Pages

Wednesday, May 16, 2012

ပြည်တွင်းမှာ မြန်မာတွေ အလုပ်ရနိုင်ဖို့အရေး (ဆောင်းပါးရှင် လွင်အောင်စိုး)

ပြည်တွင်းမှာ မြန်မာတွေ အလုပ်ရနိုင်ဖို့အရေး
(ဆောင်းပါးရှင် လွင်အောင်စိုး) 
ဓါတ်ပုံ - ဒီမိုဝေယံ

ဒီဓါတ်ပုံထဲမှာ တရုတ် အလုပ်သမားလေးတဦးဟာ  ဘုရားဆင်းတုတော် ရှေ့မှာ ဖိနပ်စီးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အစဉ်အလာ ရိုသေကိုင်းရှိုင်းမှုအရ ဘုရား ပုထိုး စေတီရဲ့ ရင်ပြင်၊ ပရဝုဏ်တွေမှာ ဖိနပ် မစီးဖို့ တားမြစ်ထားတာ ရှိပါတယ်။ ဒါပေမယ့် ဒီတရုတ်လေးကတော့ သိပုံ မရပါဘူး။ သူ့ကို တားမြစ်သူလည်း ရှိပုံ မပေါ်ပါဘူး။

ပြည်ပကနေ မြန်မာပြည်ထဲမှာ လာအလုပ်လုပ်တဲ့ တရုတ်အလုပ်သမားတွေဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို မသိဘဲနဲ့ ပြုမူနေတာတွေ ရှိပါတယ်။ ဒါမျိုးတွေ နောက်နောင် မဖြစ်စေရအောင် မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ လိုအပ်သလို တားဆီးပြုပြင်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာကို ရေးလိုက်ရခြင်းရဲ့ လိုရင်းက မြန်မာနိုင်ငံထဲက ဘုရားတွေမှာ ပြည်ပတရုတ် အလုပ်သမားတွေ ဖိနပ်စီးတဲ့ကိစ္စ မဟုတ်ပါဘူး။

သူတို့ဘာကြောင့် မြန်မာနိုင်ငံထဲမှာ လာအလုပ်လုပ်နေကြသလဲ။ သူတို့လုပ်တဲ့ အလုပ်မျိုးကို ကျနော်တို့ မြန်မာ အလုပ်သမားတွေ မလုပ်နိုင်ကြလို့လား၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အလုပ်ရသွားမှာကို လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပကုမ္ပဏီက မလိုချင်လို့လား။ မြန်မာအစိုးရက မစီမံပေးနိုင်လို့လား။ မေးခွန်းတွေ မေးစရာ ဖြစ်လာရပါပြီ။

မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံအဆင့်မှာပဲ ရှိပါသေးတယ်။ မြန်မာပြည်တွင်းမှာ အလုပ်လက်မဲ့တွေ သိပ်များနေချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတိုင်းဟာ  မြန်မာ အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ရဖို့ အခွင့်ကောင်းတခု ဖြစ်ပါတယ်။

စီမံကိန်းကို စာချုပ်ချုပ်ကတည်းက မြန်မာအလုပ်သမားတွေကိုသာ သုံးဖို့ စီမံထားရင် ထိပ်ပိုင်း အင်ဂျင်နီယာလောက်နဲ့ စီမံအုပ်ချုပ်တဲ့ဘက်က လွဲလို့ ကျန်တဲ့နေရာတွေမှာ မြန်မာအင်ဂျင်နီယာတွေ၊ မြန်မာအလုပ်သမားတွေချည်း အလုပ်လုပ်ခွင့် ရနေမှာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။

ဒီလိုကိစ္စတွေကအစ မြန်မာတွေဘက်မှာ ဆုံးရှုံးနစ်နာနေရတာကို ပြင်ဆင်ပေးနိုင်မှ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ လျော့ပါးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို တဖက်တလမ်းက လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စီမံကိန်းစာချုပ် ချုပ်ဆိုတာမှန်သမျှ ဥပဒေပြုလွှတ်တော်ကနေ ပြန်လည်စိစစ် ပြင်ဆင်ပေးဖို့ အမြန်ဆုံး စီမံ ဆောင်ရွက်သင့်ပါတယ်။ ဒါက ရှိနေခဲ့ပြီးသား ကိစ္စတွေအပေါ်မှာ ပြန်လည်သုံးသပ် စီမံတာ ဖြစ်ပါတယ်။ နောင်လုပ်မယ့်ကိစ္စတွေမှာလည်း ဥပဒေပြုလွှတ်တော်ရဲ့ ကော်မတီတွေရဲ့ သဘောတူညီချက် ရှိရမယ့် လွှတ်တော်လုပ်ငန်းစဉ်မျိုး ထားရှိသင့်တယ်လို့ ထင်ပါတယ်။ ဒါဟာ အစိုးရမဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ပံ့ပိုးမှုကို အားပြုပေးပါတယ်။

နောက်တချက်ကတော့ လာမယ့် အနာဂတ်အတွက် ပြင်ဆင်ယူတာ ဖြစ်ပါတယ်။ မကြာခင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရာထောင်ချီပြီး မြန်မာနိုင်ငံကို ရောက်လာကြတော့မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ပြဿနာတွေကို တခါတည်း အထိုက်အလျောက် ဖြေရှင်းပေးနိုင်မှာ ဖြစ်သလို ဆင်းရဲမွဲတေမှုကိုလည်း အတော်အတန် လျော့ကျစေမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဘယ်လို အလုပ်အမျိုးအစားတွေကို အတိအကျ ထုတ်မပြောနိုင်သေးသည့်တိုင်အောင် အကြမ်းအားဖြင့် ကဏ္ဍခွဲပြီး ကြိုတင် ဖော်ပြပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံသားတွေ လုပ်ငန်းခွင် ဝင်ရောက်တဲ့အခါမှာ အဆင်ပြေနိုင်အောင် ကြိုတင် အချိန်ယူ လေ့ကျင့် ပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ ဥပမာ - အင်္ဂလိပ်စကား သင်ယူတာမျိုး၊ ရုံးလုပ်ငန်း အတတ်ပညာ လေ့လာတာမျိုး အစရှိတာတွေကို ပြည်သူတွေ ပြင်ဆင်ထားကြဖို့ အစိုးရကိုယ်တိုင်က နှိုးဆော်အားပေးတာ ဖြစ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက လုပ်ငန်းခွင်သင်တန်း ပို့ချတာလည်း ရှိချင်ရှိမှာပါ။  

မြန်မာအစိုးရရဲ့ အမြော်အမြင် ကြီးမားတာကို အသိအမှတ်ပြုပါတယ်။ အစိုးရ ရည်မှန်းချက်ကိုလည်း တကယ်ပဲ  အောင်မြင်စေချင်ပါတယ်။ မြန်မာပြည်သူ တွေကိုလည်း အလုပ်အကိုင်တွေ မှန်မှန်ကန်ကန် ရရှိပြီး ဆင်းရဲတွင်းမှ အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။  

လွင်အောင်စိုး
၁၆-၅-၂ဝ၁၂

4 comments:

  1. တိုင်းပြည် ဘဏ္ဍာငွေကို ကိုယ့်အိတ်ထဲကိုယ် ထည့်ဘို့သာသိတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့လက်ပါးစေတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် စနစ်တကျ စီမံကိန်းဆွဲထားတာ မရှိဘူးဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။
    ပြည်ပနိုင်ငံတွေမှာ သူတို့လူမျိုးအလုပ်အကိုင် ရရှိဘို့ ကာကွယ်ပေးထားပါတယ်။
    မလေးရှားမှာ မလေးလူမျိုးတွေကို တရုတ်မျိုးနွယ်တွေက လွှမ်းမိုးမသွားနိုင်အောင် ဥပဒေနဲ့ တားဆီးထားတယ်။
    မလေးမှာ တရုတ်ဦးရေတိုးပွါးမလာအောင် နိုင်ငံကို ၀င်ထွက်တဲ့ တရုတ်တွေကို စက်ပေါ်မှာ လက်ဗွေနှိပ်ရပါတယ်။
    တရုတ်လူမျိုးတွေ တက္ကသိုလ်ပညာမသင်နိုင်အောင် ကန့်သတ်ထားပါတယ်။
    ယိုးဒယားမှာ မြန်မာတွေကို ညစ်ပတ်ပေရေပြီး ထိုင်းတွေ မလုပ်ချင်တဲ့ အလုပ်တွေကိုသာ လုပ်ခွင့်ပြုပါတယ်။
    မြန်မာပြည်က ခေါင်းဆောင်ဆိုသူတွေကတော့ သူတို့အာဏာတည်မြဲရေး၊ တိုင်းပြည်ရဲ့အဆီအနှစ်တွေကို စစ်ဗိုလ်လူတန်းစားအဆက်ဆက် ဂုတ်သွေးစုတ်သွာုးနိုင်ရေးကိုသာ အဓိကထားပါတယ်။
    ပြည်သူတွေ မွဲတေဆင်းရဲနေတာ၊ အလုပ်အကိုင်မရှိတာ ဂရုမစိုက်ပါ။
    လယ်သမားတွေ လယ်သိမ်းခံရတာ၊ သီးနှံပြည်ပ မပို့ရလို့ စပါးစိုက်သူ၊ ပဲစိုက်တောင်သူများ အကြွေးမကျေလို့ လယ်လုပ်ကြီယာတွေကို ပေါင်နှံ၊ လယ်တွေကို ရောင်းချ ကြွေးဆပ်နေရတာတွေကို မသိဟန်ပြုနေပါတယ်။
    လွှတ်တော်ဥက္ကဌကြီးနဲ့ ခမည်း ခမက် ဇေကမ္ဘာ ဦးခင်ရွှေက လယ်လုပ်မှ ထမင်းးစားရမည့် လယ်သမားပိုင် လယ်တွေကို ဇွတ်အတွင်း လုယက် စက်မှုဇုန်ဖော်ထုတ်ပြီး မတရားအမြတ်တင်ရောင်ဘို့ ပက်စက်သော အကြံကို မည်သူကမျှ တားဆီးဘို့ စိတ်မ၀င်စားကြပါ။
    ဗိုလ်နေ၀င်း။ ဗိုလ်သန်းရွှေ သာသနာဖျက်၊နိုင်ငံဖျက် လူမိုက်ကြီး နှစ်ယောက်၏ ဆိုးမွေကို ပြည်သူများ ဘယ်လောက်ကြာကြာ ဆက်ပြီး ခံစားနေရမည်မသိနိုင်ပြီ။

    ReplyDelete
  2. မဆိုင်ဘူးဆိုပေမယ့် ပြောတော့ပြောရမှာပဲ။
    ဒီတရုပ်တွေလား နားမလည်တာ။ ဒီကောင်တွေ သိရက်နဲ့ မိုက်ရိုင်းနေတာ။ မြန်မာနိုင်ငံလာပြီး သူတို့ထင်သလို လုပ်လို့ရတယ်ဆိုပြီး လုပ်ပြနေတာပါ။ မယုံမရှိပါနဲ့၊ ဟိုတယ်တွေမှာ ဆေးလိပ်ခွက်ထဲတံတွေးထွေးထည့်၊ အခန်းထဲက အမှိုက်ပုံးထဲရှုးပေါက်၊ အိပ်ယာခင်း ဖြူလွှလွှပေါ် ဘိနပ်တွေနဲ့တက်၊ သန့်စင်ခန်း အများမျက်နှာသစ်တဲ့ ဘေစင်မှာ ခြေထောက်ကြီးမြှောက်ပြီး ခြေဆေးလို့ဆေး၊ လူအများရှိတဲ့နေရာမှာ ဆေးလိပ်သောက်လို့သောက်၊ မိန်းကလေးမြင်ရင် အငန်းမရ အိနြေ္ဒမရ ဆွဲလားယမ်းလားလုပ်ချင်... ပြောရမယ်ဆို ယဉ်ကျေးမှုမရှိတဲ့ အရိုင်းအစိုင်းတွေလိုပါပဲ။ အဲဒီလို အဆင့်မရှိတဲ့တရုတ်တွေ နေပြည်တော်ကျောက်ပွဲကာလဆို တွေ့မြင်နေကြပဲ။ ယဉ်ကျေးတဲ့ တရုပ်တွေ ရှိတော့ရှိပါတယ်။ ဒါပေမယ့် အများစုက မြန်မာပြည်မှာ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး အင်မတန်ရိုင်းစိုင်းတတ်ကြတယ်။ သူတို့ တရုပ်အချင်းချင်း ကြောက်ရမယ့်လူဆိုရင်တော့ သူတို့လောက် ယဉ်ကျေးတဲ့လူ မရှိတော့လောက်အောင်ပဲ။ အခုလဲ ဘုရားအပေါ် ဘိနပ်မစီးရတာ သူတို့ကောင်းကောင်းနားလည်ပါတယ်။ သက်သက် မိုက်ရိုင်းဆော်ကားပြနေတာ။

    ReplyDelete
  3. မှန်တယ်ဗျာ တကယ်တော့ဒီကောင်တွေလူပါးဝနေတာ မသိအကြောင်းမရှိဘူး တရုတ်က အစ္စလာမ် နိုင်ငံမှ မဟုတ်တာ နိုင်ငံဆင်းရဲလို့ အုပ်ချုပ်တဲ့သူတွေစာရိတ္တချို့တဲ့လို့ အခုလိုစော်ကားနေတာလို့ကျနော်မြင်တယ် ရတယ်ဆိုတာသိတော့ နောင်လည်းစော်ကားနေအုန်းမှာပါ

    ReplyDelete
  4. ခွေးမသား တ၇ုတ် တော်တော်မိုက်၇ိုင်းတာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။