Pages

Saturday, June 2, 2012

ထူးခြားတဲ့ ၂၀၁၂ World Economic Forum ပွဲနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားများ..

ထူးခြားတဲ့ ၂၀၁၂ World Economic Forum ပွဲနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကားများ..
(စုစည်းတင်ပြသူ Pa Yit)
ယခုနှစ်  World Economic Forum ပွဲကတော့ ယခင်နှစ်များနဲ့ မတူထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ...။ ကမာ့္ဘမီဒီယာတွေရဲ့ သတင်းရုပ်သံတွေမှာ ၂၄နှစ်ကြာမှ ပြည်ပခရီး စတင်ထွက်ခဲ့တဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင်နဲ့ Myanmar Democracy Icon နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းတွေဟာ အထူးအလေးပေးခံရတဲ့ သတင်းဖြစ်နေပါတယ်..။ အဆိုပါ World Economic Forum ကိုတက်ရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်စကားများအား ကိုPa Yitမှ စုဆည်းတင်ပြ ထားတာကို ဖော်ပြလိုက်ပါတယ်...။

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''။

 ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ ဖိတ်ခဲ့ပါတယ်.......ကျမ ပထမတော့ စက်ခလုပ် တွေကြည့်ပြီး အံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစား သွားပါတော့တယ်။ အခုဘာတွေခြာနားနေပြီ ဆိုတာသိလိုက်ရပါတယ်.. ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး ပေါ်လစီ ကောင်းကောင်း လိုနေတယ်ဆိုတာပါဘဲ.။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။

တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံသား အားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။ အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့ မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေ နေထိုက်တဲ့ အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ပြောပါရစေ''။
 မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ် မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်း မြင့်မားနေပြီး၊ အဆင့်မြင့် ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ် တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလားတယ်။ မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး။

 “မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာချိန်ကိုက်ဗုံး တခုလိုဖြစ်နေပါတယ်” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အလယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမား တွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေး ခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမယ့် လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသွားပါတယ်။

 တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ် ဆိုတာတွေဟာ မြန်မာပြည်က ခပ်တိမ်တိမ်လူတွေ တွေးသလို အဖေကြောင့် ကျော်ကြားတဲ့သူ အပြင်မှာမမြင်ဘူးတဲ့ လူမိုလို့အထူးအဆန်း တွေ့ချင်တာဆိုတာတွေက မှားယွင်းကြောင်း အခုနိုင်ငံတကာ အသိုင်းအဝိုင်းက သံတမန်တွေပညာရှင်တွေက သက်သေပြလိုက်ပါပြီ... သူတို့ဟာ ဒီလိုစိတ်ရှိတဲ့ လူတွေ မဟုတ်တဲ့အတွက် ဟီလာရီကလင်တန်ကိုလဲ ဒီလိုမဆက်ဆံခဲ့သလို ဟောလီဝုဒ် မင်းသား မင်းသမီး အကျော်အမော် တွေကိုလည်း ဒီလိုသဲသဲလှုပ်နေမဲ့ လူတန်စားမဟုတ်ပါဘူး.။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင် နေချင်ကြတာပါ..။
 မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရားဥပဒေစိုးမိုး ခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည်တွင်း အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုများကို အားပေးေ ဖ်ာဆောင်သွားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံသူများအတွက် လုံခြုံစိတ်ချရသော အာမခံချက် လိုအပ်ကြောင်း.. ။

 “ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှ ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထား စေချင်ပါတယ်” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ... မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ 
 ထိုင်းနိုင်ငံထဲကို များပြားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းအနေဖြင့် အထပ်ထပ်အခါခါ ပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။

Pa Yit  Facebook

အမေနဲ့ ဝေးနေကြတဲ့ မဟာချိုင်မှ အမေစု သားသမီးများရဲ့ ပြည်သူ့မိခင်ကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြတဲ့ မြင်ကွင်းများ (၃၄မိနစ်စာ ရုပ်သံ စဆုံး..)/ (ကျတော်တို့ ပြည်သူတွေ တိုင်းတပါးမှာ အကာအကွယ်မဲ့ အမိမဲ့သား ရေနည်းငါး ဖြစ်နေကြရတာပါ) အခုတော့ မိခင်ရဲ့ အကာအကွယ်ကို ရရှိကြရတော့မှာပါ... (အားလုံးရဲ့ အမေစု အသက်ရှည် ကျန်းမာ ဘေးကင်းပါစေ)

6 comments:

  1. လူထုခေါင်းဆောင် အမေစုက မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုတ်နှံမယ်ဆို၇င် အုပ်စိုးသူ လူတန်းစားရဲ့ အိတ်ကပ်ထဲရောက်သွားမည့် ရင်းနှီးမြှုတ်နှံမှုမျိုး မလုပ်ဘို့ သတိပေးသွားပါတယ်။
    လက်ရှိ ပြည်ပလုပ်ငန်းတွေက အများပြည်သူအတွက် ဘာမှ အကျိုးမခံစားရပါ။ အလုပ်သမားများ၏လုပ်အားကို ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုတ်ခံရတာသာ အဖတ်တင်ပါသည်။
    အလုပ်သမားဝန်ကြီးဌာနလဲ လိုအပ်သော ဥပဒေများကို ပြဌာန်းမပေးဘဲ အလုပ်ရှင်တို့၏ လာဘ်ငွေကို ယူပြီး အလုပ်သမားများ၏ အခက်အခဲကို မသိကျိုးကျွံပြုနေပါသည်။
    အဆိုးဆုံးကား သန်းရွှေ၊ မောင်အေးတို့၏ ကြံ့ဖွတ်လက်ကိုင်ဒုတ် စွမ်းအားရှင်များကို ပြန်လည်ပွဲထုတ်ပြီး စက်မှုဇုန်များအနီး နေ၇ာယူခိုင်းထားခြင်းဖြစ်သည်။ စွမ်းအားရှင်များကို အားပေးအားမြှောက်ပြုပေးလို့ ဒီပဲရင်းအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြီးမျိုး ထပ်မံဖန်တီးရန် သန့်ရှင်းသောအစိုးရမှ ညစ်ပတ်သောအကြံကို ကြံစည်နေသလားဟု ပြည်သူများ သံသယပွါးနေကြပေသည်။
    ကိုယ့်အမျိုးသားချင်းပြန်လည် လုပ်ကြံသတ်ဖြတ်၇ာတွင် ကမ္ဗောဒီးယားမှ လူသတ်ကောင် ပိုပေါ့နဲ့ ပူးတွဲချန်ပီယံစွဲသော သန်းရွှေကြီးကား ကန့်လန့်ကာ နောက်ကွယ်မှာ လက်မဲကြီးနဲ့ ဖွတ်အစိုးရကို ကြိုးကိုင်ပြီး မကောင်းဆိုးဝါး လမ်းကြောင်းပေါ် တင်ပေးနေဆဲဖြစ်သည်ဟုလည်း ထင်မြင်ယူဆနေကြောင်းပါ။

    ReplyDelete
  2. မြန်မာပြည်သူလူထု ခေါင်းဆောင်နဲ့ Myanmar Democracy Icon နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရဲ့  လွတ်တော်အမတ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်က ကိုယ့်နိုင်ငံကို အင်္ဂလိပ် အမေရိကန် တို့ ရဲ့ လေသံအတိုင်း Burma လို့ ခေါ်တာကလွဲပြီး ပြောတာ အကုန်ကြိုက်တယ်။

    ReplyDelete
  3. မြန်မာနိုင်ငံ မြန်မာလူမျိုးကို မြန်မာလိုပြောမှပဲ မြန်မာ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေ အမေရိကန်တွေက Burma/Burmese ပဲ ပြောကြ ခ်ါကြလို့ အင်္ဂလိပ်လိုနဲ့ ပြောရင် Burma (ဗမာလိုမဟုတ်)က အမှန်ဖြစ်တယ်။

    ReplyDelete
  4. ကဲစစ်ဗိုလ်သူခိုးမျိုးတွေ မမှန်သတင်းတွေလို့ပြောဦးမလား
    ငနွားကျော်ဆန်း.သေသေချာကြည့်.ပီးရင်လိမ်.မမှန်သတင်းတွေပါလို့..ခွေးမသားတွေ

    ReplyDelete
  5. အင်္ဂလိပ်လိုခေါ်မယ် ပြောမယ်ဆိုရင် ဘားမားက မှန်ပါတယ်။
    မြန်မာတွေချင်းပြောရင် မြန်မာလို့ပြောတာ သင့်တော်တယ်။
    ယိုးဒယားလို့ မြန်မာလိုခေါ်နိုင်တယ်၊ ကမ္ဘာကသိအောင်ပြောရင် ထိုင်းလန်ဒ် လို့ပြောကြပါတယ်။
    ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ဒါကိုေ၇းကြီးခွင်ကျယ်လုပ်ပြောနေတာပါ။
    အဓီကကတော့ နိုင်ငံခေါင်းဆောင်က ပြည်သူကို မနှိပ်စက်ဘို့၊ မသတ်ဖြတ်ဘို့၊ နိုင်ငံကို မွဲပြာကျအောင် မလုပ်ဘို့။ ကိုယ်ကျိုးမရှာဘို့။ တိုင်းပြည်ကို မလိမ်ဘို့။ စေတနာကောင်းထားဘို့။ ဒါတွေက အမည်နာမပညတ်တွေထက် အရေးကြိးပါတယ်။
    ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲလို့ နာမည်လှလှ သုံးပြီး ပြည်သူ့ဘက်က မရပ်၊ အာဏာရှင်ကို ကာကွယ်ပေး၊ ပြည်သူကို နှိပ်စက်၊ အနိုင်ကျင့်၊ သူခိုး ဓမြကို မနှိမ်နင်း။ သူခိုးနဲပေါင်းစာ၊ ဒမြနဲ့ ဝေစုခွဲ။ လယ်မြေတွေ ဒမြတိုက်။
    ထစ်ကနဲရှိပစ်သတ်ဆို၇င် အမည်နာမ ဘယ်လောက်လှလှ ဘာမှ မထူးပါ။
    အမေရိကန်ခေါ်သလို လိုက်ခေါ်လို့ အပြစ်ပြောစရာမရှိပါ။
    ယခု မီးပျက်တော့ တရုတ်ကြီးက ဘာများလက်တွေ့ အကူအညီပေးသလဲ။ အမေရိကန်က မီိးစက်တွေ ပို့မယ်။
    တရုတ်က ဗမာလျှပ်စစ်ကို သူခိုးဈေးနဲ့ ၀ယ်သုံးတယ်။ သယံဖာတလဲ သစ်မြစ်ပါတူးယူလို့ ကုန်ပြီ။ တစ်ပြည်လုံးနေရာ အနှံ့ တရုတ်တွေက ခင်ရီဦးဆောင်တဲ့ လ၀ကကို ငွေပေးပြီး ၀င်လာနေကြတာ။ တရုတ်ရဲ့ပြည်နယ်ဖြစ်တော့မယ်။

    ReplyDelete
  6. What Daw Suu said at the World Economic Forum held in Bangkok, Thailand is the TRUTH, NOTHING BUT THE TRUTH as well.
    Rule of Law would mean NOTHING WITHOUT REINFORCING i.e. JUDICIARY and POLICING of course.
    Burma needs POLICE and JUDGES to PROTECT the PEOPLE and RENDER JUSTICE as well unlike the present POLICE and JUDGES CORRUPT to the CORE since day one until today.
    Burma Army today under the command of Min Aung Hlaing is NO BETTER THAN A MERCENARY FORCE bankrolled by the Chinese communists to PROTECT their INTERESTS only in place of DEFENDING Burma's SOVEREIGNTY and TERRITORIAL INTEGRITY as evidenced in RELENTLESS ATTACKS on the KIA/Kachins on the run in tens of thousands today.
    Mandalay our imperial capital and symbol of Burmese culture and tradition has LOST ITS APPEAL and APPEARANCE as a result of MASSIVE INFLUX of ETHNIC CHINESE buying everything in sight, driving out the local population in addition to making Burmese women their CONCUBINES (they have wives and families back home in China) while holding Khin Yee issued Burmese national registration cards as well.
    Our late Gen. Aung San ordered his Burma Army on March 27, 1945,
    "KILL THE NEAREST ENEMY" and the FASCIST JAPANESE met their MAKER.
    The Chinese are IMPLEMENTING THEIR LONG PLANNED POLICY/STRATEGY "OCCUPY BURMA" while the country is WEAK and DEFENSELESS at this time and juncture.
    Than Shwe has SOLD HIS SOUL and BURMA for 30 Billion Yuan since his last visit to the communists' capital Beijing in 2009 and gave the GREEN LIGHT for Myitsone Dam Project and others in Burma.
    At present Min Aung Hlaing - China Chosen - armed forces chief of Burma is PROTECTING CHINESE INTERESTS in Kachin State and elsewhere in Burma killing the ethnic people and Burmese as well in place of DEFENDING BURMA'S SOVEREIGNTY and TERRITORIAL INTEGRITY today.
    Specifically, KIA is the hardest hit as the brave Kachins would not KNEEL to Min Aung Hlaing led paid mercenary force - BURMA ARMY.
    IT IS TIME WE DRAW THE LINE I say!
    "KILL THE NEAREST CHINESE" should be our BATTLE CRY today.
    Only PEOPLE POWER can PREVENT Burma from Chinese hegemony, annexed as a PROVINCE of CHINA in the vein of the colonial British annexing Burma as a province of India on January 1, 1886.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။