Pages

Thursday, May 10, 2012

ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ အုပ်ချုပ်ရေးမှူးရုံးသို့ ရွေးကောက်ပွဲ သုံးငွေစာရင်း သွားရောက်ပေးအပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (သတင်း၊ ဓာတ်ပုံ)

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံးသို့ ရွေးကောက်ပွဲ သုံးငွေစာရင်း သွားရောက်ပေးအပ်ခဲ့ပါတယ်..။

အဆိုပါ သုံးငွေစာရင်းဟာ ရွေးကောက်ပွဲအပြီး ရက်ပေါင်း(၆၀)အတွင်း တင်ပြရပါတယ်..။
 ယနေ့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံးသို့ ငွေစာရင်းရှင်းတမ်း သွားရောက်ပေးအပ်ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံး အတွင်းရေးမှူး (ညာဘက် အစိမ်းရောင် ဝတ်ထားသူ) တို့အား ရင်းရင်းနှီးနှီးတွေ့မြင်ရစဉ်..။

လူထုခေါင်းဆောင်မှ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံးသို့ ပိတောက်ပန်းများ လက်ဆောင် ပေးအပ်ခဲ့သလို ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံးမှလည်း ရွေးကောက်ပွဲ ပြုစုချက် မှတ်တမ်းအား ဒေါ်အောင်ဆန်းစုကြည်သို့ ပြန်လည် ပေးအပ်ခဲ့ပါတယ်..။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ ပျူပျူငှာငှာ ကြိုဆိုခဲ့ကြပါတယ်..။

ပုံ.. Getty Images

1 comment:

  1. ပြည်သူလူထုအားလုံးရဲ့ ရင်ထဲကတော့ အမေစုကို ကြည်ညိုလေးစားနေပါတယ်။
    ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့ လူမဆန်စွာ ဖိနှိပ်ထားခဲ့လို့သာ အမေစုကို မတွေ့ဆုံဝံ့ခဲ့ကြတာပါ။
    ဒီနေ့အချိန်မှာတော့ ၀န်ထမ်းများအပါအ၀င် ပြည်သူအားလုံးက အကြောက်တရားကို ဘေးဇယ်ထားပြီး အမေစုကို ကြိုဆိုကြ၊ နှုတ်ဆက်ကြယုံမက တစ်ခဲနက် မဲပေးလိုက်ကြတာ လူရိုက်အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးဦးတို့၊ ဗိုလ်သန်းရွှေရဲ့ ကျွန်ယုံတော်ကြီး ကိုအောင်သောင်းတို့ လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်းကြီးတို့ မျက်နှာမဖော်ဝံ့လောက်အောင် နိုင်ငံရေးဇာတ်ခုံပေါ်က ဂျွမ်းပြန်ကျကုန်ကြပါလေပြီကော။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။