ဗိုလ်ချုပ်အောင်ဆန်း၏ မြို့တော်ခန်းမ မိန့်ခွန်း သမိုင်းဝင် ဓာတ်ပြားတချပ်..
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်း၊ သခင်မြမိန့်ခွန်း၊ ဒီးဒုတ်ဦးဘချိုမိန့်ခွန်းနှင့် မိုင်းပွန်စော်ဘွားကြီးတို့၏ ရှမ်းဘာသာမိန့်ခွန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်း မူရင်း ဓါတ်ပြားခွေ(၂၂)ချပ်အား စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ အောင်ဆန်းရပ်ကွက် (ဘီအိုစီအနီး) အိမ်အမှတ်(၆၅၅)နေ ဦးအုန်းမောင်+ဒေါ်ဗူးညွန့် သမီး ဒေါ်နု၊ ဒေါ်ညို၊ ဒေါ်လှမြင့် မြေး ကိုတင်ကျော်ကျော်၊ ကိုယဉ်မင်းထွန်း(ခ)ကိုဂျိုးဂျိုး၊ မဖြိုးဝေေ၀ထွန်း မျိုးချစ်မိသားစုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမတ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းစည်းရုံးရေးမှူး ဦးမြင့်ကြည်တို့ထံမှ တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီသို့ လှူဒါန်းခဲ့ပါသည် 

တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီးကို သမိုင်းစာမျက်နှာပေါ်ကနေ ဖျောက်ဖျက်ပစ်ဘို့ ရူးမိုက်စွာ ကြံစည် လုပ်ဆောင်ခဲ့သော ဗိုလ်သန်းရွှေတစ်ယောက် မသေမီကပင် သမိုင်းမှ ဖယ်ရှားခံလိုက်ရလေပြီ။
ReplyDeleteမည်သူကမှ သူ့ကို ဖယ်ရှားခြင်း မဟုတ်ပါ။ သူ့အလိုအလို ကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။
အမေစုအပေါ် မနာလိုဝန်တိုမှုတစ်ခုတည်းနှင့် မြန်မာတည်သရွေ့ ဦးထိပ်တင်ထားရမည့် ကျေးဇူးရှင်တပ်မတော်ဖခင်ကြီးကို တပ်မတော်ခေါင်းဆောင်ဆိုသူ ဗိုလ်သန်းရွှေနှင့် သူ၏လက်ပါးစေများ၏ သမိုင်းမှ ဖျောက်ဖျက်ရန် အကြံကား ကမ္ဘာပေါ်တွင် အရူးမိုက်ဆုံး အကြံပက်စက်မှုကြီးအဖြစ် မြန်မာမြေမှာ ပြောစမှတ် မှတ်တမ်းတစ်ခုပင် ဖြစ်ပြီး ပြည်သူအများ လွန်စွာ အံ့သြ၀မ်းနည်း နာကျည်းခဲ့ကြပါသည်။
ဗိုလ်ချုပ်ကား ပြည်သူတို့၏ အသဲနှလုံးထဲဝယ် တံဆိပ်ခတ်နှိပ်ပြီးသား ဖြစ်လို့ ယခုအခါ သူနှုင့်ပတ်သက်သော မှတ်တမ်းများကို ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့သို့ လာရောက်အပ်နှံနေကြခြင်းကား ဗိုလ်သန်းရွှေနှင့် သူ၏ ကြံရာပါလူမိုက်တို့အတွက် သင်ခန်းစာယူတတ်ကြဘို့ သက်သေပြနေခြင်းပင်ဖြစ်ပေသည်။
ဗိုလ်သန်းရွှေလွန် ဗိုလ်သိန်းစိန်ခေတ်မှာ နောက်ပြန်ဆွဲလိုသူ၊ ကိုယ်ကျိုးရှာသူ၊ အာဏာကို ငန်းငန်းတက်လိုချင်သူတို့အတွက် နေရာကား ရှားပါးသထက် ရှားပါးလာပြီး အမေစု၏ ဒီမိုကရေစီ လှိုင်းလုံးကြီးများအောက်ဝယ် အသက်ပျောက်ဘို့ အချိန်နီးကပ်လာပေပြီ။
အော် ဒို့ဗိုလ်ချုပ်က ဘယ်လိုပင်ဖျောက်ဖျောက် အရောင်တောက်နေမှာပါ ကမ္ဘာပေါ်မှာလူသား၇ှိနေသရွေ့ ဗိုလ်ချုပ်ရဲ့သမိုင်း တည်တံ့နေမှာပါ..
ReplyDeleteဗိုလ်ချူပ် ကို တော့ လေးစားပါတယ် ဒါပေမယ့် ဒေါ်စု ကို ခုတုံးလုပ်ပြီး အာချောင် နေတဲ့ အဖွဲ့ဝင်တွေကို တော??????????
ReplyDelete