လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ပြည်ပနိုင်ငံတခုမှ မြင်ကွင်းမဟုတ်ပါ...။ တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်းမှ စက်ရုံနဲ့ ကွန်ဗေယာလိုင်း မြင်ကွင်းပါ...။ ရွှေလီ(၁) စီမံကိန်းမှ လျှပ်စစ်ဓာတ်အားတွေ ပေးပို့ရာမှာ မြန်မာ၊ တရုတ်ယူနန်နဲ့ တကောင်းတောင် စီမံကိန်းပါဝင်ပါတယ်..။
ဒီစက်ရုံအတွက် ဓာတ်အားတွေ မည်၍ မည်မျှ အသုံးပြုနေပါလဲ..။ ဒီလိုတောကြီး မျက်မည်းထဲမှာ မီးတွေထိန်ထိန်ညီးအောင် ထွန်းညှိထားတာ မည်သည့်အတွက်ကြောင့်ပါလဲ၊ ညဘက်လုပ်ငန်းခွင်လို့ ဖြေဆိုမယ် ဆိုရင်တော့ မီးချွေတာတဲ့ အနေနဲ့ နေ့ဘက်မှာ လုပ်ငန်းခွင် ဝင်လို့ မရပေဘူးလား။ ညဘက်မှ လုပ်ငန်းခွင် လုပ်ပါတယ်ဆိုရင်လည်း ရိုးသားမှုရှိပါရဲ့လား၊ လုံခြုံရေး အကြောင်းပြချက်လို့ ပြောရအောင်လည်း ပစ်မှတ်ကို ရှင်းရှင်းလင်းလင်း မြင်သာအောင် မီးထွန်းပေးထား လေသလား၊ အဆိုပါ စီမံကိန်းမှာ တရုတ်ဝန်ထမ်းတွေ ၆၀ကျော်ရှိပါတယ်...။ ဖယောင်းတိုင်ထွန်းပြီး နေထိုင်နေတာ မဟုတ်ပဲ အခန်းတိုင်းမှာ လေအေးစက်နဲ့ လျှပ်စစ် မီးထိန်ထိန်လင်းလျှက်ပါ..။
ဒီစီမံကိန်းထဲက ရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူတွေ ရရှိခံစားဖို့ ဘေးဖယ်ထား၊ သိရှိခွင့် ရှိပါလေလား..။ ဖြုန်းနေတာလား သုံးနေတာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဒီမြင်ကွင်း မှတ်တမ်းတွေကို ဖြေဆိုပေးဖို့ တောင်းဆိုပါတယ်..။
လျှပ်စစ်ဝန်ကြီးဆိုသူနဲ့ သမ္မတအကြံပေး ဆိုသူတို့ ဖယောင်းတိုင်နဲ့ နေအိမ်မှာ ခြိုးခြံချွေတာပြီး စံပြနေထိုင်ပြပါ။
ဒီမိုဝေယံ
မြန်မာ စကားပုံမှာတော့ မြန်မာအစ တကောင်းကတဲ့ ခုတော့ တောင်ကြောလိုက် တရုတ်ကို ရောင်းစားထားတဲ့ မြန်မာအစဆိုတဲ့ တကောင်းမှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီး တရုတ်ကုမ္ပဏီတွေ နေထိုင်လုပ်ကိုင်နေပြီး မြန်မာပြည်သူတွေကတော့ ထုံးစံအတိုင်း မှောင်နဲ့မဲမဲမှာ ငုတ်တုတ်ပေါ့..။
ဒီထက်ဆိုးတာကတော့ တရုတ်ဝန်ထမ်းတွေ နေထိုင်တဲ့ စက်ရုံဝင်း အပြင်ဘက်မှာ မြန်မာလူမျိုးတွေ ခြံထွက် သီးနှံလေးတွေ ဗန်းလေးတွေနဲ့ ချရောင်းနေရတဲ့ မြင်ကွင်းပါပဲ..။
ယခုမြင်ကွင်းဟာ ယခုလဆန်းပိုင်းက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ..။
ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ အထက်ပါ တရုတ်CNICO ရဲ့ တကောင်းတောင် နီကယ်စီမံကိန်းအား ပေးပို့တဲ့ ဓာတ်အားပမာဏအား ဖော်ပြထားခြင်း မရှိတဲ့ ၂၀၁၂ခုနှစ် မတ်လ(၂၈)ရက်နေ့စွဲပါ တစ်လတာ အစီရင်ခံစာ..
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ ယခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ ကနေ မတ်လ(၂၅)ရက်အထိ မြန်မာ၊ ယူနန်နဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို မီးအားပို့လွှတ်တဲ့ အစီရင်ခံစာပါ..။ ထူးခြားတာကတော့ အထက်ကအတိုင်း လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေတဲ့ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတဲ့ အချက်ပါပဲ..။



"အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်တို့ ဖြေရှင်းပေးပါ..."
ReplyDeleteရေးသားဖော်ထုတ်ချက်တွေအတွက် လေးစားပါတယ် ကိုဒီမို
ကိုယ်ကျိုးရှာ စစ်အရေခွံလဲ သန်းရွှေရဲ့ အိမ်တော်ပါ ငယ်ကျွန်ကြီးတွေနဲ့ပေါင်းပြီး တောကြီးမျက်မည်းထဲမှာ မီးတထိန်ထိန်နဲ့ သယံဇာတွေကို သူခိုးဈေးနဲ့ တရုတ်တွေ ရသလောက်ထုတ်ယူနေပါလား။
ReplyDeleteကိုဒီမိုရေ စစ်အာဏာရှင်တွေ တကယ်ဖင်တုန်အောင် ကြောက်တာက မီဒီယာသမားတွေကိုဘဲဗျ။ အထူးသဖြင့် အွန်လိုင်းမီဒီယာပေါ့။ ပြည်တွင်းထုတ် ဂျာနယ်တွေကတော့ အစွမ်းကုန်သတင်းပေးချင်ပေမဲ့ မသူတော် ကျော်ဆန်းကြီးက ခုထိ ချုပ်ကိုင်နေဆဲဗျ။
သမတကြီးနဲ့ ဦးရွှေမန်းတို့တောင် ဆင်ဆာကတ်ကြေးစာမိလို့ စိတ်ပျက် ညီးညူနေကြပြီ။
ဗိုလ်နေ၀င် ဗိုလ်သန်းရွှေတို့ ခေတ်ကလို မီဒီယာကို ပိတ်လို့ မရတော့ဘူး။ နည်းပညာတွေက အရမ်းကို ခေတ်မီနေပြီ။
ပြည်မြို့က ၂၄-နာရီ မီးရရှီရေးလှုပ်ရှားသူတွေ့ကို စစ်အစိုးရ အမိန့်အရ ရဲတွေက အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးတဲ့ ဗီဒီယိုဖိုင်ကို မြင်ရတာ စိတ်ဆင်းရဲလှပါတယ်။
မီးပြတ်၊ ရေငတ်တာကို ပြည်သူတွေ ရာစုနှစ် ၅ ခုနီးပါး ခါးစည်းပြီး ခံနေခဲ့ကြရလို့ သမတကြီး ဦးသိန်းစိန် ကောင်းမွန်သန့်ရှင်းသော အစိုး၇ကို အားကိုးပြီး ဆန္ဒထုတ်ဖော်ကာမှ နံပါတ်ဒုတ်နဲ့ရိုက် ထိုးကြီတ်ပြီး အတင်းဝင်ဖမ်းတာ၊ အမျိုးသမီးကို သုံးရစ်နဲ့ ရဲတစ်ယောက်က တွန်းထိုးပစ်တာတွေကို အွန်လိုင်းမှာ မြင်ရမှ သမတကြီးနဲ့ စစ်ဗိုလ်တွေမှာ ဆပ်ပြာလိုအပ်နေတယ် ထင်ပ။ ညစ်ပတ်ဆဲ၊ ယုတ်မာဆဲ။ ရိုင်းစိုင်းယုတ်မာဆဲဖြစ်နေပါတယ်။
အမေစုပြောသလျို ခု ချက်ချင်းတော့ ဖြစ်မလာနိုင်ဘူး။
နေ၀င်း၊ သန်းရွှေ ဖက်ဆစ်ကြီး နှစ်ယောက်က တပ်မတော်ကိုရော၊ တိုင်းပြည်ကိုပါ အကျင့်ဆိုးတွေနဲ့ ပြည်သူကို နိုင်လိုမင်းထက် ဗိုလ်ကျအုပ်ချု့ပ်စေဘို့ လေ့ကျင့်သင်ကြားပေးထားခဲ့လေတော့ လက်နက်ကိုင်တွေက ပြည်သူကို သူတို့စစ်ဘိနပ်အောက်က လူတန်းစားလို့ ထင်နေတဲ့ အစွဲကြီးက လွယ်လွယ်နဲ့ကျွတ်ဘို့ မလွယ်ပါ။
သမတကြီးပြောတော့ ခေတ်နောက်ပြန်ဆွဲနေသူတွေကို လက်တွဲဖြုတ်နောက်မှာ ချန်ထားခဲ့မယ်ဆိုဗျ၊
ReplyDeleteခုတော့ ဦးဇော်မင်းလို သွားလေသူ ဦးသန်းရွှေရဲ့ အမာခံ ခေါင်းမာဂိုဏ်းသားတွေက သမတကြီးရဲ့ ခေတ်မီနိုင်ငံ၊ သန့်ရှင်းသော အစိုးရဖြစ်မလာအောင် နှောက်ယှက်
ဟန့်တားနေတာတွေ ထင်ရှားလာပါပြီခင်ဗျာ။
လျှပ်စစ်မီးတွေ အပြည့်အ၀ ရရှိပြီး ပြည်ပရင်းနှီးမြှုတ်နှံမှုတွေ စက်ရုံ အလုပ်ရုံတွေ ရောက်လာပြီး အလုပ်သမားတွေ လူငယ်တွေ သူတပါးနိုင်ငံမှာ ကွန်သဘောက်သာသာ အဆင့်နဲ့ အနှိမ်ခံနေရတဲ့ ဘ၀က ကျွတ်လွတ်ပြီး တိုင်းပြည်တိုးတက်ရေး ပြည်တွင်းမှာ အလုပ်တွေလုပ်မယ်လို့ အားခဲထားခဲ့တဲ့ စိတ်ကူယဉ်အိပ်မက်တွေကို ဦးဇော်မင်းက ရိုက်ချိုးဖျက်ဆီးလိုက်ပါပြီ။
သမတကြီးက သူတို့ကို နောက်မှာ ချန်ထားခဲ့တာ မဟုတ်ဘဲ။ အယူသီး ခေါင်းမာဂိုဏ်းက သမတကြီးကို နောက်မှာ ချန်ထားခဲ့လေပြီလားလို့ ပြည်သူများ ထင်ယောင်ထင်မှား သံသယပွါးနေကြောင်းပါ။
ဦးကိုကိုလှိုင်ကို စစ်တပ်က မိန်းမကိစ္စနဲ့ ထုတ် ထားတာပါ။ မိန်းမတစ်ယောက်ရဲ့ နွံထဲကတောင် မရုန်းနိုင်တာ သမ္မတကို ဘယ်လိုအကြံ အဥာဏ်တွေ ပေးလဲ မသိဘူး နော်။
ReplyDeleteမှန်ပါတယ်။ အဲဒီဦးကိုကိုလှိုင်ဆိုတဲ့ လူကို မယားငယ် ယူလို့ စစ်တပ်ကနေ အထုတ်ခံထားရတာပါ။
ReplyDeleteကျွန်တော်တို့ သိပြီးသား နားရည်ဝပြီးသား စကားလိုပါပဲ ဆန္ဒတွေမစောကြပါနဲ့ 5 နှစ်ပြည့်ရင် ဆင်းမှာ ခေါင်းနဲ့ အ၀ီစိထိကို
ReplyDeleteကျွန်တော်သိသလောက်ဆို ရွှေလီကလာတဲ့တကောင်း လိုင်းကို KIA ကမှိုင်းခွဲထားတာ june 2011 ထဲကပါ may 8 ,2012 ကမှပြလို့ပီးတာပါ... အဲဒါကြောင့် အစီရင်ခံစာမှာ တကောင်းတောင် နီကယ် စီမံကိန်းသို့ ဓာတ်အားပို့လွှတ်မှုအား ဖော်ပြထားခြင်း မရှိတာပါ.....
ReplyDeleteကိုဒီမိုရေ....အဲဒီနှစ်ကောင်လုံးက လူမှန်နေရာမှန် မဟုတ်ဘူးဗျ....ရွာနာတယ်ဗျာ...ထွီ..
ReplyDeleteတကောင်းတောင်စီမံကိန်းအတွက် မီးကို ရွှေလီကမယူဘဲ ကိုယ်ပိုင်မီးစက်နဲ့ ထွန်းနေတာလဲ ဖြစ်နိုင်တာပဲ
ReplyDeleteလူကြီးများ ရှင်းပြပေးပါ
ညဖက်မီးထွန်းတာ သူခိုးကြောက်လို့နေမှာပေါ့ဟ
ReplyDeleteတရုတ်တွေလည်း ခိုးနေတာ မဟုတ်ကြောင်း ပြဖို့
အစိုးရကလည်း ရှင်းပြဖို့လိုတယ်
ကိုယ်တိုင်ဝင်ခိုးတဲ့အထဲပါရင် တော့
အင်း
ငါတော့ မခိုးဖူးဘူး
သည်းခံကြပါ ပြည်သူများ ခင်ဗျာ ဒီသမ္မတကလည်း ထင်သလောက် မဟုတ်ရိုးအမှန်ပါ။
ReplyDeleteအင်း...ဦးကိုကိုလှိုင်..ဆိုတာ အာရွှဲ့နေတဲ့သူလား..ရုပ်ကိုကြည့်ပါလား..အကျန်ပဲရမှာပေါ့..သူဆီက ဘယ်လိုအကြံတွေရလဲတော့မသိဘူးဗျာ...လူတွေအကြောင်းလူလိုနာမလည်သေးတဲ့လူလို့တော့ကျနော်ထင်တယ်..ဘာလို့လဲဆိုတော့..သူ့အရိပ်လောက်သူကြည့်ပီးပြောနေတဲ့လူဗျ..ဂျပန်အကြောင်း..ဂျပန်ရဲ့အခြေအနေကို..သူသိသလောက်..ကျနော်တို့နိုင်ငံနှင့်သူလာယှဉ်နေတာ..ဟိုမှာကပိုတာတွေကိုလျှော့လိုက်တာ..ဒီမှာကမရှိတာကိုထပ်လျှောခိုင်းနေတာ..ကျနော်တို့နိုင်ငံအကြောင်း..မသိချင်ရောင်ဆောင် .ကနော်တို့ပြည်သူတွေရဲ့အခြေအနေ...မလေံလာ..ကျနော်တို့ရဲ့ခံစားချက်တွေကို..မစာမနာလက်လျူရှုပြီး ..အကြံပေးနေလို့ကတော့...ဘယ်လိုလုပ်ကြမလဲ...ကျနော်တို့ကံကောင်းတယ်ဆိုရင် ..ဒီလူမရှိမှအေးမှာ
ReplyDelete