Pages

Thursday, June 7, 2012

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အဖွဲ့ချုပ် အောင်နိုင်ရေး ကူညီပေးခဲ့သူ သားအဖ(၂)ဦး အဖမ်းခံရမှုနှင့် (နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ တိုင်ကြားစာ...

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အဖွဲ့ချုပ် အောင်နိုင်ရေး ကူညီပေးခဲ့သူ သားအဖ(၂)ဦး မတရား အဖမ်းဆီးခံရမှု
တိုင်ကြားစာ..
 
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာတွင် NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း အောင်နိုင်ရေးအား ကူညီပေးခဲ့မှု့ကြောင့် အငြိုးထားပြီး သားအဖ(၂)ဦးအား ၁၁.၅.၂၀၁၂ နေ့တွင် ရွှေခဲအင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်၊ နောက်မှဖိအားပေးသူ စရဖ၊ ကြံ့ခိုင်ရေး မှ စည်းရုံးရေးမှူးနှင့် ဆယ်အိမ်မှူး ရာအိမ်မှူးများမှ လုပ်ကြံပြီး မြို့နယ်ရဲစခန်းတွင် ၅(ဃ)ဖြင့် အမှုဖွင့်ထားကြောင်းနှင့် ပျဉ်းမနားမြို့နယ်စခန်းရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။ 

မြို့နယ်ရဲစခန်းမှ၂၅.၅.၂၀၁၂ မှ ၈.၆.၂၀၁၂ နေ့အထိ ရဲလုပ်ငန်း(ရီမန်) ယူခဲ့ပြီးပြီး၊ ၆.၆.၂၀၁၂ နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တရားစွဲဆိုခွင့် ပြုလိုက်သည်ဟုကြားရပါသည်။ အမှန်စင်စစ် ၄င်းအမှူ့ဖြင့် တရားမစွဲခင်က ၄င်းကျေးရွာအုပ်ရှိ အခြားရွာတစ်ခုဖြစ်တဲ့ ကျောက်ခဲအင်း ကျေးရွာရှိ အန်အယ်ဒီအား အကူအညီပေးခဲ့သော လူငယ်များအား တရားစွဲဆိုရန် ကြိုးစားခဲ့ပါသေးတယ်။ စခန်းမှ မဆောင်ရွက်ပေးသဖြင့် အခုတစ်ကြိမ်တွင် အပြစ်မရှိ အပြစ်ရှာပြီး အမှု မဖြစ်ဖြစ်အောင် လုပ်ကြံထားမှုများ ရှိကြောင်းလည်း ရွားသူရွာသားများအကြား ပြောဆိုနေကြပါသည်။ အောက်ခြေမှာ မပြောင်းလဲသော လုပ်ဆောင်ချက်များ အပေါ် ဒေသခံပြည်သူများမှ စိတ်ပျက်နေပြီး သမ္မတကြီး၏ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

 ထိုကိစ္စအား အမှုမှန်ပေါ်ပေါက်ရန် ဆောင်ရွက်စေလိုကြောင်းနှင့် တစ်နိုင်ငံလုံးတွင် ကောင်းမွန်သော အပြောင်းအလဲအတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း အသိပေးတင်ပြ အပ်ပါသည်...။

M.E Civil & Mechanical Course Work 
(နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ
တိုင်ကြားစာ...

- ( 11.11.2011 ) မှာ စာမေးပွဲ ဖြေဆိုပြီးခဲ့ ( 27.5.2012 ) 6 လကျော်ကြာမှ အောင်စာရင်းထွက်..

- ME မှာ ဘာသာရပ်တစ်ခုကို 65 မှတ်ရမှ အောင် ဟု သတ်မှတ်ပေး..

- M.E. Mechanical မှာ ဘာသာရပ် 8 ခုရှိ ဖြေဆိုကျောင်းသား 10ယောက်...

- 7 ဘာသာကို ကောင်းစွာ ဖြေဆိုနိုင် တစ်ဘာသာမှာ ဖြေဆိုသူ 10 ယောက်လုံး 30 ပဲ ရခဲ့သည်...

- 65 မှတ်ရမှ အောင်ပေးမည်ဆို ဘာကြောင့်တစ်ယောက်ကို အအောင်ပေးတာလဲ

- ( 29.5.2012 ) မှာ ကျရှုံးကျောင်းသား 9 ယောက်ထဲမှ 2 ယောက်ကို Reexam ပြန်ဖြေရမည်

- ( 16.6.2012 ) မှာဖြေ၍ အောင်လျှင် ( Thesis ) ဆက်လုပ်ရမည်...

- ထို 2 ယောက်က Major subject အောင်ပြီး Minor ပဲ ထိ၍ ပြန်ဖြေခိုင်းသည်တဲ့....

- ဒါဆို သူတို့ 2 ယောက်က Major Subject အောင်တာ သေချာလို့လား 30 ပဲ ရခဲ့တာ လုံးဝ သေချာ  နေတာ ဘာကြောင့် သူတို့ 2 ယောက်က Major Subject အောင်ရသည် တဲ့လား...

- တရားမှု မရှိပါ

- Civil Majorမှာ ဖြေဆို ကျောင်းသား 7 ယောက်ရှိ..

- 7 ယောက်လုံး ကျရှုံးလို့ ကြေညာပြီးမှ ဘာကြောင့် 1 ယောက်ကို Rexam ပြန်ဖြေခိုင်းတာလဲ

- ကျန်တဲ့ ကျရှုံးကျောင်းသားတွေ အတွက် အမှန်တရား နဲ့ မျှတမှုရရှိဖို့အတွက် မီဒီယာမှ တဆင့် တောင်းဆိုအပ်ပါသည်...။

M.E Civil & Mechanical Course Work
(နည်းပညာတက္ကသိုလ် - တောင်ငူ) ကျောင်းသား/ သူများ

4 comments:

  1. စရဖဆိုတဲ့အကောင်တွေကလဲ စိတ်နေစိတ်ထား မပြောင်းလဲသေးပါလား။
    တစ်တိုင်းပြည်လုံး လွတ်လပ်ပွင့်လင်း လူလူချင်း ဗိုလ်ကျစိုးမိုးမှုကင်းသော စနစ်တစ်ရပ်ကို ထူထောင်နေချိန်မှာ ဒီကောင်တွေက ဆက်ပြီး ခြောက်စား၊၊ ဟောက်စားအကျင့်ဆိုးတွေ မပျောက်သေးပါလား။
    သမတကြီး ဦးသိန်းစိန်က ရန်ကုန်လေဆိပ်မှ စရဖများကို ရုတ်သိမ်းပေးလိုက်တာ ပြည်သူများ လွန်စာပျော်ရွှင်ဝမ်းသာနေပြီး နိုင်ငံ၏ပုံရိပ်လဲ လှပသွားခဲ့ပါသည်။
    ဗိုလ်နေ၀င်၊ ဗိုလ်သန်ေးရွှတို့က အာဏာတည်မြဲရေးအဓိက ဒေါက်တိုင်ကြီးများအဖြစ် စစ်ထောက်လှမ်းရေး၊ ရဲသတင်းတပ်ဖွဲ့၊ စ သုံးလုံး၊ ရဲ ဆိုတဲ့ အကောင်တွေကို လူသတ်လိုင်စင်၊ ညှဉ်းပန်းနှိပ်စက်ခွင့်လိုင်စင်တွေ ပေးထားခဲ့တယ်။
    ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ချောက်ဆိုတာလို ဗိုလ်ခင်ညွန့်နဲ့ ငထောက်တွေက ဘယ်သူ့ကိုမှ လူမထင်၊ ဗိုလ်သန်းရွှေကိုပါ ကုလားထိုင်ပေါ်က ဆွဲချမည့်အခြေအနေ ရောက်လာမှ တစ်ဖွဲ့လုံးကို ဖြုတ်ချပစ်ရတော့သည်။
    စရဖ စသော အဖွဲ့တွေဟာ ဒီနေ့ ပြည်သူနဲ့ အစိုးရတစ်သားတည်းဖြစ်အောင် ကြိုးပမ်းနေတဲ့အချိန်မှာ ပြည်သူကို ဖမ်းဆီးနှိပ်စက်ဘို့၊ ကြံ့ဖွတ်ပါတီ တစ်ခုတည်းရဲ့အသုံးချခံ လူမိုက်မွေးခံယုံသက်သက် မဖြစ်သင့်တော့ပါ။
    ပြည်သူ့ဝန်ထမ်းများသည် ပြည်သူကို သစ္စာစောင့်သိရိုသေရပါမည်။ သမတကြီးမှစပြီး အားလုံးသော ၀န်ထမ်းများသည် ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည်။ ထမင်းကျွေးသော ပြည်သူ၏လက်ကို ကိုက်လျှင် သမိုင်းဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါမည်။
    ပြည်သူကို နှစ် ၅၀-ကြာဖိနှိပ်ခဲ့ပေမဲ့ ယနေ့သာမန် စက်ရုံအလုပ်သမလေးများကပင် သေနတ်ကို မကြောက်၊ထောင်ကိုမကြောက်၊ အခွင့်အရေးကို တောင်းဆိုနေကြပေပြီ။
    အစိုးရကိုလည်း ပြည်သူများ၊
    ပြည်သူတစ်ခဲနက်ထောက်ခံအားပေးသော NLD ပါတီဝင်များကို ရန်သူဟု သတ်မှတ်ချေမှုန်းတဲ့ မဟာဗျူဟာကို သန်းရွှေလွန်ခေတ်အထိ သယ်ဆောင်မလာသင့်တော့ပါကြောင်း အကြံပြုအပ်ပါသည်။

    ReplyDelete
  2. စာမေးပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေကို ကျွန်တော်တော်ရုံနဲ့ ကွန်းမန့်ပေးလေ့မရှိပါဘူး။
    စာမေးပွဲရှုံးတဲ့ကျောင်းသားတွေရဲ့ ခံစားချက်ကို စာနာနားလည်ပေးနိုင်လို့ဖြစ်ပါတယ်။
    ဒါပေမယ့် နားလည်ပေးနိုင်တယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။
    ကိုယ်တွေးနိုင်မြင်နိုင်တဲ့ဘောင်တစ်ခုထဲကနေပဲ သုံးသပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး
    ပြောလာတာတော့ စာစစ်အဖွဲ့ရဲ့သိက္ခာ၊ ဌာနရဲ့သိက္ခာ၊ ဝန်ကြီးဌာနရဲ့သိက္ခာကို
    အရမ်းကာရော ဝေဖန်မှုနဲ့ ထိပါးလာတယ်လို့ယူဆလို့ ဒီကွန်းမန့်ကိုရေးပါတယ်။

    နိုင်ငံတကာအဆင့်မှာ Master Level အတွက် အောင်မှတ်က ၆၅ မှတ်သတ်မှတ်ထားသလို
    မြန်မာနိုင်ငံမှာလည်း ၆၅ မှတ်လို့ပဲ သတ်မှတ်ထားပါတယ်။
    ဟုတ်ပြီ.. မြန်မာနိုင်ငံမှာ ၆၅ မှတ်အောင်မှတ်လို့ တကယ်ကို ကျင့်သုံးလို့ ရနေပြီလား။
    စာမေးပွဲ ဖြေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ့်အခြေအနေကိုယ်တိုင်သိကြမှာပါ
    တကယ်သာ ၆၅ မှတ်ရမှသာ အောင်မယ်ဆိုရင် ဘယ်နှစ်ယောက်များအောင်နိုင်မယ်လို့ ထင်သလဲ
    ကိုယ့်ဘာသာကိုယ် အောင်မယ်လို့ ရဲရဲကြီးပြောနိုင်သလား။
    လူကြီးတွေ အနေနဲ့ပညာရေးအဆင့်မြှင့်ချင်ကြပေမယ့် တကယ့် အရည်အချင်းပြည့်ပြည့်ကြီးအထိ
    အခြေအနေအကြောင်းကြောင့် မျှော်မှန်းလို့ မရနိုင်သေးဘူးဆိုတာ အားလုံးသိကြတယ်။
    ထိုက်သင့်တဲ့ လျော့ပေါ့မှုတော့ ပေးနေရတုန်းပဲ။
    အင်ဂျင်နီယာပညာရေးစနစ်မှာ တကယ့် အခြေအနေမှန်နဲ့ အခုထိ ဆုံးဖြတ်လို့မရသေးဘူး။
    ဘယ်သူဘယ်ဝါမကြည့်ဘဲ သင့်လျော်တဲ့ မူဝါဒတစ်ခု ကြားချစဉ်းစားပေးနေရတုန်းပဲ။
    အခု တောင်ငူက ဖြေကြတဲ့ကျောင်းသား ကျောင်းသူတွေ ဘယ်သူတွေ ဘယ်ဝါတွေဆိုတာ
    အောင်စာရင်းထုတ်ပြန်တဲ့ အဖွဲ့ သိမှာမဟုတ်ဘူး။
    စာစစ်တဲ့စနစ်ကိုလည်းသိတဲ့လူသိကြပါလိမ့်မယ်။
    Code&Decode စနစ်နဲ့စစ်တာဖြစ်လို့ စာစစ်တဲ့လူကလည်း ဘယ်သူ့အဖြေလွှာစစ်ရတယ်ဆိုတာမသိသလို
    အမှတ်စာရင်းလက်ခံတွေကလည်း အမှတ်စာရင်း ပြန်စစ်တဲ့ အနည်းဆုံး အဖွဲ့(၄)ဖွဲ့ဆီမှာ လက်ခံတွေ
    သိမ်းထားတာဖြစ်လို့အမှတ်ထွက်လာမှ မသမာမှုလုပ်လို့လည်းမရနိုင်ပါဘူး။
    Re-Exam ဖြေခွင့်ပြုဖို့ကိုလည်း မူတစ်ခုချမှတ်ပြီး သတ်မှတ်ခဲ့ကြတာပဲ။
    အခု ဖြေခွင့်ရတယ်ဆိုတဲ့ ကျောင်းသားကိုလည်း မေးကြည့်ပါ။
    ဖြေခွင့်ရဖို့ ဘာတွေများလုပ်ခဲ့ရသလဲလို့။
    အဂတိတရားကြောင့် ဖြေခွင့်ရခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာ ပြောရဲတယ်။
    ကိုယ့်သူငယ်ချင်းအချင်းချင်း အသိဆုံးနေမှာပဲ။
    ကျတယ်ဆိုတဲ့လူတွေအားလုံး အခုပြောတဲ့ တစ်ဘာသာတည်းနဲ့ကျတယ်လို့ပဲ ပြောလို့ရနိုင်သလား။

    နောက်တစ်ခုက နည်းပညာတက္ကသိုလ်မှာတက်လာတာ
    M.E တန်းကိုတောင်ရောက်ပြီဆိုတော့ အနည်းဆုံး ကျောင်းတက်တဲ့ သက်တမ်း(၆)နှစ်ရှိပြီ။
    အခုထိ စာမေးပွဲအောင်/ရှုံးအတွက်အမှတ်ယူတဲ့စနစ်ကို နားမလည်တာလား။
    နည်းပညာတက္ကသိုလ်တွေမှာ ကျင်းပသမျှစာမေးပွဲအားလုံးဟာ
    အောင်/ရှုံးအတွက်သက်ရောက်မှုရှိတယ်။
    စာမေးပွဲအကြီးအသေးကိုလိုက်ပြီး ရာခိုင်နှုန်းအနည်းအများကွာခြားမှုပဲရှိတယ်။
    စာမေးပွဲဖြေနိုင်တာ မဖြေနိုင်တာကို နောက်ဆုံးဖြေခဲ့တဲ့ ဖိုင်နယ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။
    ရှေ့မှာ ဖြေခဲ့တဲ့ စာမေးပွဲတွေ အကုန်လုံးကို ပြန်စဉ်းစားဖို့လိုပါတယ်။
    အခု ME စာမေးပွဲဆိုရင် ရှေ့မှာ First Term စာမေးပွဲရှိပါတယ်။
    အောင်/ရှုံးသတ်မှတ်တဲ့နေရာမှာ First Term ရော Second Term ရော တန်းတူညီမျှ အရေးကြီးပါတယ်။
    နှစ်စဉ်နှစ်တိုင်းပဲ ဘာသာကိုလိုက်လို့ Frist Term နဲ့ Second Term ကနေ ရာခိုင်နှုန်းသတ်မှတ်ပြီးယူတာရှိသလို
    တစ်ဘာသာချင်းစီ ယူတာလည်းရှိပါတယ်။
    အခုက တစ်ခုခုဆိုရင် ကိုယ်နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲကိုပဲ သတိရပြီး
    အဲဒီတုန်းက ဖြေနိုင်တာ မဖြေနိုင်တာနဲ့ပဲ တွက်ပြီး အောင်တာ၊ ရှုံးတာကို စောဒကတက်ကြတော့တာပဲ။
    နည်းပညာတက္ကသိုလ်ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး အဲဒါတစ်ခု သတိပြုဖို့လိုပါလိမ့်မယ်။
    စစ်ဆေးတဲ့ စာမေးပွဲမှန်သမျှ အောင်/ရှုံးအတွက် အဆုံးအဖြတ်ထဲမှာပါတယ်။
    နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။

    ReplyDelete
  3. ပြောဖို့ကျန်ခဲ့တဲ့ နံပါတ်(၁)ပထမဆုံး ပြောရမယ့်ကိစ္စက အောင်စာရင်း အချိန်ခြားတဲ့ကိစ္စဖြစ်ပါတယ်။
    အရင်က M.E တန်းကို နိုင်ငံအနှံ့အပြားက နည်းပညာတက္ကသိုလ်များနဲ့ အစိုးရနည်းပညာကောလိပ်များမှာ
    ဖွင့်ခဲ့ပါတယ်။
    အခုနှစ်ကစလို့ M.E ဆိုရင် M.E နဲ့ ထိုက်တန်တဲ့ အရည်အချင်းမီအောင် မွေးထုတ်ပေးနိုင်ဖို့
    ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်များမှာပဲ စုစည်းပြီး
    ကျစ်ကျစ်လစ်လစ်နဲ့ သင်ကြားပေးနိုင်ဖို့ စတင် ခဲ့တာဖြစ်ပါတယ်။
    အဲဒီနေရာမှာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ရတာတွေ အများကြီးရှိပါတယ်။
    ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့မှာ
    ယခင်က ဝန်ထမ်းသင်တန်းသားများကိုပဲ လေ့ကျင့်သင်ကြားပေးရာကနေ
    အခု ပြင်ပကျောင်းသားများကိုပါ တိုးချဲ့သင်ကြားပေးနိုင်ဖို့ဆိုတာ
    ဆရာ၊ ဆရာမအင်အား ထပ်မံဖြည့်တင်းဖို့လိုသလို
    နေရာထိုင်ခင်းကအစ ဝင်လာမယ့် ကျောင်းသားအင်အားနဲ့ အဆင်ပြေအောင် လုပ်ရပါတယ်။
    ဆရာ၊ ဆရာမ အင်အားဖြည့်တင်းဖို့ဆိုတာ လက်ရှိ နည်းပညာတက္ကသိုလ်များကနေ ဆွဲထုတ်ပြီး
    ဖြည့်တင်းရမှာပါ။ M.E အတန်းကို သင့်မယ့်ဆရာ၊ ဆရာမများကို အသစ်ဆွဲခန့်လို့မရပါဘူး။
    မူလရည်ရွယ်ချက်ကိုက အရည်အချင်းမြှင့်တင်ချင်တာဖြစ်တဲ့အတွက်
    ဝါရင့်ကျွမ်းကျင်ဆရာ၊ ဆရာမများဖြစ်ဖို့လိုပါတယ်။
    ဒီလိုဖြည့်ဖို့ရာအတွက်က ကျောင်းတွေကနေ ယူမယ်ဆိုရင်လည်း
    ကျောင်းတွေမှာ အခွံပဲ ကျန်မယ့်ကိစ္စကိုပါ စဉ်းစားရပါတယ်။
    လက်ရှိသင်နေတဲ့ Undergraduate အတန်းတွေရဲ့ စာသင်ကြားမှု အရှိန်ဆုတ်ယုတ်သွားလို့လည်း မဖြစ်ပါဘူး။
    အဲဒီလို စီမံခန့်ခွဲမှုဆိုင်ရာတွေက အသေးစိတ်စဉ်းစားမယ်ဆိုရင် ပြောလို့တောင် မကုန်နိုင်ပါဘူး။
    အဆင်သင့်မဖြစ်သေးဘဲနဲ့ ဝရုန်းသုန်းကားဖွင့်ပြီး အရင်လို ထူးမခြားနားမဖြစ်ရလေအောင်
    အချိန်ယူစီစဉ်ရပါတယ်။
    အချိန်ယူတာ (၆)လတောင်လိုသလားမေးစရာရှိပါတယ်။
    နည်းပညာတက္ကသိုလ်တွေရဲ့ ပညာသင်နှစ် အစ၊ အလယ်၊ အဆုံးကို သိရင် ဒါဟာမေးစရာကိစ္စမဟုတ်တော့ပါဘူး။
    အဲဒီကျောင်းတွေကနေ စုစည်းယူရမှာဖြစ်တဲ့အတွက် ကျောင်းများ ခေတ္တနားနေရတဲ့အချိန်ကို စောင့်ရသလို
    အစားထိုးပေးဖို့ လူကအစ အဖက်ဖက်က ပြန်စီစဉ်ပေးရတာဖြစ်လို့ပါ။

    ReplyDelete
  4. စာမေးပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေကို ကျွန်တော်တော်ရုံနဲ့ ကွန်းမန့်ပေးလေ့မရှိပါဘူး။
    စာမေးပွဲရှုံးတဲ့ကျောင်းသားတွေရဲ့ ခံစားချက်ကို စာနာနားလည်ပေးနိုင်လို့ဖြစ်ပါတယ်။
    ဒီလိုပဲ တက်လာသမျှ၊ ရေးနေသမျှကို ထိုင်ဖတ်ဖြစ်တာပဲရှိခဲ့ပါတယ်။
    ဒါပေမယ့် နားလည်ပေးနိုင်တယ်ဆိုတာ အကန့်အသတ်ရှိပါတယ်။
    ဒီအတိုင်းပဲ ထားလိုက်ရင် မသိနားမလည်သူများက
    အဲဒါဟာ အမှန်တကယ်ကို မတရားမှုဖြစ်နေပြီလားဆိုတဲ့
ုအမြင်မျိုးရှိလာနိုင်တဲ့အပြင်
    ကိုယ်တွေးနိုင်မြင်နိုင်တဲ့ဘောင်တစ်ခုထဲကနေပဲ သုံးသပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး
    ပြောလာတာတော့ စာစစ်အဖွဲ့ရဲ့သိက္ခာ၊ ဌာနရဲ့သိက္ခာ၊ ဝန်ကြီးဌာနရဲ့သိက္ခာကို
    အရမ်းကာရော ဝေဖန်မှုနဲ့ ထိပါးလာတယ်လို့ယူဆလို့ ဒီကွန်းမန့်ကိုရေးပါတယ်။

    နိုင်ငံတကာအဆင့်မှာ Master Level အတွက် အောင်မှတ်က ၆၅ မှတ်သတ်မှတ်ထားသလို
    မြန်မာနိုင်ငံမှာလည်း ၆၅ မှတ်လို့ပဲ သတ်မှတ်ထားပါတယ်။
    ဟုတ်ပြီ.. မြန်မာနိုင်ငံမှာ ၆၅ မှတ်အောင်မှတ်လို့ တကယ်ကို ကျင့်သုံးလို့ ရနေပြီလား။
    စာမေးပွဲ ဖြေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ့်အခြေအနေကိုယ်တိုင်သိကြမှာပါ
    တကယ်သာ ၆၅ မှတ်ရမှသာ အောင်မယ်ဆိုရင် ဘယ်နှစ်ယောက်များအောင်နိုင်မယ်လို့ ထင်သလဲ
    ကိုယ့်ဘာသာကိုယ် အောင်မယ်လို့ ရဲရဲကြီးပြောနိုင်သလား။
    လူကြီးတွေ အနေနဲ့ပညာရေးအဆင့်မြှင့်ချင်ကြပေမယ့် တကယ့် အရည်အချင်းပြည့်ပြည့်ကြီးအထိ
    အခြေအနေအကြောင်းကြောင့် မျှော်မှန်းလို့ မရနိုင်သေးဘူးဆိုတာ အားလုံးသိကြတယ်။
    ထိုက်သင့်တဲ့ လျော့ပေါ့မှုတော့ ပေးနေရတုန်းပဲ။
    အင်ဂျင်နီယာပညာရေးစနစ်မှာ တကယ့် အခြေအနေမှန်နဲ့ အခုထိ ဆုံးဖြတ်လို့မရသေးဘူး။
    ဘယ်သူဘယ်ဝါမကြည့်ဘဲ သင့်လျော်တဲ့ မူဝါဒတစ်ခု ကြားချစဉ်းစားပေးနေရတုန်းပဲ။
    အခု တောင်ငူက ဖြေကြတဲ့ကျောင်းသား ကျောင်းသူတွေ ဘယ်သူတွေ ဘယ်ဝါတွေဆိုတာ
    အောင်စာရင်းထုတ်ပြန်တဲ့ အဖွဲ့ သိမှာမဟုတ်ဘူး။
    စာစစ်တဲ့စနစ်ကိုလည်းသိတဲ့လူသိကြပါလိမ့်မယ်။
    Code&Decode စနစ်နဲ့စစ်တာဖြစ်လို့ စာစစ်တဲ့လူကလည်း ဘယ်သူ့အဖြေလွှာစစ်ရတယ်ဆိုတာမသိသလို
    အမှတ်စာရင်းလက်ခံတွေကလည်း အမှတ်စာရင်း ပြန်စစ်တဲ့ အနည်းဆုံး အဖွဲ့(၄)ဖွဲ့ဆီမှာ လက်ခံတွေ
    သိမ်းထားတာဖြစ်လို့အမှတ်ထွက်လာမှ မသမာမှုလုပ်လို့လည်းမရနိုင်ပါဘူး။
    Re-Exam ဖြေခွင့်ပြုဖို့ကိုလည်း မူတစ်ခုချမှတ်ပြီး သတ်မှတ်ခဲ့ကြတာပဲ။
    အခု ဖြေခွင့်ရတယ်ဆိုတဲ့ ကျောင်းသားကိုလည်း မေးကြည့်ပါ။
    ဖြေခွင့်ရဖို့ ဘာတွေများလုပ်ခဲ့ရသလဲလို့။
    အဂတိတရားကြောင့် ဖြေခွင့်ရခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာ ပြောရဲတယ်။
    ကိုယ့်သူငယ်ချင်းအချင်းချင်း အသိဆုံးနေမှာပဲ။
    ကျတယ်ဆိုတဲ့လူတွေအားလုံး အခုပြောတဲ့ တစ်ဘာသာတည်းနဲ့ကျတယ်လို့ပဲ ပြောလို့ရနိုင်သလား။

    နည်းပညာတက္ကသိုလ်မှာတက်လာတာ
    M.E တန်းကိုတောင်ရောက်ပြီဆိုတော့ အနည်းဆုံး ကျောင်းတက်တဲ့ သက်တမ်း(၆)နှစ်ရှိပြီ။
    အခုထိ စာမေးပွဲအောင်/ရှုံးအတွက်အမှတ်ယူတဲ့စနစ်ကို နားမလည်တာလား။
    နည်းပညာတက္ကသိုလ်တွေမှာ ကျင်းပသမျှစာမေးပွဲအားလုံးဟာ
    အောင်/ရှုံးအတွက်သက်ရောက်မှုရှိတယ်။
    စာမေးပွဲအကြီးအသေးကိုလိုက်ပြီး ရာခိုင်နှုန်းအနည်းအများကွာခြားမှုပဲရှိတယ်။
    စာမေးပွဲဖြေနိုင်တာ မဖြေနိုင်တာကို နောက်ဆုံးဖြေခဲ့တဲ့ ဖိုင်နယ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။
    ရှေ့မှာ ဖြေခဲ့တဲ့ စာမေးပွဲတွေ အကုန်လုံးကို ပြန်စဉ်းစားဖို့လိုပါတယ်။
    အခု ME စာမေးပွဲဆိုရင် ရှေ့မှာ First Term စာမေးပွဲရှိပါတယ်။
    အောင်/ရှုံးသတ်မှတ်တဲ့နေရာမှာ First Term ရော Second Term ရော တန်းတူညီမျှ အရေးကြီးပါတယ်။
    နှစ်စဉ်နှစ်တိုင်းပဲ ဘာသာကိုလိုက်လို့ Frist Term နဲ့ Second Term ကနေ ရာခိုင်နှုန်းသတ်မှတ်ပြီးယူတာရှိသလို
    တစ်ဘာသာချင်းစီ ယူတာလည်းရှိပါတယ်။
    အခုက တစ်ခုခုဆိုရင် ကိုယ်နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲကိုပဲ သတိရပြီး
    အဲဒီတုန်းက ဖြေနိုင်တာ မဖြေနိုင်တာနဲ့ပဲ တွက်ပြီး အောင်တာ၊ ရှုံးတာကို စောဒကတက်ကြတော့တာပဲ။
    နည်းပညာတက္ကသိုလ်ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး အဲဒါတစ်ခု သတိပြုဖို့လိုပါလိမ့်မယ်။
    စစ်ဆေးတဲ့ စာမေးပွဲမှန်သမျှ အောင်/ရှုံးအတွက် အဆုံးအဖြတ်ထဲမှာပါတယ်။
    နောက်ဆုံးဖြေခဲ့တဲ့ စာမေးပွဲတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။