Pages
Friday, May 25, 2012
မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ် စက်ရုံများစာရင်း....
၂၄ရက်နေ့က ရန်ကုန်ဆူးလေမှာ ပြုလုပ်တဲ့ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော် တောင်းဆိုခြင်း (၃)ရက်မြောက်နေ့ ... (Getty Images)
 မီဂ္ဂါဝပ်ပေါင်း ၃ထောင်ကျော် ထွက်ရှိမယ့် မြန်မာနိုင်ငံက ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ထွက်ရှိတဲ့ ဓာတ်အား စာရင်းတွေပါ...။ ချင်သီးပင်အောက် ချင်သီးပျောက်.. လျှပ်စစ်စီမံကိန်းတွေ လျှပ်စစ်မီဂ္ဂါဝပ် ဓာတ်အားတွေ ကြားမှာ ပြည်သူတွေကတော့ မီးလာမယ့် အချိန်ကို ဖယောင်းတိုင်နဲ့ ထိုင်စောင့်နေကြရတာပါ...။
ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..
9 comments:
  1. စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေ ပြတဲ့နေရာမှာတော့ ဗိုလ်နေ၀င်းရဲ့ မဆလပါတီကြီးထက် ကြံ့ဖွတ်ပါတီက နှာတစ်ဖျားအ သာနဲ့ ထိပ်ကပြေးနေပါလား။
    မဆလခေတ်မှာ ကျုပ်တို့ အဲဒီ ဖွံ့ဖြိုးတိုးတက်မှု ကိန်းဂဏန်းအတုတွေအောက်မှာ ငတ်ပြတ်ပြီး၊ ဆန်ပြဿနာကြုံလို့ ကမ္ဘပေါ်မှာ ဆန်အထွက်ဆုံးနိုင်ငံမှာ ဆန်ပြုတ်သောက် ဗိုက်မှောက်နေခဲ့ရပြီးပါပြီ။
    လူရွှင်တော် ပါပါလေး ပြက်လုံးထုတ်သလို ငါးကို မျှားလို့ အလကား ရလာတာတောင် ဆီမရှိလို့ ရေထဲပြန်လွှတ်ခဲ့ရတဲ့အဖြစ်မျိုးပါ။
    ဗိုလ်ဇော်မင်းရဲ့ လျှပ်စစ်စီမံကိန်း ကိန်းဂဏန်းကြီးတွေအောက်မှာ ၂၀၁၀-ထက် ၂၀၁၁ က ပိုဆိုးလာခဲ့ပြီး ၂၀၁၂-မှာ အဆိုးဝါးဆုံးဖြစ်လာပြီး ရေငတ် မီးပြတ် အခြေဆိုက်နေပါပြီ။
    အလျှံပယ်ကြွယ်ဝသော ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်ကြီးများ၊ ပေါများလှသော
    ရေအား အရင်းမြစ်များ ရှိနေပါလျက် ပြည်သူများ အမှောင်ထဲမှာ ကျောက်ခေတ်ဂူနေလူသားအဆင့်ကို
    ပြန်ရောက်အောင် လုပ်နေသော ဖွတ်အစိုးရကို ၂၀၁၅-ထက် နောက်မကျစေဘဲ အပြုတ်တိုက်ပစ်ဘို့မှာ ပြည်သူတို့ တာဝန်ဖြစ်လာပါပြီ။
    အပျော့ဆွဲ ဗိုလ်သိန်းစိန်လဲ ဒီကိစ္စမှာ ပါးစပ်ပိတ်နေပုံကို ထောက်သော် ဇော်မင်း၊
    ကျော်ဆန်း၊ ပြည်ထဲရေး ကိုကို၊ သုံးခွကို မျက်မှန် အစုတ်တွေ သွားဝေပြီး ကြားဖြတ်မတိုင်မီ မဲဆွယ်သွားခဲ့တဲ့ သာသနာရေး သူရမြင့်မောင်တို့လို ဗိုလ်သန်းရွှေ၏ လက်ရုံး အိမ်တော်ပါ ငယ်ကျွန် ခေါင်းမာဂိုဏ်းသားတွေကို လက်မြှောက် အရှုံးပေးလိုက်ရပြီလား လို့ ပြည်သူများ တွေးနေမိကြောင်းပါ။
    ReplyDelete
  2. ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ပေးနေတဲ့ မလိရေအားလျှပ်စစ် ကြတော့ မပါဘူး KIA လုပ်လို့စရင်းမထည့်လဲ တကယ်တော့မြစ်ကြီးနားမှာ လက်ရှိသုံးနေတာပဲလေ...
    ReplyDelete
  3. ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ပြနိုင်ခြင်းဟာ ဒီမိုကရေစီဆိုပေမယ့် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို မီးမရလို့ ဆန္ဒဖော်ထုတ်တာကနေ ဆူပူအောင် ဖန်တီးခဲ့ရင် ၈၈၈၈ ပုံစံ ရောက်သွားနိုင်တယ် ဆိုတာလဲ သတိထားကြပါ။
    ReplyDelete
  4. မီးမရတာကိုအကြောင်းပြပြီး ဆူပူအောင်လုပ်နေသလိုပါပဲ
    အေးချမ်းစွာနေထိုင်နေတဲပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေသလိုပဲ
    ReplyDelete
  5. Myanmar Express News သတင်းထဲမှာဖတ် ကြည့်ကြပါ။
    မီးလာစေခြင်ရင် ဆန္ဓပြုရမည့် အချက်(၄)ချက်ပါရှိပါတယ်။
    သဘောထားကတော့ အဲဒိ အတိုင်းပါဘဲ-မီးပြန်လင်းလာပါလိမ့်မယ်။ ပညာပေးထားတာပါ။
    သဘောမပေါက်ကြတာအံ့စရာကြီးပါ။
    ReplyDelete
  6. Myanmar Express News သောက်ဆင့်မရှိတဲ့ သူခိုးဆိုဒ်များ လာကြေငြာနေသေးတယ် သောက်ရှုး
    ReplyDelete
  7. မီးမလာတာကတော့ ကြာခဲ့ပါပြီ ဓါတ်တိုင်မိုင်းထိတာ အခုမှပါ ရှက်တတ်ယင် လူလိုနားလည်ယင် လူလူချင်း စာနာတတ်ယင်
    တာဝါတိုင် မိုင်းထိတဲ့ကိစ္စနဲ့ ဖြေရှင်း နေတာကို
    ရပ်တန်းကရပ် လိုက်ပါ
    ReplyDelete
  8. မြန်မာပြည်သူတွေ မီးမရပေမယ် မြန်မာနိုင်ငံ
    အနှံအပြားမှာ အိမ်ရှေ့က မြောင်းတောင် အလွတ်မပေးဘူ ရေတွေ့တာနဲ့ ရေအားလျှပ်စစ်
    စီမံကိန်းလုပ်ဖို့ ကြိုးစားနေကြတယ် ဆိုတာ ပြည်သူတွေရိပ်စားမိမှာပါ ဒါနဲ့ပတ်သက်လို့ ကြား
    သမျှ မြင်သမျှလေး တင်ပြချင်ပါတယ် ။
    တခြားမဟုတ်ပါဘူး ကော်မရှင်ခ ပွဲခဆိုတာ လူတိုင်း သိကြမှာပါ ။ပြည်ပ ကုမ္မဏီတွေက မြန်မာပြည်မှာ သူတို့အလုပ်ရယင် အမြတ်ငွေပေါင်းများစွာရ ကြတယ်လေ ဒီလိုမျိုးအမြတ်ငွေရတော့လည်း ၀န်ကြီး ညွှန်ချုပ် စတဲ့ သူတွေကို ခုနကပြောတဲ့ ကော်မရှင်ခတို့ ဘာတို့ ပေးတာပေါ့ ။ဒီရလိုမှု
    လောဘတွေဟာ မြစ်ဆုံ စီမံကိန်းတို့ ရဲရွာစီမံကိန်းတို့ သောက်ရေခတ်စီမံကိန်း တို့ ဖြစ်လာတော့တာပါဘဲ။
    မြစ်ဆုံစီမံကိန်းကို ကြည့်ပါ မဖွယ်မယာ မြန်မာ့ရေမြေ သဘာဝကို ကိုယ်ကျိုးအတွက် ဖျက်စီးဖို့ ကြိုးစားမှု တစ်ခဖြစ်သလို ရဲရွာစီမံကိန်းဆိုလည်း အပြာတခြား အလုပ်တခြား ပါဘဲ မြန်မာ ပြည်တ၀ှမ်းမီးမပေးနိုင်တာမပြောလိုပေမယ့် မြန်မာပြည် အလယ်ပိုင်းလေးတော့ ပေနိုင်သင့်တာပေါ့ ခုတော့မဟုတ်ပါဘူး သူတို့လုပ်တဲ့စီမံကိန်းက သူတို့ အကျိုးစီးပွား
    အတွက်ပါ။
    ဦးအောင်ကိုးရွှေလက်ထက်ကစပြီး ညွှန်ချုပ်အဆင့်ဆင့်ကြည့် ရဲရွာ ကကောင်တွေချည်းပါဘဲ ပြည်သူတွေသာမီးမရတာ ရဲရွာက ကားသမားမယားကြည့် လက်ကောက်က တံတေါာင်ဆစ်မကဘူး သူတို့သားသမီးတွေကအစ ကျောင်းထားတာ
    ILBC နေပြည်တော်မှာဆို စိုးစံ ကအနည်းဆုံး
    ဘယ်မှာလဲ အုပ်ချုပ်ရေး သေသပ်ကျနမှု ရီစရာကောင်းတာက ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတဲ့လွပ်လပ်မှုဟာ သူတို့လို တကိုယ်ကောင်းတွေ အဆင်ပြေစေ ကောင်းစားစေဖိုအတွက် ဖြစ်သွားတာပါဘဲ။
    ကြားဖူးမှာပေါ့ ဘယ်သူသေသေ ငတေဆိုတာလေ ခုလည်း ငတေလို့ပြေရမယ် ၀န်ကြီးနဲ့ မသမာသူ ၀န်ထမ်းတစ်စုဟာ နိုင်ငံတော်အကြီးအကဲများ ရဲစောင့်ရှောက်မှုနဲ ကျန်မားပကတိ မူလနေရာအသီးသီးမှာ ကောင်းမွန်စွာရှိနေကြောင်း အမင်္ဂလာ မကောင်းသတင်း ကိုပြည်သူများကိုယ်စား
    ကြေငြာမောင်းခတ်လိုက်ရပါသည်။
    ReplyDelete
  9. မြန်မာနိုင်ငံဝန်ထမ်းများနဲ့ ပတ်သက်၍နည်းနည်းလောက် ၀င်ခံစားကြည့်ရအောင် လွန်ခဲ့သော လအနည်းငယ်လောက်ကပေါ့ ပြည်ထောင်စုဝန်ထမ်းရွေးချယ်ရေး အဖွဲမှ ကြီးမှူးကျင်းပသွားသော နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိစာမေးပွဲလေး အကြောင်းကို သဓကထား တင်ပြလိုပါတယ်။
    ဦးစွာ ဒီစာမေးပွဲဖြစ်ပေါ်လာရခြင်းအကြောင်းတင်ပြရမှာပါ တကယ်တော့ဒီစာမေးပွဲဟာ လိုချင်မှလည်းလိုအပ်မှာပါ ဘာကြောင့်လည်းဆိုတော့ စာမေးပွဲကျင်းပစရာမလိုသော လုပ်သက်ပြည့် ကျွမ်းကျင် ၀န်ထမ်းပေါင်းများစွာ ဟာယက္ခုကျင်းပလိုက်သော ရာထူးကို နှစ်ပေါင်းများစွာ အချိန်ပေါင်းများစွာ ရင်းနှီးပြီးစောင့်မျှော်နေခဲ့ကြရတယ်ဆိုတာ ကာယကံရှင် ၀န်ထမ်းများစွာနဲ့ ဒီဌာနက လူတော်တော်များများအသိဆုံးဖြစ်လို့ပါဘဲ တကယ်တော့ဒီဌာနဟာ အခွင်ထူးခံနေတယ်ဝန်ကြီးဌာနဆိုယင်လည်းမမှာပါဘူး၊ ဒါပေမယ့်ထားပါ ဒါတွေပြောနေလို့မပြီးတာကြောင့် အဓိက ကိုသာတင်ပြပါရစေ။ ဆိုရယင်ပေါ့ ဒီဌာနမှာ ၀င်ပြီဆို ဘယ်ဝန်ထမ်းသားသမီးမဆို အောက်ခြေ ရုံးစေဘ၀ကစကြရတယ် ဒီကမှတဆင့် လူကြီးကြိုက်ယင်ကြိုက်သလို ၊ ပညာပိုင်းဆိုင်ရာဘွဲကောင်းယင်ကောင်းသလို
    ရာထူးတိုးမယ် ဒါမှမဟုတ် သေလုမြောပါးလုပ်သက်ကြောင့် မပေးမဖြစ်ရာထူးတိုးပေးမယ် ဒါပါဘဲ ။ခုကိစ္စကတော့မဟုတ်ဘူး အထူးလုပ်ဆောင် ချက်တစ်ခုဖြစ်သွားတယ် ၀န်ကြီး ဒုဝန်ကြီး ညွှန်ချုပ်သားသမီးများ ရာထူးကောင်းကောင်းနေရာ ကောင်းကောင်းရရှိရေးအတွက် သိက္ခာမယ့်စွာ ၀န်ထမ်းရွှေးချယ်ရေးအဖွဲနဲ ပူးပေါင်းကြိုတင်ကြံစည်မှု လို့ယူဆရသော မသမာသောလုပ်ဆောင်မှုတစ်ခုသာဖြစ်ပါတယ်။ ထူခြားဖြစ်ဆင်များကတော့ ဘာမှမဖြေလိုက်ရသော ၀န်ကြီးအဆင့်၏သမီးတစ်ဦး ရဲချုပ်ရုံး ရာထူးတော်တော်ကြီးကြီး နှင်ပတ်သက်သော
    မိန်းခလေးတစ်ဦးက အသက်တောင်မပြည့်မှီဘဲ အောင်မြင်သွားခြင်း လည်းကောင်ဌာနမှ ရာထူးကြီးကြီး များ၏ ဆွေမျိုးများ ၀န်ထမ်းရွေးချယ်ရေး စာမေးပွဲကြီးကို တစ်ကြိမ်တစ်ခါနှင့် အလွန်ထက်မျက်လှစွာ အောင်မြင်သွားကြခြင်း စတယ့်အချက်တွေဟာ ထင်ရှားသော မသမာမှုများဖြစ်နေပါတယ် ဒါတွေကို အကြောင်းစစ်လိုကတော့ စီစစ်ရေးတာဝန်ခံအဖွဲများမှ သတ်မှတ်မေးခွန်များအား ထိုသို့သောပုဂ္ဂိုများမှ ၂၄နာရီကြိုတင်ရရှိထားခြင်း လူတွေ့စစ်ဆေးရာတွင် သက်ဆိုင်ရာစာဖြေသူများအား ခက်ခဲမှုအထူးမရှိစေရန် ဆွေမျိုးများ အကြောင်း မိဘများ၏ရာထူးအကြောင်များသာမေးမြန်းခဲသည်ဟု ထိုစာဖြေသူများထံမှတဆင့် ရင်နင့်ဖွယ်ရာ ကြာသိခဲရပါသည်။
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။