တောင်ကိုးရီးယား သမ္မတ Lee Myung-bakနဲ့ အဖွဲ့ဟာ ယနေ့ မြန်မာနိုင်ငံသို့ (၂)ရက်ကြာ အလည်အပတ် ရောက်ရှိလာပါတယ်..။ ယနေ့ နေပြည်တော်သို့ အလည်အပတ်ရောက်ရှိလာတဲ့ တောင်ကိုးရီးယား သမ္မတLee Myung-bak နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုခဲ့ပါတယ်..။ မနက်ဖြန်မှာတော့ တောင်ကိုးရီးယား သမ္မတ Lee Myung-bakဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့တောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ လုံခြုံရေးများ အထူးတင်းကြပ် လှည့်လည်နေပါတယ်..။
၁၉၈၃ခုနှစ်က အောက်တိုဘာလ ၉ရက်နေ့က တောင်ကိုရီယား သမ္မတ မစ္စတာချန်ဒူးဝမ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း မြောက်ကိုရီးယား သူလျှိုများမှ ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ဗုံးခွဲတိုက်ခိုက် လုပ်ကြံခဲ့ပါတယ်...။ ထိုသို့ ဗုံးခွဲလုပ်ကြံတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ဒုတိယဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးလေးဦး၊ အဆင့်မြင့်အရာရှိများနဲ့ ဂျာနယ်လစ် သတင်းထောက်များ အပါအဝင် ၂၁ဦးသေဆုံးခဲ့ပြီး ၄၆ဦးဒဏ်ရာရရှိခဲ့ပါတယ်..။ မြောက်ကိုရီးယား သူလျှိုများအား ဖမ်းဆီးရမိချိန်မှာတော့ မြောက်ကိုရီးယားနဲ့ သံတမာန် အဆက်အသွယ်အား ဖြတ်တောက်ခဲ့ပြီး သံတမာန်များအား နှင်ထုတ်ခဲ့ပါတယ်..။ ၁၉၈၈ခုနှစ် နဝတအစိုးရ တက်လာပြီးသည့် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အဆက်အသွယ်များ ပြန်လည်ပြုလုပ်ခဲ့ပြီး တရားဝင် သံအဆက်အသွယ် ပြုလုပ်ခဲ့ပါတယ်...။
ဓာတ်ပုံများ Korea News Agency နှင့် သမ္မတရုံးဝက်ဆိုဒ်မှ





တောင်ကိုရီးယားသမတကတော့ ကိုယ်လုံကိုယ်ထည် ပါးပါးလှပ်လှပ်နဲ့ အလုပ်ကို တကယ်လုပ်မဲ့ပုံပေါ်ပြီး သူ့ဘေးက ကပ်ပြီး လမ်းလျှောက်လာသော ဗမာစစ်ဗိုလ်ချုပ်ကြီးကတော့ ပါးစုံကြီးတွေကားပြီး လည်ပင်းကြီးက အစ်ထွက်နေပါပြီ။
ReplyDeleteအတော်ပင် အစားကြီးဟန်တူသည်။
ဒီလောက်စားထားပြီးမှတော့ အနားယူပြီး စစ်တန်းလျားကို ပြန်သင့်ပါပြီ။
တောင်ကိုရီးယားဆိုတာ တချိန်က ကိုရီုးယားစစ်ပွဲအပြီး မြန်မာဝန်ကြီးချုပ် ဦးနု လှူဒါန်းသော ဆန်ကို လက်ခံစားသောက်နေခဲ့ရတာပါ။
ခုတော့ ကျုပ်တို့နိုင်ငံကလူတွေ ကိုရီးယားကို သွားပြီး ညစ်ပတ် အန္ထရာယ်များ ခက်ခဲသောအလုပ်တွေကို လုပ်နေကြရရှာပါပြီ။
ဒါကြောင့် စစ်ဗိုလ်ချုပ်ကြီးများ နှစ် ၅၀ အမှားတွေကို ရပ်တန့်ပါ၊
စစ်တပ် တစ်မတ်သားလွှတ်တော်ကြီးကိုလဲ ပြင်လိုက်ပါ။
ကိုယ့်ကိုယ်ကို ယုံကြည်ရင် စစ်ဝတ်ချွတ်ပြီး ရွေးကောက်ပွဲမှာ ရိုးသားစွာ ယှဉ်ပြီုင်ပြီး လွှတ်တော်တက်ကြပါ။
အဲဒါက ဂုဏ်ရှိပြီး ကိုယ့်ကိုယ်ကိုလဲ လိပ်ပြာလုံတာပေါ့။
ပြောရတာလည်းအာပေါက်နေပါပြီဗျာ ကမ္ဘာမှာစစ်တပ်အုပ်ချူပ်လို့ တိုးတက်ချမ်းသာနေတဲ့တိုင်းပြည် တစ်ခုမှမရှိဘူး လက်တွေ့လည်း သူတို့အရည်အချင်းတွေနဲ့လုပ်ခဲ့တာ နှစ်ပေါင်းမနဲတော့ဘူးဘာတွေတိုးတက်လဲ အကုန်ဆုတ်ယုတ်ပျက်စီးကုန်တာ မျက်မြင်ပဲ အဲဒါကိုမလျှော့သေးဘူး ဆက်လုပ်ချင်ကြသေးတယ် ဘယ်လိုဟာတွေမှန်းကိုမသိပါဘူးဗျာ ဆန်ကုန်မြေလေးတွေ
ReplyDeleteအရည်အချင်းတွေ အတွင်းစိတ်သဘောတွေအသာထားအုံး စစ်ယူနီဖေါင်းကိုဝတ်ထားကတည်းက မဆက်ဆံချင်ကြတာ ကိုရီးယား သမ္မတမျက်နှာကိုကြည့်
ReplyDeleteအိမ်သာလို့ဧည်လာစေချင်ရင် စစ်ဝတ်စစ်စားတွေ နိုင်ငံတော်ဧည့်သည်တွေကို သွားမကြိုကြလေနဲ့