သတင်းစာကိုင်သော် ဓာတ်လိုက်တတ်၏
သတင်းစာဖတ်သော် အလင်းရောင်ထွက်၍
မျက်စေ့ ပျက်တတ်၏။
သို့သော်ငြားလည်း
မီးမလာခဲ့သည်မှာ ကြာခဲ့ချေပြီ။
ဆောက်ခဲ့လေသော ရေအားလျှပ်စစ်ပေါင်း မြောက်များစွာ
ယနေ့ထက်တိုင် အပြီးမသတ်နိုင်သေး။
ပြည်ပသို့ရောင်းစားသည့် ရွှေလီရေအားလျှင်စစ်
အရှင်မွေး၍ နေ့ချင်းကြီး ဆိုသကဲ့သို့
ချက်ချင်းပြီးခဲ့လေသည်။
ရေအားလျှပ်စစ် ရေနံ သဘာဝဓာတ်ငွေ့
အခြေခံစွမ်းအင်နှင့် သယံဇာတ
ပေါကြွယ်ဝသောမြန်မာနိုင်ငံ
အာဏာပိုင်တို့ ဒေါ်လာမက်၍
ပြည်ပသို့ရောင်းစားခဲ့သည်။
တိုင်းပြည်က ချမ်းသာပြီး
ပြည်သူမှာ ဆင်းရဲနေသည်။
ထိုအချက်က
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေ၏။
ပြည်တွင်းမှာ သုံးမကုန်အောင်ပိုလျှံလွန်းလို့
ပြည်ပကို ရောင်းစားရတာပါ ဟု
ပြောခဲ့လေသော လျှပ်စစ်ဝန်ကြီး
ဒီမိုကရေစီခေတ်ဦးမှာ
ညအမှောင်တွင်းမှ ပြည်သူအပေါင်းက
ဖယောင်းတိုင်မီးကိုင်၍ တောင်းဆိုလေသောအခါ
ဟိုယခင်လို လိမ်ညာ ဖုံးဖိ ချောက်လှန့် ဖြေသိမ့် ချွေးသိပ် ၍မရတော့
ပြည်သူကလည်း ခံရပေါင်းများလို့ နပ်နေပြီ။
မတတ်သာသည့်အဆုံးမှာ
ထွေးပြီးသားတံတွေး ပြန်မြိုနေရသလို
ရှေ့မျက်နှာနောက်ထား
တစ်မတ်နှင့် ရောင်းခဲ့လေသောလျှပ်စစ်
တစ်ကျပ်နှင့် ပြန်ဝယ်ရလေပြီ။
နစ်နာသည်က ပြည်သူ့ဘဏ္ဍာ
ဆည်တွင်းမှာ ရေမရှိလို့
မီးမပေးနိုင်တာပါ ဟူ၍လည်း
ပြည်သူကို မျက်နှာပူပူနှင့်
မေတ္တာရပ်ခံထားရသေး၏။
ဟိုအကြောင်းပြ ဒီအကြောင်းပြ
ဆင်ခြေဆင်လက် တို့သည်ကား
ရိုးအီနေပြီ ဖြစ်သောကြောင့်
ဘယ်သူကမျှ မယုံတော့။
မိုးကြိုးပစ်သည်ကို ထန်းလက်နှင့်ကာ သကဲ့သို့
တပြည်လုံး၂၄နာရီ အမြန်ဆုံးမီးလင်းရေးအတွက်
မီးစက်ကြီးများ အမြန်ဆုံးဝယ်ယူတင်သွင်း နေပါကြောင်း
ကြေငြာထားသော်လည်း လက်တွေ့မကျ၍
ပြည်သူက မယုံတော့။
စက်ဆီဖိုးများ ကောက်ဦးမှာလားဟူ၍
ပြည်သူအပေါင်းက မေးလာခဲ့သည်ရှိသော်...
လျှပ်စစ်ဟူသည်မှာ ကွန်တိန်နာနှင့်
တင်ပို့လို့ရတာမဟုတ် ဟု ပြောခဲ့လေသူ
သူ့စကားနှင့်သူ ခုတော့
မြွေပွေးပိုးထိ ခံနေရလေပြီ။
နေရဲနီ


ဆရာရယ် အဲဒီဦးဇော်ဖျင်း အကြောင်းကို ကွက်ကွက်ကွင်းကွင်း. မြင်အောင် ကဗျာစပ်တတ်ပါပေတယ်။ချီးကျူးပါတယ်ဆရာ
ReplyDelete"လျှပ်စစ်က ကွန်တိန်နာနဲ့တင်ပို့လို့မရဘူး
ReplyDeleteကွန်တိန်နာထဲထည့်လို့ရမယ့် ကျုပ်သမီးများကို
စတင်တင်ပို့ ရောင်းချပါမယ် အသုံးမပြုပဲ ပိုလျှံနေရင်
ဘာလို့သိမ်းထားမှာလည်း ရောင်းစားရမှာပေါ့ ကျုပ်အလုပ်များလို့ အိမ်မပြန်နိုင်တဲ့ရက်တွေမှာ
ပိုနေတဲ့ မဟေသီကိုလည်း ရောင်းစားဖို့ စီစဉ်နေပါတယ်"
လိုနေအပ်သူများ လာရောက်ညှိုနိုင်းကြပါ
အမှာစာများပေးပို့ပြီးလည်း ဆက်သွယ်နိုင်ပါတယ်
ပုံ
ဇော်မင်း
အမှတ်(၁)လျှပ်စစ်ဝန်ကြီး