ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား
ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တဝှမ်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေမှုကို အစိုးရ သတင်းဋ္ဌာနတွေမှာ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ တာဝါတိုင်များအား KIAမှ မိုင်းခွဲမှုကြောင့် လျှ...ပ်စစ်မီးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသယောင် ရေးသားဖော်ပြနေပါတယ်...။
ဒီမိုဝေယံမှ လက်ခံရရှိထားပြီး အထက်ပါ ဖော်ပြမယ့် စာကတော့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထိးချိုင့်မြို့နယ် တကောင်းတောင် နီကယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ ပေးစာ ဘာသာပြန်ထဲက တစိတ်တပိုင်းကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။ (အထက်ပါ စာနဲ့ အတူ ဓာတ်ပုံသတင်းများ ဆက်လက်ဖော်ပြပေးပါမယ်..)
အဆိုပါ တရုတ်CNICO ကုမ္ပဏီရဲ့ သက်ဆိုင်ရာသို့ ပေးစာထဲမှာ နယ်မြေတာဝန်ခံများနဲ့ လုံခြုံရေးများသို့ ဗျူဟာတောင်းခံထားတဲ့ စာဖြစ်ပြီး ရွှေလီ၊ တအူ၊ တကောင်း လျှပ်စစ်တာဝါတိုင်များအား စစ်ဆေးကြည့်ရှုမယ့် တာဝါတိုင် အမှတ်စဉ်တွေကို ဖော်ပြထားတာ တွေ့ရှိရမှာပါ...။ ဇန္နဝါရီလထဲက ကြိုတင်ပြင်ဆင် စစ်ဆေးမယ့် တရုတ်ဝန်ထမ်းတွေ အတွက် နယ်မြေ လုံခြုံရေးအတွက် ထိုစဉ်ကတည်းက ရယူထားပြီး ဖြစ်ပါတယ်..။ တာဝါတိုင်တွေ ပြင်ဆင်မယ့် တရုတ် ဝန်ထမ်း အရေအတွက်ကတော့ Passport ဖြင့်ဝင်သူ ၄၄ဦး Border Pass ဖြင့်ဝင်သူ ၇ဦးနဲ့ ကုမ္ပဏီ ထောက်ခံမှုဖြင့် ဝင်သူ ၄၄ဦး ပေါင်း (၉၅)ဦးရှိပါတယ်..။ (အဆိုပါ စာရင်းအား ဖော်ပြပေးပါမယ်..) ဒီလောက် နိုင်ငံခြားသား တရုတ်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ဗျူဟာတခု တောင်းခံပြီး လုံခြုံရေး ရယူစဉ်မှာ တာဝါတိုင်တွေ မိုင်းခွဲခံရတယ် ဆိုတာ စဉ်းစားစရာပါ..။
အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈)တို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်..။ ယခုစာမှာ အဆိုပါ တာဝါတိုင်များ စစ်ဆေးမယ့်အထဲမှာ ပါပြီးသားပါ...။ ယခင် ဖော်ပြခဲ့သလို အဆိုပါ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ မြန်မာပြည်တဝှမ်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဆိုတဲ့အချိန်မှာ ရွှေလီကပို့လွှတ်တဲ့ တကောင်းနီကယ် စီမံကိန်းမှာတော့ လင်းထိန်နေတဲ့ မေလ (၁၅)ရက်နေ့က မြင်ကွင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မယ်..။ KIA မိုင်းခွဲတာ ဖြစ်လည်း ဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ပါ..။ မိုင်းခွဲခံရတယ် ဆိုလည်း မိုင်းအမျိုးအစား ပတ်ဝန်ကျင် ပျက်ဆီးမှု အသေးစိတ်ကို ဖော်ပြပေးသင့်ပါတယ်..။ (၂၄)နှစ်လုံးလုံး ရွှေသမင်ဘယ်က ထွက်ဆိုတာ ကျတော်တို့ ခံရပါများလို့ သိရှိပြီးသားပါ...။ ဒီစာပါ အကြောင်းအရာများအရ ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်ကိစ္စကို ကျတော်တို့ မျက်စိဖွင့်ပြီး ယုံကြရမယ့် အနေအထားပါ...။
မုန့်လုံး စက္ကူကပ်သလို လုပ်ပြီး ရောင်ခြည်တော်နဲ့ ရောမလွှတ်ပါနဲ့..။ လျှပ်စစ်မီးပုံမှန်မရတာ ရွှေလီဓာတ်အားပေး စက်ရုံ ပြီးစီးတဲ့ ၂၀၀၉ခုနှစ် မတိုင်မှီ နှစ်ပေါင်း ၂၀ကျော်ကတည်းကပါ...။ ရွှေလီကထွက်တဲ့ ရေအားလျှပ်စစ်ကို တရုတ်နဲ့ ပြည်တွင်းကို ရောင်းချရငွေ ဒေါ်လာ ၂၅၅သန်းကျော် ရရှိခဲ့ပြီးပါပြီ။ ပြည်သူတွေ အကျိုးခံစားခွင့်ဆိုတာ ဘေးထား သိရှိခွင့် ရရှိခဲ့ပါရဲ့လား..။ မိုးမရွာလို့ လျှပ်စစ်မီးမရတာ၊ တာဝါတိုင် ချိုးခံရလို့ပါဆိုတဲ့ ကင်ဆာရောဂါကို ပရုတ်ဆီအဆင့်နဲ့ မကုပါနဲ့တော့.. နောင်လာမယ့် နှစ်တွေအတွက် ဘာများ ပြင်ဆင်ထားပါသလဲ..။ ဆီပေးမှ ဆန်ရမယ် ဆိုပြီး တနေ့ ၆နာရီလောက်တောင် မရတဲ့ လျှပ်စစ်မီးကို ဖယောင်းတိုင်ထွန်းပြီး ချွေတာဖို့ စော်ကားတဲ့ စကားတွေ ရပ်တန်းက ရပ်ကြပါတော့...။ ရာထူးယူပြီး တာဝန်မယူနိုင်ရင် လုပ်နိုင်တဲ့ပညာရှင်တွေကို လက်ဆင့်ကမ်းပြီး ထွက်ကြပါတော့လို့ တိုက်တွန်းရင်း ပြည်သူတွေ မသိဆိုပြီး အချဉ်မလုပ်ကြပါနဲ့ သိတဲ့သူတွေ ဖော်ထုတ်မယ့် သူတွေ ရှိနေကြောင်း အသိပေးလိုက်ရပါတယ်.. မင်းကြီးတာက ပုဂ္ဂိုလ်များ ခင်ဗျား..
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..
ဒီမိုဝေယံ
တရုတ်CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/05/blog-post_26.html

ထင်တော့ထင်သား ခွေးသားတွေ လိမ်နေတာလို့  လိမ်လို့ ကို မပြီးနိုင်ဘူး
ReplyDeleteမီးပြတ် မီးပျက်တာက (၈၈)အရေးတော်ပုံကြီး မတိုင်မီထဲကပါ။ အရေးအခင်းကာလမှာ တော်လှန်ရေးကျောင်းသားများ၊ရဟန်းသံဃာ၊ရပ်မိရပ်ဘတို့ မြိုရွာများကိုအုပ်ချုပ်တော့ လျှပ်စစ်ဓါတ်အားတွေ ဘယ်ကထွက်လာမှန်းမသိ၊ မီးတွေ မြို့ပြတွေမှာ ထိန်ထိန်လင်းနေခဲ့ပါတယ်။
ReplyDeleteကိုမင်းကိုနိုင်တို့ ကောင်းကောင်းမှတ်မိပါလိမ့်မယ်။
ဒါက ဘာကိုသက်သေပြသလဲဆိုတော့ မဆလခေတ်အစိုးရနဲ့ဝန်ထမ်းများက
ငွေအကြံအဖန်ထွက်လာအောင် တမင်မီးကိုဖြတ်ထားခဲ့တယ်ဆိုတာပါဘဲ။
နအဖခေတ်မှာတော့ ဖားတွေကလဲ မအော်၊ သိကြားမင်းကလဲ မိုးရွာချမပေးလို့ဆိုပြီ့း နအဖစစ်ဗိုလ်ချုပ်ကြီးတွေက မိုးပေါ်ကို လက်ညှိုးထိုးပြီး တရားခံရှာနေကြပါတယ်။
လောလောဆယ် ကေအိုင်အေကို လူမျိုးတုန်းစစ်ပွဲကြီး ဆင်နွှဲနေချိန်ဆိုတော့ မီးမလာတာကို ဗိုလ်ချုပ်ကြီးတွေက သူတို့အပေါ်အပြစ်ပုံမကျအောင် ကေအိုင်အေကိုလဲ အကြမ်းဖက်အဖွဲ့ပုံပေါ်အောင် ကေအိုင်အေဖောက်ခွဲလို့ ဓါတ်တိုင်လဲကျလေဟန် မိုးလုံးပြည့်မုသာဝါဒတွေကို ကျော်ဆန်းကနေ
တဆင့်ထုတ်ပြန်တော့တာပါဘဲ။
ဒါပေမဲ့ ကုန်းတွင်းပိုင်းရော၊ ပင်လယ်ထဲကပါ အလျှံပယ်ထွက်ရှိနေတဲ့ သဘာဝဓါတ်ငွေ့နဲ့ ရေနံသိုက်များအကြောင်းကိုတော့ တစ်လုံးတစ်ပါဒမျှ မပြောပါ။ သူတို့စစ်အာဏာရှင်ကြီး နှစ်ရှည်စာချုပ်တွေနဲ့အပြတ်ရောင်းစားပြီး ခိုးယူသွားပြီးဖြစ်နေလို့ဖြစ်ပါသည်။
ဗိုလ်သန်းရွှေနဲ့နောက်လိုက်စစ်ဗိုလ်ပျက်များ၊ ခရိုနီခေါ် စစ်တပ်နောက်မြီးဆွဲ စားဖားများကလဲ တိုင်းပြည်ပိုင် စက်ရုံ၊မြေကွက်၊ ဟိုတယ်။ ရုံးကြီးများ၊အစိုးရပိုင်အဆောက်အဦများကို လင်သေကြွေးပူဈေးနဲ့ အကြွေးဝယ်၊ ပြည်ပကုမ္မဏီများ၊တရုတ်သူဌေးများကို လက်လွှဲရောင်းချပြီး ခိုးဝှက်ယူပြီးဖြစ်လို့ နိုင်ငံနှင့်ပြည်သူမှာ တစ်ဦးလျှင် ဒေါ်လာ(၂၀၀) မစားရ မသောက်ရဘဲ ကြွေးတင်နေပါသည်။
နိုင်ငံကို ဦးဆောင်နေသူများသည် ပြည်သူကို ကောင်းစားစေလိုသော စေတနာရှိပါက လူနေမှုအဆင့်အတန်းမြင့်အောင် လုပ်ပေးနိုင်ကြောင်း အိမ်နီးချင်းနိင်ငံများကို
လေ့လာကြည်လျှင်သိနိုင်ပါသည်။
မီးမလာ ရေပြတ် မ၀ရေစာစားရယုံမက လယ်သမားများလယ်တွေကို သေနတ်ပြ ဓမြတိုက်အသိမ်းခံရ။ အလုပ်သမားများကို ပြည်ပဂုတ်သွေးစုတ်
လုပ်ငန်းရှင်များလက်ထဲ လူကုန်ကူးသလိုရောင်းစားပြီး အလုပ်သမားထုအခက်အခဲကို မျက်နှာလွှဲနေသော၊အလုပ်သမားဝန်ကြီး အောင်ကြည်တို့လို စစ်ဗိုလ်ပြုတ်များက ၀န်ကြီးဖြစ်နေခြင်းကား ပြည်သူတို့ ငတ်ပြတ်ခြင်း၏ အကြောင်းပင်ဖြစ်သည်။
တစ်ပြည်လုံးမီပြတ်လျှင် ဘာမှ ပြောစရာမရှိပါ။ ယခုမူ ပြည်ပမှ လာပြီးမြန်မာ့သယံဇာတကို အချောင်နှိက်နေသော တရုတ်စက်ရုံ အလုပ်ရုံကြီးများကို တောကြီးမျက်မဲထဲအရောက် မီးတွေ တထိန်ထိန်ပေးပြီး ပြည်သူများနဲ့ ပြည်တွင်းလုပ်ငန်း
ရှင်တို့၏ စက်ရုံများကို အမှောင်ချ မီးဖြတ်ထားခြင်းကား ပြည်ပအားကို ပုဆိန်ရိုး ဖွတ်အစိုးရနှင့် လူသတ်၊ ထောင်ချ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုး၊ ဆိုးသွမ်းယုတ်မာသော သန်းရွှေအစိုးရတို့သည် သားအဖအစိုးရများပင်ဖြစ်သည်ဟု
ကောက်ချက်ချရတော့မလို ဖြစ်နေကြောင်းပါ။
ရာထူးယူပြီး တာဝန်မယူနိုင်ရင်
ReplyDelete"ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား.." ပို့စ်ကို MG မှာကူးယူဖော်ပြချင်ပါတယ်၊ ဖော်ပြခွင့်ပေးပါခင်ဗျား။
ReplyDeleteအစထဲကလိမ်နေတာ ဗြောင်လိမ်နေတာရှင်းနေတာဘဲ
ReplyDeleteခွေသတောင်းစားတွေ ပြည်သူကို နည်းမျိုးစုံသုံးပြီးလိမ်ညာကောက်ကွေ့ကြတယ် ပြည်သူတွေငအရင်လို မ အ ကြတော့ဘူး
ReplyDeleteအစထဲကလိမ်နေတာ ဗြောင်လိမ်နေတာရှင်းနေတာဘဲ
ReplyDeleteKIA တွေ ဆိုးတာဘဲ ဖြစ်မှာပါ
ReplyDeleteတာဝါတိုင်တွေ မိုင်းခွဲမခံရခင်ကတည်းက ဒီကောင်တွေ စည်းမရှိ ကမ်းမရှိ လမ်းတံတား ရထားတွေ မိုင်းခွဲနေတာ နည်းတာမှ မဟုတ်တာ
အစိုးရတပ်တွေ ဖက်က ဘာလို့ ခွဲရမှာလဲ
သူ့ဟာသူ ငြိမ်နေတာ
KIA ဖက် မီးမရလို့ KIA က အဖျက်အမှောင့်လုပ်တာပေါ့
ကိုယ်ဖက်ရတဲ့ မီးလိုင်း ဘာလို့ ဖျက်ရမှာလဲ
စဉ်းစဉ်းစားစားလဲ လုပ်ပါဦး
ခု နေပြည်တော် လမ်းမီးတွေ ၂၂.၅.၂၀၁၂ ထဲက မရတော့တာဘဲဗျာ
ထင် ပါတယ် အစကတည်းက ..အဲ့လို တော့ မသိ ခဲ့ ဘူးဗျ။ လိမ်နေမှန်းတော့ သိတယ် ။ ဘာဘဲ ဖြစ် ဖြစ် ကျေး ဇူးတင် ပါတယ် ။ အခု လို သိရတာ ။
ReplyDelete