Pages

Friday, June 8, 2012

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ တရားဝင်ပါတီရဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား အာဏာပိုင်များမှ စောင့်ကြည့် မှတ်တမ်းတင် နေခြင်းဟာ ဖြစ်သင့်ပါ၏လော..

သတင်းယူတာလား နှိမ့်ချတာလား

ယနေ့ ၇.၆.၂၀၁၂ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင် ပါတီဆိုင်းဘုတ်တင် အခမ်းအနားများကို NLD နှင့် USDP ပါတီ ၂ခုလုံးမှ ကျင်းပခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆိုင်းဘုတ်တင် အခမ်းအနားအား အမှတ် ၆ရပ်ကွက်တွင် ကျင်းပခဲ့ပါသည်။ USDP(ကြံ့ဖွံ့)၏ ဆိုင်းဘုတ်တင် အခမ်းအနားများအား မြို့ပေါ် ၁၂ ရပ်ကွက်လုံး တပြိုင်တည်း ကျင်းပခဲ့ပါသည်။

တိုင်းပြည်အကျိုးအတွက် ဖိနှိပ်မှု အမျိုးမျိုးကြားမှ နှစ်ပေါင်း (၂၀) ကျော် ကြံ့ကြံ့ခံ ရပ်တည်ခဲ့သော NLD အနေဖြင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား တစ်ခုကို အခက်အခဲများကြားမှ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ USDP သည် ဝင်ငွေရှိပြီး ချမ်းသာသော ပါတီတစ်ခုဖြစ်သောကြောင့် ရပ်ကွက် (၁၂) ရပ်ကွက် စလုံးမှာ ဆိုင်းဘုတ်တင်နိုင်ခဲ့သည်။

တန်းတူညီမျှရေး လူ့အခွင့်အရေး ပြည့်ဝသော တိုင်းပြည်တစ်ခုအစိုးရတစ်ရပ်အဖြစ် မစားရ၀မခန်း စကားတွေ  အမျိုးမျိုး ကြားဖူးခဲ့ပါသည်။ ယနေ့တွင် လူ့အခွင့်အရေး ချိုးဖောက်ပြီးဖိနှိပ် ချုပ်ချယ်ခြင်းများကို ပြုလုပ်နေကြောင်း တွေ့ခဲ့ရပါသည်။ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ် သတင်းတပ်ဖွဲ့ များမှ သတင်းယူရာတွင် USDP ၏ ဆိုင်းဘုတ်တင် အခမ်းအနားများအား မှတ်တမ်းတင် စောင့်ကြည့်ခြင်း မှတ်တမ်းခြင်း မရှိဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တစ်ခုတည်းသော ဆိုင်းဘုတ်တင် အခမ်းနားတွင်သာ မေးမြန်းစစ်ဆေး စောင့်ကြည့်ပြီး သတင်းမှတ်တမ်းများ ရယူခဲ့ပါသည်။

ထိုသို့ ပြုလုပ်ခြင်းသည် အကြောက်တရားများဖြင့် ရှင်သန်နေရသော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းအတွက် လူ့အခွင့်ရေး ချိုးဖောက်ခြင်းသာ ဖြစ်နေပါသည်။ လူငယ်များ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာစေရေးအတွက် အဟန့်အတား တစ်ရပ်လည်း ဖြစ်စေခဲ့ပါသည်။ လူငယ်နှင့် နိုင်ငံရေးကို မခွဲခြားစေလိုပါ။ ထို့အတူ ပြည်သူနှင့် နိုင်ငံရေးဖြစ်စဉ်များမှာလည်း လွတ်လပ်စွာ ပါဝင်ခွင့်မရအောင် ခွဲခြားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို ယခုကဲ့သို့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရ တရားဝင်ပါတီ တခုအား အာဏာပိုင်များမှ စောင့်ကြည့် မှတ်တမ်းတင်နေခြင်းဟာ ယနေ့ခေတ်ကာလနှင့် မလျှော်ညီသော လုပ်ဆောင်ချက် ဖြစ်ပါတယ်...။ 

ပွင့်လင်းလာသော ယနေ့ခေတ် အချိန်အခါမှာပြောင်းလဲခဲ့ပါပြီဟူသောစကားလုံးအား သမ္မတကြီးမှ အဆင့်ဆင့်သော အောက်ခြေ၀န်ထမ်းများအား သိရှိနားလည်အောင် ပြောမှပြောခဲ့ပါရဲ့လားဟု မေးခွန်းထုတ်
ရပါတော့မည်။

ခရမ်းသား...
ရဲသတင်းတပ်ဖွဲ့မှ ဒုရဲအုပ်သိန်းဇံ နှင့် ဒုရဲအုပ် ညီညီဇော်တို့မှ လာရောက်မေးမြန်းနေစဉ်..
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ တရားဝင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိသတ်များအား ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည့် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ခင်မောင်ဝင်းနှင့် ဒုတပ်ကြပ် နိုင်ဦး

12 comments:

  1. The best way is invite to SB when ever NLD do this kind of ceremony, so both side will be getting more comfortable and feel better.

    ReplyDelete
  2. အကြောက်တရားနဲ့ဖြဲချောက်တာတွေ၊ အန်အယ်ဒီကို ဖိနှိပ်တာတွေကို ၂၃ -နှစ်ကြာအောင် လုပ်ခဲ့ပြီးပါပြီ။
    ရဲတို့ စရဖတို့ဆိုတဲ့ စစ်အာဏာရှုင်ရဲ့ဖိနှိပ်ရေးအတွက် လက်ကိုင်ဒုတ်တွေကလဲ မျက်နှာလို မျက်နှာရ လုပ်နေကြခြင်းဖြစ်နိုင်ပါသည်။
    အဲဒီအဖွဲ့အစည်းတွေက အကျင့်ပျက် ခြစားမှုမှာ ထိပ်ဆုံးက ဖြစ်နေတာ ပြည်သူတိုင်းသိနေပါတယ်။ အဲလို ကိုယ့်ရဲ့ ယုတ်မာသော အပြစ်တွေကို ဖုံးကွယ်ဘို့၊ အရေးယူမခံရဘို့ ပြည်သူတွေကို ဖိနှိပ်တဲ့ အလုပ်တွေကို အထက် အာဏာပိုင်တွေ အလိုကျ သခင်အားရ ကျွန်ပါးဝလုပ်နေကြခြင်းဖြစ်ပါသည်။
    ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် ခေါင်းမာဂိုဏ်းသား၊ စနစ်ဟောင်းကို ဖက်တွယ်ထားလိုသူဟု နာမည်ကြီးသူဖြစ်ပါသည်။သူသည် သူ့လက်ကိုင်ဒုတ် ရဲကို အသုံးပြုပြီး ခြိမ်းခြောက်ခြင်းဖြစ်သည်။ ပြည်သူ့ရဲ မဟုတ်သော စစ်တပ်လက်အောက်ခံရဲသည် စစ်ဗိုလ်ကြီးများ၏ အမိန့်ကို မလွန်ဆန်နိုင်တာလဲ ဖြစ်နိုငိပါသည်.
    သုံးခွသည် သာသနာကို ဖျက်ဆီး၊ သံဃာများကို သတ်ဖြတ်ဖမ်းဆီးရာမှာ နာမည်ကြီးလှသော၊ သံဃာချင်း သွေးခွဲအုပ်ချုပ်ရာမှာ ကျွမ်းကျင်လှသော သာသနာရေးဝန်ကြီး သူရမြင့်မောင် ၂၀၁၀ မှာ မဲခိုး၊မဲလိမ်၊ အကြောက်တရားကို မဲရရှီရေးအတွက် လက်နက်အဖြစ် အသုံးပြုပြီး အနိုငိယူခဲ့သော နေရာလဲဖြစ်သည်။
    သို့သော် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွတ်တို့ မရှုမလှ၊ အရှက်တကွဲ အကျိုးနည်းရာ၊ အန်အယ်ဒီ အောင်ပွဲခံရာ နယ်မြေလည်းဖြစ်နေပြန်ရာ မနိုင်လျှင် ကုန်းကိုက်မည်ဆိုသော စိတ်ဆိုးစိတ်ယုတ်ဖြင့် တမင်တကာ စီစဉ်ခြင်းလည်း ဖြစ်နိုင်ပေသည်.
    မည်သို့ဆိုစေ၊ ယနေ့ကြံ့ဖွတ်ပါတီသည် တိုင်းပြည်အာဏာကို စစ်ဝတ်စုံဖြင့် ဆက်ပြီး ယူထားဘို့ ဘယ်လိုမှ အခြေအနေမပေးသဖြင့် အရပ်သားအရေကိုကောက်ခြုံထားခြင်းဖြစ်သည်။
    ခြင်္သေ့တစ်ကောင်သည် အစာရေစာငတ်ပြတ်ပြီး သွေးဆာနေခဲ့သည်။ ခြင်္သေ့လာလျှင် အပ်ြစ်မဲ့သားကောင်များကို သတ်ဖြတ်စားသောက်မည်ကို သိသော သားကောင်တို့က
    ကြိုတင် ရှောင်ပြေးကြသည်။တိုအခါ ခြင်္သေ့က မြင်းတစ်ကောင်၏ အရေကို ခြုံပြီး သားကောင်တို့ကို ချောင်းနေစဥင်္် မြင်းအရေခွံကွာကျပြီး ခြင်္သေ့ အယောင်ဆောင်မှန်း သိသွားပြီး ၀ိုင်းဝန်းသတ်ဖြတ်ပစ်လိုက်ကြသည်။
    ထို့ကြောင့်လဲ ပြည်သူတို့က ပြီးခဲ့သည့်ကြားဖြတ်မှာ ကြံ့ဖွတ်ကို ဆန့်ကျင်မဲပေးခဲ့ကြပြီး ဒီမိုကရေစီ ပြည်သူ့အာဏာဖြင့် ဖြုတ်ချသဖြင့် သုံးခွမှာ ကြံ့ဖွတ်တို့ သုံးမရဖြစ်ပြီး လုံးဝဥသုံ ရှုံးရခြင်းဖြစ်ပါသည်။

    ReplyDelete
  3. အထက်က ကွန်မာန့်ရေးသူ ရေးသားချက်အား အထူးထောက်ခံပါသည်

    ReplyDelete
  4. I would say such thing can be prevented by a law passed by Hluttaw
    "Prevention of Demo Transition Law"
    to take action over the country to whom would like to go back to dictatorship reign.

    Can NLD and democrats do that?

    ReplyDelete
  5. ဒီမိုကရေစီသူရဲကောင်းကြီး ဦးဝင်းတင် ပြောခဲ့သလိုပင် စစ်အာဏာရှင်တဖြစ်လဲ ကြံ့ဖွတ်အစိုးရကလည်း( ပြည်သူ့ငွေကြေး၊ ပြည်သူ့ဝန်ထမ်းတွေကို ပါတီပိုင်သဖွယ်အသုံးပြုပြီး)ဖိနှိပ်တဲ့ အလုပ်ကို လုပ်မယ်၊ (အန်အယ်ဒီ အပါအ၀င် ဒီမိုကရေစီဘက်တော်သားတွေကလဲ ကိုယ့်အုလုပ်ဖြစ်တဲ့ စစ်ကျွန်ဘ၀က လွတ်မြောက်ရေး၊ တန်းတူညီမျှဖြစ်ရေးဆိုတဲ့) မိမိတို့အလုပ်ကို မိမိတို့ မမှိတ်မသုန် လုပ်သွားကြဘို့သာ ရှိပါသည်။ မှတပါး အခြားမရှိပြီ။

    ReplyDelete
  6. ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည်ယခင်ခင်ညွန့် လက်ထက်က ပုံစံအတိုင်း NLD ကို နှိပ်ကွတ်ချင်သောသူပါ၊
    မင်းကိုနိုင် တို့ ကိုကိုကီးတို့ကျောင်းသားခေါင်းဆောင်တွေ passport ကို ပိတ်ထားတာလည်း ဒီ ကိုကိုဘဲ ဗျ၊

    ReplyDelete
  7. အဲဒီရဲဆိုတဲ့ကောင်တွေကို အမြင်ကြည်ချင်ပါတယ် ဒါပေမယ့် ဒီနေ့ထိဒီကောင်တွေလုပ်ရပ်က အာဏာရှင် ချီးစားပြီး ဦးနှောက်ထဲ ချီးတွေပဲရှိတဲ့ စောက်ရူး နောက်လိုက်ခွေးတွေလိုပဲ ပြုမူနေကြတော့ ပြည်သူ့ရဲဆိုရင် ကို နာမည်အားနာလို့ ပေါ့ကွာ ချီးထုပ်နဲ့ ပဲ ပြစ်ချင်တာ ဒီကောင်တွေကို

    ReplyDelete
  8. ပြည်သူJune 8, 2012 at 3:35 PM

    ခွေးကျင့်ခွေးကြံထက်ဆိုးတာ ရဲကျင့်ရဲကြံ လို့ခေါ်တယ်။
    တက်လာတဲ့အာဏာရှိသူကို စုတ် မှုတ် ခံ လုပ်ပေးပြီး ပြည်သူကို စိတ်ပါလက်ပါနဲ့အသေသတ်ဖို့ အမြဲတမ်းစဉ်းစားချောင်းမြောင်းနေတဲ့ကောင်တွေ။
    စောက်ရှက်မရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတာ သူတို့ရဲ့ လက်သုံးမူဝါဒ တစ်ခုဘဲ။

    ReplyDelete
  9. ကြံ့ဖွတ်တွေကဘာမှမကျွေးဘဲ
    NLD ကကျွေးနေတယ်ဆိုလို့
    ဒီကောင်(ရဲ)တွေလာတာပါ။
    ကျွေးလိုက်ပါဗျာ

    ReplyDelete
  10. ကြံ့ဖွတ်တွေကဘာမှမကျွေးဘဲ
    NLD ကကျွေးနေတယ်ဆိုလို့
    ဒီကောင်(ရဲ)တွေလာတာပါ။
    ကျွေးလိုက်ပါဗျာ

    ReplyDelete
  11. ကိုဝေယံ...မီးအတွက် ဆန္ဒပြတန်းကလို ဦးဆောင်ပါဦး....ရခိုင်မှာ ဖြစ်နေတဲ့သတင်းများကို လည်းများများ တင်သင့်ပါတယ်.....မြအေးပြောတာကို ကျွန်တော်လုံးဝ မယုံပါဘူး...NLD ဖြစ်နေလို့ မဟုတ်ဘူး....ကုလားဖြစ်နေလို့...ကုလားလို့ ခေါ်တာကို မကြိုက်ဖူးလို့ ပြောတာကတော့ မရယ်ရတဲ့ အပေါစားဟာသပါပဲ...ပုဂံခေတ်ကတည်းက ဆိုရိုးရှိပါတယ်...မယားမှာတောသူ မြင်းမှာအုန်းခွံ ကျွန်မှာကုလား တဲ့...အန်တီစု အနေနဲ့ လူနည်းစု ကိုမေတ္တာထားပါဆိုတဲ့ စကားက ဘာအဓိပ္ပယ်ပါလည်း?
    အခု မောင်တောမှာ ကုလားတွေက အိမ်တွေကို မီးရှို့နေပီ...NLD အနေနဲ့ ယခုအချိန်မှာ ပြည်သူနဲ့ အတူတသားတည်း ရှိကြောင်း သက်သေပြပေးပါ....

    ReplyDelete
  12. ကိုဝေယံ...ကျုပ်comment ကိုဘာလို့ ဖျက်ပြစ်တာလဲ...ကျုပ်ရေးတာလေးက ရခိုင်အရေးမှာNLD အနေနဲ့ ပြည်သူတို့ဘက်ကနေ တသားတည်းရှိနေ ပေးပါလို့ ရေးတာပါ...ဆဲတာလည်း တစ်လုံးတောင် မပါဘူး...အောက်ကခင်ဗျားပေးထားတဲ့ အတိုင်း ရေးတာပါ..ခင်ဗျား နာမည် မှာပါတဲ့DEMO ဆိုတာကို ဖြုတ်ပစ်ပါ..ခင်ဗျား အစားရှက်လို့..ဒီCOMMENT ကိုလည်း ခင်ဗျား မြန်မြန်ဖျက်လိုက်ပါ...တော်ကြာ NLD ကို ကြိုက်သူတွေ ဘက်ပြောင်းကုန်မယ်....ဇရှိရင် တင်ပေါ့ဗျာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။