Pages

Sunday, May 6, 2012

ပြည်တွင်းမှ သောက်သုံးရေ၊ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာပြည်သားများအား ဝိုင်းဝန်းကူညီကြပါ...

အောင်ပန်းစိန် ရွာအတွင်း လယ်ထွန်စက်ဖြင့် လာလှူသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောက်ရေ အလှူကို လက်ခံနေကြသော ရွာသားများ (ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖေ့စ်ဘွတ်ခ်မှ)

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်မှ မြန်မာပြည်အတွင်း ရေရှားရာ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးနေပါတယ်..။ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များမှလည်း ကိုယ့်ပြည်တွင်းမှ ကိုယ့်မြန်မာပြည်သားတွေ အတွက် တတပ်တအား ကူညီဆောင်ရွက် လှူဒါန်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ် ခင်ဗျာ...။ (ကိုနေမျိုးဇင်ရုပ်သံအား ညီငယ်ဇေယျာ ပြန်လည် ဖန်တီးဖော်ပြပါသည်)
 
ကိုနေမျိုးဇင် Facebook 

2 comments:

  1. စစ်သားလူထွက်တွေထဲက ရှားရှားပါးပါး သူတော်ကောင်း၊ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓါတ်မျိုးရှိသော ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ဂုဏ်ပြုပါသည်။
    သူလို မှန်ကန်ပြီး ပြည်သူဘက်က ရပ်သော တပ်မတော်ထွက်တွေကို ဗိုလ်သန်းရွှေစစ်အုပ်စုက ကြည့်မရ။ အဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး ကောင်းတာတွေလုပ်မည်ကြံကာ
    ရှိသေး ထောင်နှစ်ရှည်ချခံရ၏။
    ပြည်သူကို နှိပ်စက်၊ အရွယ်မရောက်သေးသော မိန်းကလေးပါမကျန် အဓမ္မပြုကျင့်သူများကိုမူ သန်းရွှေအုပ်စုက သူကောင်းပြုထားသည်မှာ ဆယ်သက်စားမကုန်အောင် ချမ်းသာနေကြပေသည်။

    ReplyDelete
  2. တောသားMay 7, 2012 at 10:40 AM

    ဖွတ်အစိုးရ နှင့် လွှတ်တော်ထဲမှ ၀န်မင်းများ ဘာလုပ်နေကြပါလဲ?...
    ပြည်သူတွေရဲ့ ဘ၀ကို ငဲ့ညှာ သနားကြပါ...
    သောက်သုံးရေကို ရေရှည်အတွက် စီစဉ်ပေးကြရပါမယ်...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။