| ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီ နောက်ဆုံးရသတင်းများ |
| Eleven Media Group Friday, 08 June 2012 14:39 |
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်း ရရှိပါသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။ ညနေ ၃ နာရီ ၅၀ မိနစ် ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။ မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။ လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။ ညနေ ၄ နာရီ ၁၅ မိနစ် ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။ "ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။ ညနေ ၄ နာရီ ၃၀ မိနစ် မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။ ညနေ ၄ နာရီ ၄၀ မိနစ် "ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။ ညနေ ၄ နာရီ ၅၀ မိနစ် မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ ညနေ ၅ နာရီ ၂၀ မိနစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ ညနေ ၅ နာရီ ၃၀ မိနစ် မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ညနေ ၅ နာရီ ၄၅ မိနစ် လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။ ညနေ ၆ နာရီ ၃၀ မိနစ် ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။ ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။ ညနေ ၆ နာရီ ၃၅ မိနစ် ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။ ည ၇ နာရီ ၄၀ မိနစ် မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။ ည ၇ နာရီ ၅၂ မိနစ် လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ ည ၇ နာရီ ၅၈ မိနစ် မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။ ည ၈ နာရီ ၁၆ မိနစ် ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးထံမှ သိရှိရသော သတင်းအရ မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ထုတ်ပြန်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။ ည ၈ နာရီ ၄၀ မိနစ် ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။ ၄င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။ ည ၈ နာရီ ၅၄ မိနစ် မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။ ည ၈ နာရီ ၅၉ မိနစ် မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။ နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ''ယနေ့ မောင်တောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ။သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ (၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ (၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ (၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ။လက်တို့တွင် ဓါးခုတ်ခံရ (၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံး။ ဒဏ်ရာရရှိသူများကို မောင်းတောဆေးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့။'' ဟု ယနေ့ ည ၈ နာရီ ၃၅ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။ ည ၉ နာရီ ယနေ့ည ရှစ်နာရီ အချိန်က ထုတ်လွှင့်ခဲ့သော နိုင်ငံပိုင်မီဒီယာများ၏ သတင်းအစီအစဉ်တွင် ယနေ့ဖြစ်ပွားသော မောင်တောအရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက် ကျူးလွန်သူ တရားခံ ၃ ဦးအား တရားရုံးထုတ် စစ်ဆေးသည့် သတင်းကိုသာ ထုတ်ပြန်သွားခဲ့ကြောင်း သိရသည်။ ည ၉ နာရီ ၁၂ မိနစ် မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် Breaking News အနေဖြင့် ည ၉ နာရီ ၅ မိနစ် အချိန်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ "မောင်တော အခြေအနေကို ကြားရတာ တော်တော်ဆိုးပါတယ်။ မီးစကို ဘယ်ကပဲ စစပေါ့။ ဒီပြသနာမီးပွားကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်။ တရားဥပဒေမဲ့ ဘယ်လုပ်ရပ်ကိုမှ ကျွန်တော်တို့ လက်မခံဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းကို လုံခြုံရေး အာဏာယူထားသူ အားလုံးကလည်း ရေရှည်အတွက်ကို ကြည့်ပြီး လုံခြုံမှု တည်ငြိမ်အောင် ဖြေရှင်းသွားဖို့ တာဝန်ရှိတယ်။ အစလေး တစ်စကို မီးပွားကြီးမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ဖြစ်သည့်အခါမှသာ ဟိုဟာဖြစ်အောင် ဒီဟာဖြစ်အောင်ဆိုပြီး အပြကောင်းအောင် စောင့်ဆိုင်းနေမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းသိမ်းဖို့လိုတယ်။ အချိန်မီထိန်းသိမ်းနိုင်တဲ့ အားမရှိရင် အားရှိအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ မောင်တောပြသနာကို အစကတည်းက ကျွန်တော်တို့ ကြိုပြီး ပြောခဲ့တယ်။ စစ်တွေမှာ ပြသနာဖြစ်လာကတည်းက မောင်တောမှာ ဖြစ်လာမှာကို ကြောက်လို့ ကျွန်တော်တို့က လူထုကို ရှင်းပြခဲ့တယ်။ ပြောခဲ့တယ်။ ဘူသီးတောင်၊ မောင်တောတို့လို ထိခိုက်မခံနိုင်တဲ့ နေရာတွေသာ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တစ်ခြားနေရာတွေမှာလည်း အများကြီး ကြောက်စရာ ကောင်းနိုင်တယ်။ အထူးသဖြင့် လူနည်းစုရှိတဲ့ နေရာတွေဟာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်။ အခုလို လူထုတွေ ညမအိပ် နေ့မအိပ်နိုင်တဲ့ အခြေအနေ မျိုးတွေဟာ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ နောက်ပိုင်းဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲ အပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲ အပ်ဖို့လိုမယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့ဖို့ လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေး စီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့က လည်း တောင်းဆိုသွားမှာပါ။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ပြာပုံဘ၀ ရောက်တဲ့အထိ လုပ်တဲ့ ပုံစံမျိုးဟာ ၁၉၄၂ ခုနှစ်က ဖြစ်တဲ့ ကုလား-ရခိုင်အရေးအခင်းမျိုးကို ဖန်တီးတယ် ဆိုရင် ဖန်တီးသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီလို ဖြစ်မလာဖို့အတွက် လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာ အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က Eleven Media Group အား ယနေ့ည ၇ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ ပြောကြားခဲ့သည်။ |

-
ReplyDelete၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်
မြန်မာနိုင်ငံ ချောက်ထဲသို့ ကျရောက်ရန် လက်နှစ်လုံးသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် သမိုင်းပေးတာဝန်အရ တပ်မတော်က နိုင်ငံတော်အာဏာကို အချိန်မီ ထိန်းသိမ်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိစေအပ်ပါသည်။
တပ်မတော်က အာဏာ ပြန်ယူရန် မတည်ငြိမ်မှုများ ဖြစ်လာအောင် တောင်ကုတ်မြို့ခံများက မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်စေရန် သွေးထိုးလှုံ့ဆော် စီစဉ်ခဲ့ကြသော ပြည်သူအမည်ခံ စရဖ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို ဂုဏ်ပြုပါသည်။
မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
>
ReplyDeleteစစ်အုပ်စုက နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်နေပြီလား
Facebook ပေါ်မှာ ပွနေတဲ့သတင်းတွေ အားလုံးခြုံငုံစုစည်းကြည့်လိုက်တော့ ---
- ကုလားတွေက ရခိုင်တွေကို သတ်နေပြီ ဆိုတဲ့သတင်း
- ဘူးသီးတောင် မောင်းတော ဖက်မှာ ညအချိန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့ သောင်းကျန်းနေလို့ မိမိတို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နေရတဲ့သတင်း
- ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီ ဆိုတဲ့သတင်း
- ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာလက်နက်ကိုင်တွေ နယ်စပ်ဖြတ်ကျော်ပြီး ဗမာပြည်ထဲ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီဆိုတဲ့သတင်း
- ဒီသတင်းတွေကို မိမိတို့ တပ်မတော်မှ ကြိုတင်သတင်းရရှိတဲ့အတွက် အပြီးတိုင် ချေမှုန်းသွားမယ်ဆိုတဲ့သတင်း
- ပြည်တွင်းမှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာများ သွားလာနေထိုင်မှု သတိရှိကြဖို့နဲ့ အရေးအကြောင်းရှိလာရင် မြန်မာသံရုံးတွေကို အချိန်နဲ့တပြေးညီ အကြောင်းကြားကြဖို့ တိုက်တွန်းထားတဲ့သတင်း
စသဖြင့် သတင်းတွေတွေ့နေရတဲ့အတွက် စိတ်ဝင်တစား ဖတ်ကြည့်မိပါတယ်။
သတင်းတွေရဲ့ လားရာ (ဦးတည်ချက်) ကို ကြည့်လိုက်တော့ သတင်းရေးသားဖော်ပြချက်တွေအရ
ကုလား - ဗမာ အဓိကရုဏ်းကို ကြီးသထက်ကြီးအောင်၊ ကုလား - ဗမာ အဓိကရုဏ်းကနေ ဘင်္ဂလားဒေ့ရှ် - ဗမာ စစ်ပွဲဖြစ်အောင်၊ ငယ်တဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု ရှင်းမရအောင် လုပ်နေတဲ့ သဘောဖြစ်နေတာ သတိထားမိပါတယ်။
သတင်းတွေရဲ့ လာရာ (အရင်းအမြစ်)ကို ကြည့်လိုက်တော့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း messenger သတင်းဂျာနယ်က ဖော်ပြပေးထားတာ တွေ့ရှိရပါတယ်။
မြန်မာလူမျိုးက ထစ်ခနဲဆို ကုလားကို မုန်းတတ်တယ်၊ မဲတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်ချဲ့  လက်အောက်မှာ နေခဲ့ရတာခြင်းအတူတူ ဗမာ က ကုလား (အိန္ဒိယ) ထက် ပိုပြီး နိမ့်ကျခဲ့ရတယ်။ ကျွန်ခြင်းအတူတူတောင် တဆင့်နိမ့်ခဲ့ရတဲ့ ကျွန်သဘောက် (ကျွန်ရဲ့ ကျွန်) ဖြစ်ခဲ့ရလို့ပဲ။ ဒါကြောင့် ကုလား မုန်းတီးရေး အခံက မြန်မာလူမျိုး အတော်များများမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ ရှိတတ်ပါတယ်။
ဒီအခြေခံ စိတ်သဘောသဘာဝ အားနည်းချက်က အမြတ်ထုတ်ရတာ လွယ်ပါတယ်။ လူမျိုးရေး - ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးတတ်တာဟာ နယ်ချဲ့ သမားနဲ့ လကျာ် အချောင်သမားတွေရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။
ကလော့စ်ဝစ်ဇ် ပြောတာက စစ်ဆိုတာ နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်တာပဲတဲ့။
ကျနော်တို့အားလုံး စဉ်းစားရမှာက အခု ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ မငြိမ်မသက်မှုတွေအားလုံး
စစ်အုပ်စုက နိုင်ငံရေးကို အခြားနည်းနဲ့ ဆက်လုပ်နေပြီလား .......
အဲဒါကို ကျနော်တို့ အလေးအနက် စဉ်းစားဖို့ လိုပါလိမ့်မယ်။
သားဆွေ
မူဆလင်ကုလားတို့၏ အန္တရာယ်ကို သတိပြုကြဘို့ လိုပြီ။
ReplyDeleteလာဘ်စားပြီး ကုလားကို သွင်း၊ တ၇ုတ်ကိုသွင်း လုပ်တဲ့ လ၀က တွေဟာ အဓိက တရားခံပါ။
လ၀က ၀န်ကြီး ရဲချုပ်ဟောင်း ခင်ရီ နုတ်ထွက်။
လဝက ဝန်ထမ်းများက အရိုးအရင်း ကိုက်ရတဲ့ ခွေးဝဲစားလေးများသာဖြစ်ပါတယ်။
ReplyDeleteအဓိကတရားခံက အစိမ်းရောင်ယူနီဖောင်းဝတ် လူရမ်းကား မာဖီးယား အလီဘာဘာ ခွေးဘီလူးကြီးများ ဖြစ်ပါတယ်။
တိုင်းမှုး၊ နအစ တပ်မှုး စသည်တို့ဟာ ဘင်ဂါလီ သူဌေးများရဲ့ လာဘ်ငွေ ဆက်ကြေးငွေ အမြောက်အမြားကို ကိုယ့်အိတ်ထဲ ထည့်၊ ပြည်ဝင်ခွင့်ပေး၊ ပြစ်မှုတွေ ကျူးလွန်တာကို ကာကွယ်ပေး စတာတွေကြောင့်ပါ။
NLD ပါတီဝင် ထောက်ခံသူတယောက် အီးပေါက်ရင်တောင် အများပြည်သူကို အထိတ်တလန့်လုပ်မှုနဲ့ တရားစွဲ ထောင်ချဘို့၊ သမီးရီးစား သဘောတူ ခိုးပြေးပေါင်းသင်းတာကို NLD လူငယ်ခေါင်းဆောင် ဖြစ်နေလို့ မုဒိမ်းမှု၊ မတော်တဆ မော်တော်ဆိုင်ကယ် တိုက်မှု ဖြစ်ပြီး ကာယကံရှင် ခံရသူက အမှု မဖွင့် ကျေအေးပါတယ် ဆိုတာတောင်မှ NLD ပါတီဝင် ဖြစ်နေလို့ ရဲက အတင်း အမှုတင် စွဲဆိုထောင်ချ။
ဒီလို အောက်တန်းကျတဲ့ အလုပ်တွေနဲ့ ရှုပ်ပြီး ငွေရပေါက်အလုပ်တွေဘဲ လုပ်နေကြတာပါ။ ဒါနဲ့များ တိုင်းပြည်ကို သူတို့လောက် ချစ်တဲ့သူမရှိ။ တိုင်းပြည်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါတယ်လို့ အရှက်မရှိ မျက်နှာပြောင်နဲ့ အော်နေတုံးဘဲဗျ။
(
ReplyDeleteရိုဟင်ဂျာ ပြဿနာ ရဲ့ အစ .... လ-၀-က )
ရိုဟင်ဂျာ ပြဿနာ ရဲ့ အစ .... လ-၀-က။
မန္တလေးမှာ ပြည်ကြီးတရုပ်တွေဝင်လာတဲ့
ပြသနာရဲ့ အစ ... လ-၀-က။
လ-၀-က ရှိ နေလျှင် ပြသနာ ပေါင်းစုံရှိနေမည်။
သင့် အမျိုးထဲမှာ အမျိုးသားသစ္စာဖေါက်
လောက်ကောင် - လ-၀-က ရှိနေပါသလား။
လ-၀-က ၀န်ထမ်းများ သည် နိင်ငံခြားသားများ
ကိုငွေယူ ပြီး မှတ်ပုံတင်များ ထုတ်ပေးနေကြ
သည်။
လ-၀-က သည် အမျိုးဘာသာ
သာသနာရဲ့ ရန်သူ အစစ်ဖြစ်သည်။
(မိုးသီးဇွန်)
(
ReplyDeleteရိုဟင်ဂျာကိစ္စ ဖြစ်လာတာက စစ်အုပ်စုက ရေမီး ပြဿနာကို အာရုံလွှဲတာမျှသာ ဖြစ်တယ် )
ရိုဟင်ဂျာ ကို ဘယ်သူ သွင်းတာလဲ။
ရိုဟင်ဂျာ ကို သွင်းတာ မဆလ၊ န၀တ၊ နအဖ တို့ ဖြစ်တယ်။
ရိုဟင်ဂျာကို အောက်ခြေကနေ လှိုက်စားသွင်းပေးတာ လ-၀-က ဖြစ်တယ်။
ရိုဟင်ဂျာ ကိစ္စ ကို သူတို့ ဖေါ်ထုတ်ဖို့  ကြိုးစားနေတာ ကြာပြီ။
ခုမှ ရိုဟင်ဂျာ ကိစ္စ ဖြစ်လာတာက ရှင်းပါတယ်။
ရေမီး ပြဿနာ ကို အာရုံလွှဲတာ မျှသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည် ကို
နိုင်ငံခြား မထွက်နိင်အောင် လုပ်တာမျှသာ ဖြစ်တယ်။
မြန်မာ-မူစလင် များနဲ့  ရိုဟင်ဂျာ ပြဿနာ ကို
ခွဲခြား သိမြင်နိင်ပါစေ။
လူမျိုးရေး အဓိကရုဏ်းကို သင် မပါ ပါနှင့်။
(မိုးသီးဇွန်)
.
ReplyDeleteစစ်အုပ်စုက မီးအရေး၊ စက်ရုံအလုပ်သမားအရေး၊ ကချင်စစ်ပွဲအရေးကို လူမျိုးရေးနဲ့ အာရုံပြောင်းလိုက်တာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပိုင်တယ်ကွာ။
ဦးသိန်းစိန် ရဲ့ Thai ခရီးစဉ် ဖျက်သိမ်းရခြင်းအတွက် အကြောင်းပြချက် ကောင်းကောင်းလည်း ရသွားတာပေါ့။
ရိုဟင်ဂျာအရေး ပြောရမယ်ဆိုရင် တချိန်က အစိုးရ ရဲ့ သောက်သုံးမကျမှု၊ တကိုယ်ကောင်းဆန်မှု၊ ခြံစည်းရိုးကျော် ဖေါက်ပြန်မှုကြောင့် ပေါက်ဖွားလာတာ ဖြစ်တယ်။ မိမိရဲ့ ခဏတာ ပျော်ရွှင်မှု၊ အာဏာမြဲဖို့၊ စိတ်အာသာဖြေဖို့ မှားခဲ့တဲ့ အမှုလေးက အခုအချိန်မှာ အစိုးရအတွက် အမှုအကြီးကြီး ဖြစ်နေပြီ။
ရိုဟင်ဂျာက မှတ်ပုံတင်အတု ကိုင်ပြီး မွေးစားသား ဘ၀ကို မလိုချင်တော့ဘူးတဲ့၊ သားအရင်း သတ်မှတ်ပေးဖို့ တောင်းဆိုနေပြီ။ ကဲ... ဘာလုပ်မှာတုန်း... အစိုးရ?
ရိုဟင်ဂျာကို အသုံးချ ပျော်ပါးခဲ့ပြီး စွန့်ပစ်ရ ခက်နေပြီလား?
ရခိုင်တိုင်းရင်းသားတွေက ရှင်းရှင်းပဲ... ခြံစည်းရိုးလုဘက် အိမ်နီးချင်းကို ညီအစ်ကို မတော်နိုင်ဘူး။
AIDS (အာဏာ) ရောဂါ စွဲကပ်နေတဲ့ စစ်တပ် လွှတ်တော်ကိုယ်စားလှယ် ၂၅% ကို လွှတ်တော်ကနေ ဖယ်ရှားစေချင်တယ်။
စစ်ဗိုလ်တွေ တိုင်းပြည်နဲ့ ပြည်သူကို တကယ် ချစ်တယ်ဆိုရင်၊ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေး ကို အလေးထားတယ် ဆိုရင်
လွှတ်တော်ကနေ စစ်တန်းလျားကို အမြန်ပြန်ပါ။
saijet
-
ReplyDeleteပြည်သူတွေအားလုံးကို ရခိုင်ပြည်ဘက်ကို စိတ်ရောက်သွားအောင် လုပ်ခဲ့တဲ့ အာဏာကိုင် တွေရဲ့ လုပ်ရပ် အောင်မြင်နေပါပြီ။ အခုဆိုရင် တိုင်းပြည်မှာ အလုပ်သမား ဆန်ဒပြတာတွေ၊ မီးလာဘို့ ဆန်ဒပြတာတွေ တွေ ကို လူတွေ အာရုံမရှိတော့ပါ။
ရခိုင် က အပြစ်မဲ့ ပြည်သူတွေ ပြည်တွင်းက ခရီးသွား အစ်စလမ် ဘာသာဝင်တွေ သေတာလဲ အာဏာကိုင် တွေက ပျင်းတောင် ပျင်းသေးတယ်။ နာဂစ်မှာ လူ ၁ သိန်းခွဲ လောက် သေခဲ့ တာ ဘာများ အရေး လုပ်လို့လဲ။
အခု ကိစ္စမှာ ကြံ့ဖွံ အစိုးရ က အမြတ်ရမှာ သေချာတယ်။
ခြောက်လှန့် ပြီး မိုးပေါ်ထောင် သေနပ်ဖေါက်သတဲ့။ လူစု ခွဲသတဲ့။ ကိုယ့် အမျိုးသား အချင်းချင်း တိုင်းရင်းသား ကချင်၊ ကရင် တွေကျတော့ သေနပ် ခလုပ် မောင်းဖြုတ်တာ သိတ်မြန်တဲ့ စစ်တပ် ခု ကိတ်စမှာ လက်နှေး နေပြီ ဆိုကတဲက တွေးကြည့်ကြပေတော့။
တိုင်းပြည်မှာ အကြပ်အတည်း ကြုံလာတိုင်း ပြည်သူတွေက ထွက်ပေါက် တခုခုကို ဦးတည်လာပြီ ဆိုရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း တွေ ဖြစ်ခဲ့တဲ့ သမိုင်းကို နမူနာ ယူကြပါ။
ဒါ အာဏာပိုင် တွေက ဖန်တီးတာပါ။ တောင်ကုတ်မှာ လူတွေ ဒေါသဖြစ်အောင် စာတွေ ဝေခဲ့တာတွေ၊ လူတွေ ဒေါသဖြစ်နေချိန်မှာ အစ်စလမ် ဘာသာဝင် တွေ အများစု ပါတဲ့ အဝေးပြေးကား မြို့တွင်းကို ရုတ်တရက် ရောက်လာခဲ့တာ၊ ခရီးသွားတာကို ထိမ်းချုပ်ထားတဲ့ အဲဒီနယ်မှာ အဲသလို တိုက်ဆိုင်မှုတွေ ဟာ အံ့သြဘို့ မကောင်းဘူးလား။
အဲဒီ အချိန်မှာ မြို့်တွင်းမှာ ရှိတဲ့ ရဲ နဲ့ အာဏာပိုင်တွေ က လူစုလူဝေးကြီး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာကို လျှစ်လျှု ရှုခဲ့တာတွေ၊ ဒါတွေဟာ တမင်တကာ လုပ်ခဲ့ကြတာ။ ဒီလို မဖြစ်သင့်တာတွေ ဖြစ်အောင် အစီအစဉ် ရှိရှိ အကွက်ချပြီး စီစဉ်ခဲ့ကြတာ။
ကုလား မွတ်ဆလင် ဆိုပြီး သတင်းစာက ရေးခဲ့တာတွေ ဟာ တမင်တကာ လုပ်ခဲ့တာ။ မတော်တဆ ဖြစ်တာ မဟုတ်ဘူး။ ရည်ရွယ်ချက် ရှိတယ်။
အခု အဲဒီ ကိစ္စနောက် ကို လူတွေ အာရုံ ရောက်နေကြပြီ။ ၂၀၀၇ တုန်းက ဆန်ဒပြတဲ့ လူအုပ်နဲ့ သေနပ်ကိုင်ထားတဲ့ စစ်တပ်ကြားထဲကို အုတ်ခဲကျိုးတွေ တင်လာတဲ့ ကားကြီးဝင်လာပြီး အုပ်ခဲကျိုးတွေ ချပေးသွားခဲ့တာ သတိရကြပါ။
-
ReplyDeleteဒါပေမဲ့ တဖက်ကလဲ အစိုးရ အဖို့ အကြပ်အတည်း ထပ်ဖြစ်လာတာက လဝက ရဲ့ လုပ်ရပ်တွေကို လူတွေက မြင်လာကြပြီ။ ဒါ နောက်ဆက်တွဲပဲ။
သန်းရွှေ အတွက် သိန်းစိန် ဆိုတာ ရုပ်သေး သာသာပါ။ ဒါလုပ်ဆို လုပ်၊ ဒါပြောဆို ပြောရသူပါ။
အောင်သောင်းက သူ့ကို လူမုန်းများမှန်း သိလို့ ဒီဖြစ်ရပ်မှာ လူလုံး မပြဘူး။ ဒါပေမဲ့ အခု ဖြစ်ရပ်နောက်ကွယ်မှာတော့ အောင်သောင်း ပါတာ အတွင်းသိတွေက သိကြပါတယ်။ အားလုံးပဲ ကြံ့ဖွံ အစိုးရ ရဲ့ လှည့်ကွက် နောက်ကွယ်က ကြိုးကိုင်သူ သန်းရွှေ နဲ့ အောင်သောင်း တို့ကို မြင်အောင် ကြည့်ကြပါ။