ဇွန်လ (၂၉)ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ 2012 World Economic Forumသို့ တက်ရောက်ဟောပြောခဲ့တဲ့ မြန်မာပြည်သူထူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ ဇွန်လ(၂)ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရဲ့ တဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်မြို့သို့ ရောက်ရှိလာပါတယ်..။ ယနေ့မဲဆောက်ကို ရောက်ရှိလာတဲ့ မြန်မာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လဒုက္ခသည်စခန်း၊ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော် ဆေးခန်းကို သွားရောက်မှာ ဖြစ်ပြီး နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်..။ ယနေ့ရောက်ရှိလာမယ့် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် မဲဆောက်မြို့မှ ထောင်ပေါင်းများစွာသော ပြည်သူများမှ ကြိုဆိုရန် ပြင်ဆင်လျှက်ရှိပြီး ထိုင်းအစိုးရမှလည်း ထိုင်းစပ်တပ်နဲ့ ထိုင်းရဲ အယောက် ၁၀၀အားလည်း လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ပေးထားပါတယ်..။
မနေ့က တညလုံး အမေစုလာမယ် ဆိုလို့ ပျှော်ရွှင်နေကြတဲ့ မဲဆောက်မှ မြန်မာများရဲ့ ယနေ့ကြိုဆို နေကြတဲ့ မြင်ကွင်း..
ထိုင်းစစ်တပ်နှင့်ရဲမှ လုံခြုံရေး ယူပေးထားပါတယ်..
ဓာတ်ပုံ AP, InThai
ဓာတ်ပုံ AP, InThai





ထိုင်းစစ်သားကလွဲလို့မြန်မာပြည်ကမြို့လေးတစ်မြို့ကမြင်ကွင်းလိုခံစားမိပါတယ်...
ReplyDeleteဗိုလိချုပ်အောင်ဆန်းနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုတို့ မရှိသည့်နောက် လူထုထောက်ခံမှု အများဆုံးနဲ့ လူထုရဲ့အခက်အခဲကို တကယ်စိတ်ပါလက်ပါ ဖြေရှင်းပေးတဲ့ ခေါင်းဆောင်ဟာ အမေစုတစ်ယောက်သာ ရှိပါတယ်။
ReplyDeleteပြည်လုံးကျွတ် တောရာ မြို့ပါ ထောက်ခံအားပေး
လေးစားချစ်ခင်မှုကိုတော့ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် အမေစုတစ်ယောက်သာ ပေါါ်ပေါက်ပါသေးသည်။
မြန်မာ့သမိုင်းမှာ စစ်မှန်သော၊ လူထုက ချစ်သော လူထုခေါင်းဆောင်ဟာ နှစ်ပေါင်း ၆၀- ကျော်မှ တခါပြန်ပေါ်လာတယ်လို့ ဆိုရပါမယ်။
စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းပြီး စစ်အာဏာရှုင်မျိုးဆက်တည်ထောင်ပြီးကထဲက တိုင်းပြည်လဲ မွဲပြာကျ၊ အာရှရဲ့ထိပ်တန်းနိုင်ငံဘ၀ကနေ ယိုးဒယာရဲ့ ကျွန်ဘ၀ကို ရောက်ခဲ့ရ။ မလေးရှားရဲ့ ကူလီဖြစ်ရတာ အလွန်ရင်နာစရာ ကောင်းပါသည်။
အမိမြေမှာ စစ်အာဏာရှင်လူတန်းစား ပေါ်ပေါက်မလာမှသာ ပြည်သူများ ဆင်းရဲတွင်း ချောက်ကမ်းပါး ကျမည့် ဘ၀မှ လွတ်မြောက်မည်ဖြစ်ကြောင်းပါ။
ဒီသီတင်းနဲ့ ပါတ်သက်တဲ့ ပုံတွေ သိတင်းတွေ ကြည့်၇တာ ကြည်နူးစရာကောင်းသလို စိတ်မကောင်းစရာတွေလည်းပါပါတယ်။ကြည်နူးရတာ ဆယ်စုနှစ်ပေါင်းတော်တော်ကြာမှ တစ်ခါပေါ်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက် ကို့နိုင်ငံသားတွေ အားမငယ်ရအောင် စိတ်ဓါတ်မကြရအောင် လူရောစိတ်ပါပင်ပန်းခံ ကြိုးစားနေတာတွေ့ ရသိရလို့ ကြည်နူးဝမ်းသာစရာကောင်းလိုက်တာ။စိတ်မကောင်းတာက အစဉ်အဆက်ပိုင်ခဲ့ တဲ့ မြေရှိ ရေရှိ ပေါကြွယ်ဝတဲ့ သယံဇာတတွေနဲ့ ကိုယ်ပိုင်နိုင်ငံ ရှိနေပါလျက် လူယုတ်မာ တစ်စုကြောင့် သူများနိုင်ငံ (အစဉ်အဆက်ငယ်နိုင် နိုင်ငံ) တစ်ခုမှာ သွားပြီ မျက်နှာငယ်ငယ်နဲ့ နေထိုင်လုပ်ကိုင်စားသောက်နေရတာတွေ့ လို့ စိတ်မကောင်းစရာကောင်း ၀မ်းနဲ့ ဖွယ်ကောင်းတဲ့ အချက်တွေ။ပြည်တွင်းမှာ အခြေအနေမကောင်းလို့ ဘယ်လိုအစဉ်မပြေနေပါစေ။ဘယ်လိုပဲ ဖြစ်ဖြစ် သူများနိုင်ငံ မှာ ဒုက္ခသည်ဘ၀ အထွေထွေ အလုပ်သမားဘ၀တွေနဲ့ နေရတာ ၀င်ငွေပိုရစေအုံး စိတ်ဓါတ်ရေးရာမှာ ဒါငါတို့နိုင်ငံမှာလို့ မခံစားဝံ့ မန်မထားဝံ့ကြပါဘူး။အတော်အသင့် ဝင်ငွေကောင်းတယ်ဆိုတဲ့ လူတွေကို ( နိုင်ငံခြားသားအလုပ်သမားတွေ )ကိုအကာအကွယ်ပေးနိုင်တဲ့ စင်ကာပူလူတွေတောင်ဒီလိုပါပဲ။သူတို့ဆိုပိုဆိုးမှာပါ။ဒါကြောင့် တစ်သက်မှ တစ်ခါပေါ်လောက်ခဲတဲ့ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုအောက်မှာ တက်ညီ လက်ညီ ပါဝင်ဆောင်ရွက်ကြပြီး တစ်ချိန်က အာရှမှာ ဧကရာဇ် မင်းနိုင်ငံတွေ ခန့် ငြားရတဲ့ မြန်မာ ရယ်လို့ထယ်ထယ်ဝါ၀ါ ပြန်ဖြစ်ရအောင်ကြိုးစားကြပါဆို့ ဟုတိုက်တွန်းအပ်ပါတယ်ဗျာ။
ReplyDelete