Pages

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို ..

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်ဟုဆို..

 World Economic Forumမှ ဖိတ်ကြားချက်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံမှ ဖိတ်ကြားထားတဲ့ နိုင်ငံတော်အဆင့် အစိုးရ ဧည့်သည်တော် မဟုတ်တဲ့ အတွက် လိုတာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာအစိုးရမှ ထိုင်းနိုင်ငံရှိ... မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့ကြောင်း သိရှိရသည်...။ 

အဆိုပါ သတိပေး အကြောင်းကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ၃၁ရက်နေ့က မဟာချိုင်သို့ ဒုတိယအကြိမ် သွားရောက်အပြီး ယခုကဲ့သို့ ဖိအားပေး အကြောင်းကြား ခဲ့တာဖြစ်တယ်လို့ ဆိုပါသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်မှ သွားရောက် တွေ့ဆုံခဲ့ခြင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်မှ လက်ခံတွေ့ဆုံခဲ့ခြင်း၊ မဟာချိုင်သို့ ဒုတိယနေ့ သွားရောက်စဉ် ထိုင်းအလုပ်သမားရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင် ကြိုဆိုနှုတ်ဆက်ခြင်း စသည်တို့၏ နောက်ဆက်တွဲအဖြစ် မြန်မာအစိုးရမှ မေလ(၃၁)ရက်နေ့က ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံသို့ သတိပေး အကြောင်းကြား ခဲ့သည်ဟု သိရှိရသည်..။ 

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနအား နိုင်ငံတော်အဆင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် မဟုတ်သည့်အတွက် လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်..။ ကနဦး အစီအစဉ်များထဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်မှ ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် အစီအစဉ် ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

 ယနေ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆောက် ခရီးစဉ်၌ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်အပြင် ကနဦး စီစဉ်ထားသည့် မယ်တော်ဆေးခန်းသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ နယ်စပ်ရှိ တိုင်းရင်းသား အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ရခြင်းမှာ အထက်ပါ အကြောင်းအရာများနဲ့ ဆက်စပ်နေမလားပဲ။ 

ယနေ့ မဲဆောက် ခရီးစဉ်ဟာ ကျတော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ချက် ဘောင်အတွင်းမှ လှုပ်ရှား သွားလာခဲ့ရသည့် အနေအထားမျိုး ဖြစ်နေကြောင်း သုံးသပ်မိသည်.. 

ဒီမိုဝေယံ 

အဆိုပါ သတင်းအတွက် သတင်းဋ္ဌာနများ စုံစမ်းမေးမြန်း ဖော်ထုတ်စေလိုပါတယ်..။ ယခုထက်တိုင် မိမိအခြေအနေ အမှန်ကို အမှန်အတိုင်း မသုံးသပ်နိုင်ပဲ မနာလို မစ္ဆိရိယစိတ်တွေနဲ့ ခေတ်နောက်ပြန်ဆွဲ အကောက်ကြံ ပိတ်ပင်တားမြစ်ရေး အတွေးအခေါ်တွေ ရှိနေသရွေ့တော့ အနာဂတ် မြန်မာပြည်အရေး..

11 comments:

  1. စစ်မှန်သော လူထုခေါင်းဆောင်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ကို ထိုင်းတို့က သူမ၏ဂုဏ်နဲ့ထိုက်တန်စွာ ကြိုဆိုသည်ကို အဘယ့်ကြောင့် မသူတော်ကြံ့ဖွတ်အစိုးရက မနာလို မရှုစိမ့်ဖြစ်နေပါသနည်း။
    သန့်ရှင်းသောအစိုးရပါဟုကြေညာထားပြီး ညစ်ပတ်သော၊ အောက်တန်းကျသော စိတ်များကို မွေးမြူမထားသင့်ချေ။ စင်ကြယ် ဖြူစင်သော၊ အတက်တန်းကျသောစိတ် ထားသင့်ပါသည်။
    လူသားသည် အသိဥာဏ်နဲ့ခံစားမှုရှိသော သတ္တ၀ါဖြစ်ပါသည်။ တိရိစ္ဘာန်များပင် သူတို့မေတ္တာရှိသူကိုသာ ချစ်ခင်သော အမုအယာကိုပြလေ့ရှိသည်။ စုတ်ပြတ်ပေရေနေသူများ၊ သူခိုးများ၊ လက်နက်ကိုင်ဆောင်ထားသူများကိုမြင်လျှင် ခွေးများသည် ရန်မူတတ်ပေသည်။
    လက်နက်အားကိုး ပြည်သူ့အာဏာကို တရားမ၀င်ယူထားပြီး မိမိပြည်သူကို နိပ်စက် အနိုင်ကျင့်၊ တိုင်းရင်းသားကို မျိုးတုံးစစ်ပွဲကြီးများ မီးကုန် ယမ်းကုန် ဆင်နွှဲ၊ ကလေးစစ်သား ပေါ်တာဆွဲ စသော စက်ဆုပ်ရွံရှာဖွယ် မကောင်းမှုများကြောင့် ကမ္ဘ့ာ့ယဉ်ကျေးသော လူ့အဖွဲ့အစည်းသို့ မ၀င်ဆံ့သော စစ်ဗိုလ်ချုပ်ကြီးများသည် အတိတ်က လူမဆန် ရိုင်းပျသော အကျင့်ဆိုးများ၊ သောက်ကျင့်များကို ပြင်သင့်ပါပြီ။
    ဗုဒ္ဓဘာသာဝင်ဟု ခံယူထားသူများပီပီ မနာလိုဝန်တိုမှုဟူသော ဘုရားမကြိုက်သော စိတ်ဆိုးစိတ်ယုတ်များကို ဖယ်ရှားပြီး သူတပါးကြီးပွါးချမ်းသာ ပျော်ရွှင်သည်ကို လိုလားသော မုဒိတာတရားများ မွေးမြူကြပါဟု မေတ္တာရပ်ခံပါသည် ဗိုလ်ချုပ်ကြီးများနဲ့ ဗိုလ်ချုပ်လူထွက်များခင်ဗျာ။

    ReplyDelete
  2. တကယ်ဟုတ်မဟုတ်သေချာစုံစမ်းပါအုံး..............

    ReplyDelete
  3. ဒီမိုဝေယံJune 3, 2012 at 5:17 PM

    သေချာပါတယ်။ မကြာခင်နောက်ဆက်တွဲတွေ လာပါလိမ့်မယ်။

    ReplyDelete
  4. သေချာတဲ့သတင်းဖြစ်မှပြောတာကေါင်းပါမည်. သေချာရင်တော့ ကြံ့ဖွတ်အစိုးရရဲ့အဆွယ်တွေကိုဖြဲပြ. ဝိုင်းပြီး. Media. ကနေကမ္ဘာလုံး. သိအောင်ချပြခြင်းဖြစ်. ကန့်ကွက်ကြပါစို့

    ReplyDelete
  5. ဖိအားပေးတာဖြစ်နိုင်ပါတယ် ဘာလို့ လဲဆိုတော့ မူလက စီစဉ်ထားတဲ့  အစီအစဉ်အတော်များများ ကို ထိုင်းကလုံခြုံေ၇း အကြောင်းပြချက်နဲ့  ဖျက်လိုက်တာကိုကြည့်ရင် သိသာပါတယ် ..သနားစရာထမိန်ဝတ် ဗိုလ်ချုပ်ကြီးများ ကိုယ့် ကလဲလူရာဝင်အောင်မလုပ်နိုင် သူများလူရာဝင်တော့လဲ ခွေးကျင့်ခွေးကြံနဲ့ မနာလိုမရှုစိမ့်ဖြစ် သနားစရာပါဗျာ

    ReplyDelete
  6. အထက်ကပြောတဲ့ comment အားလုံးကို ထောက်ခံပါတယ်

    ReplyDelete
  7. နောက်ပြန်လှည့်မှာ ကြောက်ရပါတယ်။ရှက်ရမ်းရမ်းပြီးမိန်းမဥာဏ်သုံးမှာကြောက်လို့ စကားကိုထိမ်းထိမ်းသိမ်းသိမ်းပြောကြပါ။
    သူတို့တတွေအာဏာလက်လွှတ်ရမှာ စိုးပြီးထင်ရာလုပ်ကြမှာကြောက်လို့ပါ။

    ReplyDelete
  8. မိန်းမဥာဏ်သုံးမှကြောက်တဲ့သူများရယ် မိန်းမကမိန်းမဥာဏ်မသုံးရဘဲ
    ယောက်ကျားကြီးကမိန်းမဥာဏ်သူံးမှာကြောက်တဲ့ပေါ့
    အမောင်ယောက်ကျားတို့ 

    ReplyDelete
  9. သနားစရာထမိန်ဝတ် ဗိုလ်ချုပ်ကြီးများ ကိုယ့် ကလဲလူရာဝင်အောင်မလုပ်နိုင် သူများလူရာဝင်တော့လဲ ခွေးကျင့်ခွေးကြံနဲ့ မနာလိုမရှုစိမ့်ဖြစ် သနားစရာပါ မိန်းမဥာဏ်ရှက်ရမ်းရမ်းပြီး လူ့အဖွဲ့အစည်းသို့ မ၀င်ဆံ့သော စစ်ဗိုလ်ချုပ်ကြီးများသည် အတိတ်က လူမဆန် ရိုင်းပျသော အကျင့်ဆိုးများ၊ သောက်ကျင့်များကို ပြင်သင့်ပါပြီ

    ReplyDelete
  10. တကယ် ကောဟုတ်၇ဲ.လား

    ReplyDelete
  11. ကောင်းသောအမြင်တွေ ၇ှိပါစေ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။