“အကြမ်းဖက်ခံရခိုင်အမျိုးသားညီအစ်ကိုမောင်နှမများအား စာနာထောက်ထားပါသည်။ တိုင်းတပါးသားများကျူးကျော်မှု အပြင်းအထန်ဆန့်ကျင်ရှုံချပါသည်” စာတမ်းကိုင်ဆောင်လျက် ...အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ရန်ကုန်မြို့ ဆူးလေရှိမြို့တော်ခန်းမအနီးတွင် ဆန္ဒဖော်ထုတ်ရန်ရောက်ရှိလာစဉ် လုံခြုံရေးတာဝန်ရှိသူများမှ ဖြောင်းဖျ လူစုခွဲစေခဲ့သည်။(ဇွန်၉ရက်၊ နံနက် 10နာရီခွဲခန့်)
ပျက်စီးဆုံးရှုံးမှုအခြေအနေကို ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေက ပြောပြရာတွင်“ မောင်တော်တောင် ပိုင်းက ရွာ၇ရွာလောက်တော့ ပြာကျသွားတယ်။ သတင်း အတည်ပြုချက်ရပြီ၊ မြို့ပေါ်နဲ့နယ်က လောလောဆယ် လူ၆ယောက် ဆုံးသွားပြီလို့ သိရတယ်။ ဆေးရုံကိုထပ်ရောက်နေတာ ၅ယောက်လောက်ရှိတယ်၊ မနက်5နာရီလောက်မှာ လူစုကွဲပြီးတော့ အခုနည်းနည်းငြိမ်နေတဲ့ သဘောရှိတယ်။ နယ်တွေမှာ ပြန်ပြီးစည်းရုံးနေတယ်ဆိုတယ်လို့...တော့ ကြားရတယ်”ဟုပြောပြသည်။
လက်တလော အခြေအနေများနှင့် ပတ်သက်၍ ၄င်းက “မနက်ကသတင်းကြား တာတော့ စည်ပင်သာယာပေးနေတဲ့ ရေကို အဆိပ်ခပ်လို့ အဲဒီရေကို သောက်မိတဲ့သူတွေက နည်းနည်း ဒုက္ခဖြစ်နေတယ်လို့ ပြောသံကြားတယ်။ အတည်ပြုချက်တော့ မရသေးဘူး၊ မသောက်သုံးဖို့အတွက် လူတွေကို တားထားတယ်”ဟုပြောသည်။
နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားချက်အရ မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် ၃နေရာတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်းသိရသည်။
ဇွန်၉ရက်နံနက်တွင် ရခို်င်အမျိုးသားများတိုးတက်ရေး ပါတီ မောင်တောမြို့နယ် ဥက္ကဌ၏ ပြောပြချက်အရ မောင်တောမြို့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ရွာများမှ ထိခိုက်ဒဏ်ရာရရှိသူများ ဆေးရုံသို့ ရောက်ရှိလာနေဆဲဖြစ်ပြီး အသေ အပျောက်နှင့် ဒဏ်ရာရရှိသူစာရင်းကို အတိအကျ မသိနိုင်သေးကြောင်း ပြောပြသည်။ ညည့်နက်ပိုင်းက လက်နက်များဖြင့် နယ်စပ်ကိုဖြတ်ကျော် ၀င်ရောက် လာသည်ဟုသိရသော ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားများနှင့် ပတ်သက်သည့် သတင်းများမှာ ထပ်မံကြားသိ ရခြင်းမရှိသေးကြောင်း၊ ယမန်နေ့က အကြမ်းဖက်ခဲ့ကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများ လူသူစုရုံးမှုများ ရှိနေသည်ကို ကြားသိနေရဆဲဖြစ်ကြောင်း ၄င်းကပြောသည်။
မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ) တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်းသိရ
ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မောင်တောမြို့နယ်၊ ဥက္ကဌ ဦးဘရွှေ၏ အတည်ပြုပြောပြချက်အရ မောင်တောနှင့် နယ်စပ်ဒေသများလုံခြုံရေးအတွက် တပ်မတော်(ကြည်း၊ရေ)တပ်ဖွဲ့များ ရောက်ရှိတာဝန်ယူနေကြောင်း သိရသည်။
၎င်းက “လုံခြုံရေးကတော့ စစ်တပ်ကရော၊ လုံထိန်းရော၊ အသင်းအဖွဲ့ရော အကုန်လုံးရှိပါတယ်၊ ညပိုင်းက ဘင်္ဂလားဒေ...့ရှ်ဘက်က လက်နက်နဲ့ဝင်လာတဲ့ လူတွေကို ရေတပ်က ပိုက်စိပ်တိုက် လိုက်ရှာနေတယ်လို့ သိရတယ်” ဟုပြောသည်။
လုံခြုံရေး တာဝန်ယူထားမှု အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ အကြီးတန်း တာဝန်ရှိသူတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “မောင်တော- ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များအပြင် အရန်အဖြစ် တပ်မတော်မှ ဒုစခကမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက်ရှိကြောင်း၊ နယ်စပ်ဒေသများလုံ ခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၆စီး ဖြန့်ကျက် ထားကြောင်း” ဖော်ပြထားသည်။

သတင်း... ပြည်သူ့ခေတ် ဂျာနယ် Facebookနှင့် ဆန္ဒပြသတင်း Nay Lin Htike Facebook
နောက်ဆုံးသိရှိရသည့် ဇွန်လ ၈ ရက် ညက မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများ
မောင်တောမြို့နယ် မြောက်ပိုင်း
(၁) နံသာတောင်ရွာ
(၂) သာယာကုန်းရွာ
(၃) သင်္ဘောလှရွာ
(၄) တရိန်းရွာ
(၅) ကြိမ်ချောင်းရွာ
(၆) ငခူရရွာ
(၇) ကပ်ပတောင်ရွာ
... (၈) ဒိုးတန်းရွာ
(၉) ခြံပြင်ရွာ
(၁၀) ဇရပ်အုပ်ရွာ
(၁၁) အောင်မင်္ဂလာရွာ
(၁၂) ဗန္ဓုလရွာ
(၁၃) ကျီးကန်းပြင်ရွာ
မောင်တောမြို့နယ် တောင်ပိုင်း
(၁) သရီကုန်ဘောင်ရွာ
(၂) မောရ၀တီရွာ
(၃) ဆင်မကျပ်ရွာ
(၄) ဥဒေါင်းရွာ
(၅) ဝေသာလီရွာ
(၆) နတလရွာ ၄ ရွာ
မောင်တောတောင်ပိုင်းသို့ သွားရောက်သည့် လမ်းပေါ်ရှိ ဇော်မဒပ် တံတားကိုလည်း ဘင်္ဂါလီတို့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (EMG သတင်း)
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သဘောထားထုတ်ပြန် ကြေညာ

-
ReplyDelete၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်
မြန်မာနိုင်ငံ ချောက်ထဲသို့ ကျရောက်ရန် လက်နှစ်လုံးသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိလာသဖြင့် သမိုင်းပေးတာဝန်အရ တပ်မတော်က နိုင်ငံတော်အာဏာကို အချိန်မီ ထိန်းသိမ်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိစေအပ်ပါသည်။
တပ်မတော်က အာဏာ ပြန်ယူရန် မတည်ငြိမ်မှုများ ဖြစ်လာအောင် တောင်ကုတ်မြို့ခံများက မွတ်စလင် ၁၀ ဦးကို သတ်ဖြတ်စေရန် သွေးထိုးလှုံ့ဆော် စီစဉ်ခဲ့ကြသော "ပြည်သူ" အမည်ခံ စရဖ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို ဂုဏ်ပြုပါသည်။
မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
အစ္စလာမ်ဘာသာဝင် သုံးဦးက ရခိုင်တိုင်းရင်းသူလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်စဉ်က အစ္စလာမ်ခေါင်းဆောင်များက မုဒိန်းကျင့်ခြင်းကို သူတို့ဘာသာက ခွင့်မပြုကြောင်း ကြေညာချက် ထုတ်ခဲ့ပါသည်။
ReplyDeleteယခု မီးရှီု့ခြင်း၊ ပစ္စည်းလုယက်ခြင်း၊ လူသတ်ခြင်း၊ ခဲပေါက်ခြင်းများကိုတော့ ခွင့်ပြုထားသည့်သဘောဖြစ်နေပါသည်။
ရှင်းလင်းစွာ ကြေညာချက်ထုတ်သင့်ပါသည်။
Reading Myanmar Express blog gives the following idea.
ReplyDeleteIt seems that all of these murders and other violent events in Rakhine, did not happen in a natural way.
The (ex-)military leaders have a dishonest intention behind. What is it?
I think, actually, they want to highlight the role of military and Than Shwe government.
Anonymous (June 9, 2012 3:00 PM) သို့
ReplyDeleteမီးရှို့ခြင်း၊ ပစ္စည်းလုယက်ခြင်း၊ လူသတ်ခြင်း၊ ခဲပေါက်ခြင်းများကို ကန့်ကွက်ချက်ကို ပြည်တွင်းနေ အစ်စလမ်ဘာသာဝင် အဖွဲ့တွေက ကြေငြာချက်တွေ ထုတ်ထားပါတယ်။
ရန်ကုန်၊ မန်းတလေးက မြန်မာမွတ်စလင်တွေက ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ လုပ်ရပ်တွေကို ကန့်ကွက်တာပါ။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်
ReplyDeleteရန်ကုန်မြို့ ၊ မွတ်စလင်မ်လူငယ်များ မောင်တောကိစ္စကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခြင်း
ယနေ့ ၈-၆-၁၂ ရက် သောကြာနေ့ နေ့လည်ပိုင်းတွင် ဘင်္ဂါလီလူမျိုးများမှ မောင်းတောမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များဧ။် အိမ်များ၊ ဈေးဆိုင်ခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရုံးအဆောက်အဦး အချို. နှင့် မောင်းတော မြို.နယ်အတွင်းရှိ ကျေးရွာများကို ဖျက်ဆီး မီးရှို့နေသည့် သတင်းများကို ကြားသိရသဖြင့် များစွာ ၀မ်းနည်း စိတ်ထိခိုက် ဖြစ်ရပြီး တုန်လှုပ် ခြောက်ခြားမိပါသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်နေသူများကိုလည်းကောင်း၊ အဆိုပါဖြစ်စဉ်ကိုလည်းကောင်း ကျွန်ုပ်တို့ ရန်ကုန်မြို.မှ မြန်မာ မွတ်စလင်မ် လူငယ်များမှ ပြင်းထန်စွာ ကန်.ကွက် ရှုတ်ချ လိုက်ပါသည်။
အစ္စလာမ့် တရားတော်အရ လုံးဝ ခွင့်မပြုသည့်အတွက် အစ္စလာမ်ကို ကိုယ်စားပြုခြင်း မရှိသည့် အဆိုပါ လုပ်ရပ်များအား ရပ်တန့်ပေးကြပါရန် အားလုံး ကိုယ်စား မေတ္တာရပ်ခံပါသည်။
တာဝန်ရှိသူများမှ အခြေအနေ အရပ်ရပ်ကို အမြန်ဆုံး ထိန်းသိမ်းပေးကြပါရန် နှင့် ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် များကို ကာကွယ်ပေးကြပါရန် တောင်းဆိုပါသည်။
ရန်ကုန်မြို.ရှိ မြန်မာ မွတ်စလင် လူငယ်များ
၈-၆-၁၂ ရက်
ReplyDeleteမန္တလေး၊ မွတ်စလင်မ်အဖွဲ့  မောင်တောကိစ္စကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချခြင်း
ယနေ့ ၈-၆-၁၂ ရက် သောကြာနေ့ နေ့လည်ပိုင်းတွင် စတင် ဖြစ်ပွားနေသော ဘင်္ဂလီလူမျိုးများမှ မောင်တောမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များဧ။် အိမ်များ၊ ဈေးဆိုင်များ၊ ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက် ဖျက်ဆီး မီးရှို့နေသည့် သတင်းများကို ကြားသိရသဖြင့် များစွာ တုန်လှုန်မှုဖြစ်ရပြီး လွန်စွာမှ စိတ်မ ချမ်းမမြေ့ဖြစ် ဒေါသထွက်ရပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်များက အဆိုပါလုပ်ရပ်တွင် ပါဝင်ခဲ့ကြ၊ ပါဝင်နေသူများကို ပြင်းထန်စွာ ပြစ်တင် ရှုံ့ချ လိုက်ပါသည်။
ကျွန်ုပ်တို့နှင့် မောင်းတောဒေသသား ပြစ်မှုကျူးလွန်သူ ဘင်္ဂါလီများသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်ကြသော်လည်း လက်ရှိ မောင်းတော ဘင်္ဂါလီများဧ။် လုပ်ရပ်သည် အစ္စလာမ်ဘာသာ သာသနာတော်ဧ။် အဆုံးအမ များနှင့် ဖီလာ ဆန့်ကျင်နေပါသည်။
သို့ဖြစ်သည့်အတွက် မောင်းတောသား ဘင်္ဂါလီများ အနေနှင့် ရန်လိုမှုများ ချက်ချင်း ရပ်ဆိုင်းပြီး အေးချမ်းစွာနေထိုင်ကြပါရန် လေးလေးနက်နက် တောင်းဆိုပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် မောင်တောမြို့မှ ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များကို အမြန်ဆုံး၊ အထိရောက်ဆုံး ကာကွယ်မှုပြုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
အရေးအခင်းကို စတင် ဖန်တည်းသူများ၊ စည်းရုံးလှုံ့ဆော်သူများ၊ ပါဝင်ခဲ့သူများအား စုံစမ်းဖေါ်ထုတ်ပြီး တရားဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူပေးပါရန်နှင့် အချိန်နှင့် တပြေးညီ သတင်းမှန် ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ
မန္တလေးမြို့။
(
ReplyDeleteမောင်တော အဓိကရုဏ်းအပေါ် မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ ကန့်ကွက်ချက် )
ဇွန် ၈၊ ၂၀၁၂
ဇွန်လ ၈ ရက်နေ့  ညနေ ၇ နာရီခွဲ အချိန်အထိ ရရှိသည့် သတင်းများအပေါ် မူတည်ပြီး မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များက အောက်ပါ ကန့်ကွက်ချက်ကို ထုတ်ပြန်သည်။
(၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့  ရိုဟင်ဂျာများက ဒေသခံများ၏ အိမ်များနှင့် တည်းခိုခန်းကို မီးရှို့  ဖျက်ဆီးကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို ခဲများဖြင့် ထုပေါက် တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသည်။
(၂) ဤလုပ်ရပ်သည် တရားဥပဒေ ကင်းမဲ့သည့် လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ နေထိုင်နေရေးကို အဟန့် အတား ဖြစ်စေသည့် လုပ်ရပ် ဖြစ်သည်။
(၃) ဤဖြစ်စဉ်တွင် မြန်မာပြည် နှင့် ကမ္ဘာတဝှမ်းတွင် ရောက်ရှိနေသော မိမိတို့  မြန်မာမွတ်စလင်မ်များ မပါဝင်သကဲ့သို့  သဘောတူ ထောက်ခံခြင်းလည်း မရှိပါ။
(၄) မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ အနေနှင့် သော်လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ်အဖွဲ့အစည်းကြီးများမှ သော်လည်းကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများ မလုပ်ရန် အတိအလင်း တားဆီးထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန်မာပြည် နှင့် ကမ္ဘာတဝှမ်းတွင် ရောက်ရှိနေသော မြန်မာမွတ်စလင်မ် အများစု၏ ဆန္ဒနှင့် ဖီဆန်လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့ အစည်းကြီးများ၏ တရားဥပဒေစိုးမိုးရေး မူအတိုင်း ကြိုးပမ်းချက်ကို သွေဖယ်ရာရောက်သည်။
(၅) သို့ ဖြစ်ရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတောအကြမ်းဖက်မှုကို ဆန့် ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူများကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အမြန်ဆုံး အရှိန်အဟုန်မြှင့်ပြီး အရေးယူ ဆောင်ရွက်ပေးပါရန် တောင်းဆိုသည်။
(၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များ လက်မခံနိုင်သည့်အတွက် မိမိတို့  မြန်မာမွတ်စလင်မ်များအနေဖြင့် ထိုအကြမ်းဖက်မှု အပါအ၀င် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ် အကြမ်းဖက်မှု မှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်းတော အကြမ်းဖက်မှုများနှင့် အခြား ဥပဒေမဲ့ အုပ်စုဖွဲ့  အကြမ်းဖက်မှု မှန်သမျှကို တရားဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန် အာဏာပိုင်များသို့  တောင်းဆိုသည်။
မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ
မအေဘေး ရဲနဲစစ်သားတွေ၂၀၀၇တုန်းက ကိုယ်နိုင်ငံသား သံဃာနဲကျောင်းသားတွေကျတော့ တာမွေကျောင်းရှေ့မှာမိုးပေါ်ထောင်မပစ်ဘူး အခုကျမှမိုးပေါ်ထောင်ပစ်နေတယ်၊ ၂၀၀၇ကလိုပစ်ပါလား
ReplyDeleteအထက်က မြန်မာမွတ်ဆလင်လို့ သုံးနှုံးထားတဲ့ မွတ်ဆလင်ကုလားအဖွဲ့များကိုပြောမယ် ရောယောင်ပြီးဝါးမချနဲ့ မြန်မာလူမျိုးကမြန်မာလူမျိုးပဲ ရုပ်ကိုကြည့်တာနဲ့တင် ထင်ရှားတယ် မင်းတိုမွတ်ဆလင်ကုလားတွေအားလုံးဟာ အစ္စလာမ်တွေချည်းပဲ ရှင်းပါတယ် မြန်မာမွတ်ဆလင်မရှိဘူး ကုလားမွတ်ဆလင် အစ္စလာမ်ကုလား မွတ်ဆလင်ကုလားဆိုတာပဲရှိတယ်
ReplyDeleteမြန်မာပြည်အရပ်ရပ်မှာရှိတဲ့ မွတ်ဆလင်ကုလားအဖွဲ့တွေ
ReplyDeleteလူကြားကောင်းအောင် ကြေငြာချက်တွေဘာတွေ ဟန်ပြထုတ်မနေနဲ့ မင်းတို့အစ္စလာမ်ဘာသာရဲ့ အထိကရည်၇ွယ်ချက်ကိုက အကြမ်းဖက်သတ်ဖြတ်တဲ့နည်းတွေကို လက္ခံနေတဲ့ဝါဒဖြစ်တယ်ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ တခြားဘာသာဝင်တွေအားလုံးကသိတယ်
တစ်ကမ္ဘာလုံးမှာ အကြမ်းဖက်လုပ်ရပ်တွေကို အစ္စလာမ်အစွန်းေ၇ာက်တွေက လုပ်နေကြခြင်းဖြစ်စည်။
ReplyDeleteအစွန်းရောက်ဝါဒသည် ကြီးထွားလာနေပါသည်။
မြန်မာများကလည်း သဘောကောင်းလွန်းလို့ ဖြူးဆ၇ာတော် မိန့်သလို မိအေး ကလေးခြောက်ယောက်နဲ့ အဖေခေါ်စရာ မရှိဆိုတာလို ဖြစ်နေပါသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ထက် ထေရ၀ါဒဗုဒ္ဓဘာသာမြန်မာ ရနကုန်မြို့မှာ ဗလီအရေအတွက်က ပိုများနေပါသည်။
ကချင်လူမျီုးများကိုသတ်ဖျတ်နေတဲ့စစ်တပ်ကို ဘင်္ဂါလီရန်ကာကွယ်ဖို့ ပြန်ခေါ်လိုက်ပါ
ReplyDeleteအလုံးအဆင်ပြေသွားလိမ့်မယ်
အလကားလျှောက်ပြောနေတာ...မန်းလေးက ကုလားတွေ....ဈေးချိုထဲမှာ သူတို့မှန်တယ်လို့ လျှောက်ပြောနေတာ...မယုံကြပါနဲ့...ကုလားပြောစကားကို
ReplyDeleteထစ်ခနဲဆို သက်ဘို့ဖျက်ဘို့ကိစ္စဆိုရင် မွတ်ဆလင်တွေပဲလေ မွတ်ဆလင်ရှိနေတဲ့နေရာ ဘယ်နေရာ အေးချမ်းလို့လည်း ...ကမ္ဘာပေါ်မှာ အကြမ်းဖတ်တဲ့နေရာတွေဟာ မွတ်ဆလင်တွေပဲများတယ်..
ReplyDeleteOnce, one of my European friend said "there have a Muslim, there will be problem. " Now I accept his words....
ReplyDeleteWhat the fucker police, you need not to stop our people, why you never trying stop Kalar? Now what the your fucking government are creating the all of problem and want to take back to control? So believe it your country will be move back to 16th century!!
ReplyDelete