Pages

Friday, June 8, 2012

အစိုးရတပ်များမှ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ဘင်္ဂလီများ နယ်စပ်သို့ ထွက်ပြေး..

by Shwe Myitmakha Media Group on Friday, June 8, 2012 at 9:54pm ·
စောဇင်ညီ(မြစ်မခ)


ဇွန် ၈၊ ရန်ကုန်မြို့။

အစိုးရတပ်၊ နယ်စပ်ကာကွယ်ရေးအဖွဲ့၊ လုံထိမ်းအဖွဲ့စသည့်အဖွဲ့များကမောင်းတောဒေသတွင်းသို့ ၀င်ရောက်အကြမ်းဖက် လျက်ရှိသော ဘင်္ဂလီလူမျိုးများအား ပစ်ခတ်သောကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်သို့ ထွက်ပြေးသွားကြကြောင်း မောင်းတော ဒေသရှိ ဒေသခံပြည်သူများထံမှ သိရှိရသည်။
 
` ညနေ ၆နာရီလောက်က ထွက်ပြေးသွားကြတယ်၊ တပ်က ခြောက်ပြီးပစ်တယ်၊ ပစ်တော့ပစ်ကြတာပဲ ကျမတို့လည်း ပြေးနေတော့ ထိလားမထိလား မသိဘူး` ဟုမောင်းတောဒေသရှိ   ဒေသခံပြည်သူ တဦးက ပြောသည်။

ယနေ့ နေ့လည် ၁၁နာရီကျော်ခန့်က  ဘင်္ဂလီလူမျိုးအချို့က ရခိုင်ပြည်နယ်၊မောင်းတောမြို့ရှိ ဗိုလ်ချုပ်ရွာ၊အလယ်ရွာအပါအ၀င်   ကျေးရွာ ၁၄ ရွာရှိလူနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်ခဲ့ကြကြောင်း မောင်းတောဒေသခံများထံမှ သိရှိရသည်။


“မြို့မှာ ရွာတစ်ရွာကို မီးကိုမီးရှိခဲ့တယ်။ နယ်စပ်မှာတော့ ရွာတွေအများကြီးရှို့ထားတယ်။ ကမ္ဘောဇဘဏ်နဲ့ ယူနိုက်တက် ပိာုတယ်ကိုလည်း ဖျက်စီးထားတယ်”ပာု မောင်းတောမြို့ခံ ဦးအောင်ထွန်းက ပြောသည်။  အဆိုပါအကြမ်းဖက်မှုကြောင့် ရခိုင်လူမျိုး ၃၀ဦးဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ဘင်္ဂလီတွေက ရခိုင်အိမ်တွေကိုဝင်စည်းတယ်၊  မြို့ထဲမှာတော့ပိာုပြေးဒီပြေးနဲ့  ရခိုင်လူမျိုးတွေပြေးနေရတယ်”ပာု မျက်မြင်တွေ့ရသောနယ်ခံတစ်ဦးကပြောသည်။

 အဆိုပါ အကြမ်းဖက်မှုကြောင့် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့မှအစိုးရထံမှ ပစ်မိန့်ရရှိခဲ့ပြီး ခြောက်လှန့် ပစ်ခတ်ခဲ့ ကြောင်း သိရှိရသည်။

 “ရဲတွေက ကျွန်မတို့ကို ဘေးလွတ်ရာကို ပြေးခိုင်းတယ်။ ပြေးနေတဲ့လူအုပ်ကို ဘင်္ဂလီတစ်ယောက်က တိုက်ပေါ် ကနေ သေနတ်နဲ့ လှမ်းပစ်တယ်။ အဲဒီကနေစပြီး ရဲတပ်ဖွဲ့က ပြန်ပစ်တာ”ပာု မောင်းတောမြို့မှ မျက်မြင်တွေ့မြင်ရသူ မစံခင်ကပြောသည်။

11 comments:

  1. ကိုဝေယံ...တကယ် လေးစားတယ်...

    ReplyDelete
  2. မင်းအောင်လှိုင်June 9, 2012 at 7:29 AM

    -
    ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်


    မြန်မာနိုင်ငံ ချောက်ထဲသို့ ကျရောက်ရန် လက်နှစ်လုံးသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် သမိုင်းပေးတာဝန်အရ တပ်မတော်က နိုင်ငံတော်အာဏာကို အချိန်မီ ထိန်းသိမ်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိစေအပ်ပါသည်။

    တပ်မတော်က အာဏာ ပြန်ယူရန် မတည်ငြိမ်မှုများ ဖြစ်လာအောင် တောင်ကုတ်မြို့ခံများက မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်စေရန် သွေးထိုးလှုံ့ဆော် စီစဉ်ခဲ့ကြသော ပြည်သူအမည်ခံ စရဖ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို ဂုဏ်ပြုပါသည်။


    မင်းအောင်လှိုင်
    တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

    ReplyDelete
  3. စစ်အုပ်စုက နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်နေပြီလားJune 9, 2012 at 8:14 AM

    >
    စစ်အုပ်စုက နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်နေပြီလား


    Facebook ပေါ်မှာ ပွနေတဲ့သတင်းတွေ အားလုံးခြုံငုံစုစည်းကြည့်လိုက်တော့ ---


    - ကုလားတွေက ရခိုင်တွေကို သတ်နေပြီ ဆိုတဲ့သတင်း

    - ဘူးသီးတောင် မောင်းတော ဖက်မှာ ညအချိန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့ သောင်းကျန်းနေလို့ မိမိတို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နေရတဲ့သတင်း

    - ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီ ဆိုတဲ့သတင်း

    - ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော်ပြီး ဗမာပြည်ထဲ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီဆိုတဲ့သတင်း

    - ဒီသတင်းတွေကို မိမိတို့ တပ်မတော်မှ ကြိုတင်သတင်းရရှိတဲ့အတွက် အပြီးတိုင် ချေမှုန်းသွားမယ်ဆိုတဲ့သတင်း

    - ပြည်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာများ သွားလာနေထိုင်မှု သတိရှိကြဖို့နဲ့ အရေးအကြောင်းရှိလာရင် မြန်မာသံရုံးတွေကို အချိန်နဲ့တပြေးညီ အကြောင်းကြားကြဖို့ တိုက်တွန်းထားတဲ့သတင်း


    စသဖြင့် သတင်းတွေတွေ့နေရတဲ့အတွက် စိတ်ဝင်တစား ဖတ်ကြည့်မိပါတယ်။


    သတင်းတွေရဲ့ လားရာ (ဦးတည်ချက်) ကို ကြည့်လိုက်တော့ သတင်းရေးသားဖော်ပြချက်တွေအရ

    ကုလား - ဗမာ အဓိကရုဏ်းကို ကြီးသထက်ကြီးအောင်၊ ကုလား - ဗမာ အဓိကရုဏ်းကနေ ဘင်္ဂလားဒေ့ရှ် - ဗမာ စစ်ပွဲဖြစ်အောင်၊ ငယ်တဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု ရှင်းမရအောင် လုပ်နေတဲ့ သဘောဖြစ်နေတာ သတိထားမိပါတယ်။


    သတင်းတွေရဲ့ လာရာ (အရင်းအမြစ်)ကို ကြည့်လိုက်တော့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း messenger သတင်းဂျာနယ်က ဖော်ပြပေးထားတာ တွေ့ရှိရပါတယ်။


    မြန်မာလူမျိုးက ထစ်ခနဲဆို ကုလားကို မုန်းတတ်တယ်၊ မဲတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့  လက်အောက်မှာ နေခဲ့ရတာခြင်းအတူတူ ဗမာ က ကုလား (အိန္ဒိယ) ထက် ပိုပြီး နိမ့်ကျခဲ့ရတယ်။ ကျွန်ခြင်းအတူတူတောင် တဆင့်နိမ့်ခဲ့ရတဲ့ ကျွန်သဘောက် (ကျွန်ရဲ့ ကျွန်) ဖြစ်ခဲ့ရလို့ပဲ။ ဒါကြောင့် ကုလား မုန်းတီးရေး အခံက မြန်မာလူမျိုး အတော်များများမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ရှိတတ်ပါတယ်။


    ဒီအခြေခံ စိတ်သဘောသဘာဝ အားနည်းချက်က အမြတ်ထုတ်ရတာ လွယ်ပါတယ်။ လူမျိုးရေး - ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးတတ်တာဟာ နယ်ချဲ့ သမားနဲ့ လကျာ် အချောင်သမားတွေရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။


    ကလော့စ်ဝစ်ဇ် ပြောတာက စစ်ဆိုတာ နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်တာပဲတဲ့။

    ကျနော်တို့အားလုံး စဉ်းစားရမှာက အခု ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မငြိမ်မသက်မှုတွေအားလုံး

    စစ်အုပ်စုက နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်နေပြီလား .......

    အဲဒါကို ကျနော်တို့ အလေးအနက် စဉ်းစားဖို့ လိုပါလိမ့်မယ်။


    သားဆွေ

    ReplyDelete
  4. လဝက ဝန်ထမ်းများက အရိုးအရင်း ကိုက်ရတဲ့ ခွေးဝဲစားလေးများသာဖြစ်ပါတယ်။

    အဓိကတရားခံက အစိမ်းရောင်ယူနီဖောင်းဝတ် လူရမ်းကား မာဖီးယား အလီဘာဘာ ခွေးဘီလူးကြီးများ ဖြစ်ပါတယ်။

    တိုင်းမှုး၊ နအစ တပ်မှုး စသည်တို့ဟာ ဘင်ဂါလီ သူဌေးများရဲ့ လာဘ်ငွေ ဆက်ကြေးငွေ အမြောက်အမြားကို ကိုယ့်အိတ်ထဲ ထည့်၊ ပြည်ဝင်ခွင့်ပေး၊ ပြစ်မှုတွေ ကျူးလွန်တာကို ကာကွယ်ပေး စတာတွေကြောင့်ပါ။

    NLD ပါတီဝင် ထောက်ခံသူတယောက် အီးပေါက်ရင်တောင် အများပြည်သူကို အထိတ်တလန့်လုပ်မှုနဲ့ တရားစွဲ ထောင်ချဘို့၊ သမီးရီးစား သဘောတူ ခိုးပြေးပေါင်းသင်းတာကို NLD လူငယ်ခေါင်းဆောင် ဖြစ်နေလို့ မုဒိမ်းမှု၊ မတော်တဆ မော်တော်ဆိုင်ကယ် တိုက်မှု ဖြစ်ပြီး ကာယကံရှင် ခံရသူက အမှု မဖွင့် ကျေအေးပါတယ် ဆိုတာတောင်မှ NLD ပါတီဝင် ဖြစ်နေလို့ ရဲက အတင်း အမှုတင် စွဲဆိုထောင်ချ။

    ဒီလို အောက်တန်းကျတဲ့ အလုပ်တွေနဲ့ ရှုပ်ပြီး ငွေရပေါက်အလုပ်တွေဘဲ လုပ်နေကြတာပါ။ ဒါနဲ့များ တိုင်းပြည်ကို သူတို့လောက် ချစ်တဲ့သူမရှိ။ တိုင်းပြည်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါတယ်လို့ အရှက်မရှိ မျက်နှာပြောင်နဲ့ အော်နေတုံးဘဲဗျ။

    ReplyDelete
  5. (
    ရိုဟင်ဂျာ ပြဿနာ ရဲ့ အစ .... လ-၀-က )


    ရိုဟင်ဂျာ ပြဿနာ ရဲ့ အစ .... လ-၀-က။

    မန္တလေးမှာ ပြည်ကြီးတရုပ်တွေဝင်လာတဲ့
    ပြသနာရဲ့ အစ ... လ-၀-က။

    လ-၀-က ရှိ နေလျှင် ပြသနာ ပေါင်းစုံရှိနေမည်။

    သင့် အမျိုးထဲမှာ အမျိုးသားသစ္စာဖေါက်
    လောက်ကောင် - လ-၀-က ရှိနေပါသလား။

    လ-၀-က ၀န်ထမ်းများ သည် နိင်ငံခြားသားများ
    ကိုငွေယူ ပြီး မှတ်ပုံတင်များ ထုတ်ပေးနေကြ
    သည်။

    လ-၀-က သည် အမျိုးဘာသာ
    သာသနာရဲ့ ရန်သူ အစစ်ဖြစ်သည်။

    (မိုးသီးဇွန်)

    ReplyDelete
  6. .
    ရိုဟင်ဂျာ ကို ဘယ်သူ သွင်းတာလဲ။
    ရိုဟင်ဂျာ ကို သွင်းတာ မဆလ၊ န၀တ၊ နအဖ တို့ ဖြစ်တယ်။
    ရိုဟင်ဂျာကို အောက်ခြေကနေ လှိုက်စားသွင်းပေးတာ လ-၀-က ဖြစ်တယ်။

    ရိုဟင်ဂျာ ကိစ္စ ကို သူတို့  ဖေါ်ထုတ်ဖို့  ကြိုးစားနေတာ ကြာပြီ။

    ခုမှ ရိုဟင်ဂျာ ကိစ္စ ဖြစ်လာတာက ရှင်းပါတယ်။
    ရေမီး ပြဿနာ ကို အာရုံလွှဲတာ မျှသာ ဖြစ်တယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို
    နိုင်ငံခြား မထွက်နိင်အောင် လုပ်တာမျှသာ ဖြစ်တယ်။

    မြန်မာ-မူစလင် များနဲ့  ရိုဟင်ဂျာ ပြဿနာ ကို
    ခွဲခြား သိမြင်နိင်ပါစေ။


    လူမျိုးရေး အဓိကရုဏ်းမှာ သင် မပါ ပါနှင့်။

    (မိုးသီးဇွန်)

    ReplyDelete
  7. .
    စစ်အုပ်စုက မီးအရေး၊ စက်ရုံအလုပ်သမားအရေး၊ ကချင်စစ်ပွဲအရေးကို လူမျိုးရေးနဲ့ အာရုံပြောင်းလိုက်တာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပိုင်တယ်ကွာ။

    ဦးသိန်းစိန် ရဲ့ Thai ခရီးစဉ် ဖျက်သိမ်းရခြင်းအတွက် အကြောင်းပြချက် ကောင်းကောင်းလည်း ရသွားတာပေါ့။

    ရိုဟင်ဂျာအရေး ပြောရမယ်ဆိုရင် တချိန်က အစိုးရ ရဲ့ သောက်သုံးမကျမှု၊ တကိုယ်ကောင်းဆန်မှု၊ ခြံစည်းရိုးကျော် ဖေါက်ပြန်မှုကြောင့် ပေါက်ဖွားလာတာ ဖြစ်တယ်။ မိမိရဲ့ ခဏတာ ပျော်ရွှင်မှု၊ အာဏာမြဲဖို့၊ စိတ်အာသာဖြေဖို့ မှားခဲ့တဲ့ အမှုလေးက အခုအချိန်မှာ အစိုးရအတွက် အမှုအကြီးကြီး ဖြစ်နေပြီ။

    ရိုဟင်ဂျာက မှတ်ပုံတင်အတု ကိုင်ပြီး မွေးစားသား ဘ၀ကို မလိုချင်တော့ဘူးတဲ့၊ သားအရင်း သတ်မှတ်ပေးဖို့ တောင်းဆိုနေပြီ။ ကဲ... ဘာလုပ်မှာတုန်း... အစိုးရ?

    ရိုဟင်ဂျာကို အသုံးချ ပျော်ပါးခဲ့ပြီး စွန့်ပစ်ရ ခက်နေပြီလား?

    ရခိုင်တိုင်းရင်းသားတွေက ရှင်းရှင်းပဲ... ခြံစည်းရိုးလုဘက် အိမ်နီးချင်းကို ညီအစ်ကို မတော်နိုင်ဘူး။

    AIDS (အာဏာ) ရောဂါ စွဲကပ်နေတဲ့ စစ်တပ် လွှတ်တော်ကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ကနေ ဖယ်ရှားစေချင်တယ်။

    စစ်ဗိုလ်တွေ တိုင်းပြည်နဲ့ ပြည်သူကို တကယ် ချစ်တယ်ဆိုရင်၊ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေး ကို အလေးထားတယ် ဆိုရင်
    လွှတ်တော်ကနေ စစ်တန်းလျားကို အမြန်ပြန်ပါ။

    saijet

    ReplyDelete
  8. -
    အားလုံး ကို ရခိုင်ပြည်ဘက်ကို စိတ်ရောက်သွားအောင် လုပ်ခဲ့တဲ့ အာဏာကိုင် တွေရဲ့ လုပ်ရပ် အောင်မြင်နေပါပြီ။ အခုဆိုရင် တိုင်းပြည်မှာ အလုပ်သမား ဆန်ဒပြတာတွေ မီးလာဘို့ ဆန်ဒပြတာတွေ တွေ ကို လူတွေ အာရုံမရှိတော့ပါ။

    ရခိုင် က အပြစ်မဲ့ ပြည်သူတွေ ပြည်တွင်းက ခရီးသွား အစ်စလမ် ဘာသာဝင်တွေ သေတာလဲ အာဏာကိုင် တွေက ပျင်းတောင် ပျင်းသေးတယ်။ နာဂစ်မှာ လူ ၁ သိန်းခွဲ လောက် သေခဲ့ တာ ဘာများ အရေး လုပ်လို့လဲ။

    အခု ကိစ္စမှာ ကြံ့ဖွံ အစိုးရ က အမြတ်ရမှာ သေချာတယ်။

    ခြောက်လှန့် ပြီး မိုးပေါ်ထောင် သေနပ်ဖေါက်သတဲ့။ လူစု ခွဲသတဲ့။ ကိုယ့် အမျိုးသား အချင်းချင်း တိုင်းရင်းသား ကချင်၊ ကရင် တွေကျတော့ သေနပ် ခလုပ် မောင်းဖြုတ်တာ သိတ်မြန်တဲ့ စစ်တပ် ခု ကိတ်စမှာ လက်နှေး နေပြီ ဆိုကတဲက တွေးကြည့်ကြပေတော့။

    တိုင်းပြည်မှာ အကြပ်အတည်း ကြုံလာတိုင်း ပြည်သူတွေက ထွက်ပေါက် တခုခုကို ဦးတည်လာပြီ ဆိုရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း တွေ ဖြစ်ခဲ့တဲ့ သမိုင်းကို နမူနာ ယူကြပါ။

    ဒါ အာဏာပိုင် တွေက ဖန်တီးတာပါ။ တောင်ကုတ်မှာ လူတွေ ဒေါသဖြစ်အောင် စာတွေ ဝေခဲ့တာတွေ၊ လူတွေ ဒေါသဖြစ်နေချိန်မှာ အစ်စလမ် ဘာသာဝင် တွေ အများစု ပါတဲ့ အဝေးပြေးကား မြို့တွင်းကို ရုတ်တရက် ရောက်လာခဲ့တာ၊ ခရီးသွားတာကို ထိမ်းချုပ်ထားတဲ့ အဲဒီနယ်မှာ အဲသလို တိုက်ဆိုင်မှုတွေ ဟာ အံ့သြဘို့ မကောင်းဘူးလား။

    အဲဒီ အချိန်မှာ မြို့်တွင်းမှာ ရှိတဲ့ ရဲ နဲ့ အာဏာပိုင်တွေ က လူစုလူဝေးကြီး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာကို လျှစ်လျှု ရှုခဲ့တာတွေ၊ ဒါတွေဟာ တမင်တကာ လုပ်ခဲ့ကြတာ။ ဒီလို မဖြစ်သင့်တာတွေ ဖြစ်အောင် အစီအစဉ် ရှိရှိ အကွက်ချပြီး စီစဉ်ခဲ့ကြတာ။

    ကုလား မွတ်ဆလင် ဆိုပြီး သတင်းစာက ရေးခဲ့တာတွေ ဟာ တမင်တကာ လုပ်ခဲ့တာ။ မတော်တဆ ဖြစ်တာ မဟုတ်ဘူး။ ရည်ရွယ်ချက် ရှိတယ်။

    အခု အဲဒီ ကိစ္စနောက် ကို လူတွေ အာရုံ ရောက်နေကြပြီ။ ၂၀၀၇ တုန်းက ဆန်ဒပြတဲ့ လူအုပ်နဲ့ သေနပ်ကိုင်ထားတဲ့ စစ်တပ်ကြားထဲကို အုတ်ခဲကျိုးတွေ တင်လာတဲ့ ကားကြီးဝင်လာပြီး အုပ်ခဲကျိုးတွေ ချပေးသွားခဲ့တာ သတိရကြပါ။

    ReplyDelete
  9. ဒါပေမဲ့ တဖက်ကလဲ အစိုးရ အဖို့ အကြပ်အတည်း ထပ်ဖြစ်လာတာက လဝက ရဲ့ လုပ်ရပ်တွေကို လူတွေက မြင်လာကြပြီ။ ဒါ နောက်ဆက်တွဲပဲ။

    သန်းရွှေ အတွက် သိန်းစိန် ဆိုတာ ရုပ်သေး သာသာပါ။ ဒါလုပ်ဆို လုပ်၊ ဒါပြောဆို ပြောရသူပါ။

    -
    အောင်သောင်းက သူ့ကို လူမုန်းများမှန်း သိလို့ ဒီဖြစ်ရပ်မှာ လူလုံး မပြဘူး။ ဒါပေမဲ့ အခု ဖြစ်ရပ်နောက်ကွယ်မှာတော့ အောင်သောင်း ပါတာ အတွင်းသိတွေက သိကြပါတယ်။ အားလုံးပဲ ကြံ့ဖွံ အစိုးရ ရဲ့ လှည့်ကွက် နောက်ကွယ်က ကြိုးကိုင်သူ သန်းရွှေ နဲ့ အောင်သောင်း တို့ကို မြင်အောင် ကြည့်ကြပါ။

    ReplyDelete
  10. တစ်ခုခုဆို အစိုးရ မကောင်းကြောင်းပဲ ပြောနေကြတယ်။
    အဓိက ကတော့ ကုလားတွေကို သတ်ပစ်ရမှာလေ။
    မင်းတို့က အဲလိုပြောနေတော့ အစိုးရက မလုပ်တော့ရင် ဘယ်သူလုပ်မှာလဲကွ။ လီးပဲ။
    မင်းတို့လိုကောင်တွေ ဒီအစိုးရနဲ့တောင် မတန်ဘူး။
    ဒီလောက်ကိုယ့်လူမျိုးကို သူများနှိပ်စက်နေချိန်မှာတောင်
    အစိုးရမကောင်းကြောင်းပဲ ပြောတတ်ကြတယ်။ ငါကတော့ မူစလင်တွေကို လီးပဲကွာ။

    ReplyDelete
  11. ငါက ကရင်ကွ။ သတ္တိံရှိရင် ခွေးကုလားတွေ ငါတို့ကိုထိကြည့်လိုက်။ မင်းတို့တွေ ခွေးသေသေစေရမယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။