Pages

Tuesday, May 22, 2012

မန္တလေးမြို့သူ မြို့သားများရဲ့ လျှပ်စစ်မီးရရှိရေး ချီတက် ဆန္ဒထုတ်ဖော်ပွဲ (ဒုတိယနေ့ည မြင်ကွင်းများ)

အချိန် ၉ နာရီဝန်းကျင်က မန္တလေးဘူတာကြီးရှေ့ ခဏရပ်နားစဉ် တွေ့ရတဲ့ မန္တလေးလူထု..
၂၆ လမ်းအတိုင်း ချီတက်ဆန္ဒပြလာသူအချို့ ၂၆ လမ်းအတိုင်းချီတက် ဆန္ဒပြလာသူအချို့ ဒီနေ့ည ဆိုင်းပုဒ်တွေပါတယ်။ “ဒီမိုကရေစီနောက်မှလုပ် လျှပ်စစ်မီးအရင်လာ“ ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လျှပ်စစ်ဝန်ကြီး တိုင်းပြည်ကို ပြောထားတဲ့ စကားများနဲ့ လျှော်ညီအောင် လျှပ်စစ်မီးပေးပါ ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒပြနေသူအချို့
မန္တလေးမှ ပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် ၇၈ လမ်းအတိုင်း ဘူတာကြီးရှေ့ချီတက်သွားကြစဉ်.. (ဓာတ်ပုံများ Aung Shin Facebook)
မန္တလေးမြို့သူ၊ မြို့သားများရဲ့ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ချီတက် ဆန္ဒထုတ်ဖော်ပွဲ ဒုတိယညအဖြစ် ယနေ့(၂၁)ရက်နေ့ညမှာ ထပ်မံပြုလုပ်ပါတယ်...။ မနေ့က စတင်ပြုလုပ်တဲ့ (၂၄)နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲမှာ မန္တလေးမြို့ခံ (၃၀၀၀)ထောင်ခန့် ပါဝင်ချီတက်ခဲ့ကြပြီး ယနေ့မှာလည်း ချီတက်ဆန္ဒထုတ်ဖော်သူ အများအပြား ထပ်မံအားဖြည့် ပါဝင်လာကြပါတယ်...။ ယနေ့မှာ ထူးခြားလာတာကတော့ ဆန္ဒပြု ဆိုင်းဘုတ်များ ရေးသားချက်များ ပါဝင်လာခြင်းပါပဲ..။ မန္တလေးမြို့မှာ နေ့စဉ် (၆)နာရီ အလှည့်ကျ မီးပေးစံနစ်ကို ကျင့်သုံးနေပေမယ့်လည်း ၁၅မိနစ်တခါ၊ နာရီဝက်တခါ လျှပ်စစ်မီးများ ပြတ်တောက်နေမှုများ ဖြစ်ပေါ်နေပါတယ်..။

မန္တလေး မြို့ခံတဦးမှ ပြောဆိုရာမှာတော့ မီး (၂၄)နာရီ ရရှိဖို့ထက် ယခုလို ပူအိုက်တဲ့နွေရာသီမှာ အခက်အခဲ ဖြစ်ပေါ်နေတဲ့ ချိုးရေနဲ့ သောက်သုံးရေအတွက် မီးရရှိမှ ရေတင်မော်တာစက်များ မောင်းနှင်နိုင်မှာ ဖြစ်တဲ့အတွက် အနိမ့်ဆုံး အဆင့်အနေနဲ့ မီးမှန်မှန် ရရှိစေချင်ကြောင်း ပြောဆိုပါတယ်...။ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများအား မီးမှန်မှန် ရရှိချိန်အထိ ပြုလုပ်သွားဖွယ် ရှိကြောင်း သိရှိရပါသည်။ ယနေ့လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်ပွဲများဟာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ပျံနှံသွားပြီး မုံရွာမြို့၌ လူဦးရေ (၅၀၀၀)ခန့် ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်..။

မြန်မာနိုင်ငံမှာ စစ်အစိုးရ အာဏာရယူပြီးချိန် ၁၉၈၈ခုနှစ်မှ စ၍ ၂၃နှစ်တာ ကာလအတွင်း နိုင်ငံနဲ့ အဝှမ်း လျှပ်စစ်မီးမလုံလောက် မှုများအား ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး...။ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်က ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ နိုင်ငံအတွင်း လျှပ်စစ်မီးများ ပိုလျှံနေသည့်အတွက် အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချနေရကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်...။ လက်ရှိအစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာများနဲ့ ရုပ်မြင်သံကြားများ အစီအစဉ်များ၌ တည်ဆောက်ဆဲ တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်းများအား ဝေဝေဆာဆာ ဖော်ပြနေပေမယ့်လည်း လက်တွေ့ ပြည်သူလူထုမှာတော့ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတဲ့ လျှပ်စစ်မီးမလောက်မှု ပြဿနာကြောင့် စီးပွားရေး၊ လူမှုရေးများ၌ အခက်အခဲ ဒုက္ခများ နေ့စဉ်ရင်ဆိုင် ကြုံတွေနေရပါတယ်..။

4 comments:

  1. It is a big issue now shaking the Mandalay's Electric Minister's seat.

    ReplyDelete
  2. ရေဆိုး ရေပုတ်တွေရဲ့ အနံ့ဆိုးတွေကို ရှူရှိုက်ပြီး ခြင်ကိုက်ခံနေရတဲ့ မန်းသားတွေနဲ့တကွ ပြည်သူအားလုံးအမှောင်တိုက်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်နေရတာကို အရပ်သားအရေခြုံ အစိုးရက စာနာနားလည်ပါ။
    တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ကို လုပ်မပေးနိုင်ပေမဲ့ ဗိုလ်ချုပ်အဟောင်းအသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အာဏာပိုင်တွေကတော့ စီးပွါးရေးလုပ်ငန်းတွေမှန်သမျှ လက်ဝါးကြီးအုပ်၊ လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး သားစဉ်မြေးဆက် စားမကုန်အောင် ကြွယ်ဝချမ်းသာနေကြပါပြီ။
    သူတို့စံအိမ်တော်ကြီးများ၊ ရုံးကြီးများ၊ ရန်ကုန်ကမ္ဘာအေးဗီလာကဲ့သို့သော ဗိုလ်ချုပ်ကြီးတို့၏ သီးခြား အခွင့်ထူးခံရပ်ကွက်ကြီးများကား စင်္ကာပူ ဘန်ကောက်မြို့ကြီးများလား ထင်မှတ်မှားရအောင် မီးရောင်စုံတွေ ထိန်ထိန်လင်းနေပေသည်။
    ကမ္ဘာအေးဗီလာနဲ့ကပ်လျက် စွယ်တော်မြတ်စေတီတော်ကြီးကို လျှပ်စစ်ဌာနက တခါတရံမီးဖြတ်သော်လည်း ဘုရားထက်ကြီးသော၊ ချွေးတပ်ဆွဲရာ၌ နာမည်ကြီးလှသော ဗိုလ်ချုပ်ကြီး ရဲ့မြင့် အစရှိသော သွေးစုတ်ကောင် ဗိုလ်ချုပ်တို့စံပျော်ရာ ဗီလာကြီးကား မီးတထိန်ထိန်နဲ့ ဥရောပတိုက်မှ နယ်စားပယ်စားများ နေထိုင်ရာ ရဲတိုက်ကြီးများနှင့်တူသော အိမ်ဂေဟာကြီးများမှ မီးရောင်တို့ကား ထိန်လင်းတောက်ပနေပါသည်။
    စစ်ဗိုလ်တွေက အ့ရပ်ဝတ်ပြောင်းပြီး အာဏာကို ပြန်လည်ချုပ်ကိုင်ခြင်းကို ပြောင်းလဲသည်ဟု ခေါ်ဆိုရတော့မည်လော။
    သူတို့နေထိုင်ရာ နေပြည်တော်ကိုသာ မီးပေးပြီး အခြားမြို့များကို အမှောင်တို်က်သွင်း ရေငတ်အောင် လုပ်ထားခြင်းကား တိုင်းပြည်ကို တကယ်မချစ်သော သက်သေပေါင်း အသင်္ချေ အနန္တထဲမှာ တစ်ခုမျှသာ ရှိသေးပါကြောင်း။

    ReplyDelete
  3. စစ်အစိုးရအာဘော် သတင်းစာကြီးက အဆင်သင့် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသော ဆင်ခြေဆင်လက်အမျိုးမျိုးကို ထုတ်ပြနေပြန်ပါပြီ။
    နှစ်ပေါင်းများစွာ မီး ရေ ဖုံး အင်တာနက် လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်မပေးခဲ့ဘဲ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး၊ ပြည်သူကို ရာသက်ပန်စစ်ကျွန်ပြုရေးကိုသာ စီမံကိန်းချပြီး အကောင်အထည်ဖေါ်လာခဲ့သောကြောင့် တိုင်းပြည်မှာ ကျောက်ခေတ်ဂူနေလူသား အနေအထားသို့ပြန်လည် ရောက်ရှိနေတာ ကြာခဲ့ပါပြီ။
    လုံးဝမီးမလာပါဘဲ မီတာ ထိန်းသိမ်းခ ကောက်ခံနေခြင်းကား ပြည်သူကို အနိင်ကျင့် ဗိုလ်ကျခြင်းဖြစ်သည်။
    ဆက်သွယ်ရေးမှလဲ မိုဘိုင်းဆင်းကတ် တစ်ခုကိုရောင်းသောဈေးနှုံးမှာ အခြားနိုင်ငံများ၌ ဆင်းကတ်ပေါင်း ၂၅၀-ခန့်ဝယ်ယူနိုင်သော မတန်တဆဈေးနှုန်းတင်ပြီး အမြတ်ကြီးစားနေပေသည်။
    သို့သော် အင်တာနက်ဆက်သွယ်ခ ထပ်မံတောင်းပါသည်။ နိုင်ငံတကာသို့ မက်ဆေ့ဂ်ျ ပို့လို့ မရ၊ ဖုန်းခေါ်ဆိုလို့ မရပါ။
    အင်တာနက်လိုင်းများကလဲ လိပ်တစ်ကောင်ထက် နှေးကွေးအောင်လုပ်ထားပြီး အမျိုးသားခေါင်းဆောင် အမေစု စည်းရုံးရေးကာလများမှာ တမင်နှေးကွေးအောင်လုပ်ခြင်းဖြင့်
    ပြည်သူကို စော်ကားခဲ့သည်။
    လမ်းပန်းဆက်သွယ်ရေးကား ညံ့ဖျင်းလွန်းသဖြင့် ရာသီမရွေးသွားလာဘို့ လွန်စွာခက်ခဲပါသည်။
    ထိုသို့ ဘာတစ်ခုမှ ပ်ြည်သူ့လိုအပ်ချက် ဖြည့်ဆ်ည်း မပေးနိုင်သော်လည်း တိုင်းပြည်ကို ထာဝရအုပ်ချုပ်ပြီး စစ်အာဏာရှင်မျိုးဆက်ကို တည်ထောင်နေသည်မှာ တိုင်းပြည်ကို ချောက်ထဲသို့ ထိုးကျအောင် လုပ်နေခြင်းပင် ဖြစ်ပါပေတော့သည်။

    ReplyDelete
  4. ပ်စစ်ဝန်ထမ်းတစ်ဦးပါ။
    ကျွန်တော်တို.တိုင်းပြည်တွင်လျှပ်စစ်ဓာတ်မလုံလောက်ခြင်းဟာစစ်အစိုးရဧ။်အမွေဆိုးများပဲဖြစ်ပါတယ်။ဒါ့အပြင်အကျင့်ပျက်ဝန်ထမ်းဟာလည်းနိုင်ငံကိုနောက်ပြန်ဆွဲချင်နေကြပါတယ်။
    ဥပမာ။ ။တိုက်ခိုက်ပြီးပြောတာမဟုတ်ပါဘူး။
    Mandalay DE Daw Aye Aye Win ကအရမ်းဆိုးပါတယ်။ပိုက်ဆံမတရားမက်ပါတယ်။ကြုံဘူးသူတိုင်းသိပါတယ်။လျှပ်စစ်လူကြီးပိုင်းအကုန်လုံးကလာဘ်စားပါတယ်။သူ့နည်းသူ့ဟန်ပါပဲ။လျှပ်စစ်ဓါတ်အားကထပ်ထုတ်ဖို့မရှိတော့လို့ပါ။တိုင်းပြည်အတွက်အမာခံဓါတ်အားကအရမ်းနည်းပါတယ်။
    ရေအားဆိုတာကသဘာဝပါတ်ဝန်းကျင်အပေါ်မူတည်နေလို့ပါ။ အခုမှစ အကောင်အထည်ဖေါ်မယ်ဆိုရင် အနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်တော့စောင့်ရမယ်ထင်ပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။