၂၀-၅-၂၀၁၂ ရက်နေ့က NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊အတတ် ပညာ၊ အသက်မွေးဝမ်းကျောင်း သင်ကြာပေးရေး ပညာဒါနကျောင်းအတွင်း၌ သွေးနှင့် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို NLD-BG ပညာဒါနကျောင်း တာဝန်ခံကိုညီညီ၊ NLD-BG အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေး တာဝန်ခံ ဒေါ်သီတာဝင်းအောင်၊ ယုဇနဥယျာဉ်မြို့တော် ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr.ကျော်စွာဦး၊ Dr.ကျော်မောင်မောင်ဟိန်း၊ Dr.ကျော်ဇင်လင်းတို့မှ ဦးစီးကျင်းပခဲ့ပါသည်..။ အခမ်းအနားအား ယနေ့နေ့လည် ၁ နာရီမှ စတင်ဖွင့်လှစ်ကာ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များနှင့် NLD-BG အဖွဲ့အသီးသီးက သွေးတာဝန်ခံများ၊ လူငယ်များ၊ ပညာရေးတာဝန်ခံများ အားလုံး ဧည့်ပရိတ်သတ်ပေါင်း ခြောက်ဆယ်ခန့်လောက် တက်ရောက် ဆွေးနွေးပြီး သွေးနှင့်ပတ်သက်သော အမေး၊ အဖြေများကိုလည်း ပြုလုပ်ခဲ့ကာ နေ့လည်၃း၃၀ အချိန်၌ အခမ်းအနားအား ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
NLD-BG ကျောင်း တာဝန်ခံဒါရိုက်တာ ကိုညီညီနှင့် အခမ်းအနားသို့ သွေးပညာပေး ဟောပြောပေးရန် တက်ရောက်လာကြသော ဆရာဝန်များ၊
ယုဇနဥယျာဉ်မြို့တော်ရောင်ခြည်သစ် ပညာဒါနကျောင်း တာဝန်ခံဒါရိုက်တာနှင့် NLD-BG ပညာဒါနကျောင်း ကျန်းမာရေးတာဝန်ခံ Dr. ကျော်စွာဦးမှ သွေးပညာရပ်များ ဟောပြောနေစဉ်၊
သွေးပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ
သတင်း၊ ဓာတ်ပုံ ညီငယ်လင်းဆက်..
အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ရဲ့ ပညာရး၊ ကျန်းမာရေးတွေကို မြှင့်တင်ဘို့ ပြည်သူ့ပါတီ NLD နဲ့တကွ စေတနာ့ဝန်ထမ်း လူမှုရေးသမားများက လက်ချင်းဆက်ပြီး လုပ်ဆောင်ကြရပါတော့မည်။
ReplyDeleteအဖွဲ့ချုပ်၏ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပညာတတ်လူငယ်များ၊ကျော်ကြားသော အနုပညာရှင်များနဲ့ ကိုနေမျိုးဇင်ကဲ့သို့သော ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်ကြီးပွါးရေးကို လိုလားသော ရဲဘော်ဟောင်းများ တနေ့တခြားတိုးပွါးလာနေသည်မှာ တိုင်းပြည်အနာဂတ်အတွက် အားတက်စရာ ကောင်းလှပါသည်။
အဖျက်အင်အားစုများကလည်း တိုင်းပြည်ကို ရေဖြတ်၊ မီးဖြတ်နဲ့ ပြည်သူအားလုံး စိတ်နှလုံး ညှိုးချုန်းပြီး အမွဲတကာ့ထိပ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီးပေါက်အောင် လုပ်နေခဲ့ လုပ်နေဆဲ လုပ်နေဦးမည်ဖြစ်သည်။
သမတကြီး ဦးသိန်းစိန် ဘယ်လိုပင် ပြောင်းလဲချင်သော်လည်း အဖျက်အင်အားစုကလဲ အင်အားမသေးလှပေ။ သမတနဲ့ လွှတ်တော် ဥက္ကဌတို့ မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်သော ကျော်ဆန်း၊ လျှပ်စစ်စွမ်းအားကို တရုတ်ပြည်ကို ရောင်းစားပြီး ပြည်သူကို အမှောင်တိုက်ထဲမှာ ခြင်ကိုက်ကိုက် ပူလို့အိုက်လို့ ချွေးထွက်ပြီး သေချင်သေဟု ဥပေက္ခာပြုရက်သော ဇော်မင်းလို ၀န်ကြီးတွေ ခေါင်းပေါင်းစ ထောင်နေသမျှ
ပြည်သူတို့ မျှော်မှန်းသော နိုင်ငံတော်သစ်ကြီးကား ဝေးသထက်
ဝေးနေဦးမည်သာ။
ဟားဟား နေမျိုးဇင်ကဲ့သို့သော ဟုတ်လား။ နေမျိုးဇင် ဆိုတဲ့ကောင် စစ်ထွက်၊ စစ်တပ်ကိုလည်း မကောင်း ကြောင်းပြော၊ NLD ကိုလည်း သိက္ခာချ၊ DVD သတင်းထောက်၊ မစားရတဲ့ အမဲ ၊ သဲနဲ့ပတ်၊ အခုဆို လူမှုရေးအဖွဲ့တစ်ခုကို လိုက်ပီး ဖျက်လို ဖျက်ဆီး လုပ်နေတာ၊ ကြားရတယ်။ ထောင်ထွက် လတ်မှတ်ရောင်းစားနေတယ်လို့လည်း ကြားမိသေးတယ်။ အပေါ်က အကို နေမျိုးဇင်ကဲ့သို့ တဲ့ ဟားးးးးးးးးးးးးးးဟားးးးးးးးးးးးးး။ မပြောချင်တော့ဘူးဗျာ။ သိချင်ရင် နာရေးကူညီမှုကိုသာ မေးကြပါတော့.........
ReplyDelete