မနေ့ညက ကိုမင်းကိုနိုင်နှင့် အဖွဲ့တိုက်ခိုက်ခံရမှု သတင်း
မနေ့က ညနေပိုင်းက သံလျင်သို့ သွားရောက် ဖျော်ဖြေခဲ့တဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈သံချပ်အဖွဲ့ဟာ အပြန်မှာ ကိုညီညီဦး (၁၉၈၉ သံလျင်ရေနံချက် စက်ရုံ ဖောက်ခွဲမှုဖြင့် မတရား စွပ်စွဲဖမ်းဆီးခံရပြီး ၂၀၁၂ မတ်လက ပြန်လည်လွတ်မြောက်လာသူ အဖွဲ့ချုပ်အဖွဲ့ဝင်)၏ မဏ္ဍပ်သို့ ဝင်ရောက် နှုတ်ဆက်ရန် သွားရောက်ခဲ့သည်။ အဆိုပါသတင်းအား ၈၈အဖွဲ့အား တိုက်ခိုက်ရန် ကြိုးစားသူများမှ ကြိုတင် သိရှိခဲ့ပြီး ကိုမင်းကိုနိုင်တို့ အဖွဲ့ ရောက်ရှိချိန်၌ လူ၇ဦးခန့် (၂ဦး ဝါးရင်းတုတ်ကိုင် ၅ဦးမှ အုတ်ခဲများကိုင်ကာ ၂ဦးကြံ့ဖွံ့အဖွဲ့အကျီင်္ ဝတ်ဆင်ထားသူ) တို့မှ ဝင်ရောက်တိုက်ခိုက်ကြသည်..။ အဆိုပါဝင်ရောက် တိုက်ခိုက်မှုကြောင့် ကိုမင်းကိုနိုင် တို့အဖွဲ့အား အလျင်အမြန် ပြန်ထွက်သွားခိုင်းခဲ့ပြီး သံလျင် အဖွဲ့ချုပ်ဝင်များမှ ပြန်လည်တားဆီးရာ အဖွဲ့ချုပ်အဖွဲ့ဝင် ၃ဦးခေါင်းကွဲ သွားခဲ့သည်..။
အဆိုပါအမှုအား ရဲစခန်း၌ တိုင်ချက်ဖွင့်ရာ တဦးဖမ်းဆီး ရရှိမိခဲ့သည်ဟု မနေ့ညက ဖြစ်ပျက်ခဲ့မှုအား တွေ့ရှိခဲ့ရသူ သံလျင် နိုင်ငံရေးလှုပ်ရှားသူ တဦးမှ ပြောဆိုပါတယ်...။ ယနေ့မနက်အထိ ကိုညီညီဦးအား အဆိုပါအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရဖြစ်နေပါတယ်..။ ဆက်လက် စုံစမ်းရရှိပါက ထပ်မံဖော်ပြသွားပါမည်။
ဒီမိုဝေယံ
Ko Min Ko Naing and 88 group
ReplyDeletePlease take care of yourselves.
Perhaps some people are being jealous to you.
You are really essential for our country.
Please don't take a risk so much.
Please be cautious and careful for every matter.
Some people are always making problems.
ခွေးကြံ့ဖွံ့ တွေရှုံးမဲမဲနေကြပြီ။
ReplyDeleteဒီမိုကရေစီအဖွဲ့ သားများအထူးသတိဝီရိယနဲ့ နေကြပါ။
ခွေးကြံ့ဖွံ့ တွေရှုံးမဲမဲနေကြပြီ။
ReplyDeleteဒီမိုကရေစီအဖွဲ့ သားများအထူးသတိဝီရိယနဲ့ နေကြပါ။