Pages

Tuesday, May 29, 2012

ယနေ့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက မြောက်ဥက္ကလာပ ပြည်သူများရဲ့ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ..

  မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက မြောက်ဥက္ကလာပ လူထုရဲ့ ၂၄နာရီ မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ..

၂၈ရက်နေ့ ည (၇)နာရီက မိုးများ သည်းထန်စွာ ရွာသွန်းနေသော်ငြားလည်း မြောက်ဥက္ကလာပ ပြည်သူလူထုမှ ဖယောင်းမီးများ မငြိမ်းအောင် ကိုင်ဆောင်ပြီး ရည်မှန်းချက်အတိုင်း ၂၄နာရီလျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ ကြပါသည်။

ဓာတ်ပုံ သားစိုးလေးအား ကျေးဇူးတင်ပါသည်..။

2 comments:

  1. စစ်အာဏာရှင်ဗိုလ်နေ၀င်၏ ၂၆-နှစ်ကြာ စစ်ဗိုလ်ကောင်းစားရေးလမ်းစဉ်အစိုးရအား ဖြုတ်ချခဲ့သည့်(၈၈)အရေးတော်ပုံကြီးတွင် မြောက်ဥက္ကလာသားတို့၏ အသက်သွေးများကို ပေးဆပ်ခဲ့ကြသည်။
    သမိုင်းဂုဏ်ရောင်ပြောင်သော မြောက် ဥက္ကလာသားတို့သည် ဗိုလ်သန်းရွှေ စစ်အာဏာရှင် စနစ်ဆိုးကြီးကိုလည်း ဖိနှိပ်ချုပ်ချယ်မှုများပြင်းထန်နေစေကာမူ ခေါင်းငုံ့မခံ တွန်းလှန်ခဲ့ကြပေသည်။
    စစ်အာဏာရှင်တို့၏ သွေးဆာနေသော
    သေနတ်ပြောင်းများမှ ထွက်ပေါ်လာသော ကျည်ဆံများ၊ဒီမိုကရေစီသမားတို့ကို ညှဉ်းပန်းနှိပ်စက်ရာ စစ်ကြောရေးခေါ် ငရဲခန်းများ၊ အရှင်လတ်လတ် အ၀ီစိကိုပို့ပစ်လေ့ရှိသည့်နရသိန်အကျဉ်းခန်းမျာသည် မြောက်ဥက္ကလာသားတို့၏ မဟုတ်မခံစိတ်ဓါတ်ကို ဘယ်သောအခါကမှ ချေမှုန်း ချိုးနှိမ်လို့ မရခဲ့ပေ။
    တစ်ပြည်လုံး မီးမရ၊ ရေငတ်၊ လုပ်ခနည်းလို့ သားသမီးကျောင်းထားဘို့ဝေးစွ ထမင်းကိုပင် နပ်မှန်အောင်မစားရလို့ အမှီုက်ပုံထဲလိုက်ကောက်ရေသော အာရှ၏ သယံဇာတအကြွယ်ဝဆုံးနိုင်ငံကို ဆင်းရဲတွင်းထဲကျအောင်လုပ်နေသော စစ်အရေခွံလဲ ကြံ့ဖွတ်အစိုးရထဲမှ ခေါင်းမာ ထိုင်ခုံမက် ရာထူးမက် ဇော်မင်းကဲ့သို့အကျင့်ပျက ၀န်ကြီးများကို ဖယောင်းတိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်နေသည်ကား မ ဥက္ကလာ၏ ဒူးမထောက်သော စိတ်ဓါတ်ကို ထင်ဟပ်ပြနေပေသည်။

    ReplyDelete
  2. နောက်မှာ မီးချောင်းတွေ လာနေတယ် မဟုတ်လား
    ဘက်ထရီမီးလား

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။