအပ်သည်..။

ဒီမိုဝေယံ

မင်နီမတားထားတဲ့ မူရင်းဓာတ်ပုံကို ထပ်မံတင်ပြလိုက်ပါတယ်..။

ဒီမှာတော့ ကိုမျိုးသန့်မှ ပုံ(၂)ပုံကို နှီုင်းယှဉ်ပြထားပါတယ်..။

9 comments:

  1. အောင်လေးApril 5, 2012 at 8:46 AM

    မြစ်ဆုံဆည် စီမံကိန်း နဲ့  မြစ်ဆုံအထက် က စီမံကိန်းအားလုံး ထာဝရ ရပ်တန့်ရန်လည်း တောင်းဆိုပါတယ်

    ReplyDelete
  2. တရုပ်နဲ့.တရုပ်အမျိုးအနွယ်ထွန်းမြင့်နိုင်.
    ဘိန်းစားဘုရင်သား.
    မင်းမှာတစ်ခြားလုပ်စားစရာတွေအများကြီး
    ရှိရက်နဲ့.ဒီမြစ်ဆုံပဲလာ.ပတ်သက်နေတယ်.
    ရပ်တန်းကရပ်ပါ.

    ReplyDelete
  3. ဒီလိုမျိုး လုပ်ကြံစာ အတုဖြင့် လျှောက်မရေးသင့်ပါ။
    သိက္ခာကျပါတယ်။
    နိုင်ငံတော် သမ္မတက မြစ်ဆုံကို ရပ်ခိုင်းထားလို့ CPI ကရပ်ထားပြီးပြီဖြစ်ပါတယ်။
    အဲဒါကို ဆက်လုပ်မယ်ဆိုရင်တော့ ငွေကုန်တာဘဲ ရှိပါမယ်။
    ဒီလိုတော့ CPI က အရူးထပြီး ဆက်လုပ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ?
    ဒီသတင်း ဖတ်ပြီးတော့ အဟုတ်မှတ်လို့ လိုက်မေးကြည့်ပါတယ်။
    အဖြစ်မှန်က စီမံကိန်းဝန်းထဲမှာ စီမံကိန်းလုပ်ခဲ့တုန်းက သုံးခဲ့တဲ့ ယာဉ်နဲ့ ပစ္စည်းတွေကို စောင့်နေကြတဲ့
    အစောင့်အဖွဲ့ဘဲ ရှိတယ်လို့သိရပါတယ်။
    ဒီစာမှာပါတဲ့ အဖွဲ့ဆိုတာလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အဖွဲ့မဟုတ်ဘဲ
    လမ်းဖောက်တဲ့ အဖွဲ့ ဖြစ်ကြောင်းသိရပါတယ်။
    ရေးထားတဲ့ သတင်းက မှန်သလိုလိုနဲ့ တကယ့်ဖြစ်စဉ်နဲ့ လုံးဝကွဲပြားနေတာကို တွေ့ရပါတယ်။
    တကယ့်သတင်းအမှန်ကိုရေးချင်ရင် ရတဲ့ သတင်းကို သေသေချာချာ စီစစ်စုံစမ်းပြီးမှ ရေးသင့်ပါတယ်။
    ယုံကြည်လို့ ဒီ Website ကို စောင့်ဖတ်နေတဲ့ အများပြည်သူကို အဆိပ်တောက်ဖြစ်စေတာ၊ သောကပွားစေတာကတော့ မဖြစ်သင့်ကြောင်း အကြံပြုလိုပါတယ်။

    ReplyDelete
  4. အပြောနှင့်အလုပ်ညီ ရပါမည်။
    သမတကြီးခင်ဗျားတာဝန်ယူဖြေရှင်းပေးပါ။
    ပြည်သူကိုမလိမ်ညာကြောင်းသက်သေပြပါ။
    ပွင့်လင်းရိုးသားမှု ရှိရန်လိုပါသည်။

    ReplyDelete
  5. သမ္မတကြီးတာဝန်ယူဖြေရှင်းပေးပါ။
    သက်သေပြပါ။

    ReplyDelete
  6.ျRFAမှာ ကချင်ဝန်ကြီးချုပ်၇ုံးက အတုလို့ပြောတယ် ကချင်အမတ်က အစစ်လို့ပြောတယ် ဘာကိုယုံ၇မလဲ ပြည်တွင်းမီဒီယာတွေ လုပ်ကြပါဦး
    http://kachinnews.com/burmese/
    ဒီမှာရော

    ReplyDelete
  7. မြစ်ဆုံစီမံကိန်းအပြီးသတ်ရုတ်သိမ်းပေးရန်တောင်းဆိုလိုက်ပါသည်။ သမ္မတကြီးကရပ်ဆိုင်းထားတဲ့ကိစ္စကိုပြန်လုပ်တယ်ဆိုရင် သမ္မတကို---ဂရုမစိုက်သလို၊ မြန်မာပြည်သူလူထုကိုလည်း ပြောင်ပြောင်တင်းတင်းစေါ်ကားတဲ့လုပ်ရပ်မို့ တတိုင်း တပြည်လုံးအတိုင်းအတာနဲ့ ကိုဆန့် ကျင်ကြရပါလိမ့်မယ်။

    ReplyDelete
  8. If government is honest on what they said and takes full responsibility about Myitsone Dam, media should be allowed to get into Myitsone Dam area. Security is not a good reason. Reporters will not hesitate to risk their life to get a most important news for the country.

    ReplyDelete
  9. ပြည်သူ့အသည်းနှလုံးApril 8, 2012 at 2:14 AM

    ဒီသတင်းဟာအတု (ဒီလိုမျိုး လုပ်ကြံစာ အတုဖြင့် လျှောက်မရေးသင့်ပါ။)လို့ ကိုAnonymous ဘယ်လိုအထောက်အထားနဲ့said တာပါလဲ ဒါပြည်သူအားလုံးရဲ.အသက်တမျှအရေးကြီးတဲ့caseပါ
    အတုဖြစ်ကြောင်း တရားဝင်ရှင်းလင်းရဲပါသလား(ဘေးလွယ်အိတ်မလုပ် စေလိုပါ)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။