မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ဝန်ထမ်းအိမ်ယာများ ၂၀၁၂ မတ်လ ၆ရက်နေ့မြင်ကွင်း
မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ၂၀၁၂ မတ်လ ၆ရက်နေ့မြင်ကွင်း
မြစ်ဆုံဆည် စီမံကိန်းဝင်းအတွင်း ၂၀၁၁နိုဝင်ဘာလ ၁၃ရက် မြင်ကွင်း..
ယခုနှစ် ဧပြီလက CPIရဲ့ မြစ်ဆုံစီမံကိန်း ဝါဒဖြန့် from Demo Waiyan on Vimeo.
မြစ်ဆုံပတ်ဝန်းကျင် ရွှေတူးဖော်ရေး လုပ်ငန်းများ ပွဲတော်ကြီးအလား... ၂၀၁၁နိုဝင်ဘာလ ၁၃ရက်
ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ ဆိုတာပဲ မြင်ချင်ပါတယ်..။
ဘယ်သူ့အတွက်လဲ CPI အတွက်ဆိုရင်တော့...
(မြစ်ဆုံဆည် စီမံကိန်းမှ လုံခြုံရေး စစ်သားများ) (၂၀၁၁ဒီဇင်ဘာလ ၃ရက်)
မြစ်ဆုံဆည် စီမံကိန်းကို ယခုထက်တိုင် လက်မလျှော့နိုင်သေးသည့် တရုတ် (CPI) ကုမ္ပဏီရဲ့ ဝါဒဖြန့်ရုပ်သံဖိုင်.. (KDNG)
ဖော်ပြပါ ဗီဒီယိုဟာ ၂၀၁၂ ခုနှစ် ဧပြီလ၊ ၁၈ရက် နေ့ အောင်မြင်သာစံပြကျေးရွာတွင် ကျင်းပသော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)နှင့် မြစ်ဆုံရေကာတာကြောင့် အတင်းအကြပ် ပြောင်းရွှေ့ခံရသည့် တန်ဖဲရွာသားများ တွေ့ဆုံသည့် အစည်းအဝေးအား မှတ်တမ်းတင်ရိုက်ကူးထားသည့် အကြောင်းဖြစ်ပါသည်။
ရုပ်သံ (KDNG) http://www.kdng.org/bur/
(မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူရှုမယ် ဆိုရင်တော့ ဖြစ်ပေါ်လာမည့် ပြသနာများသည် တရုတ်CPI ကုမ္ပဏီ၏ တာဝန်သာ ဖြစ်ပါကြောင်း)
ဓာတ်ပုံ... ဒီမိုဝေယံနှင့် ဝိုင်းတော်သားများ..





အထောက်အထား စုံစုံလင်လင် တင်ပြနိုင်တော့လဲ ကာယကံရှင်များ ငြင်းလို့ မရနိုင်တော့ဘူးထင်ပါတယ်။
ReplyDeleteသစ်တော သစ်ပင်ထူထပ်တဲ့ ကချင်တောင်တန်းကြီးတွေမှာလဲ သစ်ပင်တွေ မမြင်ရတော့ပါလား။
တရုတ်တွေက သစ်မြစ်တွေကိုပါ တူးပြီး ယူသွားကြတယ်ဆိုတာ ဟုတ်မယ်။ သစ်ခွမျိုးစုံ၊သစ်ပင်ပန်းမလ် အမျိုးပေါင်းစုံလင်လှတဲ့ ကချင်ပြည်နယ်ရဲ့ အမွေအနှစ်တွေ သယံဇာတတွေကို စစ်အာဏာရှင်တွေက ကိုယ်ပိုင်ပစ္စည်းသဖွယ် ရောင်းစားခဲ့ကြပါပကော။
ဒီပစ္စည်းတွေရောင်းချလို့ ရတဲ့ ငွေတွေကို ပြည်နယ်အတွက်၊ နိုင်ငံအတွက် သုံးတယ်ဆိုရင် ထားပါတော့၊ ခုတော့ ကိုယ့်အိတ်ထဲကိုယ်ထည့်ကြတာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်ဝေခံတွေသာ ချမ်းသာပြီး ပြည်သူတွေကတော့ ကုန်းတွင်းပိတ်နိုင်ငံ လာအို၊ စစ်ပွဲတွေကြောင့် အငတ်ဘေးတွေ သင့်နေခဲ့တဲ့ ကမ္ဘောဒီးယားတို့ထက် ပိုပြီး မွဲပြာကျသော ဘ၀ကို ရောက်ရှိသွားသည်မှာ စစ်ဗိုလ် ကောင်းစားရေးဝါဒကြီးကို တည်ထောင်ခဲ့သူ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့၏ စနက်ပင်ဖြစ်သည်။
စစ်ဗိုလ်မျာုးဗိုလ်ကျစိုးမိုးရေး စနစ်ဟူသမျှ ဖျက်ဆီးကြ။
စစ်ဗိုလ်များ ဦးစီးသော ပါတီဟူသမျှ ဆန္ဒမဲနဲ့ ဖြုတ်ချကြဘို့သာ ရှိပေတော့သည်။
သိပ်နားမလည်တဲ့ ရိုးသားတဲ့ ရွာသားတွေကို လာပြီးလိမ်နေတဲ့ တရုပ်တွေကို ဘာလုပ်သင့်လဲ။
ReplyDeleteနိုင်ငံရေးပြောင်းလဲလာတော့ အရင်လိုစစ်တပ်ကို ပြေးမကပ်တော့ဘူး ခြံစည်းရိုးတိုးတဲ့ခွေးလို နောက်တစ်ပေါက်ထပ်ရှာတယ်
ReplyDeleteအဓိကဒေသခံတွေပေါ်မှုတည်တယ်ဆိုပြီး အလုပ်တွေပေးပါ့မယ် ဈေးဆိုင်တွေဖွင့်ခွင့်ပေးမယ် လည်တွေစိုက်လို့ရအောင်လုပ်ပေးမယ် မြို့ကြီးလိုစည်ကားအောင်လုပ်ပေးမယ် . .ဆိုပြီး ကိုယ်ကျိုးရှာဂုတ်သွေးစုတ်ဖို့ ကလိန်ကကျစ်. ပေါက်ပန်းလေးဆယ် တောင်စဉ်ရေမရလျှောက်ပြောနေတာ
အေး ယောင်ပြီးတော့ သွားလက်မခံလိုက်လေနဲ့ ဆည်ပြီးသွားတာနဲ့ အကြောင်းတစ်ခုခုရှာပြီး လှည့်တောင်ကြည့်မှာမဟုတ်ဘူး တယုတ်ဆိုတာ အင်မတန် လောဘရမ္မက်ကြီး လူကျင့်ဝတ် လုံးဝနားလည်တဲ့ကောင်တွေ မဟုတ်ဘူး လိုချင်တာရပြီဆို ဘာမှဂရုစိုက်တာမဟုတ်ဘူး