ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးမှ ပကာသနမပါ ကိုယ်တိုင် ကော်ဖီငှဲ့ပြီး ရင်းရင်းနှီးနှီး ဧည့်ခံနေစဉ်..။
ဥရောပပါလီမာန် ဒီမိုကရေစီကို လေ့လာဖို့ ဂျာမဏီနိုင်ငံကို အလည်ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအား ဂျာမဏီနိုင်ငံခြားရေး ဝန်ကြီးGuido Westerwelle မှ ယခုလို ရင်းရင်းနှီးနှီး ဧည့်ခံခဲ့ပါတယ်..။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းနဲ့ အတူ လွှတ်တော်ကိုယ်စားလှယ် ၈ဦး လေ့လာရေးခရီး လိုက်ပါခဲ့ကြပါတယ်..။
အမာဂိုဏ်းသားလို့ အများက သတ်မှတ်ထားတဲ့ ဒု(သမ္မတ) ဦးတင်အောင်မြင့်ဦးကတော့ တူသော အကျိုးပေး ကင်ဆာရောဂါ အကြောင်းပြချက်နဲ့ ထွက်တော်မူ နန်းကခွာပါပြီ။ အပျော့ဂိုဏ်းလို့ အများသတ်မှတ်ကြတဲ့ သမ္မတနဲ့ သူရဦးရွှေမန်းတို့လည်း.. ဒီထက်ပိုပြီး ပြည်သူအကျိုးကို မျှော်ကိုးပြီး ပြည်သူ့ခေါင်းဆောင်နဲ့ ပူပေါင်း လုပ်ဆောင်မယ်ဆိုရင် ပြည်သူမေတ္တာဆိုတဲ့ တူသောအကျိုးကို ရရှိခံစားရမှာ မလွဲမသေပါပဲ...။
အပြောကတော့ ရွှေမန်းဆိုတဲ့ စကားပုံကို အပြောနဲ့ အလုပ်နဲ့ပါညီတဲ့ ဦးရွှေမန်းဆိုပြီး သမိုင်းတကွေ့မှာ နာမည်ကောင်းတခု ကျန်ရစ်နိုင်ဖို့ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ တိုက်တွန်း အပ်ပါတယ်..။
ဒီမိုဝေယံ
ဓာတ်ပုံ Getty Images




All respect those who did/is doing good things!
ReplyDeleteU Thein Sein and U Shwe Man will be blessed in the modern history of Myanmar by people. They initiated the change for Myanmar people and they will be blessed by all.
ဗိုလ်ရွှေမန်းရေ အတုယူခဲ့ပေတော့၊
ReplyDeleteခင်ဗျားတို့ကတော့ ဗိုလ်ချုပ်ကြီးများဘ၀မှာလဲ သူတပါးထက် မြင့်တဲ့ ထိုင်ခုံကြီးတွေပေါ်မှာ မိန့်မိန့်ကြီးတွေထိုင်ပြီး ဘ၀င်မြင့်နေခဲ့ကြတယ်။
တိုက်ပုံနဲ့ပုဆိုးလဲပြီး ပုံစံပြောင်းတော့လဲ အရင်ကစိတ်ဓါတ်တွေ မပြောင်းသေဘူး။
ရွေး/ကော် ဥက္ကဌကြီး ဗိုလ်တင်အေးကလဲ ဒေါ်စုနဲ့တွေ့စဉ်က ကုလားထိုင်အမြင့်ကြီးပေါ်ကနေ အထက်စီးက စကားပြောတယ်။
ခု ဂျာမဏီလူကြီးကတော့ တန်းတူထိုင်ယုံမျှမက ဧည့်သည်ကို ကော်ဖီကိုယ်တိုင်ငှဲ့ပြီး ပေးနေတယ်။
ဘယ်လောက် လူကြီးလူကောင်းဆန်ပြီး ယဉ်ကျေးလိုက်သလဲ။
ခင်းဗျားတို့ စစ်အာဏာရှင်တွေကတော့ ဆန်မရှိ အစားကြီးဆိုတာလို တိုင်းပြည်တိုးတက်ကြီးပွါးအောင် ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် နိုင်ငံရဲ့အခြေအနေကို မြှင့်တင်ဘို့ စိတ်မ၀င်စား ကုလားထိုင်ကြီးတွေကိုဘဲ မြင့်အောင်၊ ကြီးမားအောင်လုပ်နေကြတာကြောင့် နိုင်ငံရဲ့ အဖိုးတန် ကျွန်းသစ်ရတနာတွေကို နှမျောလှသဗျာ။
မိမိကိုယ်ကို နှိမ့်ချတာ မင်္ဂလာရှိပါတယ်
ReplyDeleteဟုတ်ပ မြန်မာပြည်ကပုဂ္ဂိုလ်များ စားပွဲကုလားထိုင် အခင်းအကျင်းကိုကြည့်တာနဲ့ အနှစ်မရှိတာ အဆံမပါတာခန့်မှန်းလို့ရတယ် ထိုင်တဲ့ကောင်ကလည်း သူများထက်ကို နည်းနည်းလေးထူးခြား မြင့်မားတဲ့ ခုံလေးထိုင်လိုက်ရရင် ဘဝလေဟပ် နားထင်သွေးရောက် ခြေဖျားထောက်တော့တာပဲ ဘာမှ အရေမရအဖတ်မရတဲ့ဟာကို အရသာခံတာ အရည်အချင်းတကယ်မရှိသူတွေရဲ့ စရိုက်လက္ခဏာပဲ သူလည်းတစ်ချိန်က အခု အောက်ကကောင်တွေလုပ်သလို ဖေါ်လန်ဖါး အောက်ဆွဲ မျက်နှာပေးကောင်းလို့ ဒီနေရာရလာတာပေါ့ အောက်တန်းအလွန်ကျတဲ့ ကျွန်အကျင့် ကျွန်စရိုက်တွေ
ReplyDelete