တာမွေမြို့နယ်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်နှင့် အဖွဲ့ချုပ်အလံ စတေကာ ကပ်ထားသော ကား ၂စီး ဖျက်စီးခံရ
သတင်း.. by Myanmar Mediamm on Tuesday, June 5, 2012 at 5:26pm
တာမွေအဖွဲ့ ချုပ်ရုံးဆိုင်းဘုတ် အားမြင်တွေ့ရစဉ်ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်အား အုတ်ခဲပိုင်းဖြင့် ပစ်ပေါက်ပြီး ဆိုင်ဘုတ်အား ဖျက်စီးခံခဲ့ရသည်ဟု သိရပါသည်။ ထို့ပြင် ကျောက်မြောင်း ရပ်ကွပ် ဓမ္မဒါန လမ်းတွင်း နေထိုင်သူ တဦးပိုင်ဆိုင်သည် တောင်းအေ့ အမျိုးစားကားတစီးအား NLD အလံစတေကာ ကပ်ထားသည့်အတွက် " ခုချိန်ထိ ဒီအလံတွေ မခွာသေးဘူးလား " ဟုအော်ဟစ် ပြောဆိုခဲ့ပြီး ကားဘေး မှန်အား အုတ်ခဲဖြင့် ထုခဲ့ သဖြင့် ကားမှန်ကွဲသွားခဲ့သည့် ဟုသိရပါသည်။
အဆိုပါဖြစ်စဉ်များနှင့် ပါတ်သက်၍ တာမွေမြို့နယ်အဖွဲ့ချုပ်ရုံးအား ဆက်သွယ် မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ တဦးမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည် ။" ကျနော်တို့က ပထမတော့ ကျနော် တို့ ရုံးကိုပဲ ဖျက်စီးခံရတာလို့ ထင်ခဲ့တာ ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ သွားတဲ့ အခါ ကြတော့ ကားတစီးလဲ အခွဲခံလိုက်ရတယ်လို့ သိရပါတယ်... တရားခံကိုတော့ ကျနော်တို့လည်း ကျနော်တို့ သက်ဆိုင်ရာ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း စုံစမ်းလိုက်တဲ့အခါ မှာတော့ ကားမှန်နဲ့ မြို့နယ် ရုံးဆိုင်းဘုတ်ကို ဖျက်စီးသွားတဲ့ သူဟာ တယောက်ထဲ ဖြစ်နေတာကို တွေ့ရပြီး နာမည်ကတော့ အရှည်ကြီး(ခ) သီဟလှိုင် ဆိုသူဖြစ်ကြောင်း သိရပါတယ်..။
အခုကျနော်တို့ တာမွေမြို့နယ်ရဲစခန်းမှာ ဦးတိုက်မှု အမှတ်စဉ် ၂၂/၂၀၁၂ အမှုဖွင့်ထားပြီး အမှု့ ကို ရဲအုပ်စိုးဝင်းမှ လက်ခံ စုံစမ်းနေပါတယ်။ တာမွေတရားရုံးကိုလဲ သွားရောက်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့ တိုင်ကြားသွားမှာပါ...." ဟုတ်ပြောဆိုခဲ့သည်။ ဆက်လက် သိရှိရသည့် သတင်းများအရ အဆိုပါ အရှည်ကြီး(ခ)သီဟလှိုင်ဆိုသူမှာ တာမွေမြို့ နယ်ရဲ့ စွမ်းအားရှင် အဖွဲ့ဝင်တယောက် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမက(၉) တာမွေ မဲရုံစောင့်အဖြစ် လုပ်ကိုင်ခဲ့ဘူးသည်ဟုသိရပါသည်။
ဖျက်စီးမှုများပြုလုပ်ခဲ့သူ တရားခံ သီဟလှိုင်(ခ) အရှည်ကြီးထို့အပြင် တက္ကစီ ကားတစီးအားလည်း ကားမှန်တွင် စတေကာ ကပ်ထားသည့်အတွက် ရှေ့မှန်အား အုတ်ခဲဖြင့် ထုခဲ့ရာ ကားမှန်ကွဲ ကြေသွားခဲ့သော်လည်း ရဲစခန်းတွင်လာရောက် တိုင်ကြားခြင်းတော့ မရှိဘူးလို့ သိရပါတယ်။ တရားခံ သီဟလှိုင်၏ ဓါတ်ပုံနှင့် ၎င်းဖျက်စီးခဲ့မှုများအား အောက်ပါ ပုံများတွင်ကြည့်ရှုနိုင်ပါသည်။
တာမွေအဖွဲ့ ချုပ်ရုံးဆိုင်းဘုတ် အားမြင်တွေ့ရစဉ်
ဖျက်စီးခံရသောကား
မှန်ကွဲစများနှင့် စတေကာအလံ
မှန်ကွဲစများနှင့် စတေကာအလံ
Should sentence him a death penalty as an example of strict action against anti--democracy.
ReplyDeleteJust to sentence him!
အဲဒီလိုဖြုတ်ဦးနှောက်နဲ့ ကောင်တွေကို တရားဥပဒေ အ၇ထိထိေ၇ာက်ေ၇ာက်အေ၇းယူပေးသင့် တယ်.. ဒါမှနောက်ဖြုတ်ဦးနှောက်တွေတန့် သွားမှာ....
ReplyDeleteအဲဒီလိုဖြုတ်ဦးနှောက်နဲ့ ကောင်တွေကို တရားဥပဒေ အ၇ထိထိေ၇ာက်ေ၇ာက်အေ၇းယူပေးသင့် တယ်.. ဒါမှနောက်ဖြုတ်ဦးနှောက်တွေတန့် သွားမှာ....
ReplyDelete