Pages

Saturday, May 26, 2012

စစ်ကိုင်းမြို့မှ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းညှိ ဆန္ဒဖော်ထုတ်သူများ အဖမ်းဆီးခံရ

စစ်ကိုင်းမြို့မှ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းညှိ ဆန္ဒဖော်ထုတ်သူများ အဖမ်းဆီးခံရ

၂၅ရက်နေ့ ညက စစ်ကိုင်းမြို့တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်ခဲကြသူ ပြည်သူများထဲမှ လူငယ်(၇)ဦးအား စစ်ကိုင်းရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရပါသည်။ အဆိုပါ အဖြစ်အပျက်အား ဆက်သွယ် မေးမြန်းလိုလျှင် စစ်ကိုင်းရဲစခန်းနှင့် စစ်ကိုင်းမြို့နယ် လျှပ်စစ်ရုံး ဖုန်းနံပါတ် 072-21501 072-22666 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

မနေ့က စစ်ကိုင်းမြို့မှ ဖယောင်းတိုင် ထွန်းညှိ ဆန္ဒထုတ်ဖော်တဲ့...သတင်း (ပေးစာ)

25/5/2012 ည(၇ နာရီခွဲ)အချိန်ခန့်က စစ်ကိုင်းမြို့အလယ်ရှိ ဈေးရှေ့လမ်းဆုံတွင် သတ်မှတ်ခွဲတမ်းပင် ပြည့်မှီအောင် မပေးတော့သော လျှပ်စစ်မီးဖြန့်ဝေနေမှုကို ဆက်လက်ပြီး ကြိတ်မှိတ်မခံစားနိုင်ကြတော့သော စစ်ကိုင်းပြည်သူလူထုမှ ဖယောင်းတိုင်များထွန်းညှိကာ ငြိမ်းချမ်းစွာဆန္ဒ
ထုတ်ဖော်ပြသ ခဲ့ကြပါသည်။

ပူပြင်းသောနွေအပူကို ခံစားနေရသော မြို့သူလူထုကို သက်ရှိလူသားများဟု သတ်မှတ်၍ စာနာမှု
ထားရန်ကိုပင် မေ့လျော့လစ်လျှူရှုနေပြီး တချို့သောနေရာများ အထူးသဖြင့် ဘောင်းဘီဝတ် လူတန်စားများ၏ နေရာများသို့ (၂၄)နာရီနီးနီး လျှပ်စစ်မီး ပေးဝေထားရာ စစ်ကိုင်းလျှပ်စစ်ဌာနကလည်း
အခွင့်ထူးခံ အဖွဲ့များအဖြစ် မြင်သာစေအောင် တမင်မီးမောင်း ထိုးပေးနေသလား ထင်မှတ်နေရပါသည်ပါသည်။

ကျနော်တို့စစ်ကိုင်းဖက်တွင် ယခင်နှစ်တွေက ဆရာတော်ကြီးတပါး၏ အိပ်မက်ကြောင့် ဘီလူးမစားစေရန် ဘဲဥစားပြီး ဖယောင်းတိုင်များ ထွန်းညှိဖူးခဲ့ကြပါသည်။ ယခုနှစ်မှာတော့ ယခင်နှစ်တွေနှင့်မတူ ဘီလူးရန် ထက်ဆိုးသည့် လျှပ်စစ်မီး ပျက်မှုဒဏ် မခံနိုင်တော့သည့် စစ်ကိုင်းသားများမှ ဖယောင်းတိုင်များ ထွန်းညှိကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်...။


ဖယောင်းတိုင်မီးဖြင့် ခရီးဆက်နေရသူ စစ်ကိုင်းသားလေး

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။