ပူပြင်းလှသည့် နွေရာသီရက်များ စိပ်လာသည်နှင့်အမျှ မြန်မာပြည် အလယ်ပိုင်းနှင့် ပင်လယ်နှင့် နီးစပ်သော ရေချိုလိုအပ်မှု အခက်အခဲပြဿနာတွေကြားနေရသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတော့သည်။ သောက်သုံးရေပေါများလှသည့် မြန်မာပြည်အောက်ပိုင်းဒေသများတွင် ယခုအချိန်တွင် “ရေအသက် တစ်မနက်” ဆိုသလို ၂ဝ၁၂ ခုနှစ် မတ်လ၊ ဧပြီလမှစတင်၍ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ အကူအညီ တောင်းခံကြသော ရေရှားပါးသည့် မြို့နယ်၊ ကျေးရွာဒေသများရှိ ရေတွင်း၊ ရေကန်များ သောက်သုံးရေ အတွက် အလှူခံထားရှိသော အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ တို့သည် ကွင်းဆင်းလေ့လာမှုများနှင့်အတူ အရေးပေါ်လိုအပ်နေသော သောက်ရေများရရှိနိုင်အောင် အမြန်ဆုံးစီစဉ်ဆောင်ရွက်ကာ အလျင်မြန်ဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့တော့သည်။
၂၄.၅.၂ဝ၁၂ ရက်နေ့မှစတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အရေးပေါ် သောက်ရေလို အပ်နေသည့် ကျေးရွာများဖြစ်သည့် ရန်ကုန်တိုင်း၊ ဒလမြို့နယ်၏ အစွန်ဆုံးပိုင်း၌ တည်ရှိသည့် ခနောင်ချောင်းဝနှင့် ခနောင်မီးခြစ်စက် ကျေးရွာသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများတို့သည် စက်လှေ၊ မော်တော်ယာဉ်ကြီးဖြင့် နေ့စဉ်နီးပါး သွားရောက်၍ လှူဒါန်းခဲ့ရာ ၁၇.၅.၂ဝ၁၂ ရက်နေ့ထိ ရေဂါလံပေါင်း (၈၁ဝဝဝ) အား သောက်ရေများလှူဒါန်းနိုင်ခဲ့သလို ဒလမြို့နယ်တွင်းရှိ ညောင်တုန်း၊ ကျန်စစ်သား၊ မှော်စက်၊ တာကြီးဆိပ်ကြီး အပိုင်(၁) အပိုင်(၄)၊ ကမာဆယ်၊ တပင်ရွှေထီး၊ အံ့ကြီးအရှေ့/အနောက်၊ ရာဇသင်္ကြန် အစရှိသည့် ရပ်ကွက် (၂၃)ခုအတွက် လူဦးရေ (၁) သိန်းခန့်ကိုလည်း သောက်ရေများအား (၂၄ဝဝ) ဂါလံဆန့် ရေဘောက်ဆာ မော်တော်ယာဉ်ကြီးဖြင့် အကြိမ်ရေ (၂၅) ကြိမ်၊ ရေဂါလံစုစုပေါင်း (၆ဝဝဝဝ) အားလည်း နေ့စဉ်နီးပါးခန့် ၁၇.၅. ၂ဝ၁၂ ရက်နေ့အထိ လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိပေသည်။ထို့အပြင် ရာသီဥတု ပူပြင်းလာမှုများကြောင့် မိုးရေခံကန်များနှင့် ရေထွက်အား မကောင်းသော စက်ရေတွင်းများ အပေါ်မှီတည်၍ နေထိုင်ကြရသည့် ဒလမြို့နယ်ရှိ ကျေးရွာများနှင့် ရပ်ကွက်အချို့တွင် သောက်သုံးရေ ရှားပါးသည့် အခက်အခဲများ ကြုံတွေ့လျှက်ရှိခြင်းကြောင့် ဝမ်းရောဂါနှင့် အခြားနောက်ဆက်တွဲ ရောဂါ ပြဿနာများပါ ရင်ဆိုင်လာမည်ကို စိုးရိမ်နေမိသည်။
ယခုကဲ့သို့ ရေလှူဒါန်းမှုများအား ပြုလုပ်နေစဉ် သောက်ရေအတွက် ကိုယ်တိုင် လာရောက်၍ သယ်ယူနိုင်ခြင်း မရှိကြသည့် နေအိမ်များသို့လည်း အသင်းသားများတို့သည် ကိုယ်တိုင် ကိုယ်ကျလိုက်လံ၍ သောက်ရေများအား ထမ်းပိုးသယ်ဆောင် ကူညီပေးခဲ့ရာတွင် နေအိမ်တစ်အိမ်၌ အဒေါ်ကြီးတစ်ဦးသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အောက်ပိုင်း ထိခိုက်ခဲ့ကြောင်း ချိုင်းထောက် တစ်ချောင်းရှိပါက သွားလိုရာသို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားလာသည့်အတွက် သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သို့ အလှူရှင်များ လှူဒါန်းထားသည့် ချိုင်းထောက် တစ်ချောင်းအား အလျင်မြန်ဆုံး အရေးပေါ် ပေးအပ် လှူဒါန်းခဲ့သည်။
ယခုကဲ့သို့ ရေလှူဒါန်းမှုများအား ပြုလုပ်နေစဉ် သောက်ရေအတွက် ကိုယ်တိုင် လာရောက်၍ သယ်ယူနိုင်ခြင်း မရှိကြသည့် နေအိမ်များသို့လည်း အသင်းသားများတို့သည် ကိုယ်တိုင် ကိုယ်ကျလိုက်လံ၍ သောက်ရေများအား ထမ်းပိုးသယ်ဆောင် ကူညီပေးခဲ့ရာတွင် နေအိမ်တစ်အိမ်၌ အဒေါ်ကြီးတစ်ဦးသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အောက်ပိုင်း ထိခိုက်ခဲ့ကြောင်း ချိုင်းထောက် တစ်ချောင်းရှိပါက သွားလိုရာသို့ သွားရောက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားလာသည့်အတွက် သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သို့ အလှူရှင်များ လှူဒါန်းထားသည့် ချိုင်းထောက် တစ်ချောင်းအား အလျင်မြန်ဆုံး အရေးပေါ် ပေးအပ် လှူဒါန်းခဲ့သည်။
၁၂.၅.၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ စာရင်းစစ် ဒေါ်စီစီမာနှင့်အဖွဲ့တို့သည် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)သို့ သွားရောက်၍ ငွေစာရင်းကိစ္စရပ်များအား စစ်ဆေးခြင်း၊ ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ကျူတောကျေးရွာအတွက် အဝီစိစက် ရေတွင်းများ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုလေ့လာ စစ်ဆေးခြင်း၊ “နှလုံးလှစာကြည့်တိုက်”အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း စာကြည့်တိုက်မှ ပိုလျှံနေသည့် သုတ၊ ရသ စာအုပ်စာပေများအား လှူဒါန်းပေးအပ်ခဲ့ပြီးနောက် ဆင်မြီးဆွဲမြို့ရှိ “ကရုဏာရှင်” နာရေးကူညီမှုအသင်းသို့ ဝင်ရောက်ခဲ့ပြီး လုပ်ဆောင်မှုများအား ကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်စာပေများ လှူဒါန်းပေးအပ်ခဲ့ကြသည်။ မကွေးတိုင်းအတွင်းရှိ ဧက (၂ဝ) ကျော်ကျယ်ဝန်းလှသည့် သောက်သုံးရေကန် ပြုပြင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ ဒေါ်ခင်ထားထားအောင်နှင့်အဖွဲ့သည် သွားရောက်၍ လေ့လာမှုများ ပြုလုပ်ခဲ့ရာ၌ ညောင်ပင်ရွာ၊ ညောင်ပင်သာရွာ၊ တည်ပင်ကန်ပေါက်ကျေးရွာ အစရှိသည့် ကျေးရွာ (၃) ရွာတို့သည် ၄င်းသောက်သုံး ရေကန်အားအမှီပြု နေထိုင်လျှက်ရှိကြောင်းအား သိရှိခဲ့ရသည့်အတွက် ကျေးရွာနေဒေသခံ ပြည်သူအပေါင်းတို့မှ ကိုယ့်အားကိုယ်ကိုး တတ်ညီလက်ညီဖြင့် ဝိုင်းဝန်း၍ သောက်သုံးရေကန် အမြန်ဆုံး ပြီးစီးနိုင်အောင် လုပ်ဆောင်နေကြသလို နာရေး ကူညီမှုအသင်း(ရန်ကုန်) သည်လည်း လိုအပ်သော အကူအညီ ထောက်ပံ့မှုများ ပြုလုပ်ပေးလျှက်ရှိရာ မကြာတော့မည့်အချိန်၌ အောင်မြင်စွာပြီးစီးကာ နောက်နှစ်များတွင် ၄င်းသောက်သုံး ရေကန်ကြီးသည် ယခုကဲ့သို့သော မြင်ကွင်းမျိုးအစား ကြည်လင်အေးမြ သန့်ရှင်းသည့် သောက်သုံးရေကန်ကြီးအဖြစ် မြင်တွေ့ရကာ သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ ကြုံတွေ့ရတော့မည် မဟုတ်တော့ချေ။
သောက်သုံးရေ ရှားပါးသည့် ကျေးရွာ၊ ဒေသခံ ပြည်သူလူထုတို့သည် မိမိတို့၏ ကျန်းမာရေးအတွက် သောက်ရေများကို အခြားသော အရပ်ဒေသများသို့ သွားရောက်၍ ခပ်နေကြရခြင်းကြောင့် သောက်ရေပြတ်လပ်မှုနှင့် လုံးပန်းနေကြရကာ ကလေးငယ်များ၏ ကျောင်းတက်ချိန်များ လစ်ဟင်းနေခြင်းနှင့် ဝမ်းစာဖူလုံရေးအတွက် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ကြခြင်း အစရှိသည့် အခက်အခဲများအား လူသားချင်း စာနာထောက်မွေးကာ စေတနာရှင်၊ ကုသိုလ်ရှင်များတို့မှ မိမိတို့ တစ်နိုင်တစ်ပိုင် (သို့) စုပေါင်း၍ဖြစ်စေ တတ်စွမ်းသရွေ့ သွားရောက်၍ လှူဒါန်းကြဖို့ မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
ကိုကျော်သူ မရွှေဇီးကွက်တို့၏ ရေအလှူ အပါအ၀င် အခြားသော လူမှုကယ်ဆယ် ကူညီမှုများကို ဒီမိုဝေယံဘလော့မှ တဆင့်ဖတ်ရှုရလို့ သာဓုခေါ်ပါသည်။
ReplyDeleteအမှန်တကယ် ကူညီရန် အသင်းကြီးစနစ်တကျ ဖွဲ့စည်းပြီး လက်တွေ့ထိရောက်စွာ ကူညီနေလို့လဲ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ စေတနာရှင်များမှ အားတက်သရော လှူဒါန်းနေကြသည်မှာ အဆိုပါ သူတော်စင် ဇနီးမောင်နှံတို့အား ယုံကြည်ကြသောကြောင့်ဖြစ်ပါသည်။
မြန်မာတို့သည် စစ်အစိုးရများ နှစ်(၅၀)ဖိနှိပ်မှုကြောင့် နလံမထူနိုင်အောင် ဆင်းရဲတွင့်းနက်ပြီး အကြောက်တရား လွှမ်းမိုးနေခဲ့ပေမဲ့ အခြေအနေပေးသည်နှင့် အမှန်တကယ်ပြည်သူကို ကူညီသူများ၊ ပြည်သူ့ဘက်က ရပ်သူများကို အားပေး ထောက်ခံ ကူညီရာမှာ သတ္တိရှိကြပေသည်။
လူမှုရေး အသင်းကြီးပါဟု ပြည်သူကို လိမ်လည်ဖွဲ့စည်းပြီး ပြည်သူတို့ထံမှ အာဏာကို အသုံးပြုငွေကောက်ခံ၊ မိမိတို့ အိတ်ထဲ အပြည့်ထည့်ပြီး မဖြစ်စလောက်ငွေလေးနဲ့ လမ်းခင်း ခြင်္သေ့ရုပ်ကြီးနဲ့ ကျောက်တိုင်စိုက်သော ကြံ့ဖွံ့ပါတီကြီးကား လူမှုရေးအသင်းအနေနဲ့ နာမည်ပျက်ခဲ့ပြီး နိုင်ငံရေးပါတီထောင်တော့လဲ ဖုံးမရ ဖိမရ အပုပ်နံ့ တထောင်းထောင်းနဲ့ ပါတီ သန့်စင်ရေး လူ ဖြုတ် ထုတ်ပွဲကြီး လုပ်နေရလေပြီ။၊
တိုင်းပြည်ကို သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် လုပ်ခဲ့သူ၊ တပ်မတော်ကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားကိုမှ မသိသော ထိုပါတီကြီး ကြားဖြတ်မှာ ငှက်ပျောပင်ကို ခါးဖြတ်ချလိုက်သလို အားပြတ်မတတ်ဖြစ်သွားရခြင်းကား ကျေးဇူးရှင်ကို ပစ်မှားသော အကုသိုလ်ကို ခံရခြင်းပင်ဖြစ်ပါသည်။
လူညစ်ပတ်ထိပ်သီးကြီးများဖြစ်ကြသော မြို့တော်ဝန် သူခိုးကြီး ဦးအောင်သိန်းလင်း၊ လူရိုက်ရာမှာ ဂဠုန်ဦးစောထက် လက်သံပြောင်သလောက် ပလီပလာပြောရာမှာ နံပါတ်တစ်ဖြစ်သော ဗိုလ်ဌေးဦး။ လက်ညှိုးထိုးမလွဲ အခွင့်ထူးခံ ကုမ္ပဏီကြီးများပိုင်ရှင် ဗိုလ်အောင်သောင်းတို့ ကြံ့ဖွတ်ပါတီထဲ ခေါင်းဆောင်နေသမျှ ထိုပါတီသည် လှိုင်းလုံးများနဲ့ခေါင်းတိုက်ပြီး မြုတ်ရာမှ
ပေါ်လာတော့မည် မဟုတ်ပေ။
ပြည်သူ့အပေါ် စေတနာမထားသော၊ ပြည်သူကို အနိုင်ကျင့်သော ကိုယ်ကျိုးရှာ၊ ဟန်ပြအဖွဲ့အစည်းမှန်သမျှ ပြည်သူတို့ဒဏ်ခတ်မှုကို မလွဲမသွေခံရပြီး မရှူမလှ ပျက်စီးရမည်သာ ဖြစ်ပေသည်။