ယနေ့မနက် (၆)နာရီကတည်းက ပြည်သူတွေ ဇွဲကောင်းကောင်းနဲ့ မဲပေးနေတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲရုံ မြင်ကွင်း.. (AP)
စစ်ကိုင်းကန့်ဘလူနဲ့ ပဲခူးတိုင်း ဇီးကုန်းမဲဆန္ဒနယ်တွေမှာ ဆန္ဒမဲလက်မှတ်များ၌ ကော်မရှင် တံဆိပ်တုံးများ မပါတာကို သိရှိရတဲ့အတွက် ကိုယ်စားလှယ်များမှ ကန့်ကွက်တဲ့ အတွက်ကြောင့် မဲပေးမှု ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်..။ မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြားရာမှ မြို့နယ်ကော်မရှင်မှ ဒီအတိုင်း ဆက်သွားပါ မဲလက်မှတ်များအား အတည်ပြုပေးပါမယ်လို့ ကတိပြုတဲ့အတွက် ဆက်လက် မဲပေးမှု ပြန်လည်စတင်နေကြောင်း ဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။ ဇီးကုန်းမြို့မှာ မနက်(၆)နာရီကတည်းက မဲပေးရန် ပြည်သူများ ရာနဲ့ချီစောင့်ဆိုင်းနေကြကြောင်း သိရှိရပါတယ်..။ (ရန်ကုန် မနက် ၇နာရီသတင်း)Update သတင်းများ ဒီမိုဝေယံမှ အတတ်နိုင်ဆုံး ကြိုးစားဖော်ပြသွားပါမယ်..။
အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီး ဦးဥာဏ်ဝင်းနဲ့အဖွဲ့ မနက်(၆)နာရီ ကျော်ကတည်းက ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးကို ရောက်ရှိနေပါပြီ..။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အား နှောင့်ယှက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ မနေ့ညကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိကြောင်း ပြောဆိုပါတယ်...။ သတင်းများထပ်မံ ဆက်သွယ် ဖော်ပြပေးပါမယ်..။
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် ကလော မဲဆန္ဒနယ် ၂နေရာမှာ မဲရုံးမှူး လက်မှတ်ပါပြီး ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုထားသော တံဆိပ်တုံး လက်မှတ် မပါရှိသော မဲလက်မှတ် အတုဟု ယူဆရတဲ့ မဲလက်မှတ်များ ပါဝင်လာတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှ ကော်မရှင်သို့ တိုင်တန်း အကြောင်းထားကြောင်း ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ ယနေ့ရောက်ရှိလာတဲ့ သတင်းအား ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက် အချို့ အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိနေပါပြီ။ (ရန်ကုန် မနက် ၆နာရီခွဲ)


When could we expect to hear the result of each constituency?Can't wait!
ReplyDeleteWhy staffs there are USDP members ??
ReplyDeleteကျေးဇူးတင်ပါတယ် ကို ဒီမိုခင်ဗျာ
ReplyDeleteပြည်တွင်းသတင်းများကို စောင့်နေပါတယ်။
ReplyDeleteနေပြည်တော်မှာလုပ်နေတဲ့ ရွေးကောက်ပွဲအခြေအနေတစ်ခုကတော့- ဇဗူသီရိမြို့နယ်အတွင်းရှိ ပြန်ကပြေးရွာအနီး- ACE Co., Ltd. (အားကာ နဲ့ ဟိုတယ်/ခရီးဝန်ကြီး- ဦးတင်ဆန်း) မှ တာဝန်ယူတည်ဆောက်နေတဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံတည်ဆောက်ရေးစီမံကိန်း
ReplyDeleteအတွင်းမှာ မဲရုံတစ်ရုံ တည်ရှိပါတယ်-- အဲဒီမဲရုံမှာ ၄င်း စီမံကိန်းကို တည်ဆောက်နေတဲ့ အဆိုပါ ACE CO.LTD. မှ ပိုင်ရှင်နှင့်အထက်ပိုင်းဝန်ထမ်းများ၊ အခြားဝန်ထမ်းများနှင့် အလုပ်သမားစုစုပေါင်း လူ- မဲပေးနိုင်မည့်သူ (1000) ခန့် မဲပေးနေကြပါတယ်-- အဲဒီမှာ မဲပေးမည့် သူများကို အထူးသဖြင့် ၀န်ထမ်းများနှင့် အလုပ်သမားများကို ကြံခိုင်ရေးပါတီမှ ၄င်းတို့ပါတီအား မဲပေးရန်အတွက် စည်းရုံးနေကြောင်းပါခင်ဗျား- စည်းရုံးနေပုံက ၄င်းတို့ပျါတီကို မဲထည့်ပေးပါက ငွေ (1000) ကျပ်နှင့် ထမင်း တစ်ထုပ် (တစ်နှပ်စာ) ကို ပေးကာ စည်းရုံးနေတာကို တွေ့မြင် ကြားသိခဲ့ရပါတယ်-- ၄င်းအပြင် ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးကို မဲထည့်ပေးဘို့ မဲပေးနည်း အတွက် အလုပ်သမားတွေကို ၄င်းတို့ပါတီတစ်ခုတည်းရဲ့ တံဆိပ်- ကိုယ်စားလှယ်အမည် နဲ့ အမှန်ခြစ် တစ်တည်းသာပါဝင်တဲ့ စာရွက် (တစ်လက်မ* နှစ်လက်မ အရွယ်အစား) များကို ၄င်းတို့ မှ အရာရှိများက ပေးကာ စည်းရုံးနေကြောင်းပါခင်ဗျာ-- အဲဒီကိင်္စကို ဆိုင်ရာ တာဝန်ရှိသူများကို တဆင့် စကား တဆင့်နား (သို့မဟုတ်) ONLINE မှ တဆင့် တဆင့် အကြောင်းကြားပေးစေလိုပါတယ်-- အဲဒီဖြစ်ရပ်က- လုံးဝ အမှန်အကန်ပါ-
(လွတ်လပ်ပြီး တရားမျှတစေချင်သူတစ်ဦးပါ)
အထက်ဖော်ပြပါ-- Comment နှင့်ပတ်သက်ပြီး အဲဒီ နေပြည်တော် - ၄င်းမဲ နယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်စန်ဒါမင်း မှ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်-- အဲဒီမှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးတဲ့ နိုင်ငံရေးအသိစိတ်ဓါတ်ရှိကြတဲ့
ReplyDeleteတချို့ ၀န်ထမ်းများနှင့် ၀န်ထမ်းများက သူတို့ကို စည်းရုံးခံနေရပေမဲ့ ဒီချုပ်ကို ဘဲ ၀မ်းမြောက်ဝမ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ မဲပေးခဲ့ကြတယ်လို့သိရပါတယ်--