Pages

Sunday, June 3, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ..

 မေလ (၂၉)ရက်နေ့က  World Economic Forum on East Asia အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာပါတယ်..။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ မဟာချိုင်သို့ သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ အရေးအတွက် ထိုင်း ဒုဝန်ကြီးချုပ်၊ ထိုင်း အလုပ်သမားရေးရာ ဝန်ကြီးဋ္ဌာန ဒုဝန်ကြီးများနဲ့ တွေ့ဆုံခဲ့သလို ထိုင်းမြန်မာ နယ်စပ် မယ်လဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့ပါတယ်..။ World Economic Forum၌ မိန့်ခွန်း ပြောကြားခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။ 

World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်....။

ထိုင်းနိုင်ငံသို့ခရီးစဉ်အတွင်း ကူညီစောင့်ရှောက် ဧည့်ဝတ်ကျေပွန်ခဲ့ကြသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ထိုင်းနိုင်ငံသူ နိုင်ငံသားများ၊ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အထူးသဖြင့် လုံခြုံရေးကို အထူးကြပ်မတ် တာဝန်ယူပေးခဲ့ကြသော ထိုင်းလုံခြုံရေး အဖွဲ့ဝင်များအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားချစ်ခင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း...။ 


2 comments:

  1. အမေစု အေးအေးချမ်းချမ်းပြန်ရောက်သွားတာ ၀မ်းသာလိုက်တာ။ မဲဆောက်မှာ အမေစုကို မနာလိုတဲ့သူတွေ ပေါတယ်လေ။ ဒါကြောင့် ထိုင်းလုံခြုံရေးကလည်း စိုးရိမ်လို့ ဘယ်မှ မပို့တော့တာ ဖြစ်မယ်။ အရင်က အမျိုးမျိုး အပုပ်ချနေတဲ့ မဲဆောက်က ကိုယ့်ကိုယ်ကို လူတတ်ကြီးတွေ ထင်နေတဲ့ ၊ လူထုအကျိုး ကြည့်သလိုလိုနဲ့ ကိုယ့်အကျိုး နေရာပျောက်သွားမှာ စိုးရိမ်နေတဲ့ ဒီမိုသမားနံမည်ခံတွေလည်း ခုဆက်ပြီး အပုပ်ချကောင်းနေတာပေါ့။

    ReplyDelete
  2. 1962-ဗိုလ်နေ၀င်းက ဆိုရှယ်လစ်အရေခြုံပြီး ပြည်သူကို အနိုင်ကျင့်သွားတာ ၂၆-နှစ်။
    ၁၉၈၈- စောမောင်-သန်းရွှ- ခင်ညွန့်တို့က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို တည်ဆောက်တာက ၂၃-နှစ်။
    တူညီတာကတော့ ခေတ် နှစ်ခေတ်လုံးမှာ တပ်မတော်ကို ခုတုံးလုပ်တယ်။ တပ်ရဲ့ကောင်းမြတ်သော အစဉ်အလာတွေကို ဖျက်ဆီးပစ်တယ်။
    ပြည်သူချစ်သော ခေါင်းဆောင်တွေ၊ နိုင်ငံချစ် ကျောင်းသားလူငယ်တွေ။ ရဟန်းသံဃာတွေကို မနာလို မရှုစိမ့်ခဲ့ကြပါ။
    ထောင်ချသည်၊ မိသားစုဘ၀ပျက်အောင် လုပ်သည်။ စစ်ထောက်လှမ်းရေးနဲ့ ရဲကို ပြည်သူ့ရန်ကို ကာကွယ်ဘို့ မသုံး။ သူတို့ကိုယ်ပိုင်တပ်သဖွယ် အာဏာတည်မြဲရေးအတွက် အတိုက်အခံတွေကို နှိမ်နင်းရာမှာ သုံးတယ်။
    ဒီပဲရင်းလုပ်ကြံမှုကြီးကား နအဖစစ်ကောင်စီ၏ ကမ္ဘာသိ အယုတ်မာ အပက်စက်ဆုံးနဲ့ သူရဲဘောအကြောင်ဆုံးရာဇ၀တ်မှုအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။
    လူထုခေါင်းဆောင် အမေစုနဲ့ ဒီမိုကရေစီသူရဲကောင်း ဦးတင်ဦး၊ ဦးလွင်အစရှိသော လူထုအားကိုးရာ ခေါင်းဆောင်ကြီးများကို ဖွတ်သူရဲကောင်းကြီး ဦးအောင်သောင်း၊ အ၀ီစိသို့သွားလေသူ ဗိုလ်စိုးဝင်းတို့က လုပ်ကြံသတ်ဖြတ်သော်လည်း ပါတီ၏ သစ္စာရှိကျောင်းသားနဲ့ ပါတီဝင်လူငယ်လေးများက အသက်ပေးပြီး ကာကွယ်သွားလို့ အမေစု ဒီနေ့ထိ လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေနိုင်ခြင်းဖြစ်သည်။
    ထိုင်းခရီးစဉ်အတွင်း နအဖ တဖြစ်လဲ ကြံ့ဖွတ်အစိုးရ၏ သူလျှိ ဒလံများက လူထုခေါင်းဆောင်ကို လုပ်ကြံမည့်အရေး ပြည်သူများတွေးပြီး စိတ်မအေးခဲ့သော်လည်း အမေစုကို ကြည်ညိုလေးစားသော ထိုင်းအစိုးရမှ လုံခြုံရေးအပြည့်အ၀ပေးလို့ ဘေးကင်းရန်ကွာ
    ပြန်ရောက်လာသည်ကို ပြည်သူများ စိတ်အေးချမ်းသာ ရှိနေပါကြောင်း။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။