Pages

Wednesday, June 6, 2012

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ (တိုင်ကြားစာ)

 ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး  
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ 
(တိုင်ကြားစာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။ သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့်အတွက် ၂၀၁၂-ခု မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့် ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း(ယခင် ရယက ဥက္ကဋ္ဌဟောင်း)ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ ၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့် အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။ 

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍ နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။ နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။ အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင် အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။ 

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင် အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက် သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။ 

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ် ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃


6 comments:

  1. မီဒီယာတွေက ပွင့်လငိး လွတ်လပ်လာလို့လားတော့ မသိ၊ သန့်ရှင်းသော အစိုးရလက်ထက်မှာ အမှုအခင်းတွေက ပေါလိုက်တာ။
    စိတ်ချမ်သာစရာ သတင်းဆိုလို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူချစ်သော အမေစုပါတီက ကြံ့ဖွတ်ကို အပြတ်အသတ် အနိုင်ယူတာတစ်ခုသာ ကြားရသည်။
    ရခိုင်အမျိုးသမီးလေး အသတ်ခံရမှုမှာလဲ ဂွတ် ဂါးဗားမင့်န် ၏ ကူညီပါရစေ ဆိုတဲ့ ကြဲ့ဖွတ် ပုလိပ်တွေက ငွေလာထိုးတာကို မျှော်နေလား မသိပါဘူး။ တော်တော်နဲ့ ပြတ်သား ထင်သာမြင်သာအောင် အရေးမယူဘူး။
    တရားခံမပေါ်တဲ့ အမှုတွေကလဲ ဒုနဲ့ဒေ။
    အာဏာရှင်ကြီး ဗိုလ်သန်းရွှေလက်ထက်ကအကျင့်တွေက မပျောက်။ နိုင်ငံရေးမလုပ်ရင် ပြီးရော။ ဘယ်သူသေသေ ငသန်းရွှေအာဏာမြဲရင်ပြီးေ၇ာ လုပ်နေခဲ့တာ အခုထိ အကျင့်ကပါနေဆဲ။
    ယခု မိမိကိုယ်ကို အဆုံးစီရင် သွားရှာသော မိန်းမငယ် အမှုကိုလည်း တလကျော်ကြာသည်အထိ ဘာတစ်ခုမှ အရေးမယူဘဲ မသိယောင်ဆောင်နေတယ်။ ဒီမိုကေ၇စီ နိုင်ငံသစ်ကို ဒီပုလိပ်အစုတ်ပလုတ်တွေနဲ့ ဘယ်လို ရောက်အောင် ချီတက်ကြမှာလဲ။
    ပြည်ထဲရေးကို ကိုင်နေတာကလဲ အာဏာရူး ဗိုလ်သန်းရွှေ ရဲ့လူယုံတပည့်။ ပြည်သူက မရွေး သန်းရွှေရွှေးခဲ့တဲ့လူ။ စစ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ ရဲစခန်းရှေ့မှာ တောင်းဆိုတော့ သေနတ်နဲ့ပစ်သတ်ဘို့ အမိန့်ကိုတော့ ပေးတာမြန်ုလိုက်တာ။ ခက်တာက သမတကြီးကိုယ်တိုင်ကလဲ ဗိုလ်သန်းရွှေရဲ့ လက်ရုံးကြီးတွေကို ဘာမှ မပြောရဲ။
    အဲဒီ ကိုကိုဆိုတဲ့ ခေါင်းမာဂိုဏ်းသားက ဆန္ဒပြဘို့ ဥပဒေအားလုံးပြီးစီးနေပါလျက် သူက နည်းပဒေကို အတည်ပြုမပေးဘူး။ လွှတ်တော်ကိုရော၊ပြည်သူကိုပါ အရေးမစိုက်တဲ့သဘောဘဲ။
    ယခုကိစ္စမှာ သေဆုးံသွားသူ မိန်းခလေးကို နှိပ်စက်ပြီး သေအောင်တွန်းပို့တဲ့ တရားခံတွေကို အရေးယူမဲ့ ကူညီပါရစေ ပုလိပ်တွေက မသိယောင်ဆောင် နှာစေးနေကြတာလား၊ တမင် လူထုကိုဒေါသထွက်အောင် ဆွပေး၊ လာတောင်းဆိုရင် ပစ်သတ်၊ ပြီးတော့ နိုင်ငံဆူပူပါတယ်ဆိုပြီး စစ်တပ်က အာဏာပြန်သိမ်းဆိုတဲ့ သံသရာငရဲတွင်းထဲ ပြန်ပြိးသွင်းဘို့ ခေါင်းမာဂိုဏ်းသားတွေက ကြံစည်နေသလားလို့ ပြည်သူအများ သံသယပွါးနေကြောင်းပါ။

    ReplyDelete
  2. မိုက်ရိုင်းလိုက်တာ ဒီလိုမျိုး အရေးခင်းတွေ ပြည်သူတွေ မသိဘဲနဲ့ လာဘ်ထိုးပြီး နုတ်ပိတ်ထားတာ ဘယ်လောက်များ ရှိလိုက်မလဲ မသိဘူး ။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  3. သမ္မတအရုတ် ဟုတ်ပေါင် အယုတ်သမ္မတ သိရင် ကြားရင် အမြန်ဆုံး အရေးယူပေးပါ။ ခင်းဗျားမွေးတို့ မွေးပေးခဲ့တဲ့ ကြံ့ဖွတ် လူမိုက်တွေရဲ့လုပ်ရပ်က လူသားချင်းမစာနားဘူး။ အဲဒီလောက်တောင် ပြောပိုင်ခွင့် မရှိရင်လဲ သမ္မတလုပ်မနေတောနဲ့တော ရာထူးက နှုတ်ထွက်တော့။ ရဲဆိုတဲ့ ခွေးတွေက ဘယ်သေနေလို့ အရေးမယူထာလဲ။ မင်းဆွေမျိုးမဟုတ်လို့ အရေးမယူတာလား။ အလှည့်ဆိုတာရှိတယ်နော် သတိထား။ ညီမလေး ကောင်းရာသုဂတိသို့လားပါစေ။။

    ReplyDelete
  4. အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေပဲ.
    လူမဆန်တဲ့မိသားစုတွေက မြန်မာလူမျိုးတွေမှဟုတ်ရဲ့လားမသိဘူးဗျာ။တော်တော်ရှက်ဖို့လဲကောင်းတယ်နော်။မြန်မာလူမျိုးဆိုတာ မေတ္တာတရားကိုလက်ကိုင်ထားတဲ့လူမျိုးလို့ ပြောရမှာတောင်ရှက်လာပြီ။

    ReplyDelete
  5. ညီမလေး ကောင်းရာသုဂတိလားပါစေ

    ReplyDelete
  6. အမှန်တရားဆိုတာ ဖုန်းကွယ်ထားလို့ရချင်ရမယ်။ ဖျောက်ဖျက်ပစ်လို့တော့ မရပါဘူး။ ဥပဒေအရ ဒဏ်မခတ်ရင်တောင် ကံဆိုတာတူသော အကျိုးပေးပါလိမ့်မယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။