ဒေါ်ဂွာမလေး
အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..
၂၀၁၂ခုနှစ် မေလ (၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက်(၄၈)နှစ်၊ ကလေး(၁၂)ယောက်၏ မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်း အဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့် အတူဖမ်းဆီးမိ၍ ပေါင်နှင့်ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလို ပြောပြရှာပါတယ်။“ကျနော်တွေ့ ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက် လောက်က ၀ိုင်းထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေးတယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ ရိုက်သူကရိုက်၊ သေနတ်နဲ့ ထုသူကထု၊ ဓားမြောင်နဲ့ ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်း နေရာကနေနေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။
သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ထပ်ထိုးကြတယ်။ နောက်တော့ အ၀တ်အစား အကုန်ချွတ်ပေး လိုက်တာတွေ့ တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထား ပြီး တချို့ ကထိုင်လိုက် ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်ဆံနေတာ ကျနော် ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော် ဟစ်ငိုယိုရှာပါတယ်။ အ၀တ်အစား အကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေဝိုင်းထား တယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကျနော် သိတယ်။
စစ်သားတွေက ဒေါ်ဂွာမလေးကို အဲသလို မတရားပြုကျင့် နေချိန်မှာ စစ်သားတွေက ကျနော့ကိုလည်း စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက် ဖြစ်လာနေရင်း ကမြင် နေရတာပါ။ သူမတအား အော်ငိုရှာတယ်။ အော်ငိုတော့ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ ပြောသလား မသိဘူး။ သေနတ်နဲ့ ချိန်ရွယ် ထိုးနှက်ကြပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲ သွားတာ ကျနော်တွေ့ခဲ့တယ်။ စစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေး မေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော်ဘာမှ နားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ ပြောတာကို နားမလည် လို့  ကျနော် ဘာမှပြန်မပြော တတ်တော့လဲ ကျနော့ခေါင်းကို သေ နတ်ဒင်နဲ့ အားကုန် ထုကြပြန်တယ်။ ညာ ဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာ ချည်တုတ်ထားတယ်။ တဖွဲ့  ပြီးတဖွဲ့လာပြီး တုတ်နဲ့ ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ ချိန်ပြီး လှံစွပ်နဲ့ ထိုးလိုက်လုပ်ကြတယ်။
ပါးစောင်းကိုဓားမြှောင်ဖြင့်ထိုးခံခဲ့ရသည့်ယိုးတဂွေး
ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေရော၊ညရောချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီ်း နှိပ်စက် စစ်ဆေးကြတော့ တာပါပဲ စစ်သားတဖွဲ့ ရောက်လာပြန်ပြီး သတ်ပစ်မယ်လို့ ပြောတာထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ ထိုးထည့်လိုက်ပါတယ်။ မခံနိုင်လို့ကျနော် အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။
ပေါင်မှာ ဓားမြှောင်ဖြင့် တဘက်ထိ ပေါက်အောင်ထိုးခံခဲ့ရသည့် ဒဏ်ရာနှင့်ယိုးတဂွေး.
နောက်ဆုံးတော့ ပေါင်တဖက် ပေါက်သွားအောင် ထိုးထည့် လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလည်း သေနတ်ဒင်နဲ့ ထုထည့်လိုက်တာနဲ့ တပြိုင်နက် ကျနော် သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်းမကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်း ဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ ပေကျံလျှက် သတိမေ့မျောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ ပါတယ်။ဒါပေမဲ့ကျနော် မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက်ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျောနေချိန်မှာ NDA (K) – (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။ ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့ တန်းကဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြ တော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည်နယ်စပ် ဆေးရုံမှာဆေးသွားကုဖို့ အတွက် ခေါ်ထုတ် သွားကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး ၃ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။
ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်း သေနေတဲ့လူနာပါ။ စစ်သားတွေ ၀င်လာချိန်ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။
ကျနော့ဇနီးတော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာ ချင်သေးတယ်။ ကျနော်တို့ ၂ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။” ဘာကြောင့် ကျနော်တို့ကိုဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့ စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ်ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့သူတို့ ဘာကြောင့် ဒီလိုလုပ်လဲ မသိတော့ဘူး။”
ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေ ကိုကြောက်လန့် ထိတ်လန့်ပြီး၊ စကားလဲ မပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့် လက္ခဏာ များတွေ့ ရသဖြင့်မိသားစု၊ ဆွေမျိုးများက စိတ်အထူးကု ဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ ဒေါ်ဂွာမလေး၏ ခင်ပွန်း ငွါးဆာကတော့ “အစတုန်းကအကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခု တော့ဘာမှ မေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိမ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်”လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။ ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ် (NDA (K)) တို့နဲ့ ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည်ငြိမ်းချမ်းရေး လမ်းစပျောက်သွားမှာ ကိုစိုးရိမ်စွာဖြင့် စုံစမ်း တင်ပြအပ်ပါသည်။
တင်ပြသူ-
အမျိုးသမီးရေးနှင့်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦး
သို့ 
ဒီမိုဝေယံသတင်းငှာန
လေးစားစွာဖြင့် တင်ပြလိုက်ပါသည်။
ဧပြီလ၂၆ မှစပြီး ကေအိုင်အေနှင့် အစိုးရ+နယ်ခြားစောင့်တပ်တို့ ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံတိုင်းရင်းသား/သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းကို ပေးပို့လိုက်ပါသည်..။
ဒီမိုဝေယံသတင်းငှာန
လေးစားစွာဖြင့် တင်ပြလိုက်ပါသည်။
ဧပြီလ၂၆ မှစပြီး ကေအိုင်အေနှင့် အစိုးရ+နယ်ခြားစောင့်တပ်တို့ ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံတိုင်းရင်းသား/သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းကို ပေးပို့လိုက်ပါသည်..။
လေးစားစွာဖြင့်
မမိုင်းဂျာ
အချက်အလက်များ -
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးမှ ဖြစ်ပါသည်။
တပ်မတော်ကို တည်ထောင်ခဲ့သော ဖခင် ဗိုလ်ချုပ်သာ
ReplyDelete(၁)ယနေ့ စစ်တပ်၏ လယ်ယာမြေ အဓမ္မသိမ်းဆည်းမှု၊ (၂)အရွယ်မရောက်သေးသူမှ အစ အဖွါးအိုအဆုံး တရုန်းရုန်း မုဒိန်းကျင့်နေမှု။
(၃) ပြည်သူထံမှ ဂိတ်မျိုးစုံဖွင့်ကာ ဆက်ကြေးကောက်ခံနေမှု။
(၄)ရာထူးကြီးမှန်သမျှ လုပ်ငန်းမကျွမ်းကျင်ဘဲ စည်းစိမ် ငွေကြေးရလိုမှုဖြင့် နေရာဝင်ယူနေမှူ၊
(၅) သာသနာရေးဆိုင်ရာ တက္ကသိုလ်ကြီးများပါမကျန် စစ်တပ်ဆန်ဆန် ၀င်ရောက်ချုပ်ကိုင် ချယ်လှယ်၊ စာမတတ်သော်လည်း ပါမောက္ခ၇ာထူးကြီးများ ၀င်ယူနေမှု၊
(၆) လက်ညှိုးထောင် ခေါင်းညိတ် ဘုန်းကြီး(၄၇)ပါးအား အကျယ်ချုပ်သဘော ကမ္ဘာအေးမှာ ချုပ်ထား၊ ကားပါမစ် စသော မက်လုံးတွေပေးပြီး တစ်ပြည်လုံးရှိ သံဃာ လေးသိန်းကျော်တို့အား စနစ်တကျဖိနှိပ်ပြီး သာသနာကိုပါ စစ်ကျွန်ပြုနေမှု။
(၇) တိုင်းပြည်ကာကွယ်ရေးကို မလုပ်၊ ရာထူးဌာနန္ထရကြီးများမှာ သာယာမက်မောပြီး မိမိ မိသားစု သားစဉ်မြေးဆက် ချမ်းသာဘို့သာ ဦးစားပေးနေပြီး ပြည်သူတို့ဘ၀ကို လစ်လျူပြုနေမှူ၊
(ဂ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေား လို့ ပါးစပ်ကလဲအော်၊ စစ်တပ်အာဘော် သတင်းစာကလဲရေး၊ သွပ်ပြားချပ်ရေများစွာကို အသုံးပြုပြီး ဆိုင်းဘုတ်တွေ ရေး နေသော်လဲ တိုင်းရင်းသားများကို ကျွန်သဘောက်အဆင့်သာ ထားပြီး ဘိန်းကို လွတ်လပ်စွာ ထုတ်လုပ်သုံးစွဲခွင့်ပြုပြီး ဘိန်းစစ်ပွဲဆင်နွှဲနေမှုများကို မြင်တွေ့ခဲ့လျှင်.......
တပ်မတော်ကို တည်ထောင်ခဲ့သော ဖခင် ဗိုလ်ချုပ်သာ
ReplyDelete(၁)ယနေ့ စစ်တပ်၏ လယ်ယာမြေ အဓမ္မသိမ်းဆည်းမှု၊ (၂)အရွယ်မရောက်သေးသူမှ အစ အဖွါးအိုအဆုံး တရုန်းရုန်း မုဒိန်းကျင့်နေမှု။
(၃) ပြည်သူထံမှ ဂိတ်မျိုးစုံဖွင့်ကာ ဆက်ကြေးကောက်ခံနေမှု။
(၄)ရာထူးကြီးမှန်သမျှ လုပ်ငန်းမကျွမ်းကျင်ဘဲ စည်းစိမ် ငွေကြေးရလိုမှုဖြင့် နေရာဝင်ယူနေမှူ၊
(၅) သာသနာရေးဆိုင်ရာ တက္ကသိုလ်ကြီးများပါမကျန် စစ်တပ်ဆန်ဆန် ၀င်ရောက်ချုပ်ကိုင် ချယ်လှယ်၊ စာမတတ်သော်လည်း ပါမောက္ခ၇ာထူးကြီးများ ၀င်ယူနေမှု၊
(၆) လက်ညှိုးထောင် ခေါင်းညိတ် ဘုန်းကြီး(၄၇)ပါးအား အကျယ်ချုပ်သဘော ကမ္ဘာအေးမှာ ချုပ်ထား၊ ကားပါမစ် စသော မက်လုံးတွေပေးပြီး တစ်ပြည်လုံးရှိ သံဃာ လေးသိန်းကျော်တို့အား စနစ်တကျဖိနှိပ်ပြီး သာသနာကိုပါ စစ်ကျွန်ပြုနေမှု။
(၇) တိုင်းပြည်ကာကွယ်ရေးကို မလုပ်၊ ရာထူးဌာနန္ထရကြီးများမှာ သာယာမက်မောပြီး မိမိ မိသားစု သားစဉ်မြေးဆက် ချမ်းသာဘို့သာ ဦးစားပေးနေပြီး ပြည်သူတို့ဘ၀ကို လစ်လျူပြုနေမှူ၊
(ဂ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေား လို့ ပါးစပ်ကလဲအော်၊ စစ်တပ်အာဘော် သတင်းစာကလဲရေး၊ သွပ်ပြားချပ်ရေများစွာကို အသုံးပြုပြီး ဆိုင်းဘုတ်တွေ ရေး နေသော်လဲ တိုင်းရင်းသားများကို ကျွန်သဘောက်အဆင့်သာ ထားပြီး ဘိန်းကို လွတ်လပ်စွာ ထုတ်လုပ်သုံးစွဲခွင့်ပြုပြီး ဘိန်းစစ်ပွဲဆင်နွှဲနေမှုများကို မြင်တွေ့ခဲ့လျှင်.......
ကျွန်တော်တို့ နိုင်ငံမှာ စစ်တပ် မရှိတာ ကောင်းမယ်ထင်တယ်၊ ဒီခွေးတွေ လုပ်ရပ်က ကျွန်တော်တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို စော်ကားသလိုဖြစ်နေတယ် ခင်ဗျာ၊ ဗိုလ်ချုပ် အောင်ဆန်းဖြတ်သန်းခဲ့တဲ့ သမိုင်းမှာ ဒါမျိုး မရှိခဲ့ပါဘူး၊ ဒါတွေလည်း ဒီကောင်တွေသိမှာမဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်ဦးစီးချုပ် ဆိုတဲ့ ကောင်တွေက စာတွေဘာတွေ တက်မှမတက်တာ ဒီကောင်တွေ ဒါတွေလည်း နာလည်းမှာမဟုတ်ပါဘူး၊ ဒီဘ၀မှာ တော့ ဒီကောင်တွေ လုပ်ချင်တာ လုပ်ကြတယ် ၊ နောင်ဘ၀က ဒီကောင်တွေကို စောင့်နေတယ်ဟေ့ ခွေးတွေ ခေါ် စစ်တပ်ရေ။
ReplyDelete.
ReplyDeleteUNHCR Report on Rape by Burmese Army soldiers
(( အခုလက်ရှိ စစ်အာဏာရှင်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေပါ မကျန် ပေါ်တာနဲ့ လုပ်အားပေးအဖြစ် အသုံးပြုပြီး အတင်းအဓမ္မ ခိုင်းစေနေတာ ရှေ့တန်းဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးငယ်တွေကို မုဒိန်းကျင့်နေတာတွေဟာ တိုင်းတပါးသားတွေ စိုးမိုးခဲ့စဉ်ကထက် အဆပေါင်းများစွာ ဆိုးနေတာကို ပြည်သူလူထု သိသွားမှာ စိုးရိမ်နေတယ်။ ))
အပြစ်မဲ့ ပြည်သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ၊ အတင်းအကြပ် ပေါ်တာဆွဲ၊ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ အရေခြုံ သိန်းစိန် ရဲ့ အရပ်သားအစိုးရ အမည်ခံ စစ်အာဏာရှင်တွေပါ။
မြန်မာစစ်တပ်ရဲ့ မုဒိမ်းမှုတွေ အကြောင်းကို UNHCR အစီရင်ခံစာမှာ အခုလို ဖော်ပြထားပါတယ်။
Education under Attack 2010 - Myanmar
Even 7-year old girls were raped by officers and soldiers of Burmese army.
Gang rape is also common.
Some girls died from rape of Burmese soldiers.
Many girls got severe injuries.
http://www.unhcr.org/refworld/country,,UNESCO,,MMR,,4b7aa9dc26,0.html
.
ReplyDeleteနအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။
နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
http://www.unhcr.org/refworld/country,,UNESCO,,MMR,,4b7aa9dc26,0.html
.
ReplyDeleteမြန်မာစစ်တပ် မုဒိမ်းမှု ၁၈၀ဝ ကျော်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကော်မရှင် အစီရင်ခံစာ
မြန်မာအမျိုးသမီး အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် အသက် ၇ နှစ် အရွယ်ရှိ ကလေးများကိုပင် မုဒိမ်းကျင့်ကြသည်။
အုပ်စုလိုက် မုဒိမ်းမှုများနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ပြုကျင့်ရာတွင်လည်း ၇ နှစ်ကလေးများကိုပင် ချမ်းသာမပေးကြပါ။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းများ ကျူးလွန်ခံရသော မိန်းကလေးများ၊ အမျိုးသမီးများသည် နအဖ စစ်ဗိုလ်၊ စစ်သားများ၏ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ကိုလည်း အကျူးလွန်ခံနေရသည်။
မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ထိုကဲ့သို့ ကျူးလွန်ခြင်းများကို မိန်းကလေးများ စာသင်နေရာ ကျောင်းတွင်ရော၊ အိမ်တွင်ပါ ကျူးလွန်လာခဲ့ကြရာ မိန်းကလေးအများအပြားမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မိန်းကလေးအချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
မြန်မာ လူ့ အခွင့်အရေး ပညာပေးရေးအဖွဲ့က မှတ်တမ်းတင်ထားသည်မှာ နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် ကလေးသူငယ်များကို အိမ်မှ ကျောင်းသွားစဉ်တွင်လည်းကောင်း၊ ကျောင်းမှ အိမ်ပြန်စဉ်တွင်လည်းကောင်း အတင်း ဖမ်းဆီးကာ ပြန်ပေးဆွဲသွားပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လူကုန်ကူး ရောင်းစားခြင်း များကို ဆက်တိုက် ကျူးလွန်လာခဲ့သည်။
မုဒိမ်းကျင့်ခံရပြီး အသတ်မခံရသည့် အမျိုးသမီးများ၊ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများကြောင့် အသက်မဆုံးရှုံးသည့် အမျိုးသမီးများထဲမှ အမျိုးသမီးအများစုက တစ်ခါရှက်က နှစ်ခါရှက် ဖြစ်မည် စိုးသဖြင့် မုဒိမ်းကျင့်ခံရသည်ကို ထုတ်ပြောလေ့ မရှိကြပါ။ ထို့ပြင် မုဒိမ်းကျင့်ခံရသော အမျိုးသမီး အများအပြားကလည်း မြန်မာ စစ်ဗိုလ်၊ စစ်သားများက မုဒိမ်းကျင့်သည့် ဖြစ်ရပ်မှန်များကို လူ့ အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားပါက မိမိ နှင့် မိမိ မိသားစုကိုသာမက တစ်ရွာလုံးကိုပါ နအဖ စစ်တပ်မှ စစ်တပ်၏ လုပ်ပိုင်ခွင့် နှင့် စစ်လက်နက်ကို အလွဲသုံးစားလုပ်ပြီး လာရောက် ဥပဒေမဲ့ ဖမ်းဆီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်မည်ကို စိုးရိမ်သဖြင့် ရေငုံ နှုတ်ပိတ်နေကြသည်။
ထို့ကြောင့် မြန်မာစစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။
(မငယ်နိုင် ဘလော့မှ "၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ" http://nge-naing.blogspot.de/2011/01/blog-post_04.html ပို့စ် အောက်က COMMENTS များမှ မြန်မာစစ်တပ်၏ မုဒိမ်းမှုများနှင့် ပတ်သက်သည့် မှတ်ချက်များကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။
ယခု မှတ်ချက်၏ ခေါင်းစဉ် "မြန်မာစစ်တပ် မုဒိမ်းမှု ၁၈၀ဝ ကျော်" ကို click လုပ်ပြီး မူရင်းမှတ်ချက်များကို လေ့လာ ဖတ်ရှုနိုင်ပါသည်။)
http://nge-naing.blogspot.de/2011/01/blog-post_04.html
.
ReplyDeleteဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာကို ဖတ်ကြည့်ပါ။
(ကိုရဲရင့် တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။)
"မုဒိမ်းစစ်တပ်" ဟု ဒေါ်စု ပြောကြားချက်
ရာဇဝတ်ကောင်တွေ ကြီးစိုးနေဆဲဖြစ်တဲ့ တရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာ မုဒိမ်းစစ်တပ် အကြောင်းကို ဒေါ်စုပြောတာက ဒီလိုပါ။
"ကျမတို့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။
ငြိမ်းချမ်းစွာ နေနိုင်ရုံ နေလိုတဲ့ မြန်မာပြည်သူတွေနဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရုံ ကာကွယ်တဲ့ မြန်မာပြည်သူတွေ အပေါ်မှာ မြန်မာစစ်တပ်က မုဒိမ်းမှုတွေကို လက်နက်သဖွယ် သုံးပြီး ကျူးလွန်နေတာပါ။
အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ မှုဒိမ်းမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း မညီညွတ်ပဲ အကွဲအပြဲ ဖြစ်အောင် ရန်တိုက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာပါ။
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ မြန်မာပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊
မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ (ဗမာအများစုနဲ့ ဖွဲ့စည်းထားလို့ "ဗမာစစ်တပ်" လို့ ခေါ်နေကြတဲ့ မြန်မာစစ်တပ်က ကျူးလွန်တာ ဖြစ်လို့) ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေ အပါအဝင် ငြိမ်းချမ်းစွာ နေလိုသူ ပြည်သူတွေ နဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်သူ ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ရော၊ သွေးခွဲတဲ့အနေနဲ့ပါ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတာကို အဆုံးသတ်သွားအောင် ကျမတို့အနေနဲ့ လုပ်နိုင်တာအားလုံးကို လုပ်ကြရပါမယ်။
( "မြန်မာစစ်တပ်ဟာ `မုဒိမ်းစစ်တပ်´ ဖြစ်နေပါတယ်" ဟု ဒေါ်စု ပြောကြားချက် ဗွီဒီယို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။ )
(မငယ်နိုင် ဘလော့မှ "၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ" http://nge-naing.blogspot.de/2011/01/blog-post_04.html ပို့စ် အောက်က COMMENTS များမှ မြန်မာစစ်တပ်၏ မုဒိမ်းမှုများနှင့် ပတ်သက်သည့် မှတ်ချက်များကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။
.
ReplyDeleteဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာပါ။
(ကိုရဲရင့် တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။)
http://www.yeyintnge.com/2011/05/aung-san-suu-kyi-on-sexual-violence-in.html
"မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတယ်" ဟု ဒေါ်စု ပြောကြားချက် (ဗီဒီယို) ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။)
(မငယ်နိုင် ဘလော့မှ "၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ" http://nge-naing.blogspot.de/2011/01/blog-post_04.html ပို့စ် အောက်က COMMENTS များမှ မြန်မာစစ်တပ်၏ မုဒိမ်းမှုများနှင့် ပတ်သက်သည့် မှတ်ချက်များကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)