ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန်
မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ
စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..
ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။
မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။
အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။
ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။
ဒီမိုဝေယံ
မြန်မာ့နိုင်ငံအရေး အပြောင်းအလဲများအား အကောင်းမြင်၍ မရသေး...။ ယခင်သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/06/blog-post_9517.html
ဓာတ်ပုံ... (Post Today) မေလ(၃၁)ရက်နေ့က ထိုင်းအစိုးရ အိမ်တော်မှာ မြန်မာပြည်သူ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယဝန်ကြီးချုပ် Chalerm
Yubamrungတို့ တွေ့ဆုံကြစဉ်..


ထိုင်းအစိုးရရဲ့လုံခြုံရေးအစီအစဉ်က ကောင်းလွန်းတော့ ကြံ့ဖွတ်အစိုးရတွင်းက ခေါင်းမာဂိုဏ်းသားတွေက မနာလိုဝန်တိုဖြစ်တယ်ထင်ပ။
ReplyDeleteဖွတ်အစိုးရ ပြည်ထဲရေးက အမေစုအတွက်ဘာလုံခြုံရေးမှ မပေးသော်လည်း ပြည်မှာ လျှပ်စစ်မီးကိစ္စပြည်သူတွေ ဆန္ဒပြ၊ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ဖွတ်အမတ်မင်းများက ပြဿနာကို ရှင်းပေးမယ်ဆို ရောက်လာ။ အဲဒီမှာ ဖွတ်အမတ်တွေကို လုံခြုံရေး ရဲအစောင့်အရှောက်တွေအပြည့်အစုံပေးထားပါသတဲ့။
စစ်ဗိုလ်ချုပ်ကြီး ငယ်တို့နေထိုင်ရာ ရပ်ကွက်များမှာလဲ စစ်တပ်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ စောင့်ကြပ်တာကို ဘုရင့်နောင်အိမ်ယာတို့ ကမ္ဘာအေးဗီလာတို့မှာ တွေ့နိုင်ပါတယ်။
ပြည်သူတွေကိုတော့ ရဲအဖွဲ့က ဘာလုံခြုံမှုမှ မပေးလို့ အားနွဲ့သော မိန်းကလေးများ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်မှု၊ မီးရှို့မှု၊ မသင်္ကာဘွယ်ရာ ဈေးကြိးများ မီးလောင်မှုတွေ၊ မြို့လယ်ခေါင်မှာ အုပ်စုဖွဲ့လူသတ်မှုတွေ ဖြစ်ပွါးနေတာ ကြောက်ခမန်းလိလိပါ။
အမှုတွေကို ပေါ်ပေါက်အောင် တရားခံဖမ်းဘို့ စိတ်ပါလက်ပါ မလုပ်ရဲကြဘူး။ အာဏာရှိသူနဲ့ပတ်သတ်နေရင် ရဲတွေ အလုပ်ပြုတ်မယ်။
အခုထိ မြောက်ဥက္ကလာ လူသတ်မှုက အဓီကကျသူကို မမိသေး၊ ဒါရိုက်တာကို သတ်သူလဲ အပြစ်ပေးတာ မကြားသေး။
ရခိုင်တိုင်းရင်းသူလေးကို မွတ်စလင် ကုလားသုံးဦးက အဓမ္မပြုကျင့်သတ်သည်ဆိုတာလဲ ရှင်းရှင်းလင်းလင်း မရှိသေး။
ဒါပေမဲ့ ပြဿနာမရှိ၊ စစ်အရေခွံလဲ အစိုးရဆိုတော့ စစ်အစိုးရများလိုဘဲ မီးရအောင်မပေးနိုင်လဲ လျှပ်စစ်ဝန်ကြီး အလုပ်မပြုတ်၊ လူဆိုးသူခိုး မဖမ်းနိုင်လို့ ရာဇ၀တ်မှုတွေ ဘယ်လောက်များများ ပြည်ထဲရေးဝန်ကြီး အဖြုတ်မခံရ။ အားလုံးက သူခိုးနဲ့ဓမြချည်းမို့ ဘယ်သူ့ကိုမှ မဖြုတ်ရဲ။
ပြည်သူ့ငွေတွေ သိန်းသောင်းနဲ့ချီ အလွဲသုံးစားလုပ်သော ပြန်ကြားရေး၊ သတ္ထုတွင်းတို့လဲ ခိုးမြဲခိုးကြစေ။ ငါတို့ထိုင်ခုံမလှုပ်ပြီးရောဆိုပြီး နေရာတွေမြဲနေကြတာပါဘဲ။ပြည်သူကတော့ ခံဦးပေါ့။ နောက်ထပ် ဘယ်နှစ်နှစ်များ ဆက်ပြီး ၀ဋ်ခံရဦးမည်မသိ။
မြန်မာပြည်သူတွေအတွက် ဘယ်တုန်းကမှစိတ်မ၀င်စား ဘာမှမလုပ်ပေးခဲ့တဲ့ (ယခုပြုပြင်ပြောင်းလဲရေးတွေဒီမိုကရေစီကိုတဖြည်းဖြည်းဖော်ဆောင်နေပြီဆိုတဲ့အစိုးရ
ReplyDeleteမိန်းမချိတ်ထဘီဆင်တူဝတ်ပြီး ကိုယ့်ပြည်သူတွေအကျိုးရှိဖို့ သွားကူညီတဲ့ မိန်းမတစ်ယောက်ထဲကို
မိန်းမလိုမိန်းမရ ဧည့်ဝတ်ကျေပဲကြိုဆိုရမတဲ့။မရှက်ကြဘူးလား။အားလုံးကိုယ့်မျက်နှာကိုယ်မှန်ထဲပြန်
ကြည့်ကြပါ။(ယောင်္ကျားပီသဖို့တော့လိုပြီနော်)
ရှင်းရှင်းပြောရရင်တော့မရှက်တတ်တော့တာပါ..ဘောင်းဘီဝတ်သနှတ်ကြီးခါးကြားချိတ်ထားခဲ့တဲ့လူ၄၀..၅၀လောက်နဲ့ထမီဝတ်မိန်းမသားတစ်ယောက်..ဘယ်လိုမှယှဉ်လို့မရနိုင်တော့ကြံမိကြံရာကြံကြတာပါ....
ReplyDeleteအိမ်ရှင်နိုင်ငံ က ကြည်ဖြူလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာ ဘာဖြစ်လဲ။ ဒီလို အကျင့်ဆိုးတွေ မဖြောက်နိုင်သေးတဲ့ စစ်အစိုးရကို အကြီးအကျယ် ရှုံ့ချပါတယ်။
ReplyDeleteဘယ်နိုင်ငံကမဆို Noble ဆုရှင်တစ်ယောက်ကိုကြိုဆိုချင်ကြတာပေါ့.. world သိ မြန်မာနိုင်ငံက noble ဆုရှင်ကိုကြိုဆိုတာ ပိုပြီးဂုဏ်ယူကြရမယ်လေ. ဂုဏ်ယူတတ်ကြပီးဂုဏ်ယူလိုက်ကြပါ...
ReplyDeleteအဓိကကတော့ မဲဆောကိုလာတဲ့ ခရီးစဉ်မှာ ဒေါ်စုကို လုပ်ကြံဖို့ စီစဉ်ထားတာ မအောင်မြင်လို့ ထိုင်းကို ဖိအား တွေပေးတာပဲဗျို့။ အဲဒါအသေအချာပဲ။ မဲဆောက်မှာ မအောင်မြင်လို့ ဥရောပခရီးစဉ်မှာ ထပ်ပြီး လုပ်ကြံဖို့ ကြံစည်နေတယ်။ နီးစပ်ရာကို သတိပေးလိုက်ကြပါ။ ကိုယ့်ထက်သာ မနာလို ဖြစ်နေတာပ။ သာချက်ကတော့ အာရှမှာတောင် အပြောအဆို အလုပ်အကိုင်ကတော့ ထိပ်မှ ထိပ်ပဲ။ ကျန်တာ ပြောစရာမလိုတော့ဘူး။ လုပ်ပိုင်ခွင့် ရဖို့ပဲ ကျန်တော့တယ်။
ReplyDelete