Pages

Monday, May 21, 2012

လျှပ်စစ်မီး ရရှိရေးအတွက် အဓိကတာဝန်ရှိတဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ရာထူးမှ နှုတ်ထွက်ပေးပါ...

ယနေ့ မေလ(၂၀)ရက်နေ့ညမှာတော့ မန္တလေးမှာ လျှပ်စစ်မီးဒုက္ခကို နေ့စဉ်ခံစားနေရတဲ့ ပြည်သူလူထုမှ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြပါပြီ...။ မြန်မာပြည်မှာတော့ နှစ်စဉ်မရိုးနိုင်တဲ့ ၂၄နှစ်တာ ကာလအတွင်း ဆောက်လိုက်တဲ့ ဆည်တွေ၊ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ နေ့စဉ်သတင်းစာမှာ ဖော်ပြလိုက် ရုပ်မြင်သံကြားမှာ အနုပညာရှင်တွေ ကပြအသုံးတော် ခံလိုက်နဲ့ နေ့စဉ် မရိုးနိုင်တဲ့ မြင်ကွင်းတွေပါ..။

အထက်ဖော်ပြပါ ဓာတ်ပုံဟာ ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ် ဓာတ်အားသွယ်တန်းတဲ့ တာဝါတိုင်များအား စိုက်ထူနေပုံဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ တာဝါတိုင် အမှတ် (၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင်ပါ။ ဧပြီလ (၂)ရက်နေ့က ယခုလိုအားကြိုးမာန်တက် သွယ်တန်းစိုက်ထူနေတဲ့ အဆိုပါ ဓာတ်အားလိုင်း သွယ်တန်းမှုဟာ အများပြည်သူအတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဖို့ သွယ်တန်းပေးတယ်လို့ ထင်မယ်ဆိုရင် မှားပါလိမ့်မယ်..။ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ်ပြည်ကို အဓိက ပို့ဆောင်နေတဲ့ ရွှေလီဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အားကို တရုတ်နဲ့ ဖက်စပ် တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့ဖို့ သွယ်တန်းနေတာပါ..။ အစိုးရသတင်းစာတွေမှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရလို့ ရန်ကုန်မြို့မှာ ဓာတ်အားပေး မလုံလောက်သယောင် ထုတ်ပြန် ကြေငြာနေပါတယ်။ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ ကောက်ခါငင်ခါ မီးမရတာလား ယခင်ကတည်းက မီးမလာတာလား ဆိုတာ ကွဲကွဲပြားပြား ထုတ်ပြန်စေလိုပါတယ်..။
 တာဝါတိုင် အမှတ်(၆၃) ကြိုးသွယ်တန်းမှု လုပ်ငန်းခွင် မြင်ကွင်း..
နှစ်စဉ် နိုင်ငံနဲ့အဝှမ်း ဓာတ်အား မလုံလောက်မှုဟာ ပြည်သူတွေအတွက် ရေမီး၊ အခက်အခဲမှ စတင်ကာ မလိုလားအပ်တဲ့ အမှုအခင်းများ၊ မီးလောင်မှု၊ ယာဉ်တိုက်မှုစတဲ့ ပြဿနာပေါင်းစုံကို  ဖြစ်ပေါ်စေယုံ သာမက နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားကို ကျစင်းစေသလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့အတူ ပြည်သူလူထုအတွက် ဝန်ထုတ် ဝန်ပိုးများကို ဖြစ်ပေါ်စေပါတယ်...။ ထို့အတွက်ကြောင့် ပိုလျှံနေလို့ ဓာတ်အားတွေ ထုတ်ရောင်း နေရပါတယ်ဆိုပြီး ပေါ့ပျက်ပျက် စကားလုံးတွေနဲ့ စော်ကားခဲ့တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းနဲ့ အစိုးရ အဖွဲ့တခုလုံးမှာ တာဝန်ရှိပါတယ်..။ အဓိကတာဝန်ရှိတဲ့ နေရာယူပြီး တာဝန်မယူနိုင်တဲ့ အမှတ်(၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတာဝန်ယူ မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့  ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်..။
ဧပြီလ လဆန်းပိုင်းက ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို ပေးပို့မယ့် တာဝါတိုင် အမှတ်(၆၃) စိုက်ထူနေတဲ့ လုပ်ငန်းခွင် မြင်ကွင်းများ..
သတင်း၊ ဓာတ်ပုံ ... ဒီမိုဝေယံ
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ရွှေလီ(၁) ရေအားလျှပ်စစ် စီမံကိန်းမှ တရုတ်ပြည်နဲ့ ပြည်တွင်းသို့ ဓာတ်အားပို့လွှတ်နေမှုများ အသေးစိတ် အစီရင်ခံစာ ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2012/04/blog-post_20.html
ရွှေလီ(၁)ရေအားလျှပ်စစ် စီမံကိန်း အသေးစိတ် ပြန်လေ့လာလိုလျှင်.. ပိုစ့်အောက် ရွှေလီ ရေအားလျှပ်စစ်စက်ရုံကို နှိပ်ပြီး ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

12 comments:

  1. တစ်ချို့တွေကရှိခြင်းအားဖြင့်အကျိုးပြုတယ်။ဉီးဇော်မင်းကမရှိခြင်းအားဖြင့်အကျိုးပြုပေးသင့်တယ်။မစွမ်းနိုင်ရင်စွမ်းနိုင်သောသူကိုနေရာပေးပါ။ဘဝကူးကောင်းစေရန်အချိန်ကျန်သေးပါတယ်။

    ReplyDelete
  2. တရုတ်ပြည်ကို လျှပ်စစ်ရောင်းစားမှာပေါ့ စစ်ဗိုလ်တွေက ရောင်းရတဲ့ ငွေတွေကို ခိုးလို့ ရတာကိုး။
    ပြည်သူတွေကို စော်ကား၊ လုယက်၊ အဓမ္မပြုကျင့်တဲ့ စစ်တပ်ကြီးကလဲ တရုတ်တွေကိုတော့ လက်နက်အပြည့်အစုံနဲ့ ကာကွယ်နေတာများ သခင်အနား အမဲရိုးမျှော်နေတဲ့ ခွေးဝဲစားများနဲ့ပင် တူနေသေးတော့၏။
    ပြည်သူကို အသက်ရှိတယ်လို့တောင် မထင်တဲ့ ဒီ စစ်တပ်ကျောထောက်နောက်ခံ ဖွတ်အစိုးရကို အာရပ်လှိုင်းနဲ့ ဖြုတ်ချမှ ရတော့မယ်ထင်တယ်။
    အစိုးရဆိုတာ ရေ မီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဘို့ တာဝန်ရှိတယ်ဆိုတာ ကမ္ဘာပေါ်က ဘယ်အစိုးရမဆို သိပါတယ်။
    စစ်ဗိုလ်ချုပ်ကြီးများကတော့ ငါတို့မှာ သေနတ်ရှိတယ်ဆိုပြီး ပြည်သူ့အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးယုံမက စရဖ၊ ရဲအထူးတပ်ဖွဲ့ဆိုသူတွေက ဆန္ဒထုတ်ဖော်သူတွေကို အနီးကပ်ဗီဒီယို ဓါတ်ပုံတွေရိုက်ပြီး ဗိုလ်သန်းရွှေ စစ်အာဏာရှင်ပုံစံအတိုင်း ခြိမ်းခြောက်နေဆဲပါ။
    သတင်းစာကနေ ပြည်သူကို လိမ်ညာနေခဲ့တာ နှစ်ငါးဆယ်ရှိပြီမို့ ပြည်သူတွေက ဗိုလ်ချုပ်ကြီးများရဲ့ မစားရ ၀ခမန်း စီမံကိန်းကြီးတွေကို စိတ်ကုန်နေကြပါပြီ။
    ဆက်ပြီး စက္ကူအကုန်ခံပြီး လိမ်မနေပါနဲ့တော့။
    တာဝန်မကျေတဲ့ ၀န်ကြီးတွေကို ရာထူးကနေ ဖြုတ်ချပြီး အမှန်တကယ်လုပ်နိုင်သူတွေနဲ့ အစားထိုးသင့်နေပါပြီ။

    ReplyDelete
  3. လောဝလာဆယ်ပေါ်ပြူလာဖြစ်နေတာတော့လျှပ်စစ်ပေါ့။ တခြားသိပ်သတိမပြုမိသေးတဲ့ဝန်ကြီးဌာနတွေရှိနေသေးတယ်။ဉပမာကျန်းမာရေးဝန်ကြီးဌာန့ ဘာတွေတိုးတက်လဲ၊ဘာတွေဆုံးရှုံးနေလဲ၊လေ့လာကြပါဉီ့း

    ReplyDelete
  4. မီးမလာတော့ ရေပြတ်သည်။
    ညဉ့်နက်သန်းခေါင်မှ ရေပေးတော့ အိပ်ပျက်ခံပြီး စောင့်ရသည်။
    မီးကလဲ သန်းခေါင်မှ လာတော့ မီးလာချိန် မော်တာ မေင်းပြီး ရေတင်ရသည်။
    အိပ်ပျက်တော့ အားနည်းပြီး ရောဂါထူပြောသည်။
    မီးမလာတော့ စိတ်ဓါတ်ရော မျှော်လင့်ချက်တွေပါ ကျဆင်းသည်။
    ဗိုလ်ချုပ်ကြီးများနဲ့ အုပ်ချုပ်သူလူတန်းစားကတော့ မီးတွေ တထိန်ထိန်နဲ့ စည်းစိမ်ခံပြီး စစ်ဗိုလ်လူတန်းစားကို ဗမာပြည်မှာ ထူထောင်နေသည်။
    ကျန်ပြည်သူတွေတော့ မ၀ရေစာ စားပြီး၊ အမှောင်တိုက်ထဲမှာ ရေမချိုးရလို့ တစ်ကိုယ်လုံးနံစော်နေပြီ။
    စက်မှုလုပ်ငန်းတွေက မီးစက်နဲ့လည်ပတ်ရတော့ ကုန်းဈေးနှုန်းတွေ တက်တဲ့ဒဏ် ပြည်သူတွေ ခံရသည်။
    ဒီလို စစ်ကျွန်ဘ၀မှာ စစ်ဘိနပ်အနင်းခံမလား၊ ဗိုလ်ကျအနိုင်ကျင့်နေသော လူတန်းစားကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ဖြုတ်ချမလား စဉ်းစားရမည့် အချိန်တန်ပြီ။
    ကြာလေ ဆိုးလေ ဖြစ်နေတာက အမှန်ပင်ဖြစ်ပါသည်။

    ReplyDelete
  5. သောက်ရှက်မရှိတဲ့ ဇော်မင်းခွေးမသားရေ
    ပြည်သူတွေက မေတ္တာပို့နေကြပြီ အမျှ အမျှ

    ReplyDelete
  6. ဦးဇော်မင်း

    ခင်ဗျား အရှက်ရှိရင် အမြန်ဆုံး နှုတ်ထွက်ပေးဗျာ။ ခင်ဗျားရဲ့  လက်လွတ်စပယ်ပြောထားတဲ့ ဈေးကွက်ရဲ့  သဘောအရ ပိုလျှံရင် ရောင်းရမှာပေါ့ ဆိုတဲ့ စကားကို ယောက်ကျားပီပီ တာဝန်ခံရဲတယ် ဆိုရင်ပေါ့။

    ReplyDelete
  7. ရာထူးမှနှုတ်ထွက်သွားရုံဖြင့် မလုံလောက်ပါ။ ပိုင်ဆိုင်သမျှ အကုန်လုံးသိမ်း၊ လူကို ကတုံးတုံး၊ အရိပ်အာဝါသမရှိတဲ့..နေပူထဲမှာ..ခြံစည်းရိုးခတ်ပီး..
    တစ်သက်လုံး အကျယ်ချုပ်ချထားစေချင်ပါတယ်..
    သတ်မပစ်ပါနဲ့..ထောင်မချပါနဲ့..ပြောမယ့်သာပြောရတာ..
    အခုလောက်ဆို..ပိုင်ဆိုင်သမျှတွေ..တယုတ်နိုင်ငံမှာ သွားထားပီးလောက်နေဘီ

    ReplyDelete
  8. မီးမလာတော့ရေပြတ်။ မီးစက်တွေမောင်းကျ၊ မီးစက်တွေကမောင်းတော့ ပါတ်ဝန်းကျင်ညစ်ငြမ်းမှု ဖြစ်။
ွလူတွေအဆုတ်ရောဂါရလို့ သေ

    ReplyDelete
  9. အဘဇော်မင်းMay 23, 2012 at 11:26 PM

    အဘကြီး တကယ် နှုတ်ထွက်ပေးရမှာလားဟင်???ဖယာင်းတိုင် လုပ်ရောင်းတဲ့သူတွေကိုမသနားကြတော့ဘူးလား အရပ်ကတို့ရေ။ သူတို့ကိုစားရမဲ့ သောက်ရမဲ့ဖြစ်အောင်မလုပ်ကြပါနဲ့နော်။

    ReplyDelete
  10. အခုလို မြန်မာပြည်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေအများကြီး ဆောက်ထားလျှက်နဲ့ လျှပ်စစ်မီး ပြည့်ပြည့်၀၀ မပေးနိုင်ရခြင်းရဲ့ အဓိက အမှား (မှားယွင်းချက်) ကတော့ အဲဒီစီမံကိန်းတွေကို တာဝန်ယူတဲ့ ယခင်အစိုးရလက်ထက် -အထက်လူကြီးများရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု နဲ့ အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှုတွေက အဓိက အကြောင်းအရင်းဖြစ်ပါတယ်- ကျွန်တော်အခုလို ဘာကြောင့် ပြောပြရသလဲဆိုတော့- ကျွန်တော်က အဲဒီလို ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းပိုင်ဆိုင်ရာတွေမှာ တာဝန်ယူခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်ခဲ့လို့ပါ-- ဘယ်လိုလဲဆိုတော့- (1) စီမံခန့်ခွဲမှု ညံ့ဖျင်း-မှားယွင်းခြင်း-- တရုတ်နိုင်ငံက ထုတ်တဲ့- အရည်အသွေးမပြည့်မီတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးပိုင်းဆိုင်ရာစက်တွေ -တာဘိုင်- ဂျင်နရေတာတွေကို ဦးနှောက်နဲ့ မစဉ်းစားဘဲ- အဲဒီစက်တွေကို စနစ်နဲ့ ရောင်းတဲ့ တရုတ်ကုပဏီနဲ့ မြန်မာ အေဂျင့် တွေဆီက လာဘ် ယူပြီး ဈေးချိုရင် ပြီးရောဆိုပြီးတော့ ၀ယ်ခဲ့လိုပါ-- (2) ဘယ်လောက်ဆိုးသလဲဆိုတော့ တချို့စီမံကိန်းတွေအတွက် စက်တွေကို အတိုးနှုန်းများတဲ့ တရုတ်ချေးငွေနဲ့ဝယ်ခဲ့တြတယ်- ပြီးတော့ အခုလို အကြွေး (ချေးငွေ) နဲ့ ၀ယ်ခဲ့တယ်ဆိုတော့ ရွေးချယ်ခွင့် မရှိ အဆင့်မမီတဲ့ စက်တွေဘဲ မြန်မာပြည်က ရေအားလျှပ်စစ်စက်ရုံတွေမှာ တပ်ဆင်ခဲ့ကြလို့ အခုလို လျှပ်စစ်မီး မပေးနိုင်ဖြစ်နေရခြင်းပါ- ဥပမာ- ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ နှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ရုံတွေမှာ ဆိုရင် အဲဒီမှာ တပ်ဆင်ထားတဲ့ တာဘိုင် တွေကို ဒီနေ့အထိ အားလုံး လည်ပတ်မောင်းနှင်လို့ မရပါဘူး-- ဇာဂနာ ပြောတာ မှန်ပါတယ်- သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်ဆိုတာလေ- စာရင်းထဲမှာ တော့ မီးတွေထွက်နေလိုက်တာ- လက်တွေ့မှာ အခုလို မီး မပေးနိုင်ခြင်းရဲ့ အခြေခံအကြောင်းအရင်းက စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း (အရည်အသွေး�zu O[[w80�က်တွေတပ်ထားလို့) နဲ့ အဂတိလိုက်စားခဲ့ရလို့ ဖြစ်ပါကြောင်းနဲ့ တာဝန်ယူမှု လုံးဝမရှိခဲ့ကြလို့ဖြစ်ကြောင်း ကျွန်တော် သိသမျှ မြင်သမျှကို အခုလို ဖော်ထုတ်ရခြင်းပါ-- ကျေးဇူးတင်ပါတယ်--

    ReplyDelete
  11. အခုလို မြန်မာပြည်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေအများကြီး ဆောက်ထားလျှက်နဲ့ လျှပ်စစ်မီး ပြည့်ပြည့်၀၀ မပေးနိုင်ရခြင်းရဲ့ အဓိက အမှား (မှားယွင်းချက်) ကတော့ အဲဒီစီမံကိန်းတွေကို တာဝန်ယူတဲ့ ယခင်အစိုးရလက်ထက် -အထက်လူကြီးများရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု နဲ့ အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှုတွေက အဓိက အကြောင်းအရင်းဖြစ်ပါတယ်- ကျွန်တော်အခုလို ဘာကြောင့် ပြောပြရသလဲဆိုတော့- ကျွန်တော်က အဲဒီလို ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းပိုင်ဆိုင်ရာတွေမှာ တာဝန်ယူခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်ခဲ့လို့ပါ-- ဘယ်လိုလဲဆိုတော့- (1) စီမံခန့်ခွဲမှု ညံ့ဖျင်း-မှားယွင်းခြင်း-- တရုတ်နိုင်ငံက ထုတ်တဲ့- အရည်အသွေးမပြည့်မီတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးပိုင်းဆိုင်ရာစက်တွေ -တာဘိုင်- ဂျင်နရေတာတွေကို ဦးနှောက်နဲ့ မစဉ်းစားဘဲ- အဲဒီစက်တွေကို စနစ်နဲ့ ရောင်းတဲ့ တရုတ်ကုပဏီနဲ့ မြန်မာ အေဂျင့် တွေဆီက လာဘ် ယူပြီး ဈေးချိုရင် ပြီးရောဆိုပြီးတော့ ၀ယ်ခဲ့လိုပါ-- (2) ဘယ်လောက်ဆိုးသလဲဆိုတော့ တချို့စီမံကိန်းတွေအတွက် စက်တွေကို အတိုးနှုန်းများတဲ့ တရုတ်ချေးငွေနဲ့ဝယ်ခဲ့တြတယ်- ပြီးတော့ အခုလို အကြွေး (ချေးငွေ) နဲ့ ၀ယ်ခဲ့တယ်ဆိုတော့ ရွေးချယ်ခွင့် မရှိ အဆင့်မမီတဲ့ စက်တွေဘဲ မြန်မာပြည်က ရေအားလျှပ်စစ်စက်ရုံတွေမှာ တပ်ဆင်ခဲ့ကြလို့ အခုလို လျှပ်စစ်မီး မပေးနိုင်ဖြစ်နေရခြင်းပါ- ဥပမာ- ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ နှင့် ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ရုံတွေမှာ ဆိုရင် အဲဒီမှာ တပ်ဆင်ထားတဲ့ တာဘိုင် တွေကို ဒီနေ့အထိ အားလုံး လည်ပတ်မောင်းနှင်လို့ မရပါဘူး-- ဇာဂနာ ပြောတာ မှန်ပါတယ်- သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်ဆိုတာလေ- စာရင်းထဲမှာ တော့ မီးတွေထွက်နေလိုက်တာ- လက်တွေ့မှာ အခုလို မီး မပေးနိုင်ခြင်းရဲ့ အခြေခံအကြောင်းအရင်းက စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း (အရည်အသွေးမရှိ စက်တွေတပ်ထားလို့) နဲ့ အဂတိလိုက်စားခဲ့ရလို့ ဖြစ်ပါကြောင်းနဲ့ တာဝန်ယူမှု လုံးဝမရှိခဲ့ကြလို့ဖြစ်ကြောင်း ကျွန်တော် သိသမျှ မြင်သမျှကို အခုလို ဖော်ထုတ်ရခြင်းပါ-- ကျေးဇူးတင်ပါတယ်--

    ReplyDelete
  12. ၀မ်းသာစရာ သတင်းတစ်ခု ပေးပါရစေ-- အခုလို မီး အပြည့်အ၀- မပေးနိုင်လို့ မြို့ကြီးတွေမှာ လူထုဆနုထုတ်ဖော်မှုတွေကို တနေ့ထက် တနေ့ မြိုင်ဆိုင်လာတော့ ကျွန်တော်တို့ နေပြည်တော်မှာ လူသူ မရှိတဲ့ လမ်းတွေပေါ်မှာ ဖောဖောသီသီ ထွန်းထားခဲ့တဲ့ ဓါတ်အားဆွဲမှု အလွန်များတဲ့ လျှပ်စစ်မီးတိုင်ကြီးတွေကို ပြီးခဲ့တဲ့ (2) ည လောက်ကစပြီး မီးဖြတ် (ပိတ်) ထားတွေ့ခဲ့ရပါတယ်-- အများအတွက် အလွန်ဝမ်းသာပါတယ်- နောက်ထပ် မလိုအပ်တဲ့ မီးတွေကို အခုလို ထပ်ပြီး ပိတ်ပေးထားရင် မီးမရတဲံ့သူတွေအတွက် အလွန်ဝမ်းမြောက်မိမှာပါ- ပြည်သူတွေ ဖြစ်ချင်တာ
    တွေ ပြည့်ဝကြပါစေ--

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။