Pages

Tuesday, May 15, 2012

NLD-BG၏ လူမှု အကျိုးပြုလုပ်ငန်းများ...


NLD-BG ပညာဒါနကျောင်းတွင် တတိယအပတ် ကွန်ပျူတာသင်တန်းနှင့် ဒုတိယအပတ်စက်ချုပ်သင်တန်းများဖွင့်လှစ်ခြင်း။
NLD-BG အသက်ကယ်သွေးအကူညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်း သင်ကြားပေးရေးပညာဒါနကျောင်းတွင် ၁၂.၅.၂၀၁၂ စနေနေ့၌ ကျောင်းတာဝန်ခံ ဒါရိုက်တာ ကိုညီညီ မှ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းတို့ကို နေ့လည် ၁း၀၀ ၌ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

           ကွန်ပျူတာသင်တန်းသား၊သင်တန်းသူကျောင်းသားပေါင်း ၄၂-ယောက်နှင့်၊ စက်ချုပ်သင်တန်း သူ ၁၂-ယောက်တို့သည် အခန်းအသီးသီး၌ ကျွမ်းကျင်သောဆရာ၊ ဆရာမတို့ထံမှ ရင်းနှီးခင်မင်စွာ မိသားစုပမာ သင်ကြား လေ့လာနေသည်ကို တွေ့ရှိခွင့်ရခဲ့ပါသည်။

အထူးအားဖြင့် ကွန်ပျူတာသင်တန်းကို လာရောက်သင်ကြားကြသော ရပ်ကွက်အသီးသီးက
ကျောင်းသားကျောင်းသူတို့သည်  ပထမဆုံးစတင် သင်ကြားသောဒီနေ့၌ပင် ကျောင်းသား ကျောင်းသူ အချင်းချင်းတို့သည် တစ်ယောက်ထိုင်၊ တစ်ယောက်ထ မိတ်ဆက်ပွဲလေးကို လုပ်ပေးထားတာက စိတ် ၀င်စားဖို့ ကောင်းပါသည်။

NLD-BG ကျောင်းစာသင်ခန်းထဲ၌ ဒီနေ့မှစတင်တွေ့ကြသောကျောင်းသားကျောင်းသူတို့ပင် ဖြစ်လင့်ကစား ဆရာ၊ဆရာမတို့၏ သင်ကြားရေး စွမ်းရည်ကြောင့် ပျော်ရွှင်စွာရင်းနှီးစွာ ခင်ခင်မင်မင်နှင့် တချိန်တုန်းက မိတ်ဆွေဟောင်းတွေ ပြန်တွေ့လို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေကြသလိုပဲ  ဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်တုန်းကအကြောင်း၊ မေမေအောင်ဆန်းစုကြည်မိသားစု အကြောင်း၊ ကျောင်းသား၊ ကျောင်းသူတို့ နေထိုင်သင်ကြား နေဆဲဖြစ်သော ရပ်ကွက်ထဲက အကြောင်း၊ ကျောင်းဝင်းထဲက အကြောင်းတွေကို ကျောင်းသား၊ ကျောင်းသူအချင်းချင်း တစ်ယောက်မကျန် ပြည့်စုံစွာ အမေး၊ အဖြေပွဲလေးတွေနှင့် ဆွေးနွေးပွဲလေးတွေကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ပေးခဲ့လို့ဖြစ်ပါသည်။
       NLD-BG ကျောင်းတာဝန်ခံ ဒါရိုက်တာ ကိုညီညီမှ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး မိသားစုပမာ မိတ်ဆက်နေပုံ။
NLD-BG ကျောင်းတာဝန်ခံ ဒါရိုက်တာ ကိုညီညီနှင့် ကွန်ပျူတာဆရာ ကိုဟိန်းမင်းဦးနှင့် ဆရာမ မစုဝေထွန်း
ကွန်ပျူတာ ကျောင်းသား၊ ကျောင်းသူများ သင်တန်းမစခင် ဘုရားဝတ်ပြု ပူဇော်နေပုံ။
          စက်ချုပ် သင်တန်းသူများ စက်ချုပ်နည်းပြ ဆရာများနှင့် အမှတ်တရရိုက်ထားပုံ

မြောက်ဥက္ကလာပမြို့နယ်၊ NLD-BG အသက်ကယ်သွေးအကူအညီပေးရေးအဖွဲ့ လေးလပြည့် အထိမ်းအမှတ် အစည်းဝေး ဆွေးနွေးပွဲပြုလုပ်

NLD-BG အသက်ကယ် သွေးအကူညီပေးရေး (အခမဲ့) သည် ဒဂုံတောင်မြို့နယ်တွင် ကိုညီညီတို့မှ စ၍ ဗဟိုပြုကာဖွဲ့စည်းခဲ့ပြီး အခုဆိုလျှင် NLD-BG အသက်ကယ်သွေးအကူအညီပေးရေး (အခမဲ့) သည် ရန်ကုန်တိုင်းဒေသကြီးတွင် တောင်ဒဂုံ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သန်လျင်၊ လှိုင်သာယာ၊ တိုက်ကြီး၊ ဥက္ကံ၊ မှော်ဘီ၊
မကွေးတိုင်းဒေသကြီးတွင်- ပွင့်ဖြူမြို့၊ ပခုက္ကူမြို့၊
စစ်ကိုင်းတိုင်းဒေသကြီးတွင်-မုံရွာ၊
မန္တလေးတိုင်းဒေသ ကြီးတွင်-မန္တလေးမြို့၊
ချင်းပြည်နယ်တွင်-ကလေးမြို့၊
ပဲခူးတိုင်းဒေသကြီးတွင်- ဖြူးမြို့၊
ကချင်ပြည်နယ်တွင်-နမ္မတီး၊

ဧရာဝတီတိုင်းဒေသကြီးတွင်- ဇလွန်မြို့၊ဓနုဖြူမြို့တို့၌ တာဝန်ခံအသီးသီးတို့က ဖွင့်လှစ် ပေးနိုင်ခဲ့ပါ သည်။ ယခုဆိုလျှင် မြောက်ဥက္ကလာပမြို့နယ် NLD-BG အသက်ကယ်သွေးအကူအညီပေးရေး (အခမဲ့)ဆိုရင် လေးလပြည့်လို့ သွေးလှူဒါန်းမှုအကြောင်း ဆွေးနွေးပွဲလေးတွေကို မြောက်ဥက္ကလာပမြို့နယ် NLD-BG အသက်ကယ်သွေးအကူအညီပေးရေးမှ နာယကကြီး ကာတွန်း ကိုအောင်၊ တာဝန်ခံဒါရိုက်တာ မသန်း သန်းနု၊ကိုအေးနိုင်၊ကိုဝင်းနိုင်၊ကိုအောင်သန်း၊ကိုဇော်မင်းဦးတို့မှကမကထဦးစီး၍ ပြုလုပ်နိုင်ခဲ့ပါသည်။

           ထိုနေ့ နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီထိ ဆွေးနွေးပွဲအခန်းအနားသို့ ဒဂုံတောင်မြို့နယ်မှ NLD-BG တာဝန်ခံ ဒါရိုက်တာ ကိုညီညီ၊ အသက်ကယ်သွေး အကူအညီပေးရေး တာဝန်ခံ ဒေါ်သီတာဝင်းအောင်၊  မယဉ်ယဉ်တိုက်၊ မစုစု၊ ကိုဇာနည်တို့နှင့် ဧည့်ပရိတ်သက်ပေါင်း ငါးဆယ်ဦးခန့်တက်ရောက်ခဲ့ ကြပြီး ကြာဇံကြော် ကော်ဖီ တို့ဖြင့်ဧည့်ခံ ကျွေးမွေးနိုင်ခဲ့ကြပါသည်။ 

           အသက်ကယ်သွေးအကူညီပေးရေး မြောက်ဥက္ကလာ NLD-BG မှ စတင်လှူဒါန်းသော ၁၀.၁. ၂၀၁၂ မှ ၁၂-၅-၂၀၁၂ ထိကို A အမျိုးစားသွေးပုလင်းပေါင်း ၁၆၀၊ B အမျိုးစားသွေးပုလင်းပေါင်း ၁၅၅၊ O အမျိုးစားသွေးပုလင်းပေါင်း ၁၇၀၊ AB အမျိုးစားသွေးပုလင်းပေါင်း ၄၅၊A- အမျိုးစားပုလင်းပေါင်း ၃ ၊ အားလုံး သွေးပုလင်းပေါင်း ၅၃၃ လုံးကို လေးလအတွင်းမှာ လှူဒါန်းနိုင်ခဲ့သည်ဟု သိရှိရပါသည်။

NLD-BG အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေး အခမဲ့၊ မြောက်ဥက္ကလာပမြို့နယ်။ က၊ ၁၈၇၊ တုသိတာလမ်းမကြီး။ 
ဖုန်း-၀၉-၄၃၁၈၆၅၈၉။ ၀၉-၇၃၀၃၁၂၅၅သို့ ဆက်သွယ်ပြီးအရေးပေါ်အသက်ကယ် သွေးများကို လှူဒါန်းနိုင်သလို၊ လိုအပ်ပါကလည်း ဆက်သွယ်ပြီး သွေးအလှူခံနိုင်ကြောင်း သတင်းရရှိပါသည်။

မေမေ့သား လင်းဆက် (NLD-BG)


          




1 comment:

  1. ကြံ့ဖွတ်ပါတီကြီးကတော့ လူကောင်းတွေ မရှိလို့ ခေါင်စားနေပြီဆိုဘဲ၊ အခွင့်အရေးသမားတွေ။ လူဆိုးသူခိုးတွေများပြီး ပြည်သူကို အကျိုးပြုမဲ့သူတွေ မပါလို့ လူ ဖြုတ် ထုတ်ပွဲကြီး လုပ်နေတာတွေ သတင်းတွေထဲမှာ ဖတ်ရပါတယ်။
    ဒီချုပ်ကတော့ အနစ်နာခံ၊ အဖမ်းခံ၊ ထောင်နံရံတွေထဲမှာ ထုသား ပေသားကျပြီးသားတွေဆိုတော့ ပြည်သူုကို စေတနာမှန်နဲ့ လုပ်ကျွေးနေကြတာပါ။
    ဖွတ်ပါတီကြီးက ငယ်သားတွေ မကောင်းတာသာ ပြောတာ ခေါင်းဆောင်တွေကလဲ
    ပြည်သူ့ဘဏ္ဍာတွေ ခိုးကြ ၀ှက်ကြ အပျောက်ရိုက်ကြလို့ လွှတ်တော်မှာတောင် စစ်ဆေးရတဲ့ အခြေကိုဆိုက်နေပြီ။
    သတ္တိရှိရှိ လုပ်ပါဆိုတဲ့ လွှတ်/အုပ်ကြီး ဦးရွှေမန်းတောင် ဖေကမ္ဘာက ဘုရားဒကာကြီး ဦးခင်ရွှေရဲ့ လယ်သမားမြေတွေကို အဓမ္မသိမ်းပိုက်တဲ့ကိစ္စမှာ နှာစေးပြီး ရေငုံနှုတ်ပိတ်လုပ်နေပါတယ်။
    အနောက်နိုင်ငံတွေမှာ ရာသီအေးလို့ နှင်းတွေကျပြီး အအေးမိလာတယ် ထင်ပ။ ဘာမီတွန်၊ ပါရာစီတမောလေး တိုက်လိုက်ကြပါ အမတ်မင်းတို့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။